[Zawgyi]

ကမ္ဘာ့အန္တရာယ်အရှိဆုံး Hacker ၁၀ ယောက် ပထမပိုင်း

Google က တရုတ်ပြည်ကနေထွက်ပြေးသွားရတဲ့အထိ Hacker တွေထိပါးခဲ့သလို NASA လို နည်းပညာကုမ္ပဏီကြီးကိုပါ ဝင် Hack ခဲ့သေးတာကြောင့် ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး Hacker ၁၀ ယောက်ကို ဖော်ပြပေးလိုက်ရပါတယ်။

10. Jermy Hammond

Jermy Hammond

Jermy ကို ခေတ်သစ်ငတက်ပြားသူခိုးလို အမှတ်ရနေကြမှာပါ။ အခုချိန်မှာ ထောင်နန်းစံနေရပြီဆိုပေမယ့် သူ့ရဲ့လုပ်ရပ်တွေက ပရဟိတအသင်းတွေကို အများကြီးအထောက်ကူဖြစ်သွားစေခဲ့ပါတယ်။ ဘာလို့လဲဆို Jermy ဟာ ခေတ်သစ်နာဇီလို့ နာမည်တွင်နေတဲ့ Startfor အဖွဲ့အစည်းကို ဦးတည်တိုက်ခိုက်ခဲ့လို့ပါ။ တရားစီရင်ချက်မှာ Jermy ကို Credit Card ပေါင်း ၆၀,၀၀၀ ကျော်ခိုးယူခဲ့မှုနဲ့ ထောင်ချလိုက်တယ်ဆိုပေမယ့် Jermy ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ ကယ်တင်ရှင်လည်းဖြစ်လာခဲ့ပါပြီ။ တကယ်ဆို Jermy ကလည်းတကယ့်လူပါ၊ Global Intelligence အဖွဲ့စည်းတဖြစ်လည်း Startfor Group ရဲ့ E-mails တွေ မရရအောင် Hack ဖို့ကြိုးစားခဲ့သလို သူခိုးယူခဲ့တဲ့ E-mail တချို့တွေဟာ အိုစမာဗင်လာဒင်သေဆုံးမှုနဲ့ သက်ဆိုင်နေခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံကို အထိကရုန်းမဖြစ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်ထားတဲ့ E-mail တွေလည်း ပါဝင်နေခဲ့လို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် Startfor ကို တစ်ယောက်ထဲတိုက်နိုင်တာ နည်းနည်းနှောနှော အရည်ချင်းမဟုတ်သလို တခါထဲခိုးယူပစ်လိုက်တဲ့ Credit Card တွေကို လှူဒါန်းခဲ့တာ ချီးကျူးစရာကောင်းပါတယ်။ ဒါပေမယ့်လည်း သူဝင် Hack လိုက်တဲ့ E-mail တွေက နိုင်ငံရေးနွယ်နေတာဖြစ်လို့ ထောင် ၁၀ နှစ်ပဲကျသွားခဲ့တာ သက်သာတယ်ဆိုရမလား။

9. Kevin Poulsen

Kevin Poulsen

Kevin ကတော့ Hacker ဘဝက အနားယူသွားခဲ့ပါပြီ။ အခုချိန်မှာ Wired သတင်းဌာန ရဲ့ Editor ကြီးဖြစ်နေပြီဆိုပေမယ့်လည်း တစ်ချိန်တုန်းကသူ Hack ခဲ့ဖူးတဲ့ သမိုင်းကြောင်းလေးကတော့ လူပြောများနေဆဲပါ။ Kevin ဟာ Porsche 944 S2 ပြိုင်ကားကို Operator လိုလို၊ ပွဲစားလိုလိုနဲ့ ဖုန်းလိုင်းတွေဝင် Hack ပြီး ပိုက်ဆံတစ်ပြားတစ်ချပ်မှ မပေးလိုက်ရဘဲ ပိုင်ဆိုင်ခဲ့ဖူးလို့ပါ။ Kevin ဟာ Black-hat Hacker ဖြစ်ခဲ့ပေမယ့်လည်း ပတ်ဝန်းကျင်အတွက် အကူညီဖြစ်ခဲ့ဖူးပါတယ်။ အခုချိန်ထိ သက်ငယ်မုဒိန်း မဖြစ်ဖြစ်အောင် အားပေးနေတဲ့  MySpace User လို လျှို့ဝှက်အဖွဲ့စည်းမျိုးကို သူ့အစွမ်းအစနဲ့ ဖော်ထုတ်ပေးခဲ့ဖူးပါတယ်။ ဒီလိုမျိုး လူကောင်းစိတ်ကလေးရှိတယ်ဆိုပေမယ့်လည်း FBI ရုံးထဲက ကွန်ပျူတာတွေ သွား Hack လိုက်တဲ့အတွက်ကြောင့် ထောင် ၅ နှစ်ကျခဲ့ဖူးပါတယ်။ ထောင်ကထွက်လာပြီးတဲ့အခါမှာတော့ Kevin ဟာ ဘဝကို အေးအေးလူးလူးကျော်ဖြတ်နေပြီး Kingpin လို့ နာမည်ရတဲ့ စာအုပ်တစ်အုပ်ကို ရေးသားနေတယ်လို့ သိရပါတယ်။ ဘယ်လိုပဲ ဘဝရာဇဝင်ရိုင်းခဲ့တယ်ပြောပြော Kevin ရေးနေတဲ့စာအုပ်ဟာ Hacker တွေအကြောင်းပဲ ဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။

8. Jonathan James

Jonathan James

James ကိုတော့ တက်သစ်စ Hacker တွေရဲ့ Idol လို့ပဲဆိုရမလား အသက်သက်ငယ်ငယ်လေးနဲ့ ဒေါ်လာသန်း ၁၇၀ လောက်တန်ကြေးရှိတဲ့ Access Code ကို NASA ဆီက ခိုးယူခဲ့ဖူးပါတယ်။ ဒီလို တန်ဖိုးကြီးမားတဲ့ Code ရအောင် Defense Threat Reduction Agency ထဲဝင် Hack ခဲ့ပြီး ကွန်ပျူတာထဲမှာ Backdoor ပရိုဂရမ် ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီကနေတဆင့် NASA Information တွေနဲ့ Access Code ရဲ့ Source ကိုပါ ရရှိခဲ့တာပါ။ ဒီလို NASA လိုမျိုး အဖွဲ့အစည်းဆီက တစ်ယောက်ထဲဝင်တိုက်ပြီး ခိုးဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ ဒါကို James ဟာ အသက် ၁၆ နှစ်ကတည်းက ဝင်ဖောက်နိုင်ခဲ့ပြီး ငယ်ရွယ်သေးတဲ့အတွက် ပြည်သူ့တရားရုံးက လူငယ်လေ့ကျင့်ရေးထောင်ကိုပဲ ပို့ဆောင်စေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ထောင်ကထွက်လာခဲ့ပြီး James ဟာ ဘဝကို ကောင်းကောင်းမွန်မွန်ပဲ ဖြတ်သန်းခဲ့တယ်ဆိုပေမယ့်လည်း TJX စတိုးဆိုင်ထဲ သူ့နာမည်နဲ့ ထွက်ပေါ်လာခဲ့တဲ့ ခိုးယူမှုကြောင့် အဆုံးစီရင်သွားခဲ့ပါတယ်။ James ဟာ ဘယ်လိုပဲ သူရိုးသားကြောင်းဝန်ခံခဲ့တယ်ဆိုပေမယ့်လည်း စွပ်စွဲမှုတွေမခံနိုင်လို့ အခုလို ကျော်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။

7. The Aurora Hackers

Hacker Group Revealed in China

Aurora ဆိုတာနဲ့ မိုးသောက်ပန်းလို့ မထင်လိုက်ပါနဲ့။ ဒီကောင်တွေဟာ အစုလိုက်အပြုံလိုက် ကုမ္ပဏီကြီးတွေကို တမင်လိုက်နှောက်ယှက်နေတဲ့ Hacker တွေပါ။ Google ကတောင် တရုတ်ပြည်ကနေ ထွက်ပြေးသွားရတဲ့အထိ ဒုက္ခပေးလွန်းတဲ့အတွက် Operation Aurora နာမည်ကြားတာနဲ့ ကျော်တဖြန်းဖြန်း ကြက်သီးထသွားရတဲ့အထိ ဆိုးသွမ်းလွန်းတဲ့ တရုတ် Hacker တွေပါ။ အခုချိန်မှာ Aurora ရဲ့ Professional Hacker တချို့ကို ဖမ်းမိထားပြီဆိုပေမယ့် ဟိုတစ်စ၊ ဒီတစ်စ အ Hack ခံနေရတုန်းပါ။ ဘာလို့လဲဆိုတော့ Aurora ဟာ အဖွဲ့အစည်းဟာ သေးသေးလေးမဟုတ်ဘဲ Beijing အဖွဲ့နဲ့ Shanghai အဖွဲ့ဆိုပြီး အများကြီးရှိလို့ပါ။ ဒါတောင်မှ Google လို ကုမ္ပဏီမျိုးက ပိုက်စိပ်တိုက် မြေလှန်ထားလို့ သိပ်မရှိတော့ဘူးလို့ ပြောလို့ရပေမယ့် Gmail လို Account တွေ အ Hack ခံရပြီ ဆိုရင်တော့ သေချာပါတယ်၊ တရားခံဟာ Aurora ပါပဲ။ ဒီလို Aurora လက်စာမိထားတဲ့ Google နဲ့ Yahoo တို့ဆိုရင် Account တွေ အ Hack ခံလိုက်ရုံမက ကုမ္ပဏီရဲ့ အချက်အလက်တွေ ပါသွားခဲ့ဖူးပါတယ်။

6. Adrian Lamo

Adrian Lamo

သင့်အနေနဲ့ သွားရင်းလာရင်း၊ စားရင်းသောက်ရင်း၊ အလုပ်လုပ်ရင်း သူများ ကွန်ပျူတာဖြစ်ဖြစ်၊ ဖုန်းဖြစ်ဖြစ် Hack ဖို့ စိတ်ကူးဖူးပါသလား၊ Adrian က ဒီလိုလူမျိုးပါ။ Adrian ကို အိမ်ရာမဲ့ Hacker လို့တောင် တင်စားထားပြီး New York Times လို နာမည်ကျော်ကြားတဲ့ မဂ္ဂဇင်းဌာနကို ဟိုတယ်တစ်ခုမှာ တည်းခိုနေရင်း အပျင်းပြေဝင် Hack ဖူးတယ်လို့ ဆိုပါတယ်။ Hack တာတောင် ရိုးရိုးမဟုတ်ဘဲ သူများ မဂ္ဂဇင်းတိုက်ထဲမှာ သူ့ရဲ့ Personal Information ကို နောက်သလိုပြောင်သလို သွားထည့်ခဲ့တာကြောင့် ဒဏ်ဆောင်ခဲ့ရသလို နေအိမ်မှာ အကျယ်ချုပ်ဘဝနဲ့ ၂၀၀၄ ခုနှစ်အထိ နေခဲ့ရဖူးပါတယ်။ အခုလို ပြစ်ဒဏ်ပေါ့ပါးခဲ့တာ Adrian ဟာ Asperger’s Syndrome ရောဂါ ကုသမှုခံယူနေလို့ဖြစ်ပါတယ်။ Asperger ကို လွယ်လွယ်ပြောရရင် ပေါင်းသင်းဆက်ဆံရေးမကောင်းတာမျိုးပါ။

Traitor Bradley Manning

၂၀၀၄ နောက်ပိုင်း အကျယ်ချုပ်ဘဝကနေ လွတ်လာခဲ့တဲ့ Adrian တယောက် Hacker ဘဝနဲ့ပဲ ဖြတ်သန်းချင်ပုံရပါတယ်။ အဲ့ဒါနဲ့ပဲ Hacking Community တစ်ခုနဲ့ ပူးပေါင်းမိသွားပြီး အဲ့ဒီမှာ Bradley Manning ဆိုတဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတစ်ယောက်နဲ့ သွားငြိခဲ့ပုံရပါတယ်။။ ဒါပေမယ့် Bradley ဟာ သစ္စာဖောက်ဖြစ်နေသလို စစ်တပ်ထဲက Information တွေ သူ့ကြောင့်ပေါက်ကြားနေတာဖြစ်လို့ Adrian ဟာ Kevin Poulsen အကူညီနဲ့ Bradley သရုပ်မှန်ကို ဖော်ထုတ်ပေးလိုက်တာပါ။ ဒီအဖြစ်ပျက်နောက်ပိုင်း Adrian ဟာ ၂၀၁၀ မှာ ကွယ်လွန်သွားခဲ့ပေမယ့် သူငယ်ချင်း Kevin တယောက် Bradley Manning ဘယ်အချိန်မှာ ပြန်ကလဲ့စားချေခံမလဲဆိုတာကို ကြောက်လန့်ပြီးပုန်းအောင်းနေခဲ့တယ်လို့ သိရပါတယ်။