[Zawgyi]
Stella(Akhayar)
www.Akhayar.com 
[Unicode]
HairColor အသစ်လေးနဲ့ ပုံစံတစ်မျိုးလေးချစ်စရာကောင်းနေတဲ့ ဖွေးစိန်
မြန်မာပြည်ရဲ့ လူကြိုက်အများဆုံး ထိပ်တန်းမင်းသမီးတွေထဲမှာ အကယ်ဒမီရ မင်းသမီးချောလေး ဖွေးဖွေး တစ်ယောက်လည်း ပါဝင်ပါတယ်။ အနုပညာလောကရဲ့ ဝင်ငွေအကောင်းဆုံးမင်းသမီးတစ်လက်လည်းဖြစ်တဲ့ ဖွေးစိန်ကတော့  ဆံပင်ကာလာလေးတွေမကြာခဏ ပြောင်းလေ့ရှိပြီး သူမထားတဲ့ ဆံပင်ကာလာလေးတွေကလည်း လူမှုကွန်ရက်ပေါ်ထိ လူကြိုက်များလေ့ရှိပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်ပွဲခံနေတဲ့ ဖွေးစိန်ကတော့ အနယ်နယ်ရပ်ရပ်ကပရိသတ်တွေကိုလက်မှတ်ရေးထိုးပွဲမှာလည်း အလှဆုံးဖြစ်နေခဲ့ပါတယ်။
တစ်နေ့တစ်ခြားပိုပိုပြီးချစ်စရာကောင်းလာတဲ့ ဖွေးစိန်တစ်ယောက်  အခုဆိုရင်လည်း ဆံပင်ကာလာအဆန်းလေးစပ်ဆိုးထားပြန်ပြီမို့ ဘိုမရုပ်လေးအတိုင်းလှနေတာကို တွေ့ရပါတယ်။ သရုပ်ဆောင်ပီပြင်ရုံသာမက ဖက်ရှင်ပိုင်းမှာလည်း အထာကျကျ ဝတ်ဆင်တတ်တဲ့ ဖွေးစိန် ရဲ့ ဖက်ရှင်နဲ့ အလှအပအပြင်အဆင်တွေဟာ သူများတွေထက်ကို ထင်ထင်ပေါ်ပေါ်ဖြစ်လေ့ရှိပါတယ်။
ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးထားတဲ့ ဖွေးစိန်ဟာ လက်ပံဇာတ်ကားနဲ့အတူ ပွဲဦးထွက် အောင်မြင်မှုမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီး ကျွန်မက နှင်းဆီမောင် ဇာတ်ကားနဲ့လည်း ပရိသတ်အားပေးမှုတခဲနက်ရရှိခဲ့တာဖြစ်ပါတယ်။ ဆံပင်ကာလာအသစ်လေးနဲ့တစ်မျိုုးလေး အထာကျနေတဲ့ ဖွေးစိန်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
Photos Credit – Phway Phway and DEAR MARY Hair & Beauty Lounge
Stella(Akhayar)
www.Akhayar.com