[Zawgyi]

အျပာေလာကမွာ က်င္လည္ဖူးတဲ့ ကမၻာေက်ာ္သရုပ္ေဆာင္ (၅) ဦး

အနိမ့္အျမင့္အတက္အက်မ်ားလြန္းတဲ့ လူ႕ေလာကႀကီးထဲမွာ ေလာကဓံဆုိတာ လူးကာလြန္႕ကာနဲ႔ ၾကံဳၾကဆုံၾကတာ ဓမၼတာပဲျဖစ္ပါတယ္။ အေမွာင္ဆုံးအခ်ိန္ကာလေတြကုိ ေက်ာ္ျဖတ္ၿပီးမွ မုိးေသာက္ယံကုိ ေရာက္ရွိလာသလုိပဲ အဆုိးဆုံးဘဝေတြကုိ ျဖတ္သန္းၿပီးမွ ေအာင္ျမင္တဲ့ေနရာကုိ ေရာက္ရွိလာတတ္စျမဲပဲျဖစ္ပါတယ္။ အဲဒီေတာ့ အျပာဇာတ္ကားေတြမွာ ပါဝင္ရာကေန ကမၻာေက်ာ္သရုပ္ေဆာင္ျဖစ္လာတဲ့သူေတြအေၾကာင္းကုိ စုစည္းေဖာ္ျပလုိက္ပါတယ္။

၁။ ဂ်က္ကီခ်န္း (Jackie Chan)

ဂ်က္ကီခ်န္းက အႏုပညာေလာကထဲကုိ ေရာက္ခါစတုန္းက မ်က္ႏွာပန္းလွခဲ့တာ မဟုတ္ပါဘူး။ ဘရုစ္လီ (Bruce Lee) ရဲ႕ “Enter the Dragon” ဇာတ္ကားမွာ မထင္မရွားသရုပ္ေဆာင္ခဲ့ေပမယ့္ ပရိသတ္လက္မခံေသးပါဘူး။

Jackie Chan

Jackie Chan

အဲဒီေတာ့ ၁၉၇၇ခုႏွစ္မွာ ထုတ္လုပ္တဲ့ “All in the Family” ဆုိတဲ့ 18+ ဇာတ္ကားမွာ သုံးဘီးေမာင္းသမားဇာတ္ရုပ္နဲ႔ သရုပ္ေဆာင္ခဲ့ရပါတယ္။ အျပာခန္းေတြမွာ ဂ်က္ကီခ်န္းဟာ ကုိယ္လုံးတီးနဲ႔ သရုပ္ေဆာင္ရပါတယ္လုိ႔ သိရပါတယ္။

၂။ အာႏုိး ရွာဝါဇနက္ဂါ (Arnold Schwarzenegger)

အာႏုိးဟာ Mr. Olympia မွာ ၆ႏွစ္ဆက္တုိက္ (၁၉၇ဝ-၁၉၇၅) ကာယဗလေမာင္ဆုရခဲ့တာနဲ႔အညီ သူ႕ရဲ႕ေက်ာ္ၾကားမႈေတြဟာ အံမခန္းပါပဲ။ မင္းသားႀကီး အာႏုိးဟာ အျပာကားေတြ သရုပ္မေဆာင္ခဲ့ဘူးဆုိေပမယ့္ ၁၉၇၇ခုႏွစ္ထုတ္ After Dark မဂၢဇင္းမွာေတာ့ ကုိယ္လုံးတီးဓာတ္ပုံေတြ အရုိက္ခံခဲ့ပါတယ္။

Arnold Schwarzenegger

Arnold Schwarzenegger

၃။ ကင္မရြန္း ေဒ့ဇ္ (Cameron Diaz)

ေဟာလီးဝုဒ္စူပါမင္းသမီး ကင္မရြန္း ေဒ့ဇ္တစ္ေယာက္ဟာ အႏုပညာေလာကမွာ နာမည္မရခင္တုန္းက အျပာကားေတြမွာ ပါဝင္သရုပ္ေဆာင္ခဲ့ရပါတယ္။ အဲဒီအျပာကားထဲမွာ ခ်ည္တုတ္ထားတဲ့ အမ်ိဳးသားကုိ လိင္ပုိင္းဆုိင္ရာဆြဲေဆာင္မႈေတြကုိ ျပဳလုပ္ခဲ့ရပါတယ္။

Cameron Diaz

Cameron Diaz

၄။ ဆီဗက္စတာ စတားလုံး (Sylvester Stallone)

Rocky မင္းသားႀကီး စတားလုံးဟာ အႏုပညာေလာကထဲ ေျခခ်တုန္းက ေဆးစက္က်ရာ အရုပ္မထင္ခဲ့ပါဘူး။ ဝင္ေငြမရွိေတာ့လုိ႔ မိန္းမနဲ႔လည္း အဆင္မေျပ၊ ေနာက္ဆုံးမွာ အခ်စ္ေတာ္ေခြးႀကီးကုိ ေရာင္းခဲ့ရတဲ့အထိပါပဲ။ ၁၉၇ဝခုႏွစ္မွာ The Italian Stallion အျပာကားမွာ မာန္ပါပါသရုပ္ေဆာင္ခဲ့လုိ႔ အႏုပညာေၾကးေဒၚလာ၂ဝဝရခဲ့ပါတယ္။

The Italian Stallion

The Italian Stallion

တကယ္တမ္းေတာ့ စားဝတ္ေနေရးအရသာ အျပာကားမွာ ပါဝင္ခဲ့တာပါ။

၅။ တြမ္ဆုိက္မုိး (Tom Sizemore)

Saving Private Ryan ၊ Black Hawk Down နဲ႔ Pearl Harbor ဇာတ္ကားေတြမွာ ပါဝင္သရုပ္ေဆာင္ခဲ့တဲ့ မင္းသားႀကီး တြမ္ဆုိက္မုိးဟာလည္း ဘဝေပးအေျခအေနအရ အျပာေလာကမွာ က်င္လည္ခဲ့သူပါ။

Tom Sizemore

Tom Sizemore

၂ဝဝ၄ခုႏွစ္မွာ အြန္လုိင္းအျပာဝက္ဘ္ဆုိက္ေတြမွာ Porn Stars ေတြနဲ႔ တြဲဖက္ၿပီး သ႑န္လုပ္ သရုပ္တူ အတြဲညီညီ အသုံးေတာ္ခံခဲ့တဲ့ မင္းသားႀကီးတစ္ေယာက္ျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အပြာလောကမှာ ကျင်လည်ဖူးတဲ့ ကမ္ဘာကျော်သရုပ်ဆောင် (၅) ဦး

အနိမ့်အမြင့်အတက်အကျများလွန်းတဲ့ လူ့လောကကြီးထဲမှာ လောကဓံဆိုတာ လူးကာလွန့်ကာနဲ့ ကြုံကြဆုံကြတာ ဓမ္မတာပဲဖြစ်ပါတယ်။ အမှောင်ဆုံးအချိန်ကာလတွေကို ကျော်ဖြတ်ပြီးမှ မိုးသောက်ယံကို ရောက်ရှိလာသလိုပဲ အဆိုးဆုံးဘဝတွေကို ဖြတ်သန်းပြီးမှ အောင်မြင်တဲ့နေရာကို ရောက်ရှိလာတတ်စမြဲပဲဖြစ်ပါတယ်။ အဲဒီတော့ အပြာဇာတ်ကားတွေမှာ ပါဝင်ရာကနေ ကမ္ဘာကျော်သရုပ်ဆောင်ဖြစ်လာတဲ့သူတွေအကြောင်းကို စုစည်းဖော်ပြလိုက်ပါတယ်။

၁။ ဂျက်ကီချန်း (Jackie Chan)

ဂျက်ကီချန်းက အနုပညာလောကထဲကို ရောက်ခါစတုန်းက မျက်နှာပန်းလှခဲ့တာ မဟုတ်ပါဘူး။ ဘရုစ်လီ (Bruce Lee) ရဲ့ “Enter the Dragon” ဇာတ်ကားမှာ မထင်မရှားသရုပ်ဆောင်ခဲ့ပေမယ့် ပရိသတ်လက်မခံသေးပါဘူး။

Jackie Chan

Jackie Chan

အဲဒီတော့ ၁၉၇၇ခုနှစ်မှာ ထုတ်လုပ်တဲ့ “All in the Family” ဆိုတဲ့ 18+ ဇာတ်ကားမှာ သုံးဘီးမောင်းသမားဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့ရပါတယ်။ အပြာခန်းတွေမှာ ဂျက်ကီချန်းဟာ ကိုယ်လုံးတီးနဲ့ သရုပ်ဆောင်ရပါတယ်လို့ သိရပါတယ်။

၂။ အာနိုး ရှာဝါဇနက်ဂါ (Arnold Schwarzenegger)

အာနိုးဟာ Mr. Olympia မှာ ၆နှစ်ဆက်တိုက် (၁၉၇ဝ-၁၉၇၅) ကာယဗလမောင်ဆုရခဲ့တာနဲ့အညီ သူ့ရဲ့ကျော်ကြားမှုတွေဟာ အံမခန်းပါပဲ။ မင်းသားကြီး အာနိုးဟာ အပြာကားတွေ သရုပ်မဆောင်ခဲ့ဘူးဆိုပေမယ့် ၁၉၇၇ခုနှစ်ထုတ် After Dark မဂ္ဂဇင်းမှာတော့ ကိုယ်လုံးတီးဓာတ်ပုံတွေ အရိုက်ခံခဲ့ပါတယ်။

Arnold Schwarzenegger

Arnold Schwarzenegger

၃။ ကင်မရွန်း ဒေ့ဇ် (Cameron Diaz)

ဟောလီးဝုဒ်စူပါမင်းသမီး ကင်မရွန်း ဒေ့ဇ်တစ်ယောက်ဟာ အနုပညာလောကမှာ နာမည်မရခင်တုန်းက အပြာကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။ အဲဒီအပြာကားထဲမှာ ချည်တုတ်ထားတဲ့ အမျိုးသားကို လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုတွေကို ပြုလုပ်ခဲ့ရပါတယ်။

Cameron Diaz

Cameron Diaz

၄။ ဆီဗက်စတာ စတားလုံး (Sylvester Stallone)

Rocky မင်းသားကြီး စတားလုံးဟာ အနုပညာလောကထဲ ခြေချတုန်းက ဆေးစက်ကျရာ အရုပ်မထင်ခဲ့ပါဘူး။ ဝင်ငွေမရှိတော့လို့ မိန်းမနဲ့လည်း အဆင်မပြေ၊ နောက်ဆုံးမှာ အချစ်တော်ခွေးကြီးကို ရောင်းခဲ့ရတဲ့အထိပါပဲ။ ၁၉၇ဝခုနှစ်မှာ The Italian Stallion အပြာကားမှာ မာန်ပါပါသရုပ်ဆောင်ခဲ့လို့ အနုပညာကြေးဒေါ်လာ၂ဝဝရခဲ့ပါတယ်။

The Italian Stallion

The Italian Stallion

တကယ်တမ်းတော့ စားဝတ်နေရေးအရသာ အပြာကားမှာ ပါဝင်ခဲ့တာပါ။

၅။ တွမ်ဆိုက်မိုး (Tom Sizemore)

Saving Private Ryan ၊ Black Hawk Down နဲ့ Pearl Harbor ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး တွမ်ဆိုက်မိုးဟာလည်း ဘဝပေးအခြေအနေအရ အပြာလောကမှာ ကျင်လည်ခဲ့သူပါ။

Tom Sizemore

Tom Sizemore

၂ဝဝ၄ခုနှစ်မှာ အွန်လိုင်းအပြာဝက်ဘ်ဆိုက်တွေမှာ Porn Stars တွေနဲ့ တွဲဖက်ပြီး သဏ္ဍန်လုပ် သရုပ်တူ အတွဲညီညီ အသုံးတော်ခံခဲ့တဲ့ မင်းသားကြီးတစ်ယောက်ဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com