[Zawgyi] 


Find X OLED Display


Front Camera








3D Facial Scanning


Camera


Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Oppo ရဲ့ Find X က အနာဂတ်ရဲ့ စမတ်ဖုန်းလောကကို သင့်ဆီ သယ်ဆောင်လာပါပြီ

Oppo ရဲ့ Find Series တွေကို သင်မှတ်မိဦးမယ်ထင်ပါတယ်။ လွန်ခဲ့တဲ ၄ နှစ်အတွင်းအသစ်ထွက်မလာခဲ့တဲ့ Find Series ကို Oppo ပရိသတ်တွေ မျှော်လင့်နေကြမယ်ထင်ပါတယ်။ အဲ့ဒီလို မျှော်လင့်နေကြတဲ့ Oppo ပရိသတ်တွေကို အံ့အားသင့်သွားစေမယ့် စမတ်ဖုန်းဖြစ်တဲ့ Find X ကို Oppo က မိတ်ဆက်လိုက်ပါပြီ။

Find X OLED Display

Oppo Find X ကိုမြင်တာနဲ့ စမတ်ဖုန်းလောကရဲ့အနာဂတ်ကလာတဲ့ ဖုန်းတစ်လုံးလို့ သင်ထင်သွားနိုင်ပါတယ်။ Oppo ဟာ Find Series ကိုထပ်မထုတ်ဘဲ ဒီလေးနှစ်တာအချိန်အတွင်းမှာ ဘာတွေလုပ်နေခဲ့သလဲဆိုတာ Find X က အဖြေပါပဲ။ သေသပ်လှပလွန်းတဲ့ Design ဆိုတာထက် ပြောင်မြောက်တဲ့အနုပညာဖန်တီးမှုတစ်ခုလိုခံစားရစေမယ့် စမတ်ဖုန်းတစ်လုံးဆိုတာ မြင်တာနဲ့ ခန့်မှန်းနိုင်ပါတယ်။ လက်ထဲမှာ မှန်ချပ်တစ်ခုကို ကိုင်ထားရသလိုဖြစ်နေစေဖို့ ရှေ့မျက်နှာပြင်တစ်ခုလုံးနီးပါးကို Display အတွက် နေရာပေးထားတာပါ။ 

Front Camera

အခုလို ကြီးမားတဲ့ Display ကို Notch မပါဘဲထည့်ဖို့အတွက် Camera တွေကို နေရာရွှေ့လိုက်ရပါတယ်။ 25MP Front Camera ၊ 16MP+20MP Dual Camera နဲ့ Earpiece တွေပါတဲ့အချပ်တစ်ချပ်ကို Display နဲ့ ဖုန်းရဲ့ နောက် Cover ကြားမှာထည့်ပေးထားပါတယ်။ အဲဒီအချပ်ကြီးတစ်ခုလုံးက Camera အသုံးပြုဖို့လိုအပ်လာပြီဆိုရင် အလိုလျောက် ဖုန်းရဲ့ အပေါ်ကိုထွက်လာမှာဖြစ်ပါတယ်။ 

Camera ပါတဲ့အပိုင်းက ဖုန်းရဲ့ ကိုယ်ထည် Desgin ထဲမှာ မြုတ်ဝင်နေပါတယ်

ဖုန်းရဲ့လှပတဲ့ Design ထဲမှာ မြုပ်ဝင်နေတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် Camera တွေကို အသုံးမပြုတဲ့အချိန်မှာ ဖုန်းနဲ့တစ်သားထည်းဖြစ်နေမှာပါ။ ဖုန်းရဲ့အောက်ဖက်မှာတော့ Speaker ၊ Mic နဲ့ SIM Slot ပါဝင်ပါတယ်။ Oppo ကတော့ SIM Slot ရဲ့ Design ကိုပါ ဖုန်းရဲ့ ကောက်ကြောင်းတွေအတိုင်း လှပသေသပ်အောင် လုပ်ပေးထားတာကိုလည်း တွေ့နိုင်ပါတယ်။ 

Speaker ၊ Mic ၊ USB-C and SIM Tray

Camera တွေအားလုံးက အသုံးမပြုတဲ့အချိန်မှာဖုန်းအတွင်းကို ရောက်နေသလိုဖြစ်နေစေတာကြောင့် ဖုန်းကိုလက်နဲ့ကိုင်ထားတဲ့အချိန်တိုင်း မှန်ချပ်တစ်ချပ်ကို ကိုင်ထားရတဲ့ခံစားမှုကို ပေးနိုင်မှာပါ။ Display ရဲ့အပေါ်ဖက်မှာတော့ Earpiece အတွက် အပေါက်လေးထည့်ပေးထားပါတယ်။ Earpiece ကတော့ Display အပိုင်းနဲ့ တွဲရက်မဟုတ်ဘဲ အောက်က Camera ပါတဲ့အပိုင်းမှာ တပ်ပေးထားတာကြောင့်ပါ။ 

Curved OLED Display Edges

Display ရဲ့ဘေးဖက်တွေကိုလည်း နည်းနည်းစီ ခုံးပေးထားတာကလည်း Find X ရဲ့ လှပတဲ့ Body Line တွေကို အထောက်အကူဖြစ်စေပါတယ်။ OLED DIsplay ဖြစ်ပြီး FullHD+ Resolution ရှိပါတယ်။ ဖုန်းရှေ့မျက်နှာပြင်ရဲ့  92.25% ကို Display အတွေက်နေရာပေးထားတာပါ။ လက်ထဲမှာကိုင်ထားရင် Display တစ်ချပ်ကို ကိုင်ထားရတဲ့ခံစားမှုမျိုးကိုရမယ်ဆိုတာ သေချာပါတယ်။ 

3D Facial Scanning

Find X မှာ နောက်ထပ်ထူးခြားချက်အနေနဲ့ Fingerprint Scanner ပါဝင်လာခြင်းမရှိပါဘူး။ Fingerprint အစား 3D Facial Scanning နည်းပညာပါဝင်တဲ့ Front Camera ကိုပဲအသုံးပြုပေးထားပါတယ်။ သင့်ရဲ့မျက်နှာနဲ့ Unlock လုပ်နိုင်မှာဖြစ်ပြီး Camera ကလည်း သင် Unlock လုပ်ဖို့လိုအပ်လာတဲ့အချိန်မှာ ထွက်လာပေးမှာဖြစ်ပြီး Unlock လုပ်ပြီးတာနဲ့ အလိုအလျောက် Display အောက်ကို ပြန်ဝင်သွားမှာပါ။ 

Camera

Find X မှာတော့ Qualcomm Snapdragon 845 ၊ 8GB RAM ၊ 256 GB Storage နဲ့ 3730mAh Battery တို့ပါဝင်မှာဖြစ်ပါတယ်။ Battery အတွက်တော့ Oppo ရဲ့ VOCC Fast Charging ပါဝင်တာကြောင့် အမြန်အားသွင်းနိုင်မှာပါ။ Software ကတော့ Oppo ရဲ့ Color OS ကို Android 8.1 Oreo နဲ့ပေါင်းစပ်ပေးထားပါတယ်။ Find X ရဲ့ Display တစ်ခုလုံးက တကယ်ပဲ မျက်နှာပြင်အပြည့်ခံစားချက်ကိုပေးနိုင်တဲ့အပြင် Design ကလည်း အနုပညာဆန်တဲ့အတွက် လိုချင်စရာဖုန်းတစ်လုံးဆိုရင် မမှားပါဘူး။ ခန့်မှန်းတန်ဖိုးကတော့ မြန်မာငွေ ၈ သိန်းဝန်းကျင်လောက်ရှိနိုင်ပါတယ်။ ပြည်တွင်းကိုဈေးကွက်ကို တင်သွင်းလာနိုင်မလားဆိုတာကိုတော့ မသိရသေးပါဘူး။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။