Apple Watch ရဲ႕ ေနာက္မ်ိဳးဆက္ကုိ LTE စနစ္ထည့္သြင္းသြားဖုိ႔ ရွိေနတယ္လုိ႔ သတင္းေတြထြက္လာခဲ့အၿပီးမွာ Apple အေနနဲ႔ LTE ပါဝင္တဲ့အမ်ိဳးအစားေရာ၊ မပါဝင္တာကုိပါ ထုတ္လုပ္သြားမွာ ျဖစ္ေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ကုမၸဏီအေနနဲ႔ နာရီရဲ႕ အရင္ဒီဇုိင္းကုိ သိပ္အေျပာင္းအလဲ ျပဳလုပ္ဖြယ္မရွိေၾကာင္းလည္း The Verger က ဆုိပါတယ္။

KGI Securities ရဲ႕ Ming-Chi-Kuo ေျပာၾကားခ်က္အရ Apple Watch ဟာ 38mm နဲ႔ 42mm ဆုိၿပီး အရြယ္အစား ႏွစ္မ်ိဳးနဲ႔ ထုတ္လုပ္သြားဖုိ႔ ရွိေနတာပါ။

Bloomberg ရဲ႕ ပထမဆံုး သတင္းအရ Apple Watch မွာ LTE စနစ္ပါဝင္မယ္လုိ႔ ဆုိခဲ့ၿပီး Kuo က 3G ကုိ Support လုပ္သြားဖြယ္မရွိတာေၾကာင့္ အေမရိကန္ျပည္ေထာင္စု ျပင္ပ ေစ်းကြက္မွာ အလုပ္လုပ္ဖြယ္မရွိပဲ AT & T, Verizon, T-Mobile နဲ႔ Sprint တုိ႔လုိ ဆက္သြယ္ေရးကြန္ယက္ေတြနဲ႔သာ Apple Watch နဲ႔ တြဲဖက္ၿပီး အလုပ္လုပ္နုိင္မွာျဖစ္ပါတယ္။ ပစၥည္းသစ္ကုိ ေနာက္လမွာ iPhone သစ္ေတြနဲ႔အတူ ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။

ဇြန္လတုန္းက Apple ဟာ Watchfaces ေတြအေနနဲ႔ တည္ေနရာေပၚမူတည္ၿပီး အခ်ိန္နဲ႔ ေန႔ရက္ေတြကုိ ေျပာင္းလဲသြားမယ့္ WatchOS 4 ကုိ ဒီ ႏွစ္ကုန္ပုိင္းမွာ ထုတ္လုပ္သြားဖုိ႔ ရွိေနတာပါ။

Joker (Akhayar)

Ref: The Verge

 

[Unicode]

နောက်ထွက်မယ့် Apple Watch မှာ LTE နဲ့ non-LTE ဗားရှင်းနှစ်မျိုးလုံးနဲ့ ထုတ်လုပ်ဖွယ်ရှိ

Apple Watch ရဲ့ နောက်မျိုးဆက်ကို LTE စနစ်ထည့်သွင်းသွားဖို့ ရှိနေတယ်လို့ သတင်းတွေထွက်လာခဲ့အပြီးမှာ Apple အနေနဲ့ LTE ပါဝင်တဲ့အမျိုးအစားရော၊ မပါဝင်တာကိုပါ ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ နာရီရဲ့ အရင်ဒီဇိုင်းကို သိပ်အပြောင်းအလဲ ပြုလုပ်ဖွယ်မရှိကြောင်းလည်း The Verger က ဆိုပါတယ်။

KGI Securities ရဲ့ Ming-Chi-Kuo ပြောကြားချက်အရ Apple Watch ဟာ 38mm နဲ့ 42mm ဆိုပြီး အရွယ်အစား နှစ်မျိုးနဲ့ ထုတ်လုပ်သွားဖို့ ရှိနေတာပါ။

Bloomberg ရဲ့ ပထမဆုံး သတင်းအရ Apple Watch မှာ LTE စနစ်ပါဝင်မယ်လို့ ဆိုခဲ့ပြီး Kuo က 3G ကို Support လုပ်သွားဖွယ်မရှိတာကြောင့် အမေရိကန်ပြည်ထောင်စု ပြင်ပ စျေးကွက်မှာ အလုပ်လုပ်ဖွယ်မရှိပဲ AT & T, Verizon, T-Mobile နဲ့ Sprint တို့လို ဆက်သွယ်ရေးကွန်ယက်တွေနဲ့သာ Apple Watch နဲ့ တွဲဖက်ပြီး အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ ပစ္စည်းသစ်ကို နောက်လမှာ iPhone သစ်တွေနဲ့အတူ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

ဇွန်လတုန်းက Apple ဟာ Watchfaces တွေအနေနဲ့ တည်နေရာပေါ်မူတည်ပြီး အချိန်နဲ့ နေ့ရက်တွေကို ပြောင်းလဲသွားမယ့် WatchOS 4 ကို ဒီ နှစ်ကုန်ပိုင်းမှာ ထုတ်လုပ်သွားဖို့ ရှိနေတာပါ။

Joker (Akhayar)

Ref: The Verge