[Zawgyi] 






Ref: Apple

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Apple ရဲ့ MacBook သမိုုုင်းမှာ တန်ဖိုးအကြီးဆုံး MacBook ကိုဝယ်နိုင်ပြီ

Apple ရဲ့ လက်ရှိရောင်းချနေတဲ့ MacBook တွေအားလုံးထဲမှာ တန်ဖိုးအနည်းဆုံးကတော့ MacBook Air ပါ။ ၉၉၉ ဒေါ်လာပဲရှိတာကြောင့် MacBook တစ်လုံးအနေနဲ့ ဈေးအနည်းဆုံစာရင်းထဲမှာ အချိန်အကြာကြီးရှိနေပါတယ်။ ၂၀၁၈ အတွက်တော့ Apple က MacBook အသစ်တွေကို မိတ်ဆက်ပေးလိုက်ပါပြီ။ 

MacBook Pro 15 Inch 2018

လွန်ခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ မိတ်ဆက်လိုက်တဲ့ MacBook Pro တွေထဲမှာ တန်ဖိုးအကြီးဆုံး Model တစ်ခုပါလာပါပြီ။ အဲ့တာကတော့ 8th Generation Core i9 Processor ၊ Radeon Pro 560X 4GB GDDR5 ၊ 32GB DDR4 Memory နဲ့ 4TB SSD Storage တွေပါဝင်တဲ့ MacBook 15 Inch ပဲဖြစ်ပါတယ်။ ဒါကတော့ MacBook Pro တွေရဲ့ သမိုင်းတစ်လျှောက်လုံးမှာ တန်ဖိုးအကြီးဆုံးအဖြစ် စာရင်းဝင်သွားပါပြီ။ 

MacBook Pro 15 Inch with 4TB SSD

MacBook Pro က အခုလိုတန်ဖိုးမြင့်သွားရတာကတော့ SSD တွေကြောင့်ပါ။ 4TB SSD ကိုထည့်လိုက်တာနဲ့ MacBook ရဲ့မူရင်းဈေး ၂၇၉၉ ဒေါ်လာကို နောက်ထပ် ဒေါ်လာ ၃၂၀၀ ထပ်ပေါင်းရမှာပါ။ တခြားအချက်တွေအနေနဲ့လည်း 32GB Memory နဲ့အတူ Core i9 ကိုပါထပ်ထည့်မယ်ဆိုရင်တော့ MacBook Pro ရဲ့ နောက်ဆုံး ဈေးက ၆၆၉၉ ဒေါ်လာဖြစ်သွားပါတယ်။ လက်ရှိဒေါ်လာပေါက်ဈေးအရ မြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်တော့ သိန်း ၉၀ ကျော်ကျသင့်မှာဖြစ်ပါတယ်။ ဒါဟာ MacBook တွေထဲမှာ ဈေးအကြီးဆုံးပါပဲ။ Apple ကတော့ အဲ့ဒီတန်ဖိုးကြီး MacBook တွေကို Developer တွေ၊ ဓာတ်ပုံသမားတွေနဲ့ Spec မြင့်တာလိုအပ်သူတွေအတွက် ရည်ရွယ်တယ်လို့သိရပါတယ်။ 

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။