[Zawgyi]

အသင္းအတြက္ ေငြေၾကးအက်ိဳးအျမတ္အမ်ားႀကီးရရွိေစခဲ့တဲ့ ကစားသမားအေျပာင္းအေရႊ႕မ်ား

ေဘာလုံးအသင္းတစ္သငး္အတြက္ ကစားသမားတစ္ဦးကုိ ေခၚယူတာဟာ အေလာင္းအစားဆန္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဒီကစားသမားရဲ႕ စြမ္းေဆာင္ရည္၊ နာမည္ေက်ာ္ၾကားမႈအေပၚ မူတည္ၿပီး သူ႔အတြက္ ေပးေခ်ရတဲ့ ေျပာင္းေရႊ႕ေၾကးကလည္း အနည္းနဲ႔အမ်ားကြာဟခ်က္ရွိလုိ႔ပါပဲ။ တခ်ိဳ႕အသင္းေတြကေတာ့ လူငယ္ကစားသမားေတြကုိ ေစ်းေပါေပါနဲ႔ေခၚ ၊ အသင္းမွာ ေနရာေပး၊ နာမည္ႀကီးလာၿပီဆုိမွ ႀကိဳက္ေစ်းနဲ႔ ေရာင္းခ်ေလ့ရွိတယ္။ ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း ပရီးမီးယားလိဂ္ နာမည္ႀကီး အာဆင္နယ္အသင္း လုပ္ခဲ့သလုိေပါ့။ တခ်ိဳ႕ကလပ္ေတြကလည္း နာမည္မႀကီးေပမယ့္ ေျခစြမ္းေျခစရွိတဲ့ ကစားသမားေတြကုိ ေခၚယူၿပီး ထင္ရွားလာေတာ့မွ တျခားအသင္းေတြကုိ ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာင္းခ်ခဲ့ၾကတယ္။ အခုရက္ပုိင္းအတြင္း အဲဗာတန္အသင္းက ၀က္ဖုိ႔ဒ္အသင္းရဲ႕ ဘရာဇီးလ္လူငယ္တိုက္စစ္ကစားသမား ရစ္ခ်ာလီဆန္ Richarlison (၂၁ႏွစ္)ကုိ ေပါင္သန္း(၅၀)နဲ႔ ေခၚယူဖုိ႔ နီးစပ္ေနၿပီဆုိတဲ့ သတင္းေတြထြက္ေနတယ္။ တကယ္လုိ႔ ဒီအေျပာင္းအေရႊ႕သာ တကယ္ျဖစ္လာမယ္ဆုိရင္ ၀က္ဖုိ႔ဒ္အသင္း ေငြထုပ္ပုိက္မယ့္ ကိန္းပါပဲ။ ၀က္ဖုိ႔ဒ္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္၊ ေႏြရာသီတုန္းက ရစ္ခ်ာလီဆန္ကုိ ေပါင္(၁၁.၅)သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး (၁)ႏွစ္အတြင္းမွာပဲ ေပါင္သန္း(၄၀)နီးပါးအထိ အျမတ္ရမယ့္အေနအထားပါ။

ေဘာလုံးေလာကမွာ ေစ်းေပါပါနဲ႔၀ယ္၊ ေၾကးျမင့္ျမင့္နဲ႔ ျပန္ေရာင္းတဲ့ အျဖစ္အပ်က္ေတြက အမ်ားႀကီးရွိခဲ့သလုိ ေနာက္ထပ္လည္းရွိေနဦးမွာပဲ။ အဲဒီထဲကမွ အသင္းအတြက္ ေငြေၾကးအက်ိဳးအျမတ္အမ်ားႀကီးရရွိေစခဲ့တဲ့ ကစားသမားအေျပာင္းအေရႊ႕ေတြကုိ ၿဗိတိန္ထုတ္ Daily Mail သတငး္စာက အခုလုိ ေဖာ္ျပခဲ့ပါတယ္ . .

လာေပါ့တ္ Laporte (ဘီလ္ဘာအုိ မွ မန္စီးတီး -အျမတ္ေငြ ေပါင္ ၅၇.၂သန္း)
အသက္(၁၆)ႏွစ္အရြယ္မွာ ဘီလ္ဘာအုိလူငယ္အသင္းကို စတင္ေရာက္ရွိခဲ့တဲ့ လာေပ့ါတ္ကုိ ၿပီးခဲ့တဲ့ဇန္န၀ါရီလအတြင္းက မန္စီးတီးအသင္းဟာ ေပါင္ (၅၇.၂)သန္းနဲ႔ ေခၚယူခဲ့တယ္။ ဘီလ္ဘာအုိအတြက္ ေငြသုံးစဲြမႈမရွိဘဲ ေပါင္(၅၇.၂)သန္းကုိ သပိတ္၀င္ အိတ္၀င္ရခဲ့တယ္လုိ႔ ဆုိရမယ္။ ကစားသမားေတြ ေရာင္းခ်တာကေန ေငြေၾကးအျမတ္အစြန္း အမ်ားႀကီးရွာေဖြႏုိင္ခဲ့တဲ့ ဘီလ္ဘာအုိအသင္းရဲ႕ Profitable Transfers ထဲမွာ လာေပါ့တ္ရဲ႕အေျပာင္းအေရႊ႕လည္း ပါ၀င္ခဲ့တယ္။

Alisson

Alisson

အယ္လစ္ဆန္ Alisson (႐ုိးမား မွ လီဗာပူးလ္ – အျမတ္ေငြ ေပါင္၅၇.၉သန္း)
၂၀၁၆ ခုႏွစ္တုန္းက ႐ုိးမားအသင္း ဘရာဇီးလ္လက္ေရြးစင္ဂုိးသမား အယ္လစ္ဆန္ Alisson ကုိ အင္တာေနစီယြန္နယ္အသင္းကေန ေခၚယူခဲ့တုန္းက ေပါင္(၇.၁)သန္းသာ ေပးခဲ့ရတယ္။ (၂)ႏွစ္အၾကာမွာေတာ့ အယ္လစ္ဆန္ကုိ လီဗာပူးလ္အသငး္ဆီ ဂုိးသမားတစ္ဦးအတြက္ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္(၆၅)သန္းနဲ႔ ေရာင္းခ်ခဲ့တာေၾကာင့္ ႐ုိးမားအသငး္ ေပါင္(၅၇.၉)သန္းအထိ အျမတ္ေငြရခဲ့တာလည္းျဖစ္ပါတယ္။

မာရက္ဇ္ Mahrez (လက္စတာ မွ မန္စီးတီး – အျမတ္ေငြ ေပါင္ ၅၉.၆သန္း)
လက္စတာအတြက္ေတာ့ မာရက္ဇ္ Mahrez ကုိ ေရာင္းခ်ခဲ့တာက ႏွစ္သီးစားလုိ႔ေတာင္ ဆုိရမယ္။ ၂၀၁၄ ခုႏွစ္မွာ ျပင္သစ္ကလပ္ Le Havre အသင္းကေန မာရက္ဇ္ကုိ ေပါင္(၄)သိနး္နဲ႔ ေခၚတယ္၊ မာရက္ဇ္ရဲ႕ စြမ္းေဆာင္ရည္ေတြကုိ ေကာင္းေကာင္းအသုံးခ်ခဲ့ၿပီး ၂၀၁၅-၁၆ ပရီးမီးယားလိဂ္ဖလားကုိ ရယူႏုိင္ခဲ့တယ္။ အခုလည္း ေပါင္(၄)သိန္းတန္ မာရက္ဇ္ကုိ မန္စီးတီးအသင္းဆီ ေပါင္သန္း(၆၀)နဲ႔ေရာင္းခ်ခဲ့တာေၾကာင့္ လက္စတာအသင္းဟာ အျမတ္ေငြ ေပါင္(၅၉.၆)သန္းအထိ ရရွိခဲ့ပါတယ္။

စီေရာ္နယ္လ္ဒုိ Cristiano Ronaldo (မန္ယူ မွ ရီးယဲလ္ – အျမတ္ေငြ ေပါင္၆၇.၈သန္း)
စီေရာ္နယ္လ္ဒုိကုိ ေျခစြမ္းအေကာင္းဆုံးအခ်ိန္မွာ ရီးယဲလ္အသင္းဆီ လက္လႊတ္ခဲ့တဲ့ မန္ယူ အျမတ္ရခဲ့ေပမယ့္ ေသခ်ာျပန္စဥ္းစားရင္ ႐ႈံးပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ စီေရာ္နယ္လ္ဒုိရဲ႕ ကြင္းတြင္းစြမ္းေဆာင္ရည္၊ ကြင္းျပင္ပ ေအာင္ျမင္မႈနဲ႔ ႏႈိုင္းယွဥ္ရင္ မန္ယူရခဲ့တဲ့ အျမတ္ေငြ ေပါင္(၆၇.၈)သန္းဆုိတာက ဘာမွ ေျပာပေလာက္တဲ့ ပမာဏမဟုတ္ေတာ့ဘူး။ ၂၀၀၃ ခုႏွစ္က စပုိ႔တင္းလစၥဘြန္းအသင္းကေန ေပါင္(၁၂.၂) သန္းနဲ႔ ေခၚယူခဲ့ၿပီး ၂၀၀၉ ခုႏွစ္မွာ အဲဒီတုန္းက ကမၻာ႔စံခ်ိန္တင္ျဖစ္တဲ့ ေပါင္သန္း(၈၀)နဲ႔ ရီးယဲလ္အသင္းဆီ ေရာင္းခ်ခဲ့တာပါ။

Cristiano-Ronaldo

Cristiano-Ronaldo

ဂါရတ္ေဘးလ္ Gareth Bale (စပါးမွ ရီးယဲလ္ – အျမတ္ေငြ ေပါင္ ၇၅ သန္း)
ေဆာက္သမ္တန္အသင္းမွာ စတင္ေတာက္ပလာတဲ့ ဂါရတ္ေဘးလ္အတြက္ စပါးအသင္း သုံးစဲြခဲ့တဲ့ ေငြက ေပါင္(၁၀)သန္းပါ။ ရီးယဲလ္အသငး္ဆီ ေရာင္းခ်ခဲ့တဲ့အခ်ိန္မွာ ေပါင္(၈၅)သန္းအထိရခဲ့တာေၾကာင့္ အျမတ္အစြန္းအမ်ားႀကီးရရွိခဲ့တယ္။

အူစမန္ဒမ္ဘီလီ Ousmane Dembele (ေဒ့ါမြန္ မွ ဘာစီလုိနာ – အျမတ္ေငြ ေပါင္ ၈၁သန္း)
လက္ရွိ လူငယ္ၾကယ္ပြင့္ကစားသမားေတြထဲမွာ တစ္ဦးအပါအ၀င္အျဖစ္ သတ္မွတ္ခံထားရသူ အူစမန္ဒမ္ဘီလီဟာ ၂၀၁၆ ခုႏွစ္က ရန္းစ္အသင္းကေန ေဒ့ါမြန္အသင္းကုိ ေရာက္ရွိခဲ့တယ္။ ၂၀၁၇-၁၈ ရာသီအစမွာ ဘာစီလုိနာအသင္းရဲ႕ အဓိကတုိက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ေနမာ Neymar ကုိ PSG အသင္းက ေခၚယူသြားတာေၾကာင့္ သူ႔ေနရာမွာ အစားထုိးဖုိ႔အတြက္ အူစမန္ဒမ္ဘီလီကုိ ေပါင္(၉၇)သန္းအထိ ေပးၿပီး ေခၚယူခဲ့ရတယ္။ ၾကားထဲက ေဒ့ါမြန္အသင္း ေပါင္(၈၁)သန္းအျမတ္ထြက္ခဲ့ပါတယ္။

Pogba

Pogba

ေပါ့ဘာ Pogba (ဂ်ဴဗင္တပ္စ္ မွ မန္ယူ – အျမတ္ေငြ ေပါင္ ၈၉သန္း)
ေပါ့ဘာရဲ႕ အေျပာင္းအေရႊ႕မွာ မန္ယူ ေတာ္ေတာ္နစ္နာခဲ့တယ္လုိ႔ ဆုိရမယ္။ ၂၀၀၉ ခုႏွစ္မွာ ျပင္သစ္ကလပ္ Le Havre အသငး္ကေန ေပါ့ဘာကုိ ေခၚခဲ့တုန္းက စည္းမ်ဥ္းစည္းကမ္းေတြ ခ်ိဳးေဖာက္ခဲ့တယ္လုိ႔ စြပ္စဲြခ်က္ေတြေၾကာင့္ မန္ယူအသင္း ျပႆနာေတြရွင္းခဲ့ရေသးတယ္။ ဒါေပမဲ့ သိပ္မၾကာပါဘူး ၂၀၁၂ ခုႏွစ္မွာ ေပါ့ဘာက ဂ်ဴဗင္တပ္စ္အသင္းဆီ အလြတ္နဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီး ၂၀၁၆ မွာေတာ့ မန္ယူက ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္(၈၉)သန္းအထိေပးၿပီးမွ ျပန္လည္ ေခၚယူခဲ့တာေၾကာင့္ အရည္အေသြးျမင့္ လူငယ္တစ္ဦးကုိ လြယ္လြယ္နဲ႔လက္လႊတ္လုိက္တဲ့အက်ိဳးဆက္ကုိ ခံစားခဲ့ရတာျဖစ္ပါတယ္။

ေကာ္တင္ဟုိ Coutinho (လီဗာပူးလ္ မွ ဘာစီလုိနာ – အျမတ္ေငြ ေပါင္ ၁၃၆.၅ သန္း)
ေကာ္တင္ဟုိရဲ႕အေျပာင္းအေရႊ႕ကေတာ့ လီဗာပူးလ္အတြက္ေရာ ဘာစီလုိနာအတြက္ပါ ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိေစတယ္လုိ႔ ေျပာရမွာျဖစ္ပါတယ္။ ေကာ္တင္ဟုိကုိ ေရာင္းခ်ခဲ့လုိ႔ လီဗာပူးလ္အသင္း အျမတ္ရခဲ့သလုိ၊ ဘာစီလုိနာအသငး္ကလည္း ကြင္းလယ္အတြက္ တကယ္လုိအပ္တဲ့ ကစားသမားေကာင္းတစ္ဦးကုိ ရရွိခဲ့တယ္။ ဒါ့အျပင္ ဆုဖလားေတြ ကုိင္ေျမႇာက္ဖုိ႔ ဆႏၵရွိခဲ့တဲ့ ေကာ္တင္ဟုိအတြက္လည္း သူ႔ ဆႏၵေတြျပည့္ၿပီလုိ႔ ဆုိရမယ္။

Neymar

Neymar

ေနမာ Neymar (ဘာစီလုိနာ မွ PSG – အျမတ္ေငြ ေပါင္ ၁၄၉ သန္း)
PSG ကုိ ေနမာ ေျပာင္းေရႊ႕ခဲ့တာက တကယ့္ကုိ မေမွ်ာ္လင့္ထားတဲ့အေျပာင္းအေရႊ႕ပါ။ ေနမာက မက္ဆီရဲ႕ ေလာင္းရိပ္ေအာက္ကေန ထြက္ဖုိ႔ဆႏၵရွိေနတဲ့အတြက္ PSG ကုိ ေရြးခ်ယ္ခဲ့တာျဖစ္ေပမယ့္ အခုအခ်ိန္မွာ သူလုိခ်င္တဲ့အေနအထားအထိ မေရာက္ေသးပါဘူး။ ဘာစီလုိနာအသင္း ေငြၾကးအျမတ္အစြန္းရခဲ့ေပမယ့္ ေနမာေနရာကုိ အစားထုိးဖုိ႔အတြက္ ခက္ခဲေနဆဲပါပဲ။

ဘာေပ Mbappe (မုိနာကုိ မွ PSG – အျမတ္ေငြ ေပါင္ ၁၆၆ သန္း)
ဘာေပလုိ ကစားသမားမ်ိဳးကုိ PSG လက္ဦးမႈယူၿပီး ေခၚယူခဲ့တာ အရမ္းမွန္ပါတယ္။ အခုအခ်ိန္မွာ ဘာေပရဲ႕ တန္ဖုိးက သူတို႔ ေပးခဲ့ရတဲ့တန္ဖုိးထက္ ပုိမ်ားေနၿပီ။ အခုေနာက္ပုိင္းႏွစ္ေတြမွာ ကစားသမားေတြကုိ ေရာင္းခ်ၿပီး ေငြေၾကးအျမတ္ရွာေဖြေနတဲ့ မုိနာကုိအသင္းအတြက္ေတာ့ ဘာေပရဲ႕အေျပာင္းအေရႊ႕ေၾကာင့္ ေငြထုပ္ပုိက္သြားခဲ့တယ္။

Mbappe

Mbappe

ကဲ .. ပရိသတ္ႀကီးေရ. ..ဒါေတြကေတာ့ Daily Mail သတင္းစာက ေဖာ္ျပခဲ့တဲ့ အသင္းအတြက္ အက်ိဳးအျမတ္ရရွိေစခဲ့တဲ့ ကစားသမားအေျပာင္းအေရႊ႕ေတြပဲျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ အျမင္ကေရာ ဘယ္လုိရွိမလဲဆုိတာ သိပါရေစလား . . .

REF:Daily Mail
Photo:The Independent,Football Beats,YouTube,Quartz
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အသင်းအတွက် ငွေကြေးအကျိုးအမြတ်အများကြီးရရှိစေခဲ့တဲ့ ကစားသမားအပြောင်းအရွှေ့များ

ဘောလုံးအသင်းတစ်သင်းအတွက် ကစားသမားတစ်ဦးကို ခေါ်ယူတာဟာ အလောင်းအစားဆန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကစားသမားရဲ့ စွမ်းဆောင်ရည်၊ နာမည်ကျော်ကြားမှုအပေါ် မူတည်ပြီး သူ့အတွက် ပေးချေရတဲ့ ပြောင်းရွှေ့ကြေးကလည်း အနည်းနဲ့အများကွာဟချက်ရှိလို့ပါပဲ။ တချို့အသင်းတွေကတော့ လူငယ်ကစားသမားတွေကို ဈေးပေါပေါနဲ့ခေါ် ၊ အသင်းမှာ နေရာပေး၊ နာမည်ကြီးလာပြီဆိုမှ ကြိုက်ဈေးနဲ့ ရောင်းချလေ့ရှိတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပရီးမီးယားလိဂ် နာမည်ကြီး အာဆင်နယ်အသင်း လုပ်ခဲ့သလိုပေါ့။ တချို့ကလပ်တွေကလည်း နာမည်မကြီးပေမယ့် ခြေစွမ်းခြေစရှိတဲ့ ကစားသမားတွေကို ခေါ်ယူပြီး ထင်ရှားလာတော့မှ တခြားအသင်းတွေကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ရောင်းချခဲ့ကြတယ်။ အခုရက်ပိုင်းအတွင်း အဲဗာတန်အသင်းက ဝက်ဖို့ဒ်အသင်းရဲ့ ဘရာဇီးလ်လူငယ်တိုက်စစ်ကစားသမား ရစ်ချာလီဆန် Richarlison (၂၁နှစ်)ကို ပေါင်သန်း(၅၀)နဲ့ ခေါ်ယူဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေထွက်နေတယ်။ တကယ်လို့ ဒီအပြောင်းအရွှေ့သာ တကယ်ဖြစ်လာမယ်ဆိုရင် ဝက်ဖို့ဒ်အသင်း ငွေထုပ်ပိုက်မယ့် ကိန်းပါပဲ။ ဝက်ဖို့ဒ်အသင်းဟာ ပြီးခဲ့တဲ့နှစ်၊ နွေရာသီတုန်းက ရစ်ချာလီဆန်ကို ပေါင်(၁၁.၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး (၁)နှစ်အတွင်းမှာပဲ ပေါင်သန်း(၄၀)နီးပါးအထိ အမြတ်ရမယ့်အနေအထားပါ။

ဘောလုံးလောကမှာ ဈေးပေါပါနဲ့ဝယ်၊ ကြေးမြင့်မြင့်နဲ့ ပြန်ရောင်းတဲ့ အဖြစ်အပျက်တွေက အများကြီးရှိခဲ့သလို နောက်ထပ်လည်းရှိနေဦးမှာပဲ။ အဲဒီထဲကမှ အသင်းအတွက် ငွေကြေးအကျိုးအမြတ်အများကြီးရရှိစေခဲ့တဲ့ ကစားသမားအပြောင်းအရွှေ့တွေကို ဗြိတိန်ထုတ် Daily Mail သတင်းစာက အခုလို ဖော်ပြခဲ့ပါတယ် . .

လာပေါ့တ် Laporte (ဘီလ်ဘာအို မှ မန်စီးတီး -အမြတ်ငွေ ပေါင် ၅၇.၂သန်း)
အသက်(၁၆)နှစ်အရွယ်မှာ ဘီလ်ဘာအိုလူငယ်အသင်းကို စတင်ရောက်ရှိခဲ့တဲ့ လာပေ့ါတ်ကို ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းက မန်စီးတီးအသင်းဟာ ပေါင် (၅၇.၂)သန်းနဲ့ ခေါ်ယူခဲ့တယ်။ ဘီလ်ဘာအိုအတွက် ငွေသုံးစွဲမှုမရှိဘဲ ပေါင်(၅၇.၂)သန်းကို သပိတ်ဝင် အိတ်ဝင်ရခဲ့တယ်လို့ ဆိုရမယ်။ ကစားသမားတွေ ရောင်းချတာကနေ ငွေကြေးအမြတ်အစွန်း အများကြီးရှာဖွေနိုင်ခဲ့တဲ့ ဘီလ်ဘာအိုအသင်းရဲ့ Profitable Transfers ထဲမှာ လာပေါ့တ်ရဲ့အပြောင်းအရွှေ့လည်း ပါဝင်ခဲ့တယ်။

Alisson

Alisson

အယ်လစ်ဆန် Alisson (ရိုးမား မှ လီဗာပူးလ် – အမြတ်ငွေ ပေါင်၅၇.၉သန်း)
၂၀၁၆ ခုနှစ်တုန်းက ရိုးမားအသင်း ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား အယ်လစ်ဆန် Alisson ကို အင်တာနေစီယွန်နယ်အသင်းကနေ ခေါ်ယူခဲ့တုန်းက ပေါင်(၇.၁)သန်းသာ ပေးခဲ့ရတယ်။ (၂)နှစ်အကြာမှာတော့ အယ်လစ်ဆန်ကို လီဗာပူးလ်အသင်းဆီ ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၆၅)သန်းနဲ့ ရောင်းချခဲ့တာကြောင့် ရိုးမားအသင်း ပေါင်(၅၇.၉)သန်းအထိ အမြတ်ငွေရခဲ့တာလည်းဖြစ်ပါတယ်။

မာရက်ဇ် Mahrez (လက်စတာ မှ မန်စီးတီး – အမြတ်ငွေ ပေါင် ၅၉.၆သန်း)
လက်စတာအတွက်တော့ မာရက်ဇ် Mahrez ကို ရောင်းချခဲ့တာက နှစ်သီးစားလို့တောင် ဆိုရမယ်။ ၂၀၁၄ ခုနှစ်မှာ ပြင်သစ်ကလပ် Le Havre အသင်းကနေ မာရက်ဇ်ကို ပေါင်(၄)သိန်းနဲ့ ခေါ်တယ်၊ မာရက်ဇ်ရဲ့ စွမ်းဆောင်ရည်တွေကို ကောင်းကောင်းအသုံးချခဲ့ပြီး ၂၀၁၅-၁၆ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တယ်။ အခုလည်း ပေါင်(၄)သိန်းတန် မာရက်ဇ်ကို မန်စီးတီးအသင်းဆီ ပေါင်သန်း(၆၀)နဲ့ရောင်းချခဲ့တာကြောင့် လက်စတာအသင်းဟာ အမြတ်ငွေ ပေါင်(၅၉.၆)သန်းအထိ ရရှိခဲ့ပါတယ်။

စီရော်နယ်လ်ဒို Cristiano Ronaldo (မန်ယူ မှ ရီးယဲလ် – အမြတ်ငွေ ပေါင်၆၇.၈သန်း)
စီရော်နယ်လ်ဒိုကို ခြေစွမ်းအကောင်းဆုံးအချိန်မှာ ရီးယဲလ်အသင်းဆီ လက်လွှတ်ခဲ့တဲ့ မန်ယူ အမြတ်ရခဲ့ပေမယ့် သေချာပြန်စဉ်းစားရင် ရှုံးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီရော်နယ်လ်ဒိုရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်၊ ကွင်းပြင်ပ အောင်မြင်မှုနဲ့ နှိုင်းယှဉ်ရင် မန်ယူရခဲ့တဲ့ အမြတ်ငွေ ပေါင်(၆၇.၈)သန်းဆိုတာက ဘာမှ ပြောပလောက်တဲ့ ပမာဏမဟုတ်တော့ဘူး။ ၂၀၀၃ ခုနှစ်က စပို့တင်းလစ္စဘွန်းအသင်းကနေ ပေါင်(၁၂.၂) သန်းနဲ့ ခေါ်ယူခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ အဲဒီတုန်းက ကမ္ဘာ့စံချိန်တင်ဖြစ်တဲ့ ပေါင်သန်း(၈၀)နဲ့ ရီးယဲလ်အသင်းဆီ ရောင်းချခဲ့တာပါ။

Cristiano-Ronaldo

Cristiano-Ronaldo

ဂါရတ်ဘေးလ် Gareth Bale (စပါးမှ ရီးယဲလ် – အမြတ်ငွေ ပေါင် ၇၅ သန်း)
ဆောက်သမ်တန်အသင်းမှာ စတင်တောက်ပလာတဲ့ ဂါရတ်ဘေးလ်အတွက် စပါးအသင်း သုံးစွဲခဲ့တဲ့ ငွေက ပေါင်(၁၀)သန်းပါ။ ရီးယဲလ်အသင်းဆီ ရောင်းချခဲ့တဲ့အချိန်မှာ ပေါင်(၈၅)သန်းအထိရခဲ့တာကြောင့် အမြတ်အစွန်းအများကြီးရရှိခဲ့တယ်။

အူစမန်ဒမ်ဘီလီ Ousmane Dembele (ဒေ့ါမွန် မှ ဘာစီလိုနာ – အမြတ်ငွေ ပေါင် ၈၁သန်း)
လက်ရှိ လူငယ်ကြယ်ပွင့်ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရသူ အူစမန်ဒမ်ဘီလီဟာ ၂၀၁၆ ခုနှစ်က ရန်းစ်အသင်းကနေ ဒေ့ါမွန်အသင်းကို ရောက်ရှိခဲ့တယ်။ ၂၀၁၇-၁၈ ရာသီအစမှာ ဘာစီလိုနာအသင်းရဲ့ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ နေမာ Neymar ကို PSG အသင်းက ခေါ်ယူသွားတာကြောင့် သူ့နေရာမှာ အစားထိုးဖို့အတွက် အူစမန်ဒမ်ဘီလီကို ပေါင်(၉၇)သန်းအထိ ပေးပြီး ခေါ်ယူခဲ့ရတယ်။ ကြားထဲက ဒေ့ါမွန်အသင်း ပေါင်(၈၁)သန်းအမြတ်ထွက်ခဲ့ပါတယ်။

Pogba

Pogba

ပေါ့ဘာ Pogba (ဂျူဗင်တပ်စ် မှ မန်ယူ – အမြတ်ငွေ ပေါင် ၈၉သန်း)
ပေါ့ဘာရဲ့ အပြောင်းအရွှေ့မှာ မန်ယူ တော်တော်နစ်နာခဲ့တယ်လို့ ဆိုရမယ်။ ၂၀၀၉ ခုနှစ်မှာ ပြင်သစ်ကလပ် Le Havre အသင်းကနေ ပေါ့ဘာကို ခေါ်ခဲ့တုန်းက စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲချက်တွေကြောင့် မန်ယူအသင်း ပြဿနာတွေရှင်းခဲ့ရသေးတယ်။ ဒါပေမဲ့ သိပ်မကြာပါဘူး ၂၀၁၂ ခုနှစ်မှာ ပေါ့ဘာက ဂျူဗင်တပ်စ်အသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၆ မှာတော့ မန်ယူက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၈၉)သန်းအထိပေးပြီးမှ ပြန်လည် ခေါ်ယူခဲ့တာကြောင့် အရည်အသွေးမြင့် လူငယ်တစ်ဦးကို လွယ်လွယ်နဲ့လက်လွှတ်လိုက်တဲ့အကျိုးဆက်ကို ခံစားခဲ့ရတာဖြစ်ပါတယ်။

ကော်တင်ဟို Coutinho (လီဗာပူးလ် မှ ဘာစီလိုနာ – အမြတ်ငွေ ပေါင် ၁၃၆.၅ သန်း)
ကော်တင်ဟိုရဲ့အပြောင်းအရွှေ့ကတော့ လီဗာပူးလ်အတွက်ရော ဘာစီလိုနာအတွက်ပါ နှစ်ဦးနှစ်ဖက်အကျိုးရှိစေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ကော်တင်ဟိုကို ရောင်းချခဲ့လို့ လီဗာပူးလ်အသင်း အမြတ်ရခဲ့သလို၊ ဘာစီလိုနာအသင်းကလည်း ကွင်းလယ်အတွက် တကယ်လိုအပ်တဲ့ ကစားသမားကောင်းတစ်ဦးကို ရရှိခဲ့တယ်။ ဒါ့အပြင် ဆုဖလားတွေ ကိုင်မြှောက်ဖို့ ဆန္ဒရှိခဲ့တဲ့ ကော်တင်ဟိုအတွက်လည်း သူ့ ဆန္ဒတွေပြည့်ပြီလို့ ဆိုရမယ်။

Neymar

Neymar

နေမာ Neymar (ဘာစီလိုနာ မှ PSG – အမြတ်ငွေ ပေါင် ၁၄၉ သန်း)
PSG ကို နေမာ ပြောင်းရွှေ့ခဲ့တာက တကယ့်ကို မမျှော်လင့်ထားတဲ့အပြောင်းအရွှေ့ပါ။ နေမာက မက်ဆီရဲ့ လောင်းရိပ်အောက်ကနေ ထွက်ဖို့ဆန္ဒရှိနေတဲ့အတွက် PSG ကို ရွေးချယ်ခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာ သူလိုချင်တဲ့အနေအထားအထိ မရောက်သေးပါဘူး။ ဘာစီလိုနာအသင်း ငွေကြးအမြတ်အစွန်းရခဲ့ပေမယ့် နေမာနေရာကို အစားထိုးဖို့အတွက် ခက်ခဲနေဆဲပါပဲ။

ဘာပေ Mbappe (မိုနာကို မှ PSG – အမြတ်ငွေ ပေါင် ၁၆၆ သန်း)
ဘာပေလို ကစားသမားမျိုးကို PSG လက်ဦးမှုယူပြီး ခေါ်ယူခဲ့တာ အရမ်းမှန်ပါတယ်။ အခုအချိန်မှာ ဘာပေရဲ့ တန်ဖိုးက သူတို့ ပေးခဲ့ရတဲ့တန်ဖိုးထက် ပိုများနေပြီ။ အခုနောက်ပိုင်းနှစ်တွေမှာ ကစားသမားတွေကို ရောင်းချပြီး ငွေကြေးအမြတ်ရှာဖွေနေတဲ့ မိုနာကိုအသင်းအတွက်တော့ ဘာပေရဲ့အပြောင်းအရွှေ့ကြောင့် ငွေထုပ်ပိုက်သွားခဲ့တယ်။

Mbappe

Mbappe

ကဲ .. ပရိသတ်ကြီးရေ. ..ဒါတွေကတော့ Daily Mail သတင်းစာက ဖော်ပြခဲ့တဲ့ အသင်းအတွက် အကျိုးအမြတ်ရရှိစေခဲ့တဲ့ ကစားသမားအပြောင်းအရွှေ့တွေပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အမြင်ကရော ဘယ်လိုရှိမလဲဆိုတာ သိပါရစေလား . . .

REF:Daily Mail
Photo:The Independent,Football Beats,YouTube,Quartz
Naing Linn(Akhayar)
www.akhayar.com