[Zawgyi] 


Apple Watch Series 3




Series 3 Family


Ref: 9to5Mac

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

နောက်အသစ်ထွက်လာမယ့် Apple Watch အသစ်တွေက ဘယ်လိုဖြစ်လာနိုင်မလဲ

Apple က Watch တွေထုတ်လာတာ အခုဆိုရင် Series 3 ဆိုတဲ့ စတုတ္ထမျိုးဆက်အထိရောက်နေပြီပဲဖြစ်ပါတယ်။ ပထမဦးဆုံး Apple Watch ကို စတင်ထုတ်လုပ်ခဲ့ပြီးနောက်ပိုင်း Series 1 ဆိုပြီး စထုတ်လာခဲ့တာ အခုနောက်ဆုံးထုတ်ကုန်က Series 3 ပါ။ watchOS ကတော့ Apple Watch အတွက် အသက်ဖြစ်သလို တခြား Smartwatch တွေနဲ့ကွဲထွက်နေတဲ့ Feature တွေ၊ UI တွေပါဝင်တဲ့အပြင် အသုံးပြုရလွယ်ကူတာကြောင့် ပရိသတ်တော်တော်များများကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ 

Apple Watch Series 3

မကြာသေးခင်ကကျင်းပပြီးသွားခဲ့တဲ့ WWDC 2018 ပွဲမှာ Apple မိတ်ဆက်သွားခဲ့တဲ့အထဲမှာ watchOS 5 နဲ့ iOS 12 လည်းပါဝင်ပါတယ်။ watchOS 5 ကိုတော့ Developer Beta ထုတ်ပေးထားပြီဖြစ်တာကြောင့် စမ်းသပ်သုံးစွဲလို့တော့ရနေပါပြီ။ Developer Beta Version တွေကိုတော့ Update ဆက်တိုက်လုပ်ပေးနေတာကြောင့် အခုဆိုရင် Dev Beta 2 ကိုရောက်နေပါပြီ။ iOS 12 Dev Beta 2 ရဲ့ Code တွေထဲမှာတော့ နောက်ထွက်မယ်လို့ယူဆရတဲ့ Apple Watch Model အသစ်တွေကို တွေ့ရပါတယ်။ လက်ရှိ Apple Watch တွေရဲ့  ID နံပါတ်တွေဖြစ်တဲ့ Watch4,1 ၊ Watch4,2 ၊ Watch4,3 နဲ့ Watch4,4 ဆိုပြီးပါဝင်တဲ့အပြင် MTUD2 ၊ MTUK2 နဲ့ MTX92 ဆိုတာတွေအပြင် တခြား Device ID အသစ်တွေပါနေတာဖြစ်ပါတယ်။

Apple Watch Series 3 with Sport Band

လာမယ့် September မှာကျင်းပမယ့် Apple ရဲ့ Special Event မှာ iPhone အသစ်တွေ၊ iPad အသစ်တွေ၊ Mac အသစ်တွေနဲ့အတူ Apple Watch အသစ်ကိုပါမိတ်ဆက်ပေးသွားမယ်လို့ ယူဆရပါတယ်။ အခုလက်ရှိထွက်ထားတဲ့ Apple Watch Series 3 ကတော့ ဖုန်းအဝင်အထွက်လက်ခံလာနိုင်တဲ့အပြင် ရေကူးရင်းပတ်လို့ရတဲ့ Swim-Proof လို အဆင့်မြှင့်တင်မှုတွေပါဝင်လာခဲ့ပါတယ်။ နောက်အသစ်ထွက်မယ့် Series 4 မှာတော့ Battery ပိုအသုံးခံလာမယ့်လိုယူဆရတဲ့အပြင် အခုထက် ပိုအကြမ်းခံလာမယ်လို့လည်းယူဆရပါတယ်။

Series 3 Family

watchOS အသစ်နဲ့ပဲ လာမှာဖြစ်တဲ့အပြင် Display ပိုင်းမှာလည်း လက်ရှိ Design ပိုကောင်းတဲ့ပြောင်းလဲမှုတစ်ခု လုပ်လာနိုင်မယ်လို့ယူဆရပါတယ်။ လက်ရှိမှာတော့ Apple Watch ၊ Apple Watch Nike+ ၊ Apple Watch Hermès နဲ့ Apple Watch Edition ဆိုပြီး လေးမျိုးရှိပါတယ်။ လက်ပတ်တွေ၊ အရောင်တွေစိတ်ကြိုက်တွဲလို့ရတဲ့အပြင် Watchface တွေကိုပါ သင်စိတ်ကြိုက်ပြောင်းလို့ရတာကြောင့် သင့်ရဲ့ Apple Watch က ဘယ်သူနဲ့မှမတူပဲ ကွဲပြားနေနိုင်ပါတယ်။ Apple ရဲ့ ရည်ရွယ်ချက်ကလည်း သင်ပတ်ထားတဲ့ Apple Watch က သင်ကိုဖော်ပြနိုင်တဲ့ အသုံးအဆောင်တစ်ခုအဖြစ်ရှိစေချင်တာပါ။ အားကစားသမားတွေအတွက်လည်း အထောက်အကူဖြစ်တဲ့ ထုတ်ကုန်ဖြစ်တာကြောင့် Apple Watch ပရိတ်သတ်က အလွှာစုံမှာရှိနေပါတယ်။ 

Ref: 9to5Mac

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။