[Zawgyi] 

Samsung ရဲ႕ Galaxy S Series ေတြကေတာ့ အရင္ႏွစ္ေတြကတည္းက Deisgn ပိုင္းဆိုင္ရာ အေျပာင္းအလဲေတြ ရွိခဲ့ေပမယ့္ သိပ္ၿပီး ႀကီးႀကီးမားမား ေျပာင္းသြားတာမ်ိဳးေတာ့လည္း မဟုတ္ပါဘူး။ ဒါေပမယ့္ အခုတစ္ေခါက္မွာေတာ့ Samsung က Galaxy S10 ကို Design ပိုင္းအတြက္ အေသးစိတ္ေျပာင္းေပးလာမယ္လို႔ ယူဆရပါတယ္။ 

Leaked Image

Samsung က သူတို႔ရဲ႕ Galaxy S Series ေတြအတြက္ Android Update Beta Version ေတြ ထုတ္ၿပီးစမ္းေလ့ရွိပါတယ္။ အရင္ကလည္း အခုလို သတင္းေပါက္ထားတဲ့ သိမိုင္းေတြက မနည္းပါဘူး။ Galaxy S7 မွာ စမ္းခဲ့တဲ့ Android Nougat Beta မွာ Galaxy S8 ရဲ႕ Design ပါလာခဲ့ၿပီး Galaxy S8 ရဲ႕ Android Oreo Beta မွာ Galaxy S9 ရဲ႕ Design ကို ေတြ႔ခဲ့ရပါတယ္။ အခုတစ္ေခါက္မွာလည္း Galaxy S9 ေတြနဲ႔ Note 9 ေတြအတြက္ Android Pie Beta Version မွာ ဖုန္းအသစ္အတြက္ Night Theme မွာ Instruction ျပတဲ့အခါ Galaxy S10 လို႔ ယူဆရတဲ့ Illustration တစ္ခုကို ေတြ႕ရပါတယ္။ 

အခု ေတြ႕ရတဲ့ ဖုန္းကေတာ့ Galaxy S10 လို႔ က်ိန္းေသေျပာလို႔မရေသးေပမယ့္ ျဖစ္ႏိုင္ေခ်ကေတာ့ ရွိေနပါတယ္။ အေၾကာင္းကေတာ့ Samsung က Full Screen Design ကို စိတ္ကူးယဥ္ေနခဲ့တာ အခ်ိန္တစ္ခုၾကာေနၿပီျဖစ္သလို Notch ကိုထည့္ဖို႔လည္း လံုးဝကိုသေဘာမေတြ႕တဲ့ ကုမၸဏီတစ္ခုျဖစ္ေနလို႔႔ပါ။ Desing ပိုင္းနဲ႔ပတ္သက္လာရင္လည္း Apple ရဲ႕ iPhone X ထြက္ကတည္းက Notch ကို တိုက္ခိုက္လာတာ Note 9 ထြက္သည္အထိ မရပ္ခဲ့ပါဘူး။ 

Galaxy S10 Render

Samsung က Galaxy S10 အတြက္ Display ပုိင္းမွာ ပိုၿပီးလွတဲ့ Deisign ကို သံုးေပးလာႏုိင္ၿပီး Notch အစား Camera ေတြနဲ႔ Sensor ေတြကို Display ထဲမွာ ႁမွႈပ္ေပးလာႏုိင္မယ္လို႔ ယူဆရပါတယ္။ Display Design ရဲ႕ ေနာက္တစ္ဆင့္ကို Samsung Galaxy S10 က တကယ္ပဲ ယူေဆာင္ေပးလာႏိုင္မလားဆိုတာကေတာ့ အခ်ိန္တစ္ခုေစာင့္ရဦးမွာပါ။ သင္ေရာ Galaxy S10 အေပၚ ဘယ္လိုထင္သလဲ။ 

Ref: Slashgear

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Galaxy S10 လို့ယူဆရတဲ့ ဖုန်း Deisgn သတင်းပေါက်လာပြီ

Samsung ရဲ့ Galaxy S Series တွေကတော့ အရင်နှစ်တွေကတည်းက Deisgn ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ရှိခဲ့ပေမယ့် သိပ်ပြီး ကြီးကြီးမားမား ပြောင်းသွားတာမျိုးတော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် အခုတစ်ခေါက်မှာတော့ Samsung က Galaxy S10 ကို Design ပိုင်းအတွက် အသေးစိတ်ပြောင်းပေးလာမယ်လို့ ယူဆရပါတယ်။ 

Leaked Image

Samsung က သူတို့ရဲ့ Galaxy S Series တွေအတွက် Android Update Beta Version တွေ ထုတ်ပြီးစမ်းလေ့ရှိပါတယ်။ အရင်ကလည်း အခုလို သတင်းပေါက်ထားတဲ့ သိမိုင်းတွေက မနည်းပါဘူး။ Galaxy S7 မှာ စမ်းခဲ့တဲ့ Android Nougat Beta မှာ Galaxy S8 ရဲ့ Design ပါလာခဲ့ပြီး Galaxy S8 ရဲ့ Android Oreo Beta မှာ Galaxy S9 ရဲ့ Design ကို တွေ့ခဲ့ရပါတယ်။ အခုတစ်ခေါက်မှာလည်း Galaxy S9 တွေနဲ့ Note 9 တွေအတွက် Android Pie Beta Version မှာ ဖုန်းအသစ်အတွက် Night Theme မှာ Instruction ပြတဲ့အခါ Galaxy S10 လို့ ယူဆရတဲ့ Illustration တစ်ခုကို တွေ့ရပါတယ်။ 

အခု တွေ့ရတဲ့ ဖုန်းကတော့ Galaxy S10 လို့ ကျိန်းသေပြောလို့မရသေးပေမယ့် ဖြစ်နိုင်ချေကတော့ ရှိနေပါတယ်။ အကြောင်းကတော့ Samsung က Full Screen Design ကို စိတ်ကူးယဉ်နေခဲ့တာ အချိန်တစ်ခုကြာနေပြီဖြစ်သလို Notch ကိုထည့်ဖို့လည်း လုံးဝကိုသဘောမတွေ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်နေလို့ပါ။ Desing ပိုင်းနဲ့ပတ်သက်လာရင်လည်း Apple ရဲ့ iPhone X ထွက်ကတည်းက Notch ကို တိုက်ခိုက်လာတာ Note 9 ထွက်သည်အထိ မရပ်ခဲ့ပါဘူး။ 

Galaxy S10 Render

Samsung က Galaxy S10 အတွက် Display ပိုင်းမှာ ပိုပြီးလှတဲ့ Deisign ကို သုံးပေးလာနိုင်ပြီး Notch အစား Camera တွေနဲ့ Sensor တွေကို Display ထဲမှာ မြှှုပ်ပေးလာနိုင်မယ်လို့ ယူဆရပါတယ်။ Display Design ရဲ့ နောက်တစ်ဆင့်ကို Samsung Galaxy S10 က တကယ်ပဲ ယူဆောင်ပေးလာနိုင်မလားဆိုတာကတော့ အချိန်တစ်ခုစောင့်ရဦးမှာပါ။ သင်ရော Galaxy S10 အပေါ် ဘယ်လိုထင်သလဲ။ 

Ref: Slashgear

Min Than Htike (Akhayar)

www.akhayar.com