[ZawGyi]

2018 ရဲ႕ Runway ထက္မွာ ေတာက္ပလာမယ့္ အလန္းစား Model မ်ား

US Fashion ေလာကဟာ အရည္အေသြးရွိမွန္းသိရရံုနဲ႔ စင္ျမင့္ေပၚမွာ အစြမ္းကုန္ေတာက္ပမယ့္ ေငြၾကယ္ပြင့္ေလးေတြျဖစ္ေအာင္ ပ်ိဳးေထာင္အားေကာင္းတဲ့ အႏုပညာရပ္ဝန္းတစ္ခုပါ။ ဒါ့အျပင္ Fashion နဲ႔ Model ေလာကမွာေအာင္ျမင္ဖို႔အတြက္ဆို ကိုယ့္မိဘမ်ိဳး႐ိုးက ဘယ္ေလာက္ပဲ အႏုပညာေလာကမွာ ေအာင္ျမင္ခဲ့ေအာင္ျမင္ခဲ့၊ ေငြေၾကးဘယ္ေလာက္ခ်မ္းသာခ်မ္းသာ ထင္ေပၚမွ စင္ေတာ္ေကာက္ခံရတဲ့ အေျခအေနမို႔ ဒီအႏုပညာေလာကမွာ ေအာင္ျမင္ဖို႔ ဘဝအာမခံခ်က္ကေတာ့ ကိုယ့္ရဲ႕အရည္အေသြးသာ အခရာပါ။ ဒါကို လတ္တေလာ ေမာ္ဒယ္မင္းသမီးႀကီး Cindy Crawford ရဲ႕ သမီးေလး Model Kaia Gerber က Instagram က Fashion ပံုေလးေတြကတဆင့္ Model လမ္းေၾကာင္းေပၚ ေအာင္ေအာင္ျမင္ျမင္ေရာက္ရွိခဲ့တာကို သက္ေသျပသြားပါၿပီ။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

အလားတူပဲ ၂၀၁၈ မွာ ကိုယ့္အရည္အေသြးနဲ႔ကိုယ္ အစြမ္းကုန္ေဖာက္ထြက္လာတဲ့ Runway ေပၚက ဒီ မ်က္ႏွာသစ္ Model ေတြကေတာ့ 2018 ရဲ႕ ေစာင့္ၾကည့္ရမယ့္ ေလွ်ာက္လမ္းေပၚက ေငြၾကယ္ပြင့္ေတြစာရင္းမွာ အားလံုးရဲ႕ စိတ္ဝင္စားျခင္းခံေနရပါၿပီ။ သူတို႔ကတာ့-

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

(၁) Meghan Roche

Women Managememt Agency ရဲ႕ လက္ထြက္သူမကေတာ့ အသက္ ၁၇ ႏွစ္ေလးနဲ႔ ေလွ်ာက္လွမ္းေပၚမွာ အရည္အေသြးအျပည့္နဲ႔ ပြဲထြက္လာတာ Fashionista ေတြ သတိထားမိလာတဲ့ထိပါပဲ။ Fendi ရဲ႕ ပြဲအဖြင့္ Model လုပ္ခဲ့ၿပီး Chanel ၊ Versace ၊ Saint Laurent ၊ Alexander Wang နဲ႔ Max Mara တို႔လို ဒိတ္ဒိတ္ႀကဲပြဲေတြမွာ ေလွ်ာက္ဖူးခဲ့ၿပီးပါၿပီ။

Meghan Roche

(၂) Ansolet Rossouw

ေတာင္အာဖရိကသူေလးျဖစ္ၿပီး The Society Management ကေန သင္ၾကားလာခဲ့တဲ့ သူမရဲ႕ အရည္အေသြးေတြကလည္း Runway ေပၚမွာ အထင္ရွားပါပဲ။ နားရြက္ကားကားေလးနဲ႔ ဂ်စ္ကန္ကန္ပံုစံ သူမဟာအသက္ ၁၇ ႏွစ္အရြယ္ေလးပဲ ရွိေသးေပမယ့္ Valentino ၊ Saint Laurent ၊ Off-white ၊ Jil Sander ၊ Fendi နဲ႔ Max Mara ပြဲမ်ိဳးေတြ ေလွ်ာက္ၿပီးသြားပါၿပီ။

Ansolet Rossouw

(၃) Hannah Motler

Ford Models Agency က ဆင္းသက္လာတဲ့ ၁၇ ႏွစ္အရြယ္ အဂၤလန္သူေလး Hannah ဟာ ျဖဴဆြတ္ေနတဲ့အသားေရေလးနဲ႔ ႏုႏုငယ္ငယ္မ်က္ႏွာသြင္ျပင္ေလးကို ပိုင္ဆိုင္ထားေပမယ့္ အရည္အေသြးေတာက္ပလိုက္ပံုကေတာ့ Erdem Fashion Show ရဲ႕ အဖြင့္ Model ျဖစ္ခဲ့ၿပီး Matty Bovan ၊ Miu Miu ၊ Dior ၊ Calvin Klein ၊ Prada ၊ Moschino နဲ႔ Giambattista Valli လိုမ်ိဳး ဒိတ္ဒိတ္ႀကဲပြဲေတြမွာ ေလွ်ာက္ခဲ့သူပါ။

Hannah Motler

(၄) Naomi Chin Wing

IMG Models Agency လက္ထြက္ျဖစ္တဲ့ ဒီစပိန္သူေလးကလည္း အသက္ ၁၇ ႏွစ္နဲ႔ Alexander McQueen၊ Yves Saint Laurent ၊ Calvin Klein နဲ႔ Marc Jacobs အပါအဝင္ ပြဲေတာ္ေတာ္မ်ားမ်ားကို ေလွ်ာက္ဖူးၿပီးပါၿပီ။ Haute Couture Show တိုင္းမွာ ပရိသတ္ရဲ႕ မ်က္စိကို ဆြဲေဆာင္ထားႏိုင္ဆံုး Modelေလး တစ္ေယာက္ပါ။

Naomi Chin Wing

(၅) Fran Summers

သူမဟာလည္း အသက္ ၁၇ ႏွစ္အရြယ္ Englandသူေလးျဖစ္ၿပီး Chloe၊ Prada တို႔ရဲ႕ အဖြင့္ Model ျဖစ္ခဲ့ပါတယ္။ တျခားနာမည္ႀကီး Show ပြဲေတြေလွ်ာက္ခဲ့တဲ့သူမကိုေတာ့ 2018 Falls Fashion ေတြမွာ ပရိသတ္ေတာ္ေတာ္မ်ားမ်ား Crush ခဲ့ၾကတာ အမွန္ပါ။

Fran Summers

(၆) Remington Williams

DNA Models Agency လက္ထြက္ျဖစ္ၿပီး အသက္ ၂၀ အရြယ္ Texas သူေလး သူမဟာ သူမရဲ႕ ေရႊဝါေရာင္ေတာက္ေတာက္ ဆံပင္အေရာင္နဲ႔ ဖမ္းစားႏိုင္ခဲ့သူျဖစ္ပါတယ္။ Talent ရွိပံုကေတာ့ Coach၊ Moschino ၊ Marc Jacobs အပါအဝင္ ပြဲေတြအမ်ားႀကီး ေလွ်ာက္လာရပါၿပီ။

Remington Williams

(၇) Hee Jung Park

အသက္ ၂၅ ႏွစ္ရွိၿပီျဖစ္တဲ့သူမဟာ US Fashion Runway ေပၚမွာ ေအာင္ျမင္ေနတဲ့ ကိုရီးယားသူတစ္ေယာက္ျဖစ္ၿပီး Louis Vuitton၊ Givency ၊ Balmain၊ Fendi နဲ႔ Alexander Wang တို႔လို ပြဲအႀကီးေတြမွာ ေလွ်ာက္ခဲ့ရသူပါ။ သူမရဲ႕ ရႈတည္တည္မ်က္ႏွာေပးနဲ႔ အခ်ိဳးက်တဲ့ ခႏၶာကိုယ္ေၾကာင့္ ပရိသတ္အားေပးမႈေတြ ရရွိခဲ့သူလည္းျဖစ္ပါတယ္။

Hee Jung Park

(၈) Loane Normand

The Society Management လက္ထြက္သူမကေတာ့ အသက္ ၁၉ ႏွစ္အရြယ္ ျပင္သစ္သူေလးျဖစ္ၿပီး Givency ၊ Dior ၊ Saint Laurent ၊ Fendi နဲ႔ Micheal Kors အပါအဝင္ ပြဲေတာ္ေတာ္မ်ားမ်ား ေလွ်ာက္ခဲ့တဲ့ Model တစ္ေယာက္ပါ။ သူမရဲ႕ Tomboy ဆန္တဲ့ပံုစံေလးနဲ႔ ေခ်ာေမာတဲ့မ်က္ႏွာက်ေလးေၾကာင့္လည္း ပရိသတ္ေတြ ခ်စ္ခင္ခံရသူျဖစ္ပါတယ္။

Loane Normand

(၉) Hannah Sprehe

အသက္ ၁၇ ႏွစ္အရြယ္ Society Management ရဲ႕ လက္ထြက္ျဖစ္တဲ့သူမကေတာ့ Fashion Show တိုင္းမွာ သူမရဲ႕ စူးရွရွအၾကည့္ေတြ၊ အထာက်က်မ်က္ႏွာေလးေတြနဲ႔ ပရိသတ္အာရံုကိုဖမ္းစားခဲ့သူပါ။ သူမဟာလည္း နာမည္ႀကီး ပြဲေတြေတာ္ေတာ္မ်ားမ်ား ေလွ်ာက္ေနရသူတစ္ဦးပါ။

Hannah Sprehe

(၁၀) Rebecca Leigh Longendyke

Women Management ေက်ာင္းထြက္ အသက္ ၂၁ ႏွစ္အရြယ္သူမကေတာ့ New York လူမ်ိဳးေတြ ႀကိဳက္ႏွစ္သက္ၾကတဲ့ ႐ုပ္သြင္မ်ိဳးပါ။ သူမရဲ႕ Talent ထက္ျမက္မႈေၾကာင့္ Show ပြဲေတြရဲ႕ Selected Model အျဖစ္ ေရြးခ်ယ္ခံရသူပါ။

Rebecca Leigh Longendyke

(၁၁) Veronika Kunz

အသက္၂၅ ႏွစ္အရြယ္ ဆြစ္ဇ္သူေလး သူမကေတာ့ The Society Management ကေန ပညာရည္ျပည့္ဝလာသူတစ္ေယာက္ျဖစ္ၿပီး Runway ေပၚမွာ အရည္အခ်င္းျပႏိုင္သူတစ္ေယာက္ပါ။ အသက္ ၂၅ ႏွစ္ဆိုတာ Model ေလာကအတြက္ေတာ့ အသက္ႀကီးၿပီဆိုရေပမယ့္ သူမကေတာ့ အခုထိပြဲခံတုန္းပါပဲ။

Veronika Kunz

ဒီ Model ေတြကေတာ့ Runway ေပၚမွာ သူ႔ အရည္အခ်င္းနဲ႔သူ ပရိသတ္ေတြ၊ Fashion Watchers ေတြနဲ႔ အႏုပညာရွင္ေတြပါ သေဘာက် ႏွစ္ၿခိဳက္ျခင္းခံရတာမို႔ ေနာင္တေခတ္ရဲ႕ ထိပ္တန္းေတြျဖစ္လာဦးမလားဆိုတာ ေစာင့္ၾကည့္အားေပးရမယ့္သူေတြပါ။

EiEiKhineMinn ( Akhayar )

www.akhayar.com

[Unicode]

2018 ရဲ့ Runway ထက်မှာ တောက်ပလာမယ့် အလန်းစား Model များ

US Fashion လောကဟာ အရည်အသွေးရှိမှန်းသိရရုံနဲ့ စင်မြင့်ပေါ်မှာ အစွမ်းကုန်တောက်ပမယ့် ငွေကြယ်ပွင့်လေးတွေဖြစ်အောင် ပျိုးထောင်အားကောင်းတဲ့ အနုပညာရပ်ဝန်းတစ်ခုပါ။ ဒါ့အပြင် Fashion နဲ့ Model လောကမှာအောင်မြင်ဖို့အတွက်ဆို ကိုယ့်မိဘမျိုးရိုးက ဘယ်လောက်ပဲ အနုပညာလောကမှာ အောင်မြင်ခဲ့အောင်မြင်ခဲ့၊ ငွေကြေးဘယ်လောက်ချမ်းသာချမ်းသာ ထင်ပေါ်မှ စင်တော်ကောက်ခံရတဲ့ အခြေအနေမို့ ဒီအနုပညာလောကမှာ အောင်မြင်ဖို့ ဘဝအာမခံချက်ကတော့ ကိုယ့်ရဲ့အရည်အသွေးသာ အခရာပါ။ ဒါကို လတ်တလော မော်ဒယ်မင်းသမီးကြီး Cindy Crawford ရဲ့ သမီးလေး Model Kaia Gerber က Instagram က Fashion ပုံလေးတွေကတဆင့် Model လမ်းကြောင်းပေါ် အောင်အောင်မြင်မြင်ရောက်ရှိခဲ့တာကို သက်သေပြသွားပါပြီ။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

အလားတူပဲ ၂၀၁၈ မှာ ကိုယ့်အရည်အသွေးနဲ့ကိုယ် အစွမ်းကုန်ဖောက်ထွက်လာတဲ့ Runway ပေါ်က ဒီ မျက်နှာသစ် Model တွေကတော့ 2018 ရဲ့ စောင့်ကြည့်ရမယ့် လျှောက်လမ်းပေါ်က ငွေကြယ်ပွင့်တွေစာရင်းမှာ အားလုံးရဲ့ စိတ်ဝင်စားခြင်းခံနေရပါပြီ။ သူတို့ကတာ့-

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

(၁) Meghan Roche

Women Managememt Agency ရဲ့ လက်ထွက်သူမကတော့ အသက် ၁၇ နှစ်လေးနဲ့ လျှောက်လှမ်းပေါ်မှာ အရည်အသွေးအပြည့်နဲ့ ပွဲထွက်လာတာ Fashionista တွေ သတိထားမိလာတဲ့ထိပါပဲ။ Fendi ရဲ့ ပွဲအဖွင့် Model လုပ်ခဲ့ပြီး Chanel ၊ Versace ၊ Saint Laurent ၊ Alexander Wang နဲ့ Max Mara တို့လို ဒိတ်ဒိတ်ကြဲပွဲတွေမှာ လျှောက်ဖူးခဲ့ပြီးပါပြီ။

Meghan Roche

(၂) Ansolet Rossouw

တောင်အာဖရိကသူလေးဖြစ်ပြီး The Society Management ကနေ သင်ကြားလာခဲ့တဲ့ သူမရဲ့ အရည်အသွေးတွေကလည်း Runway ပေါ်မှာ အထင်ရှားပါပဲ။ နားရွက်ကားကားလေးနဲ့ ဂျစ်ကန်ကန်ပုံစံ သူမဟာအသက် ၁၇ နှစ်အရွယ်လေးပဲ ရှိသေးပေမယ့် Valentino ၊ Saint Laurent ၊ Off-white ၊ Jil Sander ၊ Fendi နဲ့ Max Mara ပွဲမျိုးတွေ လျှောက်ပြီးသွားပါပြီ။

Ansolet Rossouw

(၃) Hannah Motler

Ford Models Agency က ဆင်းသက်လာတဲ့ ၁၇ နှစ်အရွယ် အင်္ဂလန်သူလေး Hannah ဟာ ဖြူဆွတ်နေတဲ့အသားရေလေးနဲ့ နုနုငယ်ငယ်မျက်နှာသွင်ပြင်လေးကို ပိုင်ဆိုင်ထားပေမယ့် အရည်အသွေးတောက်ပလိုက်ပုံကတော့ Erdem Fashion Show ရဲ့ အဖွင့် Model ဖြစ်ခဲ့ပြီး Matty Bovan ၊ Miu Miu ၊ Dior ၊ Calvin Klein ၊ Prada ၊ Moschino နဲ့ Giambattista Valli လိုမျိုး ဒိတ်ဒိတ်ကြဲပွဲတွေမှာ လျှောက်ခဲ့သူပါ။

Hannah Motler

(၄) Naomi Chin Wing

IMG Models Agency လက်ထွက်ဖြစ်တဲ့ ဒီစပိန်သူလေးကလည်း အသက် ၁၇ နှစ်နဲ့ Alexander McQueen၊ Yves Saint Laurent ၊ Calvin Klein နဲ့ Marc Jacobs အပါအဝင် ပွဲတော်တော်များများကို လျှောက်ဖူးပြီးပါပြီ။ Haute Couture Show တိုင်းမှာ ပရိသတ်ရဲ့ မျက်စိကို ဆွဲဆောင်ထားနိုင်ဆုံး Modelလေး တစ်ယောက်ပါ။

Naomi Chin Wing

(၅) Fran Summers

သူမဟာလည်း အသက် ၁၇ နှစ်အရွယ် Englandသူလေးဖြစ်ပြီး Chloe၊ Prada တို့ရဲ့ အဖွင့် Model ဖြစ်ခဲ့ပါတယ်။ တခြားနာမည်ကြီး Show ပွဲတွေလျှောက်ခဲ့တဲ့သူမကိုတော့ 2018 Falls Fashion တွေမှာ ပရိသတ်တော်တော်များများ Crush ခဲ့ကြတာ အမှန်ပါ။

Fran Summers

(၆) Remington Williams

DNA Models Agency လက်ထွက်ဖြစ်ပြီး အသက် ၂၀ အရွယ် Texas သူလေး သူမဟာ သူမရဲ့ ရွှေဝါရောင်တောက်တောက် ဆံပင်အရောင်နဲ့ ဖမ်းစားနိုင်ခဲ့သူဖြစ်ပါတယ်။ Talent ရှိပုံကတော့ Coach၊ Moschino ၊ Marc Jacobs အပါအဝင် ပွဲတွေအများကြီး လျှောက်လာရပါပြီ။

Remington Williams

(၇) Hee Jung Park

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့သူမဟာ US Fashion Runway ပေါ်မှာ အောင်မြင်နေတဲ့ ကိုရီးယားသူတစ်ယောက်ဖြစ်ပြီး Louis Vuitton၊ Givency ၊ Balmain၊ Fendi နဲ့ Alexander Wang တို့လို ပွဲအကြီးတွေမှာ လျှောက်ခဲ့ရသူပါ။ သူမရဲ့ ရှုတည်တည်မျက်နှာပေးနဲ့ အချိုးကျတဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်အားပေးမှုတွေ ရရှိခဲ့သူလည်းဖြစ်ပါတယ်။

Hee Jung Park

(၈) Loane Normand

The Society Management လက်ထွက်သူမကတော့ အသက် ၁၉ နှစ်အရွယ် ပြင်သစ်သူလေးဖြစ်ပြီး Givency ၊ Dior ၊ Saint Laurent ၊ Fendi နဲ့ Micheal Kors အပါအဝင် ပွဲတော်တော်များများ လျှောက်ခဲ့တဲ့ Model တစ်ယောက်ပါ။ သူမရဲ့ Tomboy ဆန်တဲ့ပုံစံလေးနဲ့ ချောမောတဲ့မျက်နှာကျလေးကြောင့်လည်း ပရိသတ်တွေ ချစ်ခင်ခံရသူဖြစ်ပါတယ်။

Loane Normand

(၉) Hannah Sprehe

အသက် ၁၇ နှစ်အရွယ် Society Management ရဲ့ လက်ထွက်ဖြစ်တဲ့သူမကတော့ Fashion Show တိုင်းမှာ သူမရဲ့ စူးရှရှအကြည့်တွေ၊ အထာကျကျမျက်နှာလေးတွေနဲ့ ပရိသတ်အာရုံကိုဖမ်းစားခဲ့သူပါ။ သူမဟာလည်း နာမည်ကြီး ပွဲတွေတော်တော်များများ လျှောက်နေရသူတစ်ဦးပါ။

Hannah Sprehe

(၁၀) Rebecca Leigh Longendyke

Women Management ကျောင်းထွက် အသက် ၂၁ နှစ်အရွယ်သူမကတော့ New York လူမျိုးတွေ ကြိုက်နှစ်သက်ကြတဲ့ ရုပ်သွင်မျိုးပါ။ သူမရဲ့ Talent ထက်မြက်မှုကြောင့် Show ပွဲတွေရဲ့ Selected Model အဖြစ် ရွေးချယ်ခံရသူပါ။

Rebecca Leigh Longendyke

(၁၁) Veronika Kunz

အသက်၂၅ နှစ်အရွယ် ဆွစ်ဇ်သူလေး သူမကတော့ The Society Management ကနေ ပညာရည်ပြည့်ဝလာသူတစ်ယောက်ဖြစ်ပြီး Runway ပေါ်မှာ အရည်အချင်းပြနိုင်သူတစ်ယောက်ပါ။ အသက် ၂၅ နှစ်ဆိုတာ Model လောကအတွက်တော့ အသက်ကြီးပြီဆိုရပေမယ့် သူမကတော့ အခုထိပွဲခံတုန်းပါပဲ။

Veronika Kunz

ဒီ Model တွေကတော့ Runway ပေါ်မှာ သူ့ အရည်အချင်းနဲ့သူ ပရိသတ်တွေ၊ Fashion Watchers တွေနဲ့ အနုပညာရှင်တွေပါ သဘောကျ နှစ်ခြိုက်ခြင်းခံရတာမို့ နောင်တခေတ်ရဲ့ ထိပ်တန်းတွေဖြစ်လာဦးမလားဆိုတာ စောင့်ကြည့်အားပေးရမယ့်သူတွေပါ။

EiEiKhineMinn ( Akhayar )

www.akhayar.com