[Zawgyi]

တူနဲ႔႐ိုက္ေတာင္ မကြဲဘူးဆိုတဲ့ Samsung ရဲ႕ OLED Panel

အခုခ်ိန္ Display Panel ကို အရည္ေသြးလဲေကာင္းရမယ္၊ အၾကမ္းခံတဲ့ အမ်ိဳးစားလည္းျဖစ္ရမယ္ဆိုရင္ေတာ့ Samsung Display က မိတ္ဆက္လိုက္ၿပီျဖစ္တဲ့ ခံႏိုင္ရည္အားအေကာင္းဆုံး OLED Panel အသစ္က ေ႐ြးခ်ယ္စရာ ျဖစ္လာေတာ့မွာပါ။ ဘာလို႔ အခုလိုမ်ိဳး နာမည္တပ္ထားရသလဲဆိုရင္ Display အရည္ေသြးကို စစ္ေဆးေပးေနတဲ့ Underwriters Laboratories (UL) က လုံးဝဖ်က္ဆီးလို႔မရတဲ့ Display Panel ဆိုၿပီး အမႊမ္းတင္ထားလို႔ ခံႏိုင္ရည္အား အေကာင္းဆုံးဆိုတဲ့ ဂုဏ္ပုဒ္ကို ရသြားခဲ့တာပါ။

This OLED Panel is totally Unbreakable

OLED Panel အသစ္က ဘယ္ေလာက္ေတာင္ အမာခံသလဲဆိုရင္ အျမင့္ ၆ ေပ ေလာက္က က်တာေတာင္ မၿဖဳံဘူးဆိုပဲ။ ေနာက္ၿပီး Military Standard အျပည့္ရွိေနတဲ့ Electronics ပစၥည္းေတြထက္ အၾကမ္းဘယ္ေလာက္ပိုခံေနသလဲဆိုရင္ အျမင့္ ၄ ေပ က ၂၆ ခါ ေလာက္ ဆက္တိုက္ ပစ္ခ်တာေတာင္ ပြန္းရာပဲ့ရာ တစ္ခုမွ ထင္မသြားခဲ့ပါဘူး။ အဲ့ဒါအျပင္ အပူခ်ိန္ 71°C နဲ႔ -32°C ေလာက္ပဲရွိတဲ့ Extreme Temperature Test လိုမ်ိဳးမွာ Touch သြားေနေသးတဲ့အထိ ခံႏိုင္ရည္အား အရမ္းပဲ ေကာင္းလြန္းေနတာမလို႔ OLED Panel အသစ္ကို UL ကေတာင္ ခ်ီးက်ဴးေနရတာပါ။

This Display may be used in Galaxy S10

ဘာလို႔ အဲ့ေလာက္ေတာင္မ်ား အၾကမ္းခံေနရသလဲဆိုတဲ့ေမးခြန္းကို ပလပ္စသားနဲ႔ ဖန္သားႏွစ္မ်ိဳးမွာ ဘယ္ဟာက ပိုခံႏိုင္ရည္အားရွိမလဲဆိုတာကို ျဖည့္ေတြးၾကည့္ပါ။ ဒီအေျဖကို သိၿပီးသားမလို႔ Samsung က ပါးနပ္လြန္းတယ္ဆိုရမလား OLED လို Display မ်ိဳးကို ပလပ္စတစ္ Panel နဲ႔ Cover လုပ္ေပးလိုက္တာက ဆရာက်တယ္ပဲ ဆိုရမလား။ ေနာက္ၿပီး ဖန္သားထက္စာရင္ ပလတ္စတစ္သားက ပိုၿပီး Flexible ျဖစ္တာေၾကာင့္ Galaxy X စမတ္ဖုန္းမွာလို ေကြးၫြတ္ခ်င္ေနတဲ့ Display Panel မ်ိဳးသုံးခ်င္ေနတယ္ဆိုရင္ အကိုက္ျဖစ္ေနၿပီလို႔ပဲေျပာရမလား။ ဒီလိုမ်ိဳး အၾကမ္းခံတဲ့ Display Panel ကို Apple ရဲ႕ Watch Series 3 မွာ သုံးခဲ့ဖူးတယ္ဆိုမယ့္လည္း ဖန္သားနဲ႔လုပ္ထားတာမလို႔ အခန႔္မသင့္ရင္ မွန္အက္တာမ်ိဳး ျဖစ္သြားႏိုင္ပါေသးတယ္။

Water Resist & Durable Apple’s Watch Series 3

အဲ့ဒါေၾကာင့္ OLED Panel အသစ္ကို မာေရာေက်ာေရ အျပည့္ရွိတဲ့ Plastic Window နဲ႔ ဖုံးအပ္ေပးထားတာမလို႔ အၾကမ္းလည္းခံမယ္၊ ေပါ့ေပါ့ပါးပါးလဲရွိမယ္၊ Flexible လည္းျဖစ္မယ္ ေနာက္ၿပီး ဖန္နဲ႔လုပ္ထားတဲ့ Display Panel လို အရည္အေသြးလဲ အျပည့္အဝရွိေနမယ္လို႔ General Manager “Hojung Gim” ကိုယ္တိုင္က Samsung NewsRoom မွာ ေျပာၾကာသြားခဲ့တာပါ။ ဒီလိုမ်ိဳး အရည္ေကာင္းေကာင္း OLED Panel အသစ္ကို စမတ္ဖုန္းတခုထဲအတြက္ေတာင္မဟုတ္ဘဲ Tablet ေတြ၊ Nintendo နဲ႔ PS Vita လို လက္ကိုင္ဂိမ္းစက္ေတြနဲ႔ Automobiles တခ်ိဳ႕အတြက္ ထုတ္လုပ္ေပးသြားမယ္လို႔ Samsung Display က ေျပာလိုက္ပါၿပီ။ အဲ့ဒီလိုဆိုရင္ေတာ့ အခုခ်ိန္မွာ OLED Panel ေကာင္းေကာင္း ေထာက္ပံ့ေပးႏိုင္မယ့္ Supplier လိုက္ရွာေနတဲ့ Apple လို ကုမၸဏီမ်ိဳးအတြက္ မ်က္စိက်စရာျဖစ္လာႏိုင္ပါေသးတယ္။ အဲ့ဒါအျပင္ စစ္ဖက္ဆိုင္ရာေတြလည္း ဒီလိုမ်ိဳး အရည္ေသြးေကာင္း အၾကမ္းခံတဲ့ Samsung ရဲ႕ OLED Panel သုံးလာၾကမွာ မလႊဲမေသြပါပဲ။

ဘယ္လိုပဲ ႐ိုက္႐ိုက္မကြဲဘူးဆိုတဲ့ ဗီဒီယိုကို ေအာက္မွာၾကည့္ႏိုင္ပါတယ္။

2B (Akhayar)

www.akhayar.com

Credit: Engadget, Ref: Samsung NewsRoom, Samsung Display

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

တူနဲ့ရိုက်တောင် မကွဲဘူးဆိုတဲ့ Samsung ရဲ့ OLED Panel

အခုချိန် Display Panel ကို အရည်သွေးလဲကောင်းရမယ်၊ အကြမ်းခံတဲ့ အမျိုးစားလည်းဖြစ်ရမယ်ဆိုရင်တော့ Samsung Display က မိတ်ဆက်လိုက်ပြီဖြစ်တဲ့ ခံနိုင်ရည်အားအကောင်းဆုံး OLED Panel အသစ်က ရွေးချယ်စရာ ဖြစ်လာတော့မှာပါ။ ဘာလို့ အခုလိုမျိုး နာမည်တပ်ထားရသလဲဆိုရင် Display အရည်သွေးကို စစ်ဆေးပေးနေတဲ့ Underwriters Laboratories (UL) က လုံးဝဖျက်ဆီးလို့မရတဲ့ Display Panel ဆိုပြီး အမွှမ်းတင်ထားလို့ ခံနိုင်ရည်အား အကောင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ရသွားခဲ့တာပါ။

This OLED Panel is totally Unbreakable

OLED Panel အသစ်က ဘယ်လောက်တောင် အမာခံသလဲဆိုရင် အမြင့် ၆ ပေ လောက်က ကျတာတောင် မဖြုံဘူးဆိုပဲ။ နောက်ပြီး Military Standard အပြည့်ရှိနေတဲ့ Electronics ပစ္စည်းတွေထက် အကြမ်းဘယ်လောက်ပိုခံနေသလဲဆိုရင် အမြင့် ၄ ပေ က ၂၆ ခါ လောက် ဆက်တိုက် ပစ်ချတာတောင် ပွန်းရာပဲ့ရာ တစ်ခုမှ ထင်မသွားခဲ့ပါဘူး။ အဲ့ဒါအပြင် အပူချိန် 71°C နဲ့ -32°C လောက်ပဲရှိတဲ့ Extreme Temperature Test လိုမျိုးမှာ Touch သွားနေသေးတဲ့အထိ ခံနိုင်ရည်အား အရမ်းပဲ ကောင်းလွန်းနေတာမလို့ OLED Panel အသစ်ကို UL ကတောင် ချီးကျူးနေရတာပါ။

This Display may be used in Galaxy S10

ဘာလို့ အဲ့လောက်တောင်များ အကြမ်းခံနေရသလဲဆိုတဲ့မေးခွန်းကို ပလပ်စသားနဲ့ ဖန်သားနှစ်မျိုးမှာ ဘယ်ဟာက ပိုခံနိုင်ရည်အားရှိမလဲဆိုတာကို ဖြည့်တွေးကြည့်ပါ။ ဒီအဖြေကို သိပြီးသားမလို့ Samsung က ပါးနပ်လွန်းတယ်ဆိုရမလား OLED လို Display မျိုးကို ပလပ်စတစ် Panel နဲ့ Cover လုပ်ပေးလိုက်တာက ဆရာကျတယ်ပဲ ဆိုရမလား။ နောက်ပြီး ဖန်သားထက်စာရင် ပလတ်စတစ်သားက ပိုပြီး Flexible ဖြစ်တာကြောင့် Galaxy X စမတ်ဖုန်းမှာလို ကွေးညွတ်ချင်နေတဲ့ Display Panel မျိုးသုံးချင်နေတယ်ဆိုရင် အကိုက်ဖြစ်နေပြီလို့ပဲပြောရမလား။ ဒီလိုမျိုး အကြမ်းခံတဲ့ Display Panel ကို Apple ရဲ့ Watch Series 3 မှာ သုံးခဲ့ဖူးတယ်ဆိုမယ့်လည်း ဖန်သားနဲ့လုပ်ထားတာမလို့ အခန့်မသင့်ရင် မှန်အက်တာမျိုး ဖြစ်သွားနိုင်ပါသေးတယ်။

Water Resist & Durable Apple’s Watch Series 3

အဲ့ဒါကြောင့် OLED Panel အသစ်ကို မာရောကျောရေ အပြည့်ရှိတဲ့ Plastic Window နဲ့ ဖုံးအပ်ပေးထားတာမလို့ အကြမ်းလည်းခံမယ်၊ ပေါ့ပေါ့ပါးပါးလဲရှိမယ်၊ Flexible လည်းဖြစ်မယ် နောက်ပြီး ဖန်နဲ့လုပ်ထားတဲ့ Display Panel လို အရည်အသွေးလဲ အပြည့်အဝရှိနေမယ်လို့ General Manager “Hojung Gim” ကိုယ်တိုင်က Samsung NewsRoom မှာ ပြောကြာသွားခဲ့တာပါ။ ဒီလိုမျိုး အရည်ကောင်းကောင်း OLED Panel အသစ်ကို စမတ်ဖုန်းတခုထဲအတွက်တောင်မဟုတ်ဘဲ Tablet တွေ၊ Nintendo နဲ့ PS Vita လို လက်ကိုင်ဂိမ်းစက်တွေနဲ့ Automobiles တချို့အတွက် ထုတ်လုပ်ပေးသွားမယ်လို့ Samsung Display က ပြောလိုက်ပါပြီ။ အဲ့ဒီလိုဆိုရင်တော့ အခုချိန်မှာ OLED Panel ကောင်းကောင်း ထောက်ပံ့ပေးနိုင်မယ့် Supplier လိုက်ရှာနေတဲ့ Apple လို ကုမ္ပဏီမျိုးအတွက် မျက်စိကျစရာဖြစ်လာနိုင်ပါသေးတယ်။ အဲ့ဒါအပြင် စစ်ဖက်ဆိုင်ရာတွေလည်း ဒီလိုမျိုး အရည်သွေးကောင်း အကြမ်းခံတဲ့ Samsung ရဲ့ OLED Panel သုံးလာကြမှာ မလွှဲမသွေပါပဲ။

ဘယ်လိုပဲ ရိုက်ရိုက်မကွဲဘူးဆိုတဲ့ ဗီဒီယိုကို အောက်မှာကြည့်နိုင်ပါတယ်။

2B (Akhayar)

www.akhayar.com

Credit: Engadget, Ref: Samsung NewsRoom, Samsung Display

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။