[Zawgyi] 


Belkin Power Bank


Belkin Website


Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Apple ရဲ့ ခွင့်ပြုချက်နဲ့ Lightning Port ပါလာတဲ့ Belkin Power Bank

iPhone တွေအတွက် Power Bank တွေအများကြီးရှိပါတယ်။ Apple ကိုယ်တိုင်ကတော့ Power Bank မထုတ်ပေမယ့် တခြား ကုမ္ပဏီတွေက ထုတ်တဲ့ Power Bank တွေကိုတော့ Apple Store တွေနဲ့ Apple ရဲ့ Online Store တွေမှာ ရောင်းပေးပါတယ်။ Power Bank တွေ အမျိုးအစား အများကြီးရှိပေမယ့် Lighning Port ပါတဲ့ Power Bank က မရှိသေးပါဘူး။ 

Belkin Power Bank

ပြင်ပဈေးကွက်မှာတော့ Lightning Port တပ်ထားတဲ့ Power Bank တွေကို သင်တွေ့ဖူးမှာပါ။ အဲ့ဒီ Power Bank တွေက်တော့ Apple ဆီက တရားဝင်ထောက်ခံချက်ရယူပြီး Lightning Port ကို ထည့်ပေးထားတာမဟုတ်ပါဘူး။ Power Bank ကို အားပြန်သွင်းဖို့က Micro USB ကိုပဲ အသုံးပြုရတာများပါတယ်။ Belkin ဆိုတဲ့ နာမည်ကို iPhone Accessory ကောင်းကောင်းသဘောကျသူတွေ ရင်းနီးပြီးဖြစ်မှာပါ။ 

Belkin Website

အခုဆိုရင်တော့ Belkin က Power Bank အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ အဲ့ဒီ Power Bank မှာ ထူးခြားချက်အနေနဲ့ Apple အသိအမှတ်ပြုထားတဲ့ Lightning Port ပါဝင်လာတာပဲ ဖြစ်ပါတယ်။ USB-A အပေါက်ကတော့ နှစ်ပေါက်ပါဝင်မှာဖြစ်ပြီး တစ်ပေါက်ကတော့ Fast Charging အတွက် အထောက်အပံ့ပေးပါတယ်။ Power Bank မှာတော့ Li-Ion Battery 10,000mAh ပါဝင်မှာဖြစ်ပြီး ရောင်းချမယ့်ဈေးက မြန်မာငွေ ၈၅၀၀၀ ဝန်းကျင်ခန့်ရှိနိုင်ပါတယ်။ Power Bank ကိုတော့ Boost Charge Power Bank 10K လို့ နာမည်ပေးထားပါတယ်။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။