[Zawgyi]

ဆယ္ေက်ာ္သက္နဲ႔ ၂ဝအရြယ္မွာ ေအာင္ျမင္သူေတြ ဘာလုပ္ခဲ့လဲ

တစ္ေန႔မွာ ၂၄နာရီရွိတယ္ဆုိေပမယ့္ အလုပ္မ်ားတဲ့သူအဖုိ႔ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး၊ ပညာေရးစတဲ့ ရႈေထာင့္မ်ိဳးစုံကုိ ဟန္ခ်က္ညီေအာင္ ထိန္းေက်ာင္းဖုိ႔မလြယ္ကူပါဘူး။ အထူးသျဖင့္ ဆယ္ေက်ာ္သက္ေတြနဲ႔ ၂ဝေက်ာ္အရြယ္ေတြမွာ ပညာေရးနဲ႔စီးပြားေရးႏွစ္ခုတည္းကုိေတာင္ ခ်ိန္သားကုိက္ေအာင္ အေတာ္ထိန္းညွိရပါတယ္။ ဒီေန႔ေခတ္မွာ ေရႊထီးေဆာင္းေနတဲ့ ကမၻာေက်ာ္ပုဂၢိဳလ္ေတြ သူတုိ႔ေတြ ဆယ္ေက်ာ္သက္အရြယ္၊ ၂ဝေက်ာ္အရြယ္ေတြမွာ ဘာေတြလုပ္ေနခဲ့တာလဲ၊ ဘယ္လုိေတြႀကိဳးစားခဲ့တာလဲ။ ေအာင္ျမင္သူေတြက ကုိယ္လုိအရြယ္မွာ ဘာေတြလုပ္ေနတာလဲဆုိတာ ကုိယ့္အေျခအေနနဲ႔ခ်ိန္ထုိးႏုိင္ေစဖုိ႔ ေဖာ္ျပလုိက္ပါတယ္။

၁။ ေဂ်ေက ရုိးလင္း (J.K. Rowling)

Harry Potter ဇာတ္လမ္းတြဲဖန္တီးရွင္ ေဂ်ေက ရုိးလင္းဆုိရင္ ဆယ္ေက်ာ္သက္အရြယ္တုန္းက အလုပ္မွာ သိပ္ၿပီး အာရုံစိုက္ေလ့မရွိပါဘူး။ အဂၤလန္ႏုိင္ငံအႏွံ႔အျပား ပြဲေတာ္ေတြကုိ ေလ်ွာက္သြား၊ တစ္ကုိယ္ေတာ္ခရီးေတြ ထြက္ေလ့ရွိတဲ့အျပင္ အလုပ္ကြန္ပ်ဴတာကုိ ကုိယ္ေရးကုိယ္တာကိစၥေတြမွာ သုံးမိလုိ႔ Amnesty International အဖြဲ႕ကေတာင္ ထုတ္ပယ္တာ ခံလုိက္ရပါတယ္။ ဟယ္ရီေပၚတာဇာတ္ေကာင္ကုိ ၂၅ႏွစ္မွသာ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။

၂။ ဂ်က္ဖ္ ဘီဇုိ (Jeff Bezos)

Amazon ရဲ႕ CEO ျဖစ္တဲ့ ဂ်က္ဖ္ ဘီဇုိဟာ ဆယ္ေက်ာ္သက္ဘဝတုန္းက McDonald’s ဘာဂါဆုိင္မွာ အလုပ္လုပ္ေနရတာ ျဖစ္ပါတယ္။ “McDonald’s မွာ ၅ဂါလန္ေလာက္ရွိတဲ့ နံရံကပ္ေဆာ့စ္ဘူးႀကီးက ေမွာက္က်သြားတယ္။ ၾကမ္းျပင္ေတြန႔ဲ မီးဖုိေခ်ာင္ေတြမွာ အကုန္လုံးေပက်န္ကုန္တာပဲ။ ကြ်န္ေတာ္ကလည္း လူသစ္ဆုိေတာ့ စီနီယာဝန္ထမ္းေတြက မီးဖုိေခ်ာင္ သန္႔ရွင္းေရးတာဝန္ေပးတာပဲ။ မီးဖုိေခ်ာင္ထဲမွာ ေျပးေျပးလႊားလႊားလုပ္ရတာနဲ႔ ေကာင္တာမွာ ထုိင္ရတယ္လုိ႔ကုိ မရွိပါဘူး” လုိ႔ ကမၻာ့ဒုတိယအခ်မ္းသာဆုံး သူေဌးႀကီး ဂ်က္ဖ္ ဘီဇုိဟာ ဆယ္ေက်ာ္သက္ဘဝကုိ ရင္ဖြင့္လာပါတယ္။

၃။ ဝါရင့္ဘန္႔ဖတ္ (Warren Buffett)

“စေတာ့ကေဝ” လုိ႔တင္စားၾကတဲ့ ဝါရင့္ဘန္႔ဖတ္ဟာ ၁၆ႏွစ္အရြယ္တုန္းကဆုိရင္ Washington Post သတင္းစာတုိက္မွာ စာပုိ႔သမားေလး လုပ္ေနပါၿပီ။ ၿပီးေတာ့ တံဆိပ္ေခါင္းေတြ၊ ေဂါက္သီးလုံးေတြကုိလည္း ေရာင္းေနၿပီ။ ပင္ေဘာစက္ေတြကုိလည္း ဆံပင္ညွပ္ဆုိင္မွာ တပ္ဆင္ေပးေနပါၿပီ။ ဝါရင့္ဘန္႔ဖတ္ ၁၆ႏွစ္အရြယ္မွာ ရွာေဖြထားတဲ့ေငြေၾကးပမာဏက အခုေခတ္နဲ႔ ႏႈိင္းယွဥ္မယ္ဆုိရင္ အေမရိကန္ေဒၚလာ ၅ေသာင္း၃ေထာင္ေလာက္ေတာင္ ရွိေနပါၿပီ။

အသက္၂ဝေလာက္မွာ ဟားဗတ္တကၠသုိလ္ (Harvard University) ကေန ပယ္ခ်လုိက္လုိ႔ ကုိလံဘီယာတကၠသုိလ္ (Columbia University) မွာ စီးပြားေရးပညာရပ္ကုိ ေလ့လာေနပါၿပီ။ စေတာ့ရွယ္ယာပြဲစား၊ လုံျခံဳေရးဆန္းစစ္သူ၊ ရင္းႏွီးျမွဳပ္ႏွံသူအေရာင္းသမားအေနနဲ႔ အလုပ္ေတြလုပ္ေနပါၿပီ။

၄။ ေအာ္ပရာ ဝင္းဖေရး (Oprah Winfrey)

ကမၻာေက်ာ္အစီအစဥ္တင္ဆက္သူ ေအာ္ပရာ ဝင္းဖေရးဟာ မီဒီယာလုပ္ငန္းကုိ ဝါသနာႀကီးလြန္းလုိ႔ ၁၄ႏွစ္အရြယ္မွာပဲ နက္ရွ္ဗီးလ္ၿမိဳ႕ (Nashville) ကုိ ေျပာင္းေရႊ႕ခဲ့ပါတယ္။ ၁၆ႏွစ္မွာပဲ နက္ရွ္ဗီးလ္ေရဒီယုိဌာနမွာ အသံလႊင့္သူအျဖစ္ အလုပ္ရခဲ့ပါတယ္။ တန္းနီးစ္တကၠသုိလ္ (Tennessee State University) ဒုတိယႏွစ္ ၁၉ႏွစ္အရြယ္မွာပဲ အသက္ေမြးဝမ္းေၾကာင္းအလုပ္ေျပာင္းခ်င္တဲ့အတြက္ ေက်ာင္းထြက္ခဲ့ပါတယ္။ CBS Baltimore TV Station မွာ ရုပ္သံတင္ဆက္သူအျဖစ္ လုပ္ခဲ့ေပမယ့္ အလုပ္ထုတ္ခံရခဲ့ပါတယ္။

၅။ အယ္ရီရန္နာ ဟတ္ဖင္တန္ (Arianna Huffington)

Huffington Post ရဲ႕ Co-Founder ျဖစ္တဲ့ အယ္ရီရန္နာ ဟတ္ဖင္တန္ကေတာ့ အသက္၂ဝေလာက္မွာ ကိန္းဘရစ္တကၠသုိလ္ (University of Cambridge) မွာ စီးပြားေရးပညာေတြကုိ ေလ့လာေနပါၿပီ။ ကိန္းဘရစ္တကၠသုိလ္သမဂၢ (Cambridge Union) မွာ Presidient ျဖစ္လာခဲ့ပါတယ္။ ၂၁ႏွစ္အရြယ္မွာ ဂ်ာနယ္လစ္ဂုရုႀကီး ဟင္နရီ ဘင္းနာ့ လီဗင္ (Henry Bernard Levin) နဲ႔ေတြ႕ဆုံၿပီး “The Female Woman” ဆုိတဲ့ ကမၻာေက်ာ္စာအုပ္ႀကီးကုိ ထုတ္ေဝႏုိင္ခဲ့ပါတယ္။

၆။ ဘားရက္အုိဘားမား (Barack Obama)

အေမရိကန္သမၼတေဟာင္း အုိဘားမားကေတာ့ ငယ္ဘဝကုိ ဟုိႏုိလူလူၿမိဳ႕ (Honolulu) မွ ကုန္ဆုံးေလ့ရွိပါတယ္။ ေက်ာင္းသားဘဝတုန္းက ဘတ္စကတ္ေဘာမွာ ထူးခြ်န္ၿပီး အထက္တန္းေက်ာင္းကုိ ထူးခြ်န္စြာ ေအာင္ျမင္ခ့ဲပါတယ္။ ဟားဗတ္တကၠသုိလ္ (Harvard University) မွာ ဥပေဒပညာေလ့လာၿပီး Harvard Law Review မွာ ပထမဆုံးလူမည္း President ျဖစ္လာခဲ့ပါတယ္။

၇။ ေမာ္ဂန္ ဖရီးမန္း (Morgan Freeman)

ေမာ္ဂန္ ဖရီးမန္းဟာ အခုခ်ိန္မွာေတာ့ ကမၻာေက်ာ္မင္းသားႀကီးတစ္ေယာက္ျဖစ္ေနေပမယ့္ ဆယ္ေက်ာ္သက္ဘဝတုန္းကေတာ့ ခက္ခဲၾကမ္းတမ္းမႈေတြအျပည့္နဲ႔ ခက္ခက္ခဲခဲရုန္းကန္ခဲ့ရပါတယ္။ အထက္တန္းေအာင္တာနဲ႔ ေလတပ္ထဲကုိ ဝင္သြားၿပီး တုိက္ေလယာဥ္ေမာင္းသမားျဖစ္လာခဲ့ပါတယ္။ အႏုပညာကုိ ဝါသနာႀကီးလြန္းလုိ႔ ကင္မရာေရွ႕မွာ ေရာက္လာခဲ့ေပမယ့္ ပရိသတ္လက္မခံခဲ့ပါဘူး။ ၅၂ႏွစ္ေရာက္မွသာ “Driving Miss Daisy” ဇာတ္ကားနဲ႔ ကမၻာေက်ာ္ခဲ့တာျဖစ္ပါတယ္။

ကဲ . .  ဒီေန႔ေခတ္မွာ ေအာင္ျမင္ခဲ့သူေတြ ၾကည့္လုိက္ရင္ သူတုိ႔ေတြ ၁၉ႏွစ္၊ ၂ဝႏွစ္ေလာက္တုန္းက တစ္ခုခုကုိ အာရုံစုိက္လုပ္ကုိင္ခဲ့တာ ေတြ႕ရပါတယ္။ ဆယ္ေက်ာ္သက္ဘဝတုန္းမွာ အဆင္မေျပခဲ့ေပမယ့္ အခ်ိန္ၾကာလာတဲ့အခါ ေအာင္ျမင္လာတာကုိ ၾကည့္မယ္ဆုိရင္ ကြ်န္ေတာ္တုိ႔ေတြလည္း အခုခ်ိန္မွာ ရုန္းကန္ေနရတယ္ဆုိတာ ေနာင္တစ္ခ်ိန္ေအာင္ျမင္ဖုိ႔အတြက္လား မေျပာႏုိင္တာ။ အဲဒီေတာ့ အခုခ်ိန္မွာ အေကာင္းဆုံး ႀကိဳးစားလုိက္။ အခက္အခဲေတြကုိလည္း ရုန္းကန္လုိက္ပါလုိ႔ ဆုိခ်င္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဆယ်ကျော်သက်နဲ့ ၂ဝအရွယ်မှာ အောင်မြင်သူတွေ ဘာလုပ်ခဲ့လဲ

တစ်နေ့မှာ ၂၄နာရီရှိတယ်ဆိုပေမယ့် အလုပ်များတဲ့သူအဖို့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ရှုထောင့်မျိုးစုံကို ဟန်ချက်ညီအောင် ထိန်းကျောင်းဖို့မလွယ်ကူပါဘူး။ အထူးသဖြင့် ဆယ်ကျော်သက်တွေနဲ့ ၂ဝကျော်အရွယ်တွေမှာ ပညာရေးနဲ့စီးပွားရေးနှစ်ခုတည်းကိုတောင် ချိန်သားကိုက်အောင် အတော်ထိန်းညှိရပါတယ်။ ဒီနေ့ခေတ်မှာ ရွှေထီးဆောင်းနေတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ သူတို့တွေ ဆယ်ကျော်သက်အရွယ်၊ ၂ဝကျော်အရွယ်တွေမှာ ဘာတွေလုပ်နေခဲ့တာလဲ၊ ဘယ်လိုတွေကြိုးစားခဲ့တာလဲ။ အောင်မြင်သူတွေက ကိုယ်လိုအရွယ်မှာ ဘာတွေလုပ်နေတာလဲဆိုတာ ကိုယ့်အခြေအနေနဲ့ချိန်ထိုးနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။

၁။ ဂျေကေ ရိုးလင်း (J.K. Rowling)

Harry Potter ဇာတ်လမ်းတွဲဖန်တီးရှင် ဂျေကေ ရိုးလင်းဆိုရင် ဆယ်ကျော်သက်အရွယ်တုန်းက အလုပ်မှာ သိပ်ပြီး အာရုံစိုက်လေ့မရှိပါဘူး။ အင်္ဂလန်နိုင်ငံအနှံ့အပြား ပွဲတော်တွေကို လျှောက်သွား၊ တစ်ကိုယ်တော်ခရီးတွေ ထွက်လေ့ရှိတဲ့အပြင် အလုပ်ကွန်ပျူတာကို ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ သုံးမိလို့ Amnesty International အဖွဲ့ကတောင် ထုတ်ပယ်တာ ခံလိုက်ရပါတယ်။ ဟယ်ရီပေါ်တာဇာတ်ကောင်ကို ၂၅နှစ်မှသာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

၂။ ဂျက်ဖ် ဘီဇို (Jeff Bezos)

Amazon ရဲ့ CEO ဖြစ်တဲ့ ဂျက်ဖ် ဘီဇိုဟာ ဆယ်ကျော်သက်ဘဝတုန်းက McDonald’s ဘာဂါဆိုင်မှာ အလုပ်လုပ်နေရတာ ဖြစ်ပါတယ်။ “McDonald’s မှာ ၅ဂါလန်လောက်ရှိတဲ့ နံရံကပ်ဆော့စ်ဘူးကြီးက မှောက်ကျသွားတယ်။ ကြမ်းပြင်တွေနဲ့ မီးဖိုချောင်တွေမှာ အကုန်လုံးပေကျန်ကုန်တာပဲ။ ကျွန်တော်ကလည်း လူသစ်ဆိုတော့ စီနီယာဝန်ထမ်းတွေက မီးဖိုချောင် သန့်ရှင်းရေးတာဝန်ပေးတာပဲ။ မီးဖိုချောင်ထဲမှာ ပြေးပြေးလွှားလွှားလုပ်ရတာနဲ့ ကောင်တာမှာ ထိုင်ရတယ်လို့ကို မရှိပါဘူး” လို့ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး သူဌေးကြီး ဂျက်ဖ် ဘီဇိုဟာ ဆယ်ကျော်သက်ဘဝကို ရင်ဖွင့်လာပါတယ်။

၃။ ဝါရင့်ဘန့်ဖတ် (Warren Buffett)

“စတော့ကဝေ” လို့တင်စားကြတဲ့ ဝါရင့်ဘန့်ဖတ်ဟာ ၁၆နှစ်အရွယ်တုန်းကဆိုရင် Washington Post သတင်းစာတိုက်မှာ စာပို့သမားလေး လုပ်နေပါပြီ။ ပြီးတော့ တံဆိပ်ခေါင်းတွေ၊ ဂေါက်သီးလုံးတွေကိုလည်း ရောင်းနေပြီ။ ပင်ဘောစက်တွေကိုလည်း ဆံပင်ညှပ်ဆိုင်မှာ တပ်ဆင်ပေးနေပါပြီ။ ဝါရင့်ဘန့်ဖတ် ၁၆နှစ်အရွယ်မှာ ရှာဖွေထားတဲ့ငွေကြေးပမာဏက အခုခေတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၅သောင်း၃ထောင်လောက်တောင် ရှိနေပါပြီ။

အသက်၂ဝလောက်မှာ ဟားဗတ်တက္ကသိုလ် (Harvard University) ကနေ ပယ်ချလိုက်လို့ ကိုလံဘီယာတက္ကသိုလ် (Columbia University) မှာ စီးပွားရေးပညာရပ်ကို လေ့လာနေပါပြီ။ စတော့ရှယ်ယာပွဲစား၊ လုံခြုံရေးဆန်းစစ်သူ၊ ရင်းနှီးမြှုပ်နှံသူအရောင်းသမားအနေနဲ့ အလုပ်တွေလုပ်နေပါပြီ။

၄။ အော်ပရာ ဝင်းဖရေး (Oprah Winfrey)

ကမ္ဘာကျော်အစီအစဉ်တင်ဆက်သူ အော်ပရာ ဝင်းဖရေးဟာ မီဒီယာလုပ်ငန်းကို ဝါသနာကြီးလွန်းလို့ ၁၄နှစ်အရွယ်မှာပဲ နက်ရှ်ဗီးလ်မြို့ (Nashville) ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၁၆နှစ်မှာပဲ နက်ရှ်ဗီးလ်ရေဒီယိုဌာနမှာ အသံလွှင့်သူအဖြစ် အလုပ်ရခဲ့ပါတယ်။ တန်းနီးစ်တက္ကသိုလ် (Tennessee State University) ဒုတိယနှစ် ၁၉နှစ်အရွယ်မှာပဲ အသက်မွေးဝမ်းကြောင်းအလုပ်ပြောင်းချင်တဲ့အတွက် ကျောင်းထွက်ခဲ့ပါတယ်။ CBS Baltimore TV Station မှာ ရုပ်သံတင်ဆက်သူအဖြစ် လုပ်ခဲ့ပေမယ့် အလုပ်ထုတ်ခံရခဲ့ပါတယ်။

၅။ အယ်ရီရန်နာ ဟတ်ဖင်တန် (Arianna Huffington)

Huffington Post ရဲ့ Co-Founder ဖြစ်တဲ့ အယ်ရီရန်နာ ဟတ်ဖင်တန်ကတော့ အသက်၂ဝလောက်မှာ ကိန်းဘရစ်တက္ကသိုလ် (University of Cambridge) မှာ စီးပွားရေးပညာတွေကို လေ့လာနေပါပြီ။ ကိန်းဘရစ်တက္ကသိုလ်သမဂ္ဂ (Cambridge Union) မှာ Presidient ဖြစ်လာခဲ့ပါတယ်။ ၂၁နှစ်အရွယ်မှာ ဂျာနယ်လစ်ဂုရုကြီး ဟင်နရီ ဘင်းနာ့ လီဗင် (Henry Bernard Levin) နဲ့တွေ့ဆုံပြီး “The Female Woman” ဆိုတဲ့ ကမ္ဘာကျော်စာအုပ်ကြီးကို ထုတ်ဝေနိုင်ခဲ့ပါတယ်။

၆။ ဘားရက်အိုဘားမား (Barack Obama)

အမေရိကန်သမ္မတဟောင်း အိုဘားမားကတော့ ငယ်ဘဝကို ဟိုနိုလူလူမြို့ (Honolulu) မှ ကုန်ဆုံးလေ့ရှိပါတယ်။ ကျောင်းသားဘဝတုန်းက ဘတ်စကတ်ဘောမှာ ထူးချွန်ပြီး အထက်တန်းကျောင်းကို ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။ ဟားဗတ်တက္ကသိုလ် (Harvard University) မှာ ဥပဒေပညာလေ့လာပြီး Harvard Law Review မှာ ပထမဆုံးလူမည်း President ဖြစ်လာခဲ့ပါတယ်။

၇။ မော်ဂန် ဖရီးမန်း (Morgan Freeman)

မော်ဂန် ဖရီးမန်းဟာ အခုချိန်မှာတော့ ကမ္ဘာကျော်မင်းသားကြီးတစ်ယောက်ဖြစ်နေပေမယ့် ဆယ်ကျော်သက်ဘဝတုန်းကတော့ ခက်ခဲကြမ်းတမ်းမှုတွေအပြည့်နဲ့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပါတယ်။ အထက်တန်းအောင်တာနဲ့ လေတပ်ထဲကို ဝင်သွားပြီး တိုက်လေယာဉ်မောင်းသမားဖြစ်လာခဲ့ပါတယ်။ အနုပညာကို ဝါသနာကြီးလွန်းလို့ ကင်မရာရှေ့မှာ ရောက်လာခဲ့ပေမယ့် ပရိသတ်လက်မခံခဲ့ပါဘူး။ ၅၂နှစ်ရောက်မှသာ “Driving Miss Daisy” ဇာတ်ကားနဲ့ ကမ္ဘာကျော်ခဲ့တာဖြစ်ပါတယ်။

ကဲ . .  ဒီနေ့ခေတ်မှာ အောင်မြင်ခဲ့သူတွေ ကြည့်လိုက်ရင် သူတို့တွေ ၁၉နှစ်၊ ၂ဝနှစ်လောက်တုန်းက တစ်ခုခုကို အာရုံစိုက်လုပ်ကိုင်ခဲ့တာ တွေ့ရပါတယ်။ ဆယ်ကျော်သက်ဘဝတုန်းမှာ အဆင်မပြေခဲ့ပေမယ့် အချိန်ကြာလာတဲ့အခါ အောင်မြင်လာတာကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့တွေလည်း အခုချိန်မှာ ရုန်းကန်နေရတယ်ဆိုတာ နောင်တစ်ချိန်အောင်မြင်ဖို့အတွက်လား မပြောနိုင်တာ။ အဲဒီတော့ အခုချိန်မှာ အကောင်းဆုံး ကြိုးစားလိုက်။ အခက်အခဲတွေကိုလည်း ရုန်းကန်လိုက်ပါလို့ ဆိုချင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com