[Zawgyi]

ဘယ္ႏွစ္ခါၾကည့္ၾကည့္ ရိုးမသြားဘဲ ထပ္ထပ္ၾကည့္ခ်င္တဲ့ ဇာတ္ကား (၇) ကား

အခရာရုပ္ရွင္ခ်စ္ပရိသတ္ၾကီးေရ…ပိတ္ရက္ေတြမွာ ရုပ္ရွင္ၾကည့္ျပီး အခ်ိန္ျဖဳန္းမယ္ဆိုရင္ ဘယ္ေတာ့ ၾကည့္ၾကည့္ မရိုးသြားတဲ့ ဇာတ္ကားေဟာင္းကားေကာင္းေလးေတြကို ဒီလို ဒီလို ညႊန္းေပးခ်င္ပါတယ္။ အၾကိဳက္မတူတာေလးေတြရွိရင္လည္း ဘာေၾကာင့္ အၾကိဳက္မတူတာေလး ေျပာသြားၾကပါလို႔။

၁) Forrest Gump (1994)

Forrest Gump (1994)

Forrest Gump (1994)

Run Forrest Run ဆိုတဲ့ စကားေလးကို မွတ္မိၾကမွာပါ။ Forrest Gump ဆိုတဲ့ လူတစ္ေယာက္အေၾကာင္းကို ရုိက္ကူးထားတဲ့ ဒီဇာတ္ကားမွာ Forrest Gump ရဲ႕ စဥ္းစားေတြးေခၚပံုေတြ၊ ဘဝကို ရိုးရုိးရွင္းရွင္း ျဖတ္သန္းပံုေတြကို ေတြ႔ရမွာ ျဖစ္ျပီး လံုးဝ Epic ပါ။ ဒါရို္က္တာ Robert Zemeckis က ရိုက္ကူးေပးထားျပီး နာမည္ေက်ာ္မင္းသားၾကီး Tom Hanks ၊ Robin Wright နဲ႔ Gary Sinise တို႔က ပါဝင္သရုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားဟာ အေကာင္းဆံုးဇာတ္ကားဆု၊ အေကာင္းဆံုးဒါရိုက္တာဆုနဲ႔ အေကာင္းဆံုးမင္းသားဆုအပါအဝင္ အကယ္ဒမီ (၆) ဆု ရရွိတဲ့ ဇာတ္ကားျဖစ္ျပီး ဝင္ေငြအရလည္း ေဒၚလာ ၆၇၇.၉ သန္း ဝင္ေငြရရွိခဲ့တဲ့အတြက္ ေအာင္ျမင္တဲ့ ဇာတ္ကားျဖစ္ပါတယ္။

၂) Jurassic Park (1993)

Jurassic Park (1993)

Jurassic Park (1993)

Steven Spielberg ရဲ႕ နာမည္ေက်ာ္ဇာတ္ကားေတြထဲက တစ္ကားျဖစ္ျပီး Jurassic Park ဇာတ္ကားတြဲေတြရဲ႕ မူလပထမ ဇာတ္ကားလည္း ျဖစ္ပါတယ္။ ဒိုင္ႏုိေဆာေတြကို သူ႔ေခတ္သူ႔ခါက အပီျပင္ဆံုး ရိုက္ကူးႏုိင္ခဲ့ျပီး ဇာတ္လမ္းဇာတ္အိမ္လည္း ဆန္းသစ္တာမို႔ အသည္းစြဲခဲ့ရတဲ့ ဇာတ္ကားျဖစ္ပါတယ္။ ဒီဇာတ္ကားကို အခုျပန္ၾကည့္ရင္လည္း ေခတ္မီေနဆဲမို႔ ညႊန္းပါရေစ။ ဒီဇာတ္ကားမွာ Sam Neill ၊ Laura Dern နဲ႔ Jeff Goldblum တို႔က ဦးေဆာင္ပါဝင္ထားျပီး နည္းပညာပိုင္းဆုေတြျဖစ္တဲ့ Visual Effects နဲ႔ Sound Design တုိ႔ အပါအဝင္ အကယ္ဒမီ ၃ ဆုရခဲ့ပါတယ္။ ဝင္ေငြအရလည္း ေဒၚလာ ၁.၀၂၉ ဘီလီယံရရွိတဲ့အတြက္ အေတာ္ကို ေအာင္ျမင္ခဲ့တဲ့ ဇာတ္ကားပါ။

၃) Indiana Jones and the Raiders of the Lost Ark (1981)

Indiana Jones and the raiders of the lost ark

Indiana Jones and the raiders of the lost ark

ေတာ္ေတာ္ေလးေဟာင္းေနေပမယ့္ အေတာ္ေလးလည္း ေကာင္းတဲ့ ဇာတ္ကားပါ။ ရတနာသိုက္ရွာတဲ့ ဇာတ္ကားေတြထဲမွာ ဇာတ္လမ္းမိုက္မုိက္၊ ရိုက္ခ်က္ရွင္းရွင္းနဲ႔ စိတ္ဝင္စားစရာေတြ ျပည့္ေနတဲ့ ဒီလို ဇာတ္ကားမ်ိဳးက ရွားပါတယ္။ Indiana Jones ဇာတ္ကားတြဲေတြရဲ႕ ပထမဦးဆံုးဇာတ္ကားလည္းျဖစ္ျပီး Harrison Ford က Indiana Jones အျဖစ္ပါဝင္ထားပါတယ္။ အကယ္ဒမီဆု ၈ အတြက္ ဆန္ခါတင္စာရင္းဝင္ခဲ့ျပီး အကယ္ဒမီ ၅ ဆု ဆြတ္ခူးရရွိခဲ့ပါတယ္။ ဝင္ေငြအေနနဲ႔ ေဒၚလာ ၃၈၉.၉ သန္း ရရွိခဲ့ျပီး ဝင္ေငြေကာင္းတဲ့ ဇာတ္ကားစာရင္းကို ဝင္ခဲ့တာျဖစ္ပါတယ္။

၄) The Shawshank Redemption (1994)

The Shawshank Redemption

The Shawshank Redemption

‘The Shawshank Redemption (1994)’ ကေတာ့ ဒရာမာဇာတ္ကားအမ်ိဳးအစားျဖစ္ျပီး ဒါရိုက္တာ Frank Darabont ရိုက္ကူးထားကာ Tim Robbins နဲ႔ Morgan Freeman တို႔က အဓိကပါဝင္ထားပါတယ္။ ဒီဇာတ္ကားဟာ Andy Dufresne ရဲ႕ ဘဝဇာတ္ေၾကာင္းျဖစ္ျပီး အကယ္ဒမီ (၇)ဆုအတြက္ ဆန္ခါတင္စာရင္းဝင္ခဲ့ပါတယ္။ စိတ္မေကာင္းစရာက အဲ့ဒီအခ်ိန္က ‘Pulp Fiction (1994)’ နဲ႔ ‘Forrest Gump (1994)’ တို႔လို ဇာတ္ကားေကာင္းေတြ ရွိေနတာေရာ၊ အမ်ိဳးသမီးဇာတ္ေကာင္ပုိင္းအားနည္းတာေရာ၊ ဇာတ္ကားနာမည္ဆြဲေဆာင္မႈမရွိဘူးဆိုျပီးေရာ ဝင္ေငြအရေတာ့ ေဒၚလာ ၅၈.၃ သန္းနဲ႔ နည္းခဲ့ပါတယ္။ ဒါေပမယ့္ ၾကည့္ျပီးရင္း ၾကည့္ခ်င္ေနမယ့္ ဇာတ္ကားတစ္ကားဆိုတာေတာ့ အမွန္ပါပဲ။

၅) Die Hard (1988)

Die Hard (1988)

Die Hard (1988)

အက္ရွင္ကိုမွ မရပ္မနားတစ္ခ်ိန္လံုးလႈပ္ရွားတက္ၾကြေနတဲ့ ဇာတ္ကားဆိုရင္ေတာ့ ‘Die Hard (1988)’ ဇာတ္ကားကို ညြန္းရမွာပါပဲ။ မင္းသားကလည္း Bruce Willis နဲ႔ Alan Rickman လို ဒိတ္ဒိတ္ၾကဲေတြပါတယ္ေလဗ်ာ။ ဒီဇာတ္ကားနဲ႔ပဲ Bruce Willis ၾကီးလည္း အက္္ရွင္စတားတစ္ပြင့္အေနနဲ႔ ေတာက္ပလာတာပါပဲ။ ဒီဇာတ္ကားရဲ႕ ေအာင္ျမင္မႈဟာ ေနာက္ဆက္တြဲဇာတ္ကားေတြ ထြက္ရွိရသလို Video Games ေတြပါ ထြက္ရွိခဲ့တာပါ။ အကယ္ဒမီ ဆန္ခါတင္စာရင္းမွာ ဆု ၄ ဆုအတြက္ ဝင္ခဲ့ေပမယ့္ တစ္ဆုမွေတာ့ မရခဲ့ပါဘူး။ ဝင္ေငြကေတာ့ ေဒၚလာ ၁၄၀.၈ သန္းနဲ႔ သူ႔ေခတ္အခါက ဝင္ေငြေကာင္းခဲ့ပါတယ္။

၆) Ghostbusters (1984)

Ghostbusters (1984)

Ghostbusters (1984)

အရမ္းေလးေလးပင္ပင္ၾကီးမဟုတ္ဘဲ ေပါ့ေပါ့ပါးပါး ဟာသေလးမွ ၾကည့္ခ်င္တယ္ဆုိရင္ေတာ့ ‘Ghostbusters (1984)’ ကို ညႊန္းလိုက္ပါတယ္။ သရဲေလး Casper ကို သိေသးတယ္ဆိုရင္ ဒီဇာတ္ကားကို ျပန္ၾကည့္ခ်င္ပါတယ္။ ဒီဇာတ္ကားကို Ivan Reitman က ရိုက္ကူးထားျပီး Bill Murray ၊ Aykroyd နဲ႔ Ramis တို႔က သရဲဖမ္းသမားေတြအေနနဲ႔ ဟာသေဖာက္ျပီး သရုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားဟာ Best Visual Effects နဲ႔ Best Original Song တို႔အတြက္ အကယ္ဒမီဆန္ခါတင္စာရင္းဝင္ခဲ့ျပီး ဆုေတာ့ မရခဲ့ပါဘူး။ ဝင္ေငြအရေတာ့ ေဒၚလာ ၂၉၅.၂ သန္းဝင္ခဲ့တဲ့အတြက္ ဝင္ေငြေကာင္းခဲ့ပါတယ္။

၇) Home Alone (1990)

Home Alone (1990)

Home Alone (1990)

ခရစၥမတ္ေရာက္တုိင္းဘယ္ဇာတ္ကားၾကည့္ျဖစ္သလဲဆုိရင္ Home Alone လို႔ပဲ ေျဖျဖစ္မွာပါ။ Macaulay Culkin ရဲ႕ ကေလးဘဝက ညစ္က်ယ္က်ယ္နဲ႔ သရုပ္ေဆာင္မႈေတြဟာ ပီျပင္သလို လူဆိုးေတြကို ေထာင္ေခ်ာက္ဆင္ပံုကလည္း ဘယ္ႏွစ္ခါၾကည့္ၾကည့္ရယ္ေနရတဲ့အတြက္ ၾကည့္မိတဲ့ အၾကိမ္ေရေတာင္ မမွတ္မိေတာ့ပါဘူး။ ဒါရိုက္တာ Chris Columbus ရုိက္ကူးထားျပီး ဘတ္ဂ်တ္ ၁၈ သန္းနဲ႔ ရိုက္ကူးကာ ဝင္ေငြ ေဒၚလာ ၄၇၆.၇ သန္းရရွိတဲ့အတြက္ ဝင္ေငြအရမ္းေကာင္းခဲ့တဲ့ ဇာတ္ကားလို႔ ေျပာႏုိင္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : ranker.com
[Unicode]

ဘယ်နှစ်ခါကြည့်ကြည့် ရိုးမသွားဘဲ ထပ်ထပ်ကြည့်ချင်တဲ့ ဇာတ်ကား (၇) ကား

အခရာရုပ်ရှင်ချစ်ပရိသတ်ကြီးရေ…ပိတ်ရက်တွေမှာ ရုပ်ရှင်ကြည့်ပြီး အချိန်ဖြုန်းမယ်ဆိုရင် ဘယ်တော့ ကြည့်ကြည့် မရိုးသွားတဲ့ ဇာတ်ကားဟောင်းကားကောင်းလေးတွေကို ဒီလို ဒီလို ညွှန်းပေးချင်ပါတယ်။ အကြိုက်မတူတာလေးတွေရှိရင်လည်း ဘာကြောင့် အကြိုက်မတူတာလေး ပြောသွားကြပါလို့။

၁) Forrest Gump (1994)

Forrest Gump (1994)

Forrest Gump (1994)

Run Forrest Run ဆိုတဲ့ စကားလေးကို မှတ်မိကြမှာပါ။ Forrest Gump ဆိုတဲ့ လူတစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ Forrest Gump ရဲ့ စဉ်းစားတွေးခေါ်ပုံတွေ၊ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းပုံတွေကို တွေ့ရမှာ ဖြစ်ပြီး လုံးဝ Epic ပါ။ ဒါရိုက်တာ Robert Zemeckis က ရိုက်ကူးပေးထားပြီး နာမည်ကျော်မင်းသားကြီး Tom Hanks ၊ Robin Wright နဲ့ Gary Sinise တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆုနဲ့ အကောင်းဆုံးမင်းသားဆုအပါအဝင် အကယ်ဒမီ (၆) ဆု ရရှိတဲ့ ဇာတ်ကားဖြစ်ပြီး ဝင်ငွေအရလည်း ဒေါ်လာ ၆၇၇.၉ သန်း ဝင်ငွေရရှိခဲ့တဲ့အတွက် အောင်မြင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။

၂) Jurassic Park (1993)

Jurassic Park (1993)

Jurassic Park (1993)

Steven Spielberg ရဲ့ နာမည်ကျော်ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပြီး Jurassic Park ဇာတ်ကားတွဲတွေရဲ့ မူလပထမ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒိုင်နိုဆောတွေကို သူ့ခေတ်သူ့ခါက အပီပြင်ဆုံး ရိုက်ကူးနိုင်ခဲ့ပြီး ဇာတ်လမ်းဇာတ်အိမ်လည်း ဆန်းသစ်တာမို့ အသည်းစွဲခဲ့ရတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို အခုပြန်ကြည့်ရင်လည်း ခေတ်မီနေဆဲမို့ ညွှန်းပါရစေ။ ဒီဇာတ်ကားမှာ Sam Neill ၊ Laura Dern နဲ့ Jeff Goldblum တို့က ဦးဆောင်ပါဝင်ထားပြီး နည်းပညာပိုင်းဆုတွေဖြစ်တဲ့ Visual Effects နဲ့ Sound Design တို့ အပါအဝင် အကယ်ဒမီ ၃ ဆုရခဲ့ပါတယ်။ ဝင်ငွေအရလည်း ဒေါ်လာ ၁.၀၂၉ ဘီလီယံရရှိတဲ့အတွက် အတော်ကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားပါ။

၃) Indiana Jones and the Raiders of the Lost Ark (1981)

Indiana Jones and the raiders of the lost ark

Indiana Jones and the raiders of the lost ark

တော်တော်လေးဟောင်းနေပေမယ့် အတော်လေးလည်း ကောင်းတဲ့ ဇာတ်ကားပါ။ ရတနာသိုက်ရှာတဲ့ ဇာတ်ကားတွေထဲမှာ ဇာတ်လမ်းမိုက်မိုက်၊ ရိုက်ချက်ရှင်းရှင်းနဲ့ စိတ်ဝင်စားစရာတွေ ပြည့်နေတဲ့ ဒီလို ဇာတ်ကားမျိုးက ရှားပါတယ်။ Indiana Jones ဇာတ်ကားတွဲတွေရဲ့ ပထမဦးဆုံးဇာတ်ကားလည်းဖြစ်ပြီး Harrison Ford က Indiana Jones အဖြစ်ပါဝင်ထားပါတယ်။ အကယ်ဒမီဆု ၈ အတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး အကယ်ဒမီ ၅ ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ ဝင်ငွေအနေနဲ့ ဒေါ်လာ ၃၈၉.၉ သန်း ရရှိခဲ့ပြီး ဝင်ငွေကောင်းတဲ့ ဇာတ်ကားစာရင်းကို ဝင်ခဲ့တာဖြစ်ပါတယ်။

၄) The Shawshank Redemption (1994)

The Shawshank Redemption

The Shawshank Redemption

‘The Shawshank Redemption (1994)’ ကတော့ ဒရာမာဇာတ်ကားအမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Frank Darabont ရိုက်ကူးထားကာ Tim Robbins နဲ့ Morgan Freeman တို့က အဓိကပါဝင်ထားပါတယ်။ ဒီဇာတ်ကားဟာ Andy Dufresne ရဲ့ ဘဝဇာတ်ကြောင်းဖြစ်ပြီး အကယ်ဒမီ (၇)ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။ စိတ်မကောင်းစရာက အဲ့ဒီအချိန်က ‘Pulp Fiction (1994)’ နဲ့ ‘Forrest Gump (1994)’ တို့လို ဇာတ်ကားကောင်းတွေ ရှိနေတာရော၊ အမျိုးသမီးဇာတ်ကောင်ပိုင်းအားနည်းတာရော၊ ဇာတ်ကားနာမည်ဆွဲဆောင်မှုမရှိဘူးဆိုပြီးရော ဝင်ငွေအရတော့ ဒေါ်လာ ၅၈.၃ သန်းနဲ့ နည်းခဲ့ပါတယ်။ ဒါပေမယ့် ကြည့်ပြီးရင်း ကြည့်ချင်နေမယ့် ဇာတ်ကားတစ်ကားဆိုတာတော့ အမှန်ပါပဲ။

၅) Die Hard (1988)

Die Hard (1988)

Die Hard (1988)

အက်ရှင်ကိုမှ မရပ်မနားတစ်ချိန်လုံးလှုပ်ရှားတက်ကြွနေတဲ့ ဇာတ်ကားဆိုရင်တော့ ‘Die Hard (1988)’ ဇာတ်ကားကို ညွန်းရမှာပါပဲ။ မင်းသားကလည်း Bruce Willis နဲ့ Alan Rickman လို ဒိတ်ဒိတ်ကြဲတွေပါတယ်လေဗျာ။ ဒီဇာတ်ကားနဲ့ပဲ Bruce Willis ကြီးလည်း အက်ရှင်စတားတစ်ပွင့်အနေနဲ့ တောက်ပလာတာပါပဲ။ ဒီဇာတ်ကားရဲ့ အောင်မြင်မှုဟာ နောက်ဆက်တွဲဇာတ်ကားတွေ ထွက်ရှိရသလို Video Games တွေပါ ထွက်ရှိခဲ့တာပါ။ အကယ်ဒမီ ဆန်ခါတင်စာရင်းမှာ ဆု ၄ ဆုအတွက် ဝင်ခဲ့ပေမယ့် တစ်ဆုမှတော့ မရခဲ့ပါဘူး။ ဝင်ငွေကတော့ ဒေါ်လာ ၁၄၀.၈ သန်းနဲ့ သူ့ခေတ်အခါက ဝင်ငွေကောင်းခဲ့ပါတယ်။

၆) Ghostbusters (1984)

Ghostbusters (1984)

Ghostbusters (1984)

အရမ်းလေးလေးပင်ပင်ကြီးမဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ဟာသလေးမှ ကြည့်ချင်တယ်ဆိုရင်တော့ ‘Ghostbusters (1984)’ ကို ညွှန်းလိုက်ပါတယ်။ သရဲလေး Casper ကို သိသေးတယ်ဆိုရင် ဒီဇာတ်ကားကို ပြန်ကြည့်ချင်ပါတယ်။ ဒီဇာတ်ကားကို Ivan Reitman က ရိုက်ကူးထားပြီး Bill Murray ၊ Aykroyd နဲ့ Ramis တို့က သရဲဖမ်းသမားတွေအနေနဲ့ ဟာသဖောက်ပြီး သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ Best Visual Effects နဲ့ Best Original Song တို့အတွက် အကယ်ဒမီဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ဆုတော့ မရခဲ့ပါဘူး။ ဝင်ငွေအရတော့ ဒေါ်လာ ၂၉၅.၂ သန်းဝင်ခဲ့တဲ့အတွက် ဝင်ငွေကောင်းခဲ့ပါတယ်။

၇) Home Alone (1990)

Home Alone (1990)

Home Alone (1990)

ခရစ္စမတ်ရောက်တိုင်းဘယ်ဇာတ်ကားကြည့်ဖြစ်သလဲဆိုရင် Home Alone လို့ပဲ ဖြေဖြစ်မှာပါ။ Macaulay Culkin ရဲ့ ကလေးဘဝက ညစ်ကျယ်ကျယ်နဲ့ သရုပ်ဆောင်မှုတွေဟာ ပီပြင်သလို လူဆိုးတွေကို ထောင်ချောက်ဆင်ပုံကလည်း ဘယ်နှစ်ခါကြည့်ကြည့်ရယ်နေရတဲ့အတွက် ကြည့်မိတဲ့ အကြိမ်ရေတောင် မမှတ်မိတော့ပါဘူး။ ဒါရိုက်တာ Chris Columbus ရိုက်ကူးထားပြီး ဘတ်ဂျတ် ၁၈ သန်းနဲ့ ရိုက်ကူးကာ ဝင်ငွေ ဒေါ်လာ ၄၇၆.၇ သန်းရရှိတဲ့အတွက် ဝင်ငွေအရမ်းကောင်းခဲ့တဲ့ ဇာတ်ကားလို့ ပြောနိုင်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : ranker.com