[Zawgyi]

နည္းပညာတိုးတက္ေလေလ ကေလးႀကီးထြားဖံံြ႔ၿဖိဳးမႈ ယုတ္ေလ်ာ့ေလေလ

ဒီေန႔ေခတ္ၾကီးတိုးတက္ေျပာင္းလဲလာတာနဲ႔အမွ် အသစ္အသစ္ေသာနည္းပညာေတြလည္း ေခတ္နဲ႔ေလ်ာ္ညီစြာ ထြက္ေပၚလာလို႔ေနပါတယ္။ နည္းပညာအသစ္ေတြ တိုးတက္လာျခင္းက တစ္ဖက္မွာ ေကာင္းက်ဳိးရွိေစသလို တစ္ဖက္မွာလည္း ဆိုးက်ဳိးေတြ မ်ားစြာျဖစ္ပြားေစပါတယ္။ ဒီေန႔ေခတ္မွာ နည္းပညာေၾကာင္႔ျဖစ္တဲ႔ ဆိုးက်ဳိးေတြက လူႀကီးေတြအေပၚမွာသာ သက္ေရာက္ရုံတင္မကဘဲ ကေလးသူငယ္ေတြအထိပါ သက္ေရာက္လို႔လာပါၿပီ။ ကေလးငယ္ေတြ နည္းပညာပစၥည္းေတြေပၚမွာ အခ်ိန္ကုန္ဆံုးခ်ိန္ တျဖည္းျဖည္း မ်ားလာတာနဲ႔အမွ် ကေလးေတြရဲ႕ ႀကီးထြားမႈုုျဖစ္စဥ္ေတြလည္း ထိခိုက္လာပါတယ္။ မိဘေတြအေနနဲ႔ ကေလးငယ္ေတြရဲ႕နည္းပညာပစၥည္းသံုးစဲြမႈအေပၚကို ေစာင့္ၾကည္ထိန္းခ်ဳပ္ေပးသင္႔ပါတယ္။ နည္းပညာပစၥည္းေတြေၾကာင့္ ကေလးငယ္ေတြရဲ႕ ဘယ္လုိႀကီးထြားမႈျဖစ္စဥ္ေတြကို ထိခိုက္ေစလဲဆိုတာကို မိဘေတြ သိရွိထားႏိုင္ေစဖို႔ ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

ဦးေႏွာက္လုပ္ငန္းစဥ္ေႏွးေကြးလာေစပါတယ္

ဒီေန႔ေခတ္မွာ ကေလး၊လူႀကီးမေရြး ဖုန္းနဲ႔ လက္နဲ႔မခြာဘဲ အသံုးျပဳလာၾကပါၿပီ။ အထူးသျဖင္႔ ကေလးေတြေက်ာင္းက ျပန္လာတာနဲ႔ ဖုန္းကို အခ်ိန္ျပည္႔နီးပါးအသံုးျပဳတဲ႔အတြက္ ေလ့က်င္ခန္းလုပ္ဖို႔ အခ်ိန္မရွိသေလာက္နီးပါးျဖစ္လာပါတယ္။ ေလ့က်င္ခန္းမျပဳလုပ္ဘဲ နည္းပညာပစၥည္းေတြေပၚမွာ အခ်ိန္ႏွစ္ျမွဳပ္ေနျခင္းက ရုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကို မ်ားစြာထိခိုက္လာေစႏိုင္ၿပီး ကေလးေတြရဲ႕ ဖံြ႔ၿဖိဳးမႈျဖစ္စဥ္ေတြကိုပါ ေႏွာင္႔ေႏွးလာေစပါတယ္။ ဒါအျပင္ အလြန္အက်ဴးသံုးစဲြမိရင္ ဦးေႏွာက္ရဲ႕လ်င္လ်င္ျမန္ျမန္ နားလည္သေဘာေပါက္ႏိုင္ျခင္းကို ထိခိုက္လာျပီး စာဖတ္ရခက္လာတဲ့အထိ ျဖစ္ေစႏိုင္ပါတယ္။ျပင္ပလႈပ္ရွားမႈနဲ႔ ေလ့က်င္ခန္းေတြက ကေလးငယ္ေတြရဲ႕ရုပ္ပိုင္းဆိုင္ရာ ဥာဏ္ရည္ပိုင္းဆိုင္ရာ ႀကီးထြားဖြံ႔ၿဖိဳးမႈအတြက္ မ်ားစြာအေရးပါသလို အေကာင္းျမင္စိတ္ေတြလည္း ျဖစ္ေပၚလာေစႏုိင္ၿပီး ကိုယ္႔ကုိယ္ကိုယံုၾကည္မႈေတြလည္း ပိုရွိလာေစႏိုင္ပါတယ္။

ကင္ဆာျဖစ္မႈႏႈန္းပိုျမင္႔လာေစပါတယ္

ဖုန္းေတြနဲ႔ ကြန္ပ်ဴတာမ်က္ႏွာျပင္ကထုတ္လႊတ္တဲ႔ ေရဒီယိုသတိၱၾကြေတြက ကေလးငယ္ေတြမွာ ကင္ဆာျဖစ္မႈႏႈန္း ျမင္႔တက္လာေစႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ အေမရိကန္ကင္ဆာအဖဲြ႔အစည္းက ဒီလို Devices ေတြအသံုးျပဳမႈကို ေလ်ာ့ခ်ႏိုင္ဖို႔ျပဳလုပ္လာၾကၿပီး အသံုးမျပဳဖုိ႔အထိေတာင္ တားဆီးလာၾကပါျပီ။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

သိမႈဖြံ႔ၿဖိဳးေရးေႏွာင္႔ေႏွးေစပါတယ္

နည္းပညာပစၥည္းေတြကို အခ်ိန္အၾကာႀကီး အသံုးျပဳမယ္ဆိုရင္ ႏွစ္ႏွစ္ကေနသံုးႏွစ္အရြယ္ကေလးေတြရဲ႕ သိမႈဖြြံံ႔ၿဖိဳးေရးကို ထိခိုက္ေစပါတယ္။ ဒီအရြယ္ဟာ ကေလးငယ္တစ္ေယာက္ရဲ႕အဖြ႔ံျဖိဳးဆံုးအခ်ိန္ အျမင္အာရုံ၊ အၾကားအာရုံ၊ၾကြက္သားေတြနဲ႔ဦးေႏွာက္ပိုင္းဆုိင္ရာ ဖံြ႔ၿဖိဳးတိုးတက္ေနတဲ႔ အရြယ္ျဖစ္ပါတယ္။ ဒီလိုအခ်က္ေတြ ဖံြ႔ၿဖိဳးေစဖို႔အတြက္ အျပင္မွာ မ်ားမ်ားေဆာ့ကစားေပးတာမ်ဳိး ပတ္ဝန္းက်င္ကေနမ်ားမ်ားသင္ယူေလ႔လာတာမ်ိဳးသာ ျဖစ္သင္႔ပါတယ္။ဒီလိုအခ်ိန္မွာ ဖုန္းေတြ၊ Tablet ေတြန႔ဲသာ လံုးပန္းေနရင္ သာမန္ကေလးေတြလို ႀကီးထြားဖံြ႔ၿဖိဳးလာမွာ မဟုတ္ေတာ႔ပါဘူး။

အျမင္အာရုံကိုထိခိုက္ေစျခင္း

အခုေခတ္ ကေလးေတာ္ေတာ္မ်ားမ်ားက ရုပ္ျမင္သံၾကားစက္ေတြ၊ ကြန္ပ်ဳတာမ်က္ႏွာျပင္၊ ဖုန္းမ်က္ႏွာျပင္ကို အၾကည္႔မ်ားလြန္းတဲ့အတြက္ အျမင္အာရုံနဲ႔ဆိုင္တဲ႔ ေရာဂါေတြကို ငယ္ငယ္ရြယ္ရြယ္နဲ႔ ေတြ႔ၾကံဳေနရပါၿပီ။ အဲလိုစက္ပစၥည္းေတြကေန ေရဒီယိုသတိၱေရာင္ျခည္ေတြ ထြက္ရွိတဲ႔အတြက္ ကေလးေတြရဲ႕ ဖံြ႔ၿဖိဳးဆဲ အျမင္အာရုံေတြကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါအျပင္မ်က္စိကအာရုံအရမ္းစိုက္တဲ့အခါ မ်က္စိေညာင္းျခင္းကေန ဒဏ္ျဖစ္တဲ့အထိျဖစ္ေစကာ မႈန္ဝါးလာၿပီး မ်က္ရည္ပူေတြက်လာကာ နာက်င္က်ိန္းစပ္ျခင္း အစရွိတဲ့ အႏၱရာယ္ေတြ ျဖစ္ေစႏိုင္ပါတယ္။ အဆိုးရြားဆံုးအေနနဲ႔ေတာ့ အနီးမႈန္တဲ့အထိ ျဖစ္လာေစႏိုင္ပါတယ္။ Non-Screen ျဖစ္တဲ့အမ်ဴိးအစားေတြကို ေရြးခ်ယ္သံုးေပးမယ္ဆိုရင္ေတာ့ မ်က္လံုးကိုကာကြယ္ေပးတဲ့အတြက္ အနီးမႈန္ျခင္းက ယာယီေလာက္သာျဖစ္ပြားေစႏိုင္မွာပါ။

ခႏၶာကိုယ္အေနအထားမမွန္ကန္ျခင္း

စမတ္ဖုန္းေတြ၊ Tablet ေတြ၊ Laptop ေတြကဲ့သုိ႕ေသာ လက္နဲ႔ကိုင္တြယ္အသံုးျပဳရတဲ႔ မ်က္ႏွာျပင္ကို ငံု႔ၾကည္ရတဲ႔ ပစၥည္းေတြကို အသံုးမာ်းတဲ႔အတြက္ ခႏၶာကိုယ္အေနအထား မွားယြင္းလာေစပါတယ္။ ခႏၶာကိုယ္အေနအထားမမွန္ကန္တဲ့အခါ ေက်ာရုိးနာဗ္႔ေၾကာေတြနဲ႔ဆိုင္တဲ႔ ေရာဂါေတြ ျဖစ္ပြားလာႏိုင္ပါတယ္။

နည္းပညာပစၥည္းေတြေၾကာင္႔ ကေလးသူငယ္ေတြအေပၚ ထိခုိက္ေစႏိုင္တာကို ဒီလိုနည္းလမ္းေလးေတြသံုးၿပီးေတာ့ ကာကြယ္ေပးလို႔ရပါတယ္။

Monitor ၾကည္႔ခ်ိန္ကိုု ကန္႔သတ္ေပးပါ

Monitor ၾကည္႔ခ်ိန္ကို အခ်ိန္အကန္႔အသတ္ေလးနဲ႔ ၾကည္႔ခိုင္းပါ။ အခ်ိန္ကန္႔သတ္လုိက္တဲ႔အတြက္ တစ္ေန႔တာလံုးၾကည္႔မေနျဖစ္ေတာ႔ဘဲ သူ႔အတြက္ဆုိးက်ိဳးနည္းေစမွာပါ။

ျပင္ပလႈပ္ရွားမႈေတြကိုတိုးျမင္႔လုပ္ေဆာင္ဖို႔လႈံေဆာ္ေပးပါ

ကေလးေတြကို ျငိမ္ေအာင္ဆုိၿပီး အိမ္မွာ ကာတြန္းကား ထိုင္ၾကည္႔ခိုင္မယ္႔အစား သူငယ္ခ်င္းေတြနဲ႔ ျခံဝန္းထဲမွာ ေဆာ႔ကစားခိုင္တာမ်ဳိး၊ ပန္းျခံထဲမွာ ေခြးေလးေတြနဲ႔လမ္းေလွ်ာက္ထြက္ခိုင္းတာမ်ဳိး ျပဳလုပ္ဖို႔ တိုက္တြန္းေပးပါ။ျဖစ္ႏိုင္ရင္ ျခံဝန္းထဲမွာ ဒန္းစီးဖို႔ ဒန္းလုပ္ေပးထားတာမ်ဳိး၊ ေရကူးကန္ေဘးမွာ သဲေလးေတြထားေပးၿပီး ေဆာ့လို႔ရေအာင္ ဖန္တီးေပးတာကလည္း ျပင္ပလုပ္ရွားမႈေတြမွာ ေပ်ာ္ေမြ႔လာေစသလို ခႏၶာကိုယ္ၾကံ႕ခိုင္ျခင္း စိတ္ေပ်ာ္ရႊင္ျခင္းေတြကို ရရွိလာႏိုင္မွာပါ။

Electronic ပစၥည္းေတြနဲ႔အာရုံေျပာင္းျခင္းမလုပ္ပါနဲ႔

မ်ားေသာအားျဖင္႔ မိဘေတြက ထမင္းေကၽြးတဲ႔အခါ ၿငိမ္ေနေအာင္၊ မအားလပ္တဲ႔အခါမွာ ကေလးေတြ ၿငိမ္ေနေစဖို႔ ဖုန္းေတြေပးျပီး ေဆာ့ကစားေစပါတယ္။ အဲဒီလုိေဆာ့ကစားခိုင္းမယ့္အစား ေရာင္စံုခဲတံေပးၿပီး ပံုဆဲြစာအုပ္မွာ အေရာင္ျခယ္ခိုင္းတာမ်ဳိး၊ သူတို႔ႀကိဳက္ႏွစ္သက္တ့ဲ ရုပ္ပံုကားခ်ပ္ေလးေတြ ဆက္ခိုင္းတာမ်ဳိး၊ Puzzle cube အတံုးေလးေတြနဲ႔ ေဆာ့ကစားခိုင္းတာမ်ဳိး၊ Creative toy ေလးေတြနဲ႔ ေဆာ့ကစားခိုင္းတာမ်ဳိး အစရွိတဲ႔ ကစားနည္းေလးေတြနဲ႔ ၿငိမ္ေအာင္ ေျပာင္းထိန္းၾကည္႔လို႔ရပါတယ္။

အိပ္စက္ခ်ိန္စက္ဝန္းကိုမွန္ကန္ေအာင္ေစာင့္ၾကည္႔ေပးပါ

ကေလးေတြရဲ႕ဖြ႔ံျဖိဳးမႈအတြက္ အိပ္စက္နားေနမႈဟာ မျဖစ္မေနလုိအပ္တာမုိ႔ ေန႔စဥ္ ၁၀ နာရီ္ျပည့္ေအာင္ အိပ္စက္ခိုင္းသင္႔ပါတယ္။ အဲလိုအိပ္စက္မွ မွတ္ဥာဏ္စြမ္းရည္ေတြ တိုးတက္လာေစၿပီး ခြန္အားအျပည္႔နဲ႔လန္းဆန္းေစမွာပါ။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

မ်က္လံုးေလ႔က်င္႔ခန္းပံုမွန္လုပ္ခိုင္းပါ

ကေလးေတြကို ကိုယ္႔ဘာသာကိုယ္ ဂရုစိုက္တတ္ဖို႔ သင္ၾကားေပးပါ။ မ်က္စိနဲ႔တစ္ခုခုကို ၾကာၾကာၾကည္႔ၿပီးတဲ႔အခါတိုင္း မ်က္လံုေညာင္းလာၿပီဆိုရင္ အနားယူဖို႔ သင္ၾကားေပးပါ။ ဆရာဝန္ေတြက ကေလးေတြကို မ်က္လံုးေညာင္းညာမႈ သက္သာေစဖို႔ 20-20-20 Rule ကို လုပ္ေဆာင္ဖို႔ အၾကံေပးထားပါတယ္။ 20-20-20 Rule ဆုိတာက မ်က္လံုးက ေပႏွစ္ဆယ္အကြာအေဝးမွာရွိတဲ႔ တစ္စံုတစ္ခုကို မိနစ္၂၀ ၾကာေအာင္ ၾကည္႔ၿပီးတိုင္း စကၠန္႔ ၂၀ ေလာက္ အနားယူတာေပးတာမ်ဳိးကို ဆိုလုိတာပါ။

တိက်တဲ့အကြာေဝးတစ္ခုမွာ ကေလးကို ထုိင္ခိုင္းပါ

ကေလးေတြကို အီလက္ထေရာနစ္ပစၥည္းေတြအသံုးျပဳတဲ႔အခါမွာ မ်က္ႏွာျပင္နဲ႔ ၂၀ လက္မအကြာထားၿပီး အသံုးျပဳခုိင္းပါ။ ကေလးေတြတီဗီၾကည္႔တဲ့အခါမွာ တီဗီမ်က္ႏွာျပင္နဲ႔ အကြာအေဝးတစ္ခုေလာက္ထားၿပီး ၾကည္႔ခိုင္းပါ။ ကေလးေတြက တီဗီမ်က္ႏွာျပင္ကို အနီးကပ္ၾကည္႔ခ်င္တယ္ဆိုရင္ ခြင္႔မျပဳပါနဲ႔။

နည္းပညာေဖ်ာ္ေျဖေရးေတြက ကေလးေတြကို ၿငိမ္သက္ေနေစဖို႔ ထိေရာက္တဲ႔နည္းလမ္းျဖစ္ေပမယ္႔ ဆိုးက်ုဳိးေတြရွိတာမုိ႔မလုပ္သင္႔ပါဘူး။ ကေလးကိုသဘာဝပတ္ဝန္းက်င္နဲ႔သာ မ်ားမ်ားထိေတြ႔ခြင္႔ေပးျပီး အေကာင္းဆံုးဖြ႔ံျဖိဳးတုိးတက္ေစသင္႔ပါတယ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

နည်းပညာတိုးတက်လေလေ ကလေးကြီးထွားဖံွံ့ဖြိုးမှု ယုတ်လျော့လေလေ

ဒီနေ့ခေတ်ကြီးတိုးတက်ပြောင်းလဲလာတာနဲ့အမျှ အသစ်အသစ်သောနည်းပညာတွေလည်း ခေတ်နဲ့လျော်ညီစွာ ထွက်ပေါ်လာလို့နေပါတယ်။ နည်းပညာအသစ်တွေ တိုးတက်လာခြင်းက တစ်ဖက်မှာ ကောင်းကျိုးရှိစေသလို တစ်ဖက်မှာလည်း ဆိုးကျိုးတွေ များစွာဖြစ်ပွားစေပါတယ်။ ဒီနေ့ခေတ်မှာ နည်းပညာကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေက လူကြီးတွေအပေါ်မှာသာ သက်ရောက်ရုံတင်မကဘဲ ကလေးသူငယ်တွေအထိပါ သက်ရောက်လို့လာပါပြီ။ ကလေးငယ်တွေ နည်းပညာပစ္စည်းတွေပေါ်မှာ အချိန်ကုန်ဆုံးချိန် တဖြည်းဖြည်း များလာတာနဲ့အမျှ ကလေးတွေရဲ့ ကြီးထွားမှုုုဖြစ်စဉ်တွေလည်း ထိခိုက်လာပါတယ်။ မိဘတွေအနေနဲ့ ကလေးငယ်တွေရဲ့နည်းပညာပစ္စည်းသုံးစွဲမှုအပေါ်ကို စောင့်ကြည်ထိန်းချုပ်ပေးသင့်ပါတယ်။ နည်းပညာပစ္စည်းတွေကြောင့် ကလေးငယ်တွေရဲ့ ဘယ်လိုကြီးထွားမှုဖြစ်စဉ်တွေကို ထိခိုက်စေလဲဆိုတာကို မိဘတွေ သိရှိထားနိုင်စေဖို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ဦးနှောက်လုပ်ငန်းစဉ်နှေးကွေးလာစေပါတယ်

ဒီနေ့ခေတ်မှာ ကလေး၊လူကြီးမရွေး ဖုန်းနဲ့ လက်နဲ့မခွာဘဲ အသုံးပြုလာကြပါပြီ။ အထူးသဖြင့် ကလေးတွေကျောင်းက ပြန်လာတာနဲ့ ဖုန်းကို အချိန်ပြည့်နီးပါးအသုံးပြုတဲ့အတွက် လေ့ကျင်ခန်းလုပ်ဖို့ အချိန်မရှိသလောက်နီးပါးဖြစ်လာပါတယ်။ လေ့ကျင်ခန်းမပြုလုပ်ဘဲ နည်းပညာပစ္စည်းတွေပေါ်မှာ အချိန်နှစ်မြှုပ်နေခြင်းက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာထိခိုက်လာစေနိုင်ပြီး ကလေးတွေရဲ့ ဖွံ့ဖြိုးမှုဖြစ်စဉ်တွေကိုပါ နှောင့်နှေးလာစေပါတယ်။ ဒါအပြင် အလွန်အကျူးသုံးစွဲမိရင် ဦးနှောက်ရဲ့လျင်လျင်မြန်မြန် နားလည်သဘောပေါက်နိုင်ခြင်းကို ထိခိုက်လာပြီး စာဖတ်ရခက်လာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ပြင်ပလှုပ်ရှားမှုနဲ့ လေ့ကျင်ခန်းတွေက ကလေးငယ်တွေရဲ့ရုပ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအတွက် များစွာအရေးပါသလို အကောင်းမြင်စိတ်တွေလည်း ဖြစ်ပေါ်လာစေနိုင်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေလည်း ပိုရှိလာစေနိုင်ပါတယ်။

ကင်ဆာဖြစ်မှုနှုန်းပိုမြင့်လာစေပါတယ်

ဖုန်းတွေနဲ့ ကွန်ပျူတာမျက်နှာပြင်ကထုတ်လွှတ်တဲ့ ရေဒီယိုသတ္တိကြွတွေက ကလေးငယ်တွေမှာ ကင်ဆာဖြစ်မှုနှုန်း မြင့်တက်လာစေနိုင်ပါတယ်။ ဒါကြောင့်မို့ အမေရိကန်ကင်ဆာအဖွဲ့အစည်းက ဒီလို Devices တွေအသုံးပြုမှုကို လျော့ချနိုင်ဖို့ပြုလုပ်လာကြပြီး အသုံးမပြုဖို့အထိတောင် တားဆီးလာကြပါပြီ။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

သိမှုဖွံ့ဖြိုးရေးနှောင့်နှေးစေပါတယ်

နည်းပညာပစ္စည်းတွေကို အချိန်အကြာကြီး အသုံးပြုမယ်ဆိုရင် နှစ်နှစ်ကနေသုံးနှစ်အရွယ်ကလေးတွေရဲ့ သိမှုဖွံံ့ဖြိုးရေးကို ထိခိုက်စေပါတယ်။ ဒီအရွယ်ဟာ ကလေးငယ်တစ်ယောက်ရဲ့အဖွံ့ဖြိုးဆုံးအချိန် အမြင်အာရုံ၊ အကြားအာရုံ၊ကြွက်သားတွေနဲ့ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်နေတဲ့ အရွယ်ဖြစ်ပါတယ်။ ဒီလိုအချက်တွေ ဖွံ့ဖြိုးစေဖို့အတွက် အပြင်မှာ များများဆော့ကစားပေးတာမျိုး ပတ်ဝန်းကျင်ကနေများများသင်ယူလေ့လာတာမျိုးသာ ဖြစ်သင့်ပါတယ်။ဒီလိုအချိန်မှာ ဖုန်းတွေ၊ Tablet တွေနဲ့သာ လုံးပန်းနေရင် သာမန်ကလေးတွေလို ကြီးထွားဖွံ့ဖြိုးလာမှာ မဟုတ်တော့ပါဘူး။

အမြင်အာရုံကိုထိခိုက်စေခြင်း

အခုခေတ် ကလေးတော်တော်များများက ရုပ်မြင်သံကြားစက်တွေ၊ ကွန်ပျုတာမျက်နှာပြင်၊ ဖုန်းမျက်နှာပြင်ကို အကြည့်များလွန်းတဲ့အတွက် အမြင်အာရုံနဲ့ဆိုင်တဲ့ ရောဂါတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ တွေ့ကြုံနေရပါပြီ။ အဲလိုစက်ပစ္စည်းတွေကနေ ရေဒီယိုသတ္တိရောင်ခြည်တွေ ထွက်ရှိတဲ့အတွက် ကလေးတွေရဲ့ ဖွံ့ဖြိုးဆဲ အမြင်အာရုံတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါအပြင်မျက်စိကအာရုံအရမ်းစိုက်တဲ့အခါ မျက်စိညောင်းခြင်းကနေ ဒဏ်ဖြစ်တဲ့အထိဖြစ်စေကာ မှုန်ဝါးလာပြီး မျက်ရည်ပူတွေကျလာကာ နာကျင်ကျိန်းစပ်ခြင်း အစရှိတဲ့ အန္တရာယ်တွေ ဖြစ်စေနိုင်ပါတယ်။ အဆိုးရွားဆုံးအနေနဲ့တော့ အနီးမှုန်တဲ့အထိ ဖြစ်လာစေနိုင်ပါတယ်။ Non-Screen ဖြစ်တဲ့အမျိူးအစားတွေကို ရွေးချယ်သုံးပေးမယ်ဆိုရင်တော့ မျက်လုံးကိုကာကွယ်ပေးတဲ့အတွက် အနီးမှုန်ခြင်းက ယာယီလောက်သာဖြစ်ပွားစေနိုင်မှာပါ။

ခန္ဓာကိုယ်အနေအထားမမှန်ကန်ခြင်း

စမတ်ဖုန်းတွေ၊ Tablet တွေ၊ Laptop တွေကဲ့သို့သော လက်နဲ့ကိုင်တွယ်အသုံးပြုရတဲ့ မျက်နှာပြင်ကို ငုံ့ကြည်ရတဲ့ ပစ္စည်းတွေကို အသုံးမာျးတဲ့အတွက် ခန္ဓာကိုယ်အနေအထား မှားယွင်းလာစေပါတယ်။ ခန္ဓာကိုယ်အနေအထားမမှန်ကန်တဲ့အခါ ကျောရိုးနာဗ့်ကြောတွေနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားလာနိုင်ပါတယ်။

နည်းပညာပစ္စည်းတွေကြောင့် ကလေးသူငယ်တွေအပေါ် ထိခိုက်စေနိုင်တာကို ဒီလိုနည်းလမ်းလေးတွေသုံးပြီးတော့ ကာကွယ်ပေးလို့ရပါတယ်။

Monitor ကြည့်ချိန်ကိုု ကန့်သတ်ပေးပါ

Monitor ကြည့်ချိန်ကို အချိန်အကန့်အသတ်လေးနဲ့ ကြည့်ခိုင်းပါ။ အချိန်ကန့်သတ်လိုက်တဲ့အတွက် တစ်နေ့တာလုံးကြည့်မနေဖြစ်တော့ဘဲ သူ့အတွက်ဆိုးကျိုးနည်းစေမှာပါ။

ပြင်ပလှုပ်ရှားမှုတွေကိုတိုးမြင့်လုပ်ဆောင်ဖို့လှုံဆော်ပေးပါ

ကလေးတွေကို ငြိမ်အောင်ဆိုပြီး အိမ်မှာ ကာတွန်းကား ထိုင်ကြည့်ခိုင်မယ့်အစား သူငယ်ချင်းတွေနဲ့ ခြံဝန်းထဲမှာ ဆော့ကစားခိုင်တာမျိုး၊ ပန်းခြံထဲမှာ ခွေးလေးတွေနဲ့လမ်းလျှောက်ထွက်ခိုင်းတာမျိုး ပြုလုပ်ဖို့ တိုက်တွန်းပေးပါ။ဖြစ်နိုင်ရင် ခြံဝန်းထဲမှာ ဒန်းစီးဖို့ ဒန်းလုပ်ပေးထားတာမျိုး၊ ရေကူးကန်ဘေးမှာ သဲလေးတွေထားပေးပြီး ဆော့လို့ရအောင် ဖန်တီးပေးတာကလည်း ပြင်ပလုပ်ရှားမှုတွေမှာ ပျော်မွေ့လာစေသလို ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း စိတ်ပျော်ရွှင်ခြင်းတွေကို ရရှိလာနိုင်မှာပါ။

Electronic ပစ္စည်းတွေနဲ့အာရုံပြောင်းခြင်းမလုပ်ပါနဲ့

များသောအားဖြင့် မိဘတွေက ထမင်းကျွေးတဲ့အခါ ငြိမ်နေအောင်၊ မအားလပ်တဲ့အခါမှာ ကလေးတွေ ငြိမ်နေစေဖို့ ဖုန်းတွေပေးပြီး ဆော့ကစားစေပါတယ်။ အဲဒီလိုဆော့ကစားခိုင်းမယ့်အစား ရောင်စုံခဲတံပေးပြီး ပုံဆွဲစာအုပ်မှာ အရောင်ခြယ်ခိုင်းတာမျိုး၊ သူတို့ကြိုက်နှစ်သက်တဲ့ ရုပ်ပုံကားချပ်လေးတွေ ဆက်ခိုင်းတာမျိုး၊ Puzzle cube အတုံးလေးတွေနဲ့ ဆော့ကစားခိုင်းတာမျိုး၊ Creative toy လေးတွေနဲ့ ဆော့ကစားခိုင်းတာမျိုး အစရှိတဲ့ ကစားနည်းလေးတွေနဲ့ ငြိမ်အောင် ပြောင်းထိန်းကြည့်လို့ရပါတယ်။

အိပ်စက်ချိန်စက်ဝန်းကိုမှန်ကန်အောင်စောင့်ကြည့်ပေးပါ

ကလေးတွေရဲ့ဖွံ့ဖြိုးမှုအတွက် အိပ်စက်နားနေမှုဟာ မဖြစ်မနေလိုအပ်တာမို့ နေ့စဉ် ၁၀ နာရီ်ပြည့်အောင် အိပ်စက်ခိုင်းသင့်ပါတယ်။ အဲလိုအိပ်စက်မှ မှတ်ဉာဏ်စွမ်းရည်တွေ တိုးတက်လာစေပြီး ခွန်အားအပြည့်နဲ့လန်းဆန်းစေမှာပါ။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

မျက်လုံးလေ့ကျင့်ခန်းပုံမှန်လုပ်ခိုင်းပါ

ကလေးတွေကို ကိုယ့်ဘာသာကိုယ် ဂရုစိုက်တတ်ဖို့ သင်ကြားပေးပါ။ မျက်စိနဲ့တစ်ခုခုကို ကြာကြာကြည့်ပြီးတဲ့အခါတိုင်း မျက်လုံညောင်းလာပြီဆိုရင် အနားယူဖို့ သင်ကြားပေးပါ။ ဆရာဝန်တွေက ကလေးတွေကို မျက်လုံးညောင်းညာမှု သက်သာစေဖို့ 20-20-20 Rule ကို လုပ်ဆောင်ဖို့ အကြံပေးထားပါတယ်။ 20-20-20 Rule ဆိုတာက မျက်လုံးက ပေနှစ်ဆယ်အကွာအဝေးမှာရှိတဲ့ တစ်စုံတစ်ခုကို မိနစ်၂၀ ကြာအောင် ကြည့်ပြီးတိုင်း စက္ကန့် ၂၀ လောက် အနားယူတာပေးတာမျိုးကို ဆိုလိုတာပါ။

တိကျတဲ့အကွာဝေးတစ်ခုမှာ ကလေးကို ထိုင်ခိုင်းပါ

ကလေးတွေကို အီလက်ထရောနစ်ပစ္စည်းတွေအသုံးပြုတဲ့အခါမှာ မျက်နှာပြင်နဲ့ ၂၀ လက်မအကွာထားပြီး အသုံးပြုခိုင်းပါ။ ကလေးတွေတီဗီကြည့်တဲ့အခါမှာ တီဗီမျက်နှာပြင်နဲ့ အကွာအဝေးတစ်ခုလောက်ထားပြီး ကြည့်ခိုင်းပါ။ ကလေးတွေက တီဗီမျက်နှာပြင်ကို အနီးကပ်ကြည့်ချင်တယ်ဆိုရင် ခွင့်မပြုပါနဲ့။

နည်းပညာဖျော်ဖြေရေးတွေက ကလေးတွေကို ငြိမ်သက်နေစေဖို့ ထိရောက်တဲ့နည်းလမ်းဖြစ်ပေမယ့် ဆိုးကျိုုးတွေရှိတာမို့မလုပ်သင့်ပါဘူး။ ကလေးကိုသဘာဝပတ်ဝန်းကျင်နဲ့သာ များများထိတွေ့ခွင့်ပေးပြီး အကောင်းဆုံးဖွံ့ဖြိုးတိုးတက်စေသင့်ပါတယ်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။