ကမ္ဘာ့သမိုင်းရာဝဇင်ထဲက ဆိုးပေကြီးတွေကို စာရင်းပြုကြည့်လိုက်တော့ ရက်စက်ကြမ်းကြုတ်ပုံများ ပျို့အန်ချင်သလိုတောင် ဖြစ်မိတယ်။ လူ့အသက်တစ်ချောင်းကို ကလေးကစားသလိုသတ်ပြီး အာဏာရဖို့ အစွမ်းကုန်ကြိုးစားလိုက်ပုံများ မုန်းတီးဖွယ် ကောင်းပါရဲ့။ ကမ္ဘာပေါ်မှာ ရက်စက်လွန်းတဲ့ လူဆိုးတွေအထဲမှာ လူသေပေမယ့်လည်း နာမည်မသေတဲ့ “အမိုက်တကာ့ ထိပ်ခေါင်လူဆိုး” ကြီးတွေကို Akhayar ကနေ ဗဟုသုတဖြစ်ဖွယ် ဖော်ပြလိုက်ပါတယ်။

၅။ အိုင်ဒီအာမင် (Idi Amin)

ယုဂန္ဓာနိုင်ငံရဲ့စစ်ခေါင်းဆောင် အိုင်ဒီအာမင်ဟာ သူ့အာဏာတည်မြဲဖို့ဆိုရင် လူပေါင်းများစွာကို လက်မရွံ့သတ်ဖြတ်ခဲ့သူပါ။ “ငါနဲ့မတူ ငါ့ရန်သူ” လို့ သဘောထားပြီးတော့ အတိုက်အခံယုဂန္ဓာလူမျိုးပေါင်း ၅သိန်းခန့်ကို သတ်ဖြတ်ခဲ့သူပါ။ အတိုက်အခံတွေကို တူနဲ့ထုပြီး မသေမချင်းသတ်ဖြတ်လွန်းတာလည်း ရက်စက်လွန်းပါတယ်။

Idi Amin

၎။ ပိုပေါ့ (Pol Pot)

ပိုပေါ့ဟာ ကမ္ဘောဒီးယား (Cambodia) နိုင်ငံရှိ ခမာရုပါတီ (Khmer Rouge Party) ကို ခေါင်းဆောင်ဖြစ်လာပြီး သုညနှစ် (Zero Year) လို့ ၁၉၇၅ခုနှစ်ကို နာမည်ပေးခဲ့ကာ လူတန်းစားမခွဲခြားတဲ့ လူမှုသန့်စင်ရေးလုပ်ငန်း (Social Purification) လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ အရာအားလုံးကို ဖျောက်ပစ်မယ်၊ အစက ပြန်သွားမယ်လို့ ဆိုလိုပြီး စိတ်ကူးယဉ်နိုင်ငံတော်ကြီးနဲ့ အံမဝင်တဲ့လူတွေကို လူသတ်ကွင်းဆီကို ခေါ်သွားပြီး ကျင်းကြီးတွေရဲ့ နှုတ်ခမ်းဝမှာ နေရာယူစေပါတယ်။ ပုဆိန်၊ ရဲတင်း၊ ဝါးရင်းတုတ်တွေနဲ့ ရိုက်သတ်ပြီး သေသွားတဲ့သူရော၊ မသေမရှင်ဖြစ်နေတဲ့သူတွေရော အားလုံးကို ကျင်းထဲမှာ မြှုပ်စေပါတယ်။ ပိုပေါ့သတ်ခဲ့တဲ့လူဦးရေဟာ ၃သန်းနီးပါးရှိပြီး အဲဒီခေတ်က ကမ္ဘောဒီးယားလူဦးရေရဲ့ ၃ပုံ၁ပုံခန့်ရှိခဲ့ပါတယ်။

Pol Pot

၃။ အဒေါ့ ဟစ်တလာ (Adolf Hitler)

နာဇီအာဏာရှင် (Nazi Party) ဟစ်တလာဟာ ငယ်စဉ်ဘဝတုန်းက ယဉ်ကျေးမှုတက္ကသိုလ်မှာ ပန်းချီဆရာဝင်ခွင့်ဖြေခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရလို့ ကျောင်းအုပ်ချုပ်သူဟာ ဂျူး (Jews) ဖြစ်တဲ့အတွက် ဂျူးတွေကို မုန်းတီးရာကနေ အာဏာရလာတဲ့အချိန်မှာ အမြစ်ပြတ် သုတ်သင်ခဲ့တာပဲဖြစ်ပါတယ်။ ဟစ်တာလာ သုတ်သင်ခဲ့တဲ့ ဂျူးလူမျိုးပေါင်း (၁၁) သန်းအထိရှိလာပြီး မသုတ်သင်နိုင်ခဲ့တဲ့ နာမည်ကျော်ဂျူးလူမျိုးကတော့ အိုင်စတိုင်း (Einstein) ပဲဖြစ်ပါတယ်။ သူစတင်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြောင့် လူသန်းပေါင်း ၆ဝကျော် သေဆုံးခဲ့ရပါတယ်။

Hitler

၂။ ဂျိုးဆက် စတာလင် (Joseph Stalin)

ဂျိုးဆက် စတာလင်ဟာ ဆိုဗီယက်ပြည်ထောင်စုကို ၁၉၂ဝကနေ ၁၉၅၃အထိ နှစ်၃ဝကျော် အုပ်စိုးသွားပြီးတော့ ရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့သူလည်း ဖြစ်ပါတယ်။ “လူတစ်ယောက် သေဆုံးခြင်းဟာ ဝမ်းနည်း ကြေကွဲစရာဖြစ်ပါတယ်။ လူသန်းပေါင်းများစွာ သေဆုံးတာကတော့ စာရင်းအင်းတစ်ခုသာဖြစ်ပါတယ်” ဆိုတဲ့ သူ့ရဲ့ဒဿနကလည်း ငြိမ်းချမ်းရေးခေါင်းဆောင်တွေအတွက် အော့နှလုံးနာစရာပါပဲ။ အကြမ်းဖက်သမားကြီး ဂျိုးဆက် စတာလင်ဟာ သူ့ရဲ့ကွန်မြူနစ်ပါတီကို ဆန့်ကျင်သူလူပေါင်း သန်း (၄ဝ) နီးပါးကို သုတ်သင်ခဲ့ပါတယ်။ သန်း (၄ဝ) ထဲကမှ ၁၄သန်းခွဲကို အစာအငတ်ထားပြီး သတ်ခဲ့သူကြီးပါ။

Joseph Stalin

၁။ ဗလက် ဒရာကူလာ (Vlad Dracula)

ဗလက် ဒရာကူလာဆိုတာ ရိုမေနီးယားနိုင်ငံ ဝေလခီးယား (Wallachia) စစ်ဘုရင်ကြီးဖြစ်တဲ့အပြင် ရာဇဝင်မှာတော့ ရက်စက်ကြမ်းကြုတ်တဲ့နေရာမှာ သရဖူဆောင်းခဲ့သူပါ။ ၁၄၅၆ ၊ ၁၄၆၂နဲ့ ၁၄၇၆တွေမှာ ဝေလခီးယားဒေသမှာ ဘုရင်ဖြစ်ခဲ့သူပါ။ ဗလက် ဒရာကူလာဟာ အော်တမန်တပ် (Ottomans EmpireTurkey) တွေကို တိုက်ခိုက်ရာမှာ ထင်ရှားသူဖြစ်ရုံမက အခွန်အခံမပေးဘဲ တိမ်းရှောင်သူတွေ၊ စစ်သုံ့ပန်းတွေကို တံစို့ထိုးပြီး ကွပ်မျက်စေခဲ့သူပါ။ အခွန်မဆောင်တဲ့ ဆင်းရဲသားမိသားစုရဲ့ကလေးတွေကို မီးကင်စေပြီး မိဘကိုယ်တိုင် ပြန်စားစေတဲ့အထိ နှလုံးသားကင်းမဲ့သူပါ။

Vlad Dracula

အခရာပရိသတ်ကြီးရေ . . အခုဖော်ပြခဲ့တဲ့လူဆိုးကြီးတွေကတော့ ကမ္ဘာကျော်လက်မရွံ့လူသတ်သမားကြီးတွေပါပဲ။ စာဖတ်သူတွေရဲ့စိတ်ထဲမှာလည်း ရွံမုန်းဖွယ်ကောင်းတဲ့ လူသတ်သမားတွေကို ရေးပေးခဲ့ပါလား။

ကျော်စိုးအောင် (အခရာ)

www.akhayar.com