[Zawgyi]

လက္သည္းေရာင္ေလးေတြကေျပာေနတဲ့ ကိုယ့္ရဲ႕စိတ္ထား

မိန္းကေလးေတြရဲ႕စိတ္ကိုခန္႔မွန္ခ်င္တယ္ဆိုရင္ သူတို႔ဝတ္ဆင္တဲ့ အက်ႌပံုစံေလးေတြကေန ခန္႔မွန္းလို႔ရႏိုင္ပါတယ္။ ဒါေပမယ့္လည္း အက်ႌပံုစံဆိုတာ ေခတ္အလိုက္ဝတ္စားေနၾကတာျဖစ္တဲ့အတြက္ အခ်ိန္ယူၿပီး ခန္႔မွန္းေနရတတ္ပါတယ္။ ဒါေပမယ့္ ခက္ခက္ခဲခဲစဥ္းစားမေနရပဲ လြယ္လြယ္ကူကူစဥ္းစားခ်င္တယ္ဆိုရင္ေတာ့ ကသူဆိုးေနၾက လက္သည္းနီအေရာင္ေလးကိုၾကည့္ၿပီး ခန္႔မွန္းလို႔ရပါတယ္ေနာ္။

၁။ အနီေရာင္ဆိုးေလ့ရွိသူ

အနီေရာင္ကိုဆိုးေလ့ရွိတဲ့သူဆိုရင္ေတာ့ သူက ရဲရင့္တယ္၊။ အရာရာကိုေက်ာ္ျဖတ္ႏိုင္တဲ့သူျဖစ္တယ္။ သူ႕စိတ္ဆံုးျဖတ္ခ်က္အတိုင္း တစ္စိုက္မတ္မတ္လုပ္တတ္တဲ့သူျဖစ္ပါတယ္။

၂။ အျဖဴေရာင္ဆိုးေလ့ရွိသူ

အျဖဴေရာင္လက္သည္းနီေလးကို ဆိုးေနတဲ့သူက စိတ္ထားျဖဴစင္တယ္။ သန္႔သန္႔ရွင္းရွင္းေနရတာကိုႀကိဳက္ႏွစ္သက္တဲ့သူျဖစ္တယ္။ ႐ိုးရွင္းတဲ့ဘဝမွာပဲရွင္သန္ၾကတဲ့သူမ်ိဳးေတြျဖစ္တယ္။

၃။ ခရမ္းေရာင္ဆိုးေလ့ရွိသူ

ခရမ္းေရာင္ဆိုးေလ့ရွိတဲ့သူက ေဖးမကူညီတတ္တဲ့သူမ်ိဳးျဖစ္တယ္။ လူအားပဲျဖစ္ေစ၊ စိတ္အားပဲျဖစ္ေစ တတ္ႏိုင္သမွ်အားလံုးကို တစ္ေစ့တစ္ျပားမေလ်ာ့ပဲကူညီေပးတတ္သူေတြျဖစ္ၾကပါတယ္။

၄။ အမည္းေရာင္ဆိုးေလ့ရွိသူ

အမည္းေရာင္ဆိုးေလ့ရွိတဲ့သူက အမ်ားအားလံုးထက္ပိုၿပီး ထက္ျမက္တဲ့သူျဖစ္ၿပီး အားလံုးကို ထိန္းခ်ဳပ္ႏိုင္တဲ့ပါဝါနဲ႔ခြန္အားကို ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ လမ္းမွန္ေဖာ္ေရာက္ႏိုင္ လမ္းျပေပးႏိုင္သူလည္းျဖစ္ပါတယ္။

nail-color

၅။ အဝါေရာင္ဆိုးေလ့ရွိသူ

အဝါေရာင္ဆိုးေနက်ရွိသူဆိုရင္ေတာ့ အၾကံဉာဏ္ေကာင္းေတြ အေတြးအေခၚေကာင္းေတြကို ေတြးေခၚႏိုင္ၾကတန္သူေတြျဖစ္ပါတယ္။ အာရံုစူးစိုက္မႈလည္းပိုေကာင္းတဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။

၆။ ပန္းေရာင္ဆိုးေလ့ရွိသူ

မိန္းကေလးတစ္ေယာက္လို ႏူးႏူးည့ံညံ့နဲ႔ လွလွပပေနတတ္တဲ့သူျဖစ္ပါတယ္။ ေတြးေခၚရာပိုင္းေရာ၊ ေနပံုထိုင္ပံုကပါအစ ယဥ္ေက်းလြန္းသူျဖစ္ပါတယ္။ ဒါေပမယ့္ ထက္ျမက္ၿပီး ပညာသားပါပါ အားလံုးနဲ႔ေပါင္းသင္းေနသူျဖစ္ပါတယ္။

၇။ အစိမ္းေရာင္ဆိုးေလ့ရွိသူ

အစိမ္းေရာင္ဆိုးေလ့ရွိသူဆိုရင္ တစ္ေယာက္တည္းေအးေအးေဆးေဆးေနတတ္သူျဖစ္ပါတယ္။ အရာရာကိုလည္း စိတ္ၿငိမ္သက္စြာေျဖရွင္းတတ္သူလည္းျဖစ္ပါတယ္ေနာ္။

ကိုယ့္သေဘာက်တဲ့ေကာင္မေလးျဖစ္ျဖစ္ ကိုယ့္ခ်စ္သူကပဲျဖစ္ျဖစ္ အခုေျပာခဲ့တဲ့အေရာင္ေတြအားလံုးအတြက္ အဆင္ေျပေစမယ္လို႔ေမွ်ာ္လင့္ပါတယ္။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လက်သည်းရောင်လေးတွေကပြောနေတဲ့ ကိုယ့်ရဲ့စိတ်ထား

မိန်းကလေးတွေရဲ့စိတ်ကိုခန့်မှန်ချင်တယ်ဆိုရင် သူတို့ဝတ်ဆင်တဲ့ အကျႌပုံစံလေးတွေကနေ ခန့်မှန်းလို့ရနိုင်ပါတယ်။ ဒါပေမယ့်လည်း အကျႌပုံစံဆိုတာ ခေတ်အလိုက်ဝတ်စားနေကြတာဖြစ်တဲ့အတွက် အချိန်ယူပြီး ခန့်မှန်းနေရတတ်ပါတယ်။ ဒါပေမယ့် ခက်ခက်ခဲခဲစဉ်းစားမနေရပဲ လွယ်လွယ်ကူကူစဉ်းစားချင်တယ်ဆိုရင်တော့ ကသူဆိုးနေကြ လက်သည်းနီအရောင်လေးကိုကြည့်ပြီး ခန့်မှန်းလို့ရပါတယ်နော်။

၁။ အနီရောင်ဆိုးလေ့ရှိသူ

အနီရောင်ကိုဆိုးလေ့ရှိတဲ့သူဆိုရင်တော့ သူက ရဲရင့်တယ်၊။ အရာရာကိုကျော်ဖြတ်နိုင်တဲ့သူဖြစ်တယ်။ သူ့စိတ်ဆုံးဖြတ်ချက်အတိုင်း တစ်စိုက်မတ်မတ်လုပ်တတ်တဲ့သူဖြစ်ပါတယ်။

၂။ အဖြူရောင်ဆိုးလေ့ရှိသူ

အဖြူရောင်လက်သည်းနီလေးကို ဆိုးနေတဲ့သူက စိတ်ထားဖြူစင်တယ်။ သန့်သန့်ရှင်းရှင်းနေရတာကိုကြိုက်နှစ်သက်တဲ့သူဖြစ်တယ်။ ရိုးရှင်းတဲ့ဘဝမှာပဲရှင်သန်ကြတဲ့သူမျိုးတွေဖြစ်တယ်။

၃။ ခရမ်းရောင်ဆိုးလေ့ရှိသူ

ခရမ်းရောင်ဆိုးလေ့ရှိတဲ့သူက ဖေးမကူညီတတ်တဲ့သူမျိုးဖြစ်တယ်။ လူအားပဲဖြစ်စေ၊ စိတ်အားပဲဖြစ်စေ တတ်နိုင်သမျှအားလုံးကို တစ်စေ့တစ်ပြားမလျော့ပဲကူညီပေးတတ်သူတွေဖြစ်ကြပါတယ်။

၄။ အမည်းရောင်ဆိုးလေ့ရှိသူ

အမည်းရောင်ဆိုးလေ့ရှိတဲ့သူက အများအားလုံးထက်ပိုပြီး ထက်မြက်တဲ့သူဖြစ်ပြီး အားလုံးကို ထိန်းချုပ်နိုင်တဲ့ပါဝါနဲ့ခွန်အားကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ လမ်းမှန်ဖော်ရောက်နိုင် လမ်းပြပေးနိုင်သူလည်းဖြစ်ပါတယ်။

nail-color

၅။ အဝါရောင်ဆိုးလေ့ရှိသူ

အဝါရောင်ဆိုးနေကျရှိသူဆိုရင်တော့ အကြံဉာဏ်ကောင်းတွေ အတွေးအခေါ်ကောင်းတွေကို တွေးခေါ်နိုင်ကြတန်သူတွေဖြစ်ပါတယ်။ အာရုံစူးစိုက်မှုလည်းပိုကောင်းတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

၆။ ပန်းရောင်ဆိုးလေ့ရှိသူ

မိန်းကလေးတစ်ယောက်လို နူးနူးညံ့ညံ့နဲ့ လှလှပပနေတတ်တဲ့သူဖြစ်ပါတယ်။ တွေးခေါ်ရာပိုင်းရော၊ နေပုံထိုင်ပုံကပါအစ ယဉ်ကျေးလွန်းသူဖြစ်ပါတယ်။ ဒါပေမယ့် ထက်မြက်ပြီး ပညာသားပါပါ အားလုံးနဲ့ပေါင်းသင်းနေသူဖြစ်ပါတယ်။

၇။ အစိမ်းရောင်ဆိုးလေ့ရှိသူ

အစိမ်းရောင်ဆိုးလေ့ရှိသူဆိုရင် တစ်ယောက်တည်းအေးအေးဆေးဆေးနေတတ်သူဖြစ်ပါတယ်။ အရာရာကိုလည်း စိတ်ငြိမ်သက်စွာဖြေရှင်းတတ်သူလည်းဖြစ်ပါတယ်နော်။

ကိုယ့်သဘောကျတဲ့ကောင်မလေးဖြစ်ဖြစ် ကိုယ့်ချစ်သူကပဲဖြစ်ဖြစ် အခုပြောခဲ့တဲ့အရောင်တွေအားလုံးအတွက် အဆင်ပြေစေမယ်လို့မျှော်လင့်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။