[Zawgyi] 



iPhone Dummies






Ref: Mac Rumors

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

iPhone အသစ်တွေရဲ့ ဓာတ်ပုံတွေ ထပ်ပြီးသတင်းပေါက်ကြားလာပြီ

iPhone X မှာ Design အသစ်ကိုပြောင်းခဲ့ပြီးတဲ့နောက်ပိုင်း Apple ကို စိတ်ဝင်စားသူတွေ ပိုများလာပါတယ်။ နောက်ထွက်မယ့် iPhone အသစ်တွေကလည်း iPhone X ရဲ့ Design ကိုမှီငြမ်းထားမယ်ဆိုတဲ့ သတင်းတွေနဲ့ ဓာတ်ပုံတွေလည်းအများကြီးထွက်ထားပြီးပါပြီ။ အခုလည်း ဖြစ်နိုင်တဲ့ iPhone အသစ် ဓာတ်ပုံတွေ Twitter မှာ ပြန့်လာပါတယ်။ 

Ben Geskin ဆိုသူကတော့ Twitter မှာ Smartphone သတင်းပေါက်တာတွေနဲ့ နာမည်ကြီးသူတစ်ယောက်ပါ။ အခုလည်း သူ့ဆီကပဲ iPhone အသစ်တွေရဲ့ ဓာတ်ပုံတွေ သင်းပေါက်လာတာပါ။ iPhone X Plus လို့ ယူဆရတဲ့ 6.5 Inch Display နဲ့ ဖုန်းတစ်လုံးနဲ့ iPhone 9 လို့ယူဆရတဲ့ 6.1 Inch Display နဲ့ ဖုန်းတစ်လုံးကိုတွေ့ရပါတယ်။ iPhone X Plus ကတော့ လက်ရှိ iPhone X အတိုင်းပဲ သိပ်ပြီးပြောင်းလဲမှုမရှိတဲ့ Design နဲ့တွေ့ရသလို Dual Camera လည်းပါပါတယ်။ 6.1 Inch iPhone မှာတော့ Notch ပါတဲ့ Display ကိုတွေ့ရပေမယ့် Dual Camera တော့ မပါပါဘူး။ 

iPhone Dummies

ကောလဟလတွေအတိုင်း iPhone X ၊ iPhone X Plus နဲ့ iPhone ဆိုပြီး iPhone သုံးမျိုးကို နာမည်ပြောင်းပေးသွားမလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။ လက်ရှိ iPhone 8 တွေနေရာကို နံပါတ်မတပ်တဲ့ iPhone အသစ်နဲ့ အစားထိုးသွားမယ်ဆိုတာ သေချာသလောက်ဖြစ်နေပါပြီ။ iPad တွေကိုလည်း iPad နဲ့ iPad Pro ဆိုပြီး Model နှစ်မျိုးပဲ ထားပေးထားခဲ့တာ အချိန်တစ်ခုကြာခဲ့ပါပြီ။ 

iPhone X Silver Stainless Steel Frames

Glass Sandwich Design ကိုပဲဆက်သုံးသွားဦးမှာဖြစ်တာကြောင့် ဘေးပတ်ပတ်လည်က Stainless Steel ဘောင်ကတော့ ပါနေဦးမှာပါ။ Premium ဆန်တဲ့ ပြောင်ပြောင်လက်လက် Steel ဘောင်တွေက ၂၀၁၇ နောက်ပိုင်းမှာ ပိုပြီး ခေတ်စားလာပါတယ်။ အရင်ကတော့ သာမန် Aluminium ကိုပဲ သုံးပေးခဲ့ပြီး အခုနောက်ပိုင်းမှသာ Steel ကို ပြောင်းသုံးပေးလာတာပါ။ iPhone X ရဲ့ Design အသစ်ကို သဘောကျတဲ့သူများပြားခဲ့သလို မကြိုက်တဲ့ပရိသတ်လည်း ရှိနေပါတယ်။ ၂၀၁၇ ထဲမှာ အရောင်းရဆုံး iPhone တွေအဖြစ် iPhone 8 Plus နဲ့ iPhone X က ဦးဆောင်ခဲ့ပါတယ်။ Apple ရဲ့ iPhone X က OLED Display ဖြစ်နေပေမယ့် LCD Display ပဲ ဆက်သုံးထားတဲ့ iPhone 8 Plus က ဈေးကွက်မှာ နေရာရနေတုန်းပါ။

iPhone X OLED Super Retina Display

လက်ရှိ iPhone 8 နေရာကို ဆက်ခံမယ့် iPhone မှာလည်း OLED Diaplay ကို သုံးပေးလာမှာမဟုတ်ဘဲ LCD ကိုပဲ ဆက်သုံးပေးသွားမယ်လို့ သိရပါတယ်။ Apple ရဲ့  LCD Retina Display တွေကတော့ ဈေးကွက်ထဲမှာ နာမည်တစ်ခုရပြီးသားဖြစ်သလို အရောင်အသွေးလည်း တိကျတာကြောင့် iPhone ပရိသတ်က သဘောကျတာပါ။ iPhone X ကစပြီး နောက်ထွက်မယ့် iPhone X Series တွေမှာ OLED ကိုပဲသုံးသွားမှာဖြစ်ပြီး သာမန် ဈေးသက်သာတဲ့ Base Model iPhone မှာတော့ LCD Retina Display တွေကိုပဲ ဆက်သုံးပေးသွားမယ်လို့ ယူဆရပါတယ်။ ဒီနှစ်မှာတော့ Home Button တွေ ပျောက်သွားမလားဆိုတာ စောင့်ကြည့်ရင်း ရင်ခုန်ကြရမှာပါ။ 

Ref: Mac Rumors

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။