[Zawgyi]

ေၾကးႀကီးေပးခဲ့ရေပမယ့္ ေမွ်ာ္လင့္သေလာက္ ေျခစြမ္းမျပႏုိင္ေသးတဲ့ ကစားသမားမ်ား

ေဘာလုံးေလာကမွာ ကစားသမားအေျပာင္းအေရႊ႕ဆုိတာက Gambling ဆန္ပါတယ္။ တျခားအသင္းမွာ ေျခစြမ္းျပကစားေနလုိ႔ ေၾကးႀကီးေပးေခၚခဲ့ၿပီး ကုိယ့္အသင္းေရာက္မွ မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကုိက္တာမ်ိဳး ျဖစ္ရပ္ေတြက ခဏခဏပါပဲ။ ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေရႊ႕ကာလတုနး္က ဥေရာပထိပ္သီးအသင္းေတြဟာ အသင္းအတြက္ အက်ိဳးရွိမယ္ထင္လုိ႔ ကစာသမားေတြကုိ ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးေတြနဲ႔ ေခၚယူခဲ့ေပမယ့္ အခုအခ်ိန္အထိ ပရိသတ္ေတြ စိတ္ေက်နပ္ေလာက္တဲ့ ေျခစြမ္းမ်ိဳး မျပသႏုိင္ေသးသူေတြလည္း ရွိေနပါတယ္။ ဥပမာေျပာရရင္ ယူ႐ုိ(၃၁)သန္းနဲ႔ အဲဗာတန္ကုိ ေျပာင္းေရႊ႕ခဲ့ၿပီး ဒဏ္ရာနဲ႔သာ ႐ုန္းကန္ေနရတဲ့ ကုိလံဘီယာေနာက္ခံလူ ယဲလ္မီနာ Yerry Mina ၊ ဘာစီလုိနာကေန အငွားနဲ႔ ေျပာင္းေရႊ႔ၿပီး ေျခစြမ္း မျပႏုိင္ေသးတဲ့ အန္ဒေရဂုိးမက္စ္ Andre Gomes တုိ႔လုိ ကစားသမားေတြပါ။ သူတို႔လုိပဲ ေၾကးႀကီးေပး ေခၚယူခဲ့ေပမယ့္ ေျခစြမ္းမျပႏုိင္ေသးတဲ့ ကစားသမားေတြ ရွိေနၿပီး သူတို႔ေတြကေတာ့ . . .

၁ . ဗင္နီစီယက္စ္ဂ်ဴနီယာ Vinicius Junior (ရီးယဲလ္)

Vinicius-Junior

Vinicius-Junior

ရီးယဲလ္အသင္းဟာ ဘရာဇီးလ္ ဆယ္ေက်ာ္သက္ လူငယ္ၾကယ္ပြင့္ ဗင္နီစီယက္စ္ဂ်ဴနီယာကုိ ယူ႐ုိ(၄၆)သန္းအထိ ေပးၿပီး ေခၚယူခဲ့တယ္။ ဒါဟာ အသက္(၁၉)ႏွစ္ေအာက္ ကစားသမားအေျပာင္းအေရႊ႕မွာ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ပမာဏျဖစ္ခဲ့ေပမယ့္ ဗင္နီစီယက္စ္ဂ်ဴနီယာကေတာ့ အခုအထိ ဒီတန္ဖုိးနဲ႔ ထုိက္တန္တဲ့ ေျခစြမ္းမ်ိဳး မျပသႏုိင္ေသးဘဲ အသင္းအတြက္ (၁၇)မိနစ္သာ ကစားရပါေသးတယ္။

၂ . မဲလ္ကြန္ Malcom (ဘာစီလုိနာ)

Malcom

Malcom

ဘာစီလုိနာအသင္းဟာ ႐ုိးမားအသင္းကုိ ေျပာင္းေရႊ႕ဖုိ႔ သေဘာတူညီမႈရထားတဲ့ မဲလ္ကြန္ကုိ ယူ႐ုိ(၄၁)သန္းနဲ႔ ၾကားျဖတ္ ေခၚယူခဲ့တာပါ။ ဒါေပမဲ့ အခုအခ်ိန္အထိ မဲလ္ကြန္ဟာ အသင္းအတြက္ (၂၄)မိနစ္သာ ကစားခဲ့ရတယ္။

၃. ဖာဘင္ဟုိ Fabinho (လီဗာပူးလ္)

Fabinho

Fabinho

ဖာဘင္ဟုိရဲ႕ အေနအထားက နည္းနည္းေတာ့ အံ့အားသင့္ဖုိ႔ေကာင္းေနတယ္။ ပထမေတာ့ ဒဏ္ရာေၾကာင့္ ယာဂန္ကေလာ့ပ္ Jurgen Klopp က သူ႔ကုိ အသုံးမျပဳေပမယ့္ ေနာက္ပုိင္း ဒဏ္ရာျပန္ေကာင္းလာေတာ့လည္း Line Up Out ထားျပန္တယ္။ PSG အသင္းကုိ အႏုိင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြမွာ ပထမဆုံးအႀကိမ္ လူစား၀င္ကစားခဲ့ရေပမယ့္ ေနာက္ပုိင္းပဲြေတြမွာ ပဲြထြက္ခြင့္မရခဲ့ပါဘူး။

၄. မာရီယာႏုိ Mariano (ရီးယဲလ္)

Mariano

Mariano

လုိင္ယြန္အသင္းမွာ ေျခစြမ္းျပေနတဲ့ အသင္းလူငယ္ကစားသမားေဟာင္း မာရီယာႏုိကုိ ရီးယဲလ္အသင္းက ေမွ်ာ္လင့္တႀကီးနဲ႔ ျပန္ေခၚခဲ့ၿပီး ဂႏၳ၀င္ေက်ာနံပါတ္(၇)ကုိလည္း ၀တ္ဆင္ခြင့္ေပးခဲ့တယ္။ ဒါေပမဲ့ ယာရီယာႏုိဟာ အခုအထိ ေမွ်ာ္လင့္သေလာက္ ေျခစြမ္းမျပႏုိင္ေသးတာေၾကာင့္ သူ႔အတြက္ သုံးစဲြခဲ့တဲ့ ယူ႐ုိ(၂၃)သန္းတန္ဖုိးနဲ႔ တူညီတဲ့ စြမ္းေဆာင္ရည္မ်ိဳး ျပသဖုိ႔လုိေနပါၿပီ။

၅ . ေဖဘီယန္႐ုဇ္ Fabián Ruiz (နာပုိလီ)

Fabián-Ruiz

Fabián-Ruiz

ၿပီးခဲ့တဲ့ရာသီက ဘက္တစ္အသင္းနဲ႔အတူ ေတာက္ပခဲ့တဲ့ စပိန္လူငယ္ကြင္းလယ္လူ ေဖဘီယန္႐ုဇ္ကုိ နာပုိလီအသင္းဟာ ဒီရာသီအစမွာ ယူ႐ုိသန္း(၃၀)အထိ ေပးၿပီး ေခၚယူခဲ့တယ္။ ဒါေပမဲ့ ေဖဘီယန္႐ုဇ္ဟာ အခုအထိ ၿပိဳင္ပဲြစုံ (၁)ပဲြသာ ကစားခဲ့ရေသးသလုိ အီတလီေျမမွာ အံ၀င္ဖုိ႔ ႐ုန္းကန္ေနရပါၿပီ။

အသင္းသစ္တစ္သင္းမွာ ကစားသမားတစ္ဦး ေျခစြမ္းျပဖုိ႔ အခ်ိန္ကာလတစ္ခုေတာ့ လုိအပ္ပါတယ္။ အခုေဖာ္ျပထားတဲ့ ကစားသမားေတြဟာ အရည္အေသြးရွိတဲ့သူေတြျဖစ္တာေၾကာင့္ အခ်ိန္အတိုင္းအတာတစ္ခု ေရာက္ရင္ေတာ့ ပုံမွန္ေျခစြမ္းျပသႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမွာပါ . . .

REF:Marca
Photo:Marca,The Transfer Tavern,Vaaju.
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကြေးကြီးပေးခဲ့ရပေမယ့် မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်သေးတဲ့ ကစားသမားများ

ဘောလုံးလောကမှာ ကစားသမားအပြောင်းအရွှေ့ဆိုတာက Gambling ဆန်ပါတယ်။ တခြားအသင်းမှာ ခြေစွမ်းပြကစားနေလို့ ကြေးကြီးပေးခေါ်ခဲ့ပြီး ကိုယ့်အသင်းရောက်မှ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာမျိုး ဖြစ်ရပ်တွေက ခဏခဏပါပဲ။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလတုန်းက ဥရောပထိပ်သီးအသင်းတွေဟာ အသင်းအတွက် အကျိုးရှိမယ်ထင်လို့ ကစာသမားတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့ပေမယ့် အခုအချိန်အထိ ပရိသတ်တွေ စိတ်ကျေနပ်လောက်တဲ့ ခြေစွမ်းမျိုး မပြသနိုင်သေးသူတွေလည်း ရှိနေပါတယ်။ ဥပမာပြောရရင် ယူရို(၃၁)သန်းနဲ့ အဲဗာတန်ကို ပြောင်းရွှေ့ခဲ့ပြီး ဒဏ်ရာနဲ့သာ ရုန်းကန်နေရတဲ့ ကိုလံဘီယာနောက်ခံလူ ယဲလ်မီနာ Yerry Mina ၊ ဘာစီလိုနာကနေ အငှားနဲ့ ပြောင်းရွှေ့ပြီး ခြေစွမ်း မပြနိုင်သေးတဲ့ အန်ဒရေဂိုးမက်စ် Andre Gomes တို့လို ကစားသမားတွေပါ။ သူတို့လိုပဲ ကြေးကြီးပေး ခေါ်ယူခဲ့ပေမယ့် ခြေစွမ်းမပြနိုင်သေးတဲ့ ကစားသမားတွေ ရှိနေပြီး သူတို့တွေကတော့ . . .

၁ . ဗင်နီစီယက်စ်ဂျူနီယာ Vinicius Junior (ရီးယဲလ်)

Vinicius-Junior

Vinicius-Junior

ရီးယဲလ်အသင်းဟာ ဘရာဇီးလ် ဆယ်ကျော်သက် လူငယ်ကြယ်ပွင့် ဗင်နီစီယက်စ်ဂျူနီယာကို ယူရို(၄၆)သန်းအထိ ပေးပြီး ခေါ်ယူခဲ့တယ်။ ဒါဟာ အသက်(၁၉)နှစ်အောက် ကစားသမားအပြောင်းအရွှေ့မှာ စံချိန်တင် ပြောင်းရွှေ့ကြေး ပမာဏဖြစ်ခဲ့ပေမယ့် ဗင်နီစီယက်စ်ဂျူနီယာကတော့ အခုအထိ ဒီတန်ဖိုးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး မပြသနိုင်သေးဘဲ အသင်းအတွက် (၁၇)မိနစ်သာ ကစားရပါသေးတယ်။

၂ . မဲလ်ကွန် Malcom (ဘာစီလိုနာ)

Malcom

Malcom

ဘာစီလိုနာအသင်းဟာ ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရထားတဲ့ မဲလ်ကွန်ကို ယူရို(၄၁)သန်းနဲ့ ကြားဖြတ် ခေါ်ယူခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်အထိ မဲလ်ကွန်ဟာ အသင်းအတွက် (၂၄)မိနစ်သာ ကစားခဲ့ရတယ်။

၃. ဖာဘင်ဟို Fabinho (လီဗာပူးလ်)

Fabinho

Fabinho

ဖာဘင်ဟိုရဲ့ အနေအထားက နည်းနည်းတော့ အံ့အားသင့်ဖို့ကောင်းနေတယ်။ ပထမတော့ ဒဏ်ရာကြောင့် ယာဂန်ကလော့ပ် Jurgen Klopp က သူ့ကို အသုံးမပြုပေမယ့် နောက်ပိုင်း ဒဏ်ရာပြန်ကောင်းလာတော့လည်း Line Up Out ထားပြန်တယ်။ PSG အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ပထမဆုံးအကြိမ် လူစားဝင်ကစားခဲ့ရပေမယ့် နောက်ပိုင်းပွဲတွေမှာ ပွဲထွက်ခွင့်မရခဲ့ပါဘူး။

၄. မာရီယာနို Mariano (ရီးယဲလ်)

Mariano

Mariano

လိုင်ယွန်အသင်းမှာ ခြေစွမ်းပြနေတဲ့ အသင်းလူငယ်ကစားသမားဟောင်း မာရီယာနိုကို ရီးယဲလ်အသင်းက မျှော်လင့်တကြီးနဲ့ ပြန်ခေါ်ခဲ့ပြီး ဂန္ထဝင်ကျောနံပါတ်(၇)ကိုလည်း ဝတ်ဆင်ခွင့်ပေးခဲ့တယ်။ ဒါပေမဲ့ ယာရီယာနိုဟာ အခုအထိ မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်သေးတာကြောင့် သူ့အတွက် သုံးစွဲခဲ့တဲ့ ယူရို(၂၃)သန်းတန်ဖိုးနဲ့ တူညီတဲ့ စွမ်းဆောင်ရည်မျိုး ပြသဖို့လိုနေပါပြီ။

၅ . ဖေဘီယန်ရုဇ် Fabián Ruiz (နာပိုလီ)

Fabián-Ruiz

Fabián-Ruiz

ပြီးခဲ့တဲ့ရာသီက ဘက်တစ်အသင်းနဲ့အတူ တောက်ပခဲ့တဲ့ စပိန်လူငယ်ကွင်းလယ်လူ ဖေဘီယန်ရုဇ်ကို နာပိုလီအသင်းဟာ ဒီရာသီအစမှာ ယူရိုသန်း(၃၀)အထိ ပေးပြီး ခေါ်ယူခဲ့တယ်။ ဒါပေမဲ့ ဖေဘီယန်ရုဇ်ဟာ အခုအထိ ပြိုင်ပွဲစုံ (၁)ပွဲသာ ကစားခဲ့ရသေးသလို အီတလီမြေမှာ အံဝင်ဖို့ ရုန်းကန်နေရပါပြီ။

အသင်းသစ်တစ်သင်းမှာ ကစားသမားတစ်ဦး ခြေစွမ်းပြဖို့ အချိန်ကာလတစ်ခုတော့ လိုအပ်ပါတယ်။ အခုဖော်ပြထားတဲ့ ကစားသမားတွေဟာ အရည်အသွေးရှိတဲ့သူတွေဖြစ်တာကြောင့် အချိန်အတိုင်းအတာတစ်ခု ရောက်ရင်တော့ ပုံမှန်ခြေစွမ်းပြသနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ . . .

REF:Marca
Photo:Marca,The Transfer Tavern,Vaaju.
Naing Linn(Akhayar)
www.akhayar.com