[Zawgyi]

ရန္ကုန္ၿမိဳ႕ရဲ႕ ဓါတ္ပံု႐ိုက္လို႔အလွဆံုး ကိုလိုနီေခတ္ Bar ေလးတစ္ခု

ကဲ..ဒီတစ္ခါ အလင္းျပမွာကေတာ့ ႐ူး႐ူးမူးမူးညိဳ႕ေစခဲ့လို႔ Akhayar ရဲ႕ အမွတ္ျပည့္ရသြားတဲ့ Big Ben နာရီစင္ႀကီးနဲ႔ Bar လွလွေလးပါပဲ။

လွခ်က္က ခမ္းနားလြန္းလို႔ စိတ္အာရံုအားလံုးကို ဆြဲညိဳ႕ၿပီး မျပန္ခ်င္ေတာင္ျဖစ္မိေစတာ။

အမိုးထက္မွာျပန္႔လြင့္ေနတဲ့ ျဖဴေဖြးေဖြးေႂကြစာရြက္ေလးေတြရယ္၊ ဟိုးအရင္ေခတ္ကအသံုးအေဆာင္ပစၥည္းေတြနဲ႔ စာၾကည့္တိုက္ႀကီးရယ္၊ နာရီစင္အႀကီးႀကီးကို ဆိုင္ထဲထည့္ထားတဲ့ အထာအက်ဆံုး ေခတ္ေဟာင္း Restaurant and Bar တစ္ခု ရန္ကုန္ၿမိဳ႕မွာ ဖြင့္လိုက္တာသိၿပီးၾကၿပီလား?

အျပင္အဆင္
ကိုလိုနီေခတ္က အျပင္အဆင္ေတြ၊ Retromanics ဆန္တဲ့ ေခတ္ေဟာင္းနံရံပန္းခ်ီေတြ၊ ဝါေဖ်ာ့ေဖ်ာ့မီးလံုးတန္းေလးေတြ၊ Wine ေတြ၊ ႏွင္းဆီပန္းျဖဴျဖဴေလးေတြ၊ ခ်စ္စရာ ဝတ္စံုေလးေတြ ဝတ္ၿပီးႀကိဳဆိုေနတဲ့ ဝန္ထမ္းေခ်ာေခ်ာေလးေတြၾကားမွာ ရန္ကုန္ၿမိဳ႕ က Hotel ႀကီးတစ္ခုဟာ ဒီေလာက္ေတာင္လွေနတာကို အံ့ၾသမင္သက္ခဲ့ရတာတကယ္ပါ။

ဒီ Bar ဆိုင္ေလးကိုေတာ့ Hotel ထဲမွာ တည္ေဆာက္ထားတာျဖစ္ၿပီး ႐ိုး႐ိုးရွင္းရွင္းေလးနဲ႔ ႏိုင္ငံျခားက ကိုလိုနီေခတ္စားေသာက္ဆိုင္ေတြပံုစံကိုအေျချပဳၿပီး တည္ေဆာက္ထားတာပါ။

ဆိုင္ရဲ႕ အလွဆံုးေနရာေလးေတြ

မ်က္လံုးကိုေရာ စိတ္ကိုပါအဖမ္းစားဆံုးက ဟိုတယ္ Reception ေရွ႕ ဆိုင္ထဲအဝင္ ဆိုဖာေတြေပၚကအလွဆင္ထားတဲ့ စာရြက္ျဖဴျဖဴအုပ္လိုက္ႀကီးပါပဲ။ ျဖဴဆြတ္လြင့္ေမ်ာေနတာပါ။ လွတာမွ ႐ူး႐ူးမူးမူးလွတာပါ။

ဒုတိယကေတာ့ ဆိုင္ရဲ႕ အသက္ျဖစ္တဲ့ ဆိုင္အလယ္တည့္တည့္က နာရီစင္ႀကီးပါပဲ။ Decoration အရမ္းလွလြန္းလို႔ ခ်ီးက်ဴးမိေလာက္ေအာင္ကို ေႂကြမိတာပါ။

တတိယအလွဆံုးက ဆိုင္ရဲ႕ထြက္ေပါက္အေရွ႕တည့္တည့္က Barခံုတန္းေလးပါပဲ။ ဝါေဖ်ာ့ေဖ်ာ့မီးလံုးေလးေတြနဲ႔ ႐ိုလြန္းပါတယ္။

ေနာက္ထပ္အလွဆံုးကေတာ့ ဆိုင္အတြင္းဘက္ေထာင့္နံရံက Retromanics ဆန္ဆန္ ႏိုင္ငံျခားပံုတူပန္းခ်ီပိုစတာအႀကီးႀကီးပါ။ အုတ္နံရံညိဳညိဳေပၚမွာ ပနံရေနပါေရာ။

အစားအစာ
Bar & Restaurant ဆိုေပမယ့္ အဓိကရတာကေတာ့ Wineေတြ၊ Cocktails ေတြ၊ Coffee ေတြနဲ႔ Drinks ေတြခ်ည္း သီးသန္႔ေသာက္လို႔ရတဲ့ဆိုင္ျဖစ္ၿပီး Appetizer နဲ႔ တျခား Breads ၊ Sandwich၊ Pastas နဲ႔ Home made Pastries တို႔လို European Food ေတြ ရပါတယ္။

Cappucino ပူပူေလးတစ္ခြက္ေသာက္ၿပီးျပတင္းေပါက္နံရံေလးကိုေငးရင္း ထိုင္ဖီးလ္လို႔ေကာင္းေလာက္ေအာင္ကို လွပါတယ္။ Cappucino ကေတာ့ အရသာေပ်ာ့ပါတယ္။

ေသာက္ခဲ့တဲ့ Orange Lemon Smoothie ေလးကလည္း တကယ့္ ဆန္းကစ္နဲ႔ သံပုရာေရာထားတဲ့ Smoothie စစ္စစ္အရသာမ်ိဳး ခ်ဥ္ေမႊးေမႊးေလးနဲ႔ အႀကိဳက္ေတြ႕မိပါတယ္။

ေစ်းႏႈန္း
အနည္းဆံုး ၃,၄ ေဒၚလာကစပါတယ္။ ပံုမွန္အစားအစာေတြ၊ Drinks ေတြကေတာ့ ၁၁ ေဒၚလာ၊ ၁၂ ေဒၚလာေလာက္ရွိပါတယ္။ တကယ့္ကိုအဆင့္အတန္းျမင့္ High Class ေတြအတြက္ သင့္ေတာ္ပါတယ္။ ဒါေပမယ့္ ဒီဆိုင္ေနရာအေနအထားနဲ႔ အျပင္အဆင္ေတြကေတာ့ တကယ့္ကို အဆင့္အတန္းျမင့္လူေနမႈအတြက္ ပိုအသင့္ေတာ္ဆံုးပါ။

သီးျခားဝန္ေဆာင္မႈ
ဒါကေတာ့ ေတာ္ေတာ္သေဘာက်ခဲ့ရပါတယ္။ The News Room Restaurant ကိုလာတဲ့ ဧည့္သည္တိုင္း Hotel ထဲက စာၾကည့္တိုက္ႀကီးမွာပါ ေအးေဆးစာဖတ္လို႔ရေသးတယ္ဆိုေတာ့ သာယာလြန္းပါတယ္။

လိပ္စာ

ခမ္းနားလြန္းလို႔ ရန္ကုန္ရဲ႕ တကယ့္အဆင့္အတန္းအျမင့္ဆံုး လူေနမႈတစ္ခုကိုေဖာ္က်ဴးေနတဲ့ ဒီေကာ္ဖီဆိုင္ေလးက ဗိုလ္ဆြန္ပက္လမ္း ေအာက္ဘေလာက္ အမွတ္ ၁၉-၄၃၊ ပန္းဘဲတန္းၿမိဳ႕နယ္ထဲက Yangon Excelsior Hotel ထဲက The News Room Restaurant and Bar ပါ။ မနက္ ၆နာရီခြဲကေန ည ၁၁ နာရီခြဲထိ ဖြင့္ပါတယ္။

လွလြန္း၊ခမ္းနားလြန္းလို႔ မေရာက္မျဖစ္သြားၿပီး အဆင့္အတန္းျမင့္ Lifestyle တစ္ခုကို ဒီ The News Room Restaurant and Bar မွာ ခံစားၾကည့္ပါဦးလို႔ ရန္ကုန္ရဲ႕ ေနာက္ထပ္အလွဆံုးေနရာေလးကို Akhayar ကေန ၫႊန္လိုက္ၿပီေနာ္။

FoodieEi(Akhayar)

[Unicode]

ရန်ကုန်မြို့ရဲ့ ဓါတ်ပုံရိုက်လို့အလှဆုံး ကိုလိုနီခေတ် Bar လေးတစ်ခု

ကဲ..ဒီတစ်ခါ အလင်းပြမှာကတော့ ရူးရူးမူးမူးညို့စေခဲ့လို့ Akhayar ရဲ့ အမှတ်ပြည့်ရသွားတဲ့ Big Ben နာရီစင်ကြီးနဲ့ Bar လှလှလေးပါပဲ။

လှချက်က ခမ်းနားလွန်းလို့ စိတ်အာရုံအားလုံးကို ဆွဲညို့ပြီး မပြန်ချင်တောင်ဖြစ်မိစေတာ။

အမိုးထက်မှာပြန့်လွင့်နေတဲ့ ဖြူဖွေးဖွေးကြွေစာရွက်လေးတွေရယ်၊ ဟိုးအရင်ခေတ်ကအသုံးအဆောင်ပစ္စည်းတွေနဲ့ စာကြည့်တိုက်ကြီးရယ်၊ နာရီစင်အကြီးကြီးကို ဆိုင်ထဲထည့်ထားတဲ့ အထာအကျဆုံး ခေတ်ဟောင်း Restaurant and Bar တစ်ခု ရန်ကုန်မြို့မှာ ဖွင့်လိုက်တာသိပြီးကြပြီလား?

အပြင်အဆင်
ကိုလိုနီခေတ်က အပြင်အဆင်တွေ၊ Retromanics ဆန်တဲ့ ခေတ်ဟောင်းနံရံပန်းချီတွေ၊ ဝါဖျော့ဖျော့မီးလုံးတန်းလေးတွေ၊ Wine တွေ၊ နှင်းဆီပန်းဖြူဖြူလေးတွေ၊ ချစ်စရာ ဝတ်စုံလေးတွေ ဝတ်ပြီးကြိုဆိုနေတဲ့ ဝန်ထမ်းချောချောလေးတွေကြားမှာ ရန်ကုန်မြို့ က Hotel ကြီးတစ်ခုဟာ ဒီလောက်တောင်လှနေတာကို အံ့သြမင်သက်ခဲ့ရတာတကယ်ပါ။

ဒီ Bar ဆိုင်လေးကိုတော့ Hotel ထဲမှာ တည်ဆောက်ထားတာဖြစ်ပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ နိုင်ငံခြားက ကိုလိုနီခေတ်စားသောက်ဆိုင်တွေပုံစံကိုအခြေပြုပြီး တည်ဆောက်ထားတာပါ။

ဆိုင်ရဲ့ အလှဆုံးနေရာလေးတွေ

မျက်လုံးကိုရော စိတ်ကိုပါအဖမ်းစားဆုံးက ဟိုတယ် Reception ရှေ့ ဆိုင်ထဲအဝင် ဆိုဖာတွေပေါ်ကအလှဆင်ထားတဲ့ စာရွက်ဖြူဖြူအုပ်လိုက်ကြီးပါပဲ။ ဖြူဆွတ်လွင့်မျောနေတာပါ။ လှတာမှ ရူးရူးမူးမူးလှတာပါ။

ဒုတိယကတော့ ဆိုင်ရဲ့ အသက်ဖြစ်တဲ့ ဆိုင်အလယ်တည့်တည့်က နာရီစင်ကြီးပါပဲ။ Decoration အရမ်းလှလွန်းလို့ ချီးကျူးမိလောက်အောင်ကို ကြွေမိတာပါ။

တတိယအလှဆုံးက ဆိုင်ရဲ့ထွက်ပေါက်အရှေ့တည့်တည့်က Barခုံတန်းလေးပါပဲ။ ဝါဖျော့ဖျော့မီးလုံးလေးတွေနဲ့ ရိုလွန်းပါတယ်။

နောက်ထပ်အလှဆုံးကတော့ ဆိုင်အတွင်းဘက်ထောင့်နံရံက Retromanics ဆန်ဆန် နိုင်ငံခြားပုံတူပန်းချီပိုစတာအကြီးကြီးပါ။ အုတ်နံရံညိုညိုပေါ်မှာ ပနံရနေပါရော။

အစားအစာ
Bar & Restaurant ဆိုပေမယ့် အဓိကရတာကတော့ Wineတွေ၊ Cocktails တွေ၊ Coffee တွေနဲ့ Drinks တွေချည်း သီးသန့်သောက်လို့ရတဲ့ဆိုင်ဖြစ်ပြီး Appetizer နဲ့ တခြား Breads ၊ Sandwich၊ Pastas နဲ့ Home made Pastries တို့လို European Food တွေ ရပါတယ်။

Cappucino ပူပူလေးတစ်ခွက်သောက်ပြီးပြတင်းပေါက်နံရံလေးကိုငေးရင်း ထိုင်ဖီးလ်လို့ကောင်းလောက်အောင်ကို လှပါတယ်။ Cappucino ကတော့ အရသာပျော့ပါတယ်။

သောက်ခဲ့တဲ့ Orange Lemon Smoothie လေးကလည်း တကယ့် ဆန်းကစ်နဲ့ သံပုရာရောထားတဲ့ Smoothie စစ်စစ်အရသာမျိုး ချဉ်မွှေးမွှေးလေးနဲ့ အကြိုက်တွေ့မိပါတယ်။

ဈေးနှုန်း
အနည်းဆုံး ၃,၄ ဒေါ်လာကစပါတယ်။ ပုံမှန်အစားအစာတွေ၊ Drinks တွေကတော့ ၁၁ ဒေါ်လာ၊ ၁၂ ဒေါ်လာလောက်ရှိပါတယ်။ တကယ့်ကိုအဆင့်အတန်းမြင့် High Class တွေအတွက် သင့်တော်ပါတယ်။ ဒါပေမယ့် ဒီဆိုင်နေရာအနေအထားနဲ့ အပြင်အဆင်တွေကတော့ တကယ့်ကို အဆင့်အတန်းမြင့်လူနေမှုအတွက် ပိုအသင့်တော်ဆုံးပါ။

သီးခြားဝန်ဆောင်မှု
ဒါကတော့ တော်တော်သဘောကျခဲ့ရပါတယ်။ The News Room Restaurant ကိုလာတဲ့ ဧည့်သည်တိုင်း Hotel ထဲက စာကြည့်တိုက်ကြီးမှာပါ အေးဆေးစာဖတ်လို့ရသေးတယ်ဆိုတော့ သာယာလွန်းပါတယ်။

လိပ်စာ

ခမ်းနားလွန်းလို့ ရန်ကုန်ရဲ့ တကယ့်အဆင့်အတန်းအမြင့်ဆုံး လူနေမှုတစ်ခုကိုဖော်ကျူးနေတဲ့ ဒီကော်ဖီဆိုင်လေးက ဗိုလ်ဆွန်ပက်လမ်း အောက်ဘလောက် အမှတ် ၁၉-၄၃၊ ပန်းဘဲတန်းမြို့နယ်ထဲက Yangon Excelsior Hotel ထဲက The News Room Restaurant and Bar ပါ။ မနက် ၆နာရီခွဲကနေ ည ၁၁ နာရီခွဲထိ ဖွင့်ပါတယ်။

လှလွန်း၊ခမ်းနားလွန်းလို့ မရောက်မဖြစ်သွားပြီး အဆင့်အတန်းမြင့် Lifestyle တစ်ခုကို ဒီ The News Room Restaurant and Bar မှာ ခံစားကြည့်ပါဦးလို့ ရန်ကုန်ရဲ့ နောက်ထပ်အလှဆုံးနေရာလေးကို Akhayar ကနေ ညွှန်လိုက်ပြီနော်။

FoodieEi(Akhayar)