[Zawgyi]

ထူးထူးျခားျခားအေၾကာက္လြန္ေရာဂါမ်ား

တစ္ခါတေလ ဘာကိုေၾကာက္လို႔ ေၾကာက္ေနမွန္း မသိတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ တခ်ိဳ႕က်ေတာ့ သူမ်ားေတြအတြက္ အေသးအမႊားကိစၥေလးေတြကို ကိုယ့္ရဲ႕ အႀကီးမားဆံုးရန္သူအျဖစ္ ထင္ျမင္တတ္ၾကတာလည္း ရွိပါေသးတယ္။ အဲဒီလို သာမန္မဟုတ္ဘဲ ရြံတတ္ေၾကာက္တတ္တဲ့ေရာဂါေတြ ဘယ္ႏွမ်ိဳးေတာင္ရွိလဲ သိၿပီးၿပီလား။ တခ်ိဳ႕က တြားသြားတိရစာၦန္ေတြကိုေၾကာက္တယ္။ တခ်ိဳ႕က အသံေတြကိုေၾကာက္တယ္။ The National Institute of Mental Health ကေတာ့ ဒီလို ေၾကာက္တတ္တဲ့စိတ္ေရာဂါတစ္မ်ိဳးဟာ အေမရိကန္ရဲ႕ အရြယ္ေရာက္ၿပီးသားလူေတြထဲမွာကို (၁၉.၅) မီလီယံအထိ ရွိတယ္လို႔ ေျပာပါတယ္။ တခ်ိဳ႕က ရြံစရာေကာင္းတာေတြကို မႏွစ္ၿမိဳ႕ဘဲ ေၾကာက္တယ္။ သင္ေရာ ဘာကိုေၾကာက္ပါသလဲ။

Arachnophobia

ဒီ phobia ကေတာ့ ပင့္ကူနဲ႔ ေျခတံလက္တံမ်ားျပားၿပီးတြားသြားတတ္တဲ့ တျခားတိရစာၦန္ေတြကို ေၾကာက္တဲ့ေရာဂါကို ေခၚပါတယ္။ အထူးသျဖင့္ မိန္းကေလး (၃)ေယာက္မွာ (၁)ေယာက္နဲ႔ ေယာက္်ားေလး (၄)ေယာက္မွာ (၁)ေယာက္က Arachnophobia ရွိတတ္ၾကပါတယ္။ ပင့္ကူနဲ႔ ဒီလိုအေကာင္းမ်ိဳးေတြကို မ်က္ႏွာခ်င္းဆိုင္လိုက္မိၿပီဆိုတာနဲ႔တင္ ေတာ္ေတာ္ေၾကာက္လန္႔ေနေလာက္ပါၿပီ။ တခ်ိဳ႕ေတြဆို ဒီထက္ပိုျပင္းထန္ပါတယ္။ ပင့္ကူပံုေတြ႕တာတို႔ ဒါမွမဟုတ္ ပင့္ကူေတြအေၾကာင္း စဥ္းစားလိုက္ရံုနဲ႔တင္ ေၾကာက္ေနတတ္ေသးပါတယ္ေနာ္။

Ophidiophobia

ဒီ phobia ကေတာ့ ေျမြကိုေၾကာက္တာပဲျဖစ္ပါတယ္ေနာ္။ လူေတာ္ေတာ္မ်ားမ်ားလည္း ေျမြေၾကာက္တတ္တယ္ထင္ပါတယ္။ ဒါေပမယ့္ထူးျခားတာက ေျမြကို ဘာေၾကာင့္ေၾကာက္တာလဲဆိုတာကို သိရဖို႔ ေလ့လာၾကတဲ့အခါ ပါ၀င္သူ (၃၅)ေယာက္မွာ (၃)ေယာက္ကသာ ေျမြကိုက္ခံခဲ့ရဖူးတာပါ။ က်န္တဲ့သူေတြအားလံုးက ေျမြနဲ႔ပတ္သက္တဲ့ အေတြ႕အႀကံဳနည္းနည္းေလးမွမရွိပါဘဲ အလြတ္ႀကီးေၾကာက္ေနၾကတာပါတဲ့။ အဓိကေတာ့ အႏၱရာယ္ဆိုတာထက္ ဒီလုိ phobia စိတ္ေရာဂါေတြဟာ မႏွစ္ၿမိဳ႕ရာကေန ျဖစ္လာတာမ်ားပါတယ္။

Acrophobia

Acrophobia ကေတာ့ အျမင့္ကိုေၾကာက္သူေတြကို ေခၚပါတယ္။ အရြယ္ေရာက္ၿပီးသူ (၂၃) မီလီယံေလာက္က အျမင့္ေၾကာက္ၾကပါတယ္။ ဒီလိုအျမင့္ေၾကာက္တာကေတာ့ ျမင့္တဲ့ေနရာကိုေရာက္တဲ့အခါ စိတ္ဖိအားမ်ားလာႏုိင္ၿပီး ေနာက္ဆို ျမင့္တဲ့ေနရာဆို ဘယ္ေနရာမွမသြားေတာ့တာမ်ိဳးေတြျဖစ္လာပါလိမ့္မယ္။ အထူးသျဖင့္ေတာ့ အျမင့္ေပၚကေန အႏၱရာယ္တစ္စံုတစ္ရာႀကံဳေတြ႕ဖူးသူေတြမွာ ျဖစ္တာပိုမ်ားတာကိုလည္း ေတြ႕ရပါတယ္။

Aerophobia

Aerophobia ကေတာ့ ပ်ံသန္းရမွာေၾကာက္တဲ့သူေတြရဲ႕ ေရာဂါပါ။ ေလယာဥ္စီးရမွာေၾကာက္သူေတြေပါ့။ (၈) မီလီယံေသာ အေမရိကန္က အရြယ္ေရာက္ၿပီးသူေတြဟာ ေလယာဥ္နဲ႔ပတ္သက္ၿပီး မေတာ္တဆမႈဘာမွမျဖစ္ဘူးပါဘဲနဲ႔ ေၾကာက္တတ္ၾကပါတယ္။ လူ (၃)ေယာက္မွာ (၁)ေယာက္ဟာ ဒီစိတ္ေရာဂါမ်ိဳး ရွိတတ္ၿပီး အထူးသျဖင့္ေတာ့ အရမ္းစိတ္လႈပ္ရွားတာမ်ိဳးေတြ၊ ႏွလံုးခုန္ႏႈန္းျမန္လာတာမ်ိဳးေတြနဲ႔ စိတ္ေနာက္က်ိရႈပ္ေထြးမႈေတြျဖစ္လာၾကပါတယ္။ အရမ္းဆိုးရြားတဲ့သူေတြဆို ေလယာဥ္ဆို လံုး၀ကိုမစီးခ်င္ၾကပါဘူး။

Cynophobia

တခ်ိဳ႕ေတြက် ေခြးေၾကာက္ပါတယ္။ ငယ္ငယ္တုန္းက ေခြးကိုက္ခံခဲ့ရဖူးလို႔လည္း ျဖစ္ႏုိင္ပါတယ္။ ဒါကို Astraphobia လို႔ ေခၚၾကပါတယ္။ ငယ္ငယ္ကတည္းက ျဖစ္ဖူးတဲ့အျဖစ္အပ်က္ေၾကာင့္ ႀကီးတဲ့အထိ ေခြးျမင္ရင္ မ်က္ရည္က်ေလာက္ေအာင္ ေၾကာက္တတ္ၾကပါတယ္။ တစ္ခုခုကို ေၾကာက္ေနမိၿပီဆိုရင္လည္း ဒီကိစၥဟာ အသက္ႀကီးတဲ့အထိ အရမ္းကိုအေရးပါတဲ့ကိစၥတစ္ခုျဖစ္သြားတတ္ေတာ့ ျဖစ္ႏုိင္ရင္ ဘာမွမေၾကာက္တာအေကာင္းဆံုးပါပဲေနာ္။

Trypanophobia

Trypanophobia ကေတာ့ ေဆးထိုးရမွာေၾကာက္တာပါ။ ဘယ္သူေတြေဆးထိုးရမွာေၾကာက္လဲ။ သူတို႔အတြက္ကေတာ့ ေဆးရံုေဆးခန္းနဲ႔ ဆရာ၀န္ေတြဟာ သူတို႔ရဲ႕ ရန္သူေတြပါပဲ။ မျဖစ္မေနေဆးထိုးရေတာ့မယ္ဆိုလည္း ႏွလံုးခုန္ႏႈန္းေတြ မတရားျမင့္တက္လာၿပီး မ်က္လံုးႀကီးစံုမွိတ္လို႔ တစ္ခုခုကို က်စ္က်စ္ပါေအာင္ဆုတ္ထားၾကေတာ့တာပါပဲ။ ဒီလိုနဲ႔ပဲ ေနမေကာင္းတာေတာင္ ေဆးရံုေဆးခန္းမသြားျဖစ္ေတာ့လို႔ ေရရွည္အတြက္ေတာ့ က်န္းမာေရးထိခိုက္ႏုိင္တဲ့ေၾကာက္စိတ္တစ္ခုပါေနာ္။ စိတ္ပိုင္းဆိုင္ရာကိုနားလည္တဲ့ဆရာ၀န္တခ်ိဳ႕ကေတာ့ ဒီလို Trypanophobia ရွိတဲ့သူေတြကို ဘယ္လိုစိတ္လွည့္ျဖားၿပီးေဆးထိုးရမလဲဆိုတာကို ေကာင္းေကာင္းသိၾကပါတယ္။

Social Phobia (Social Anxiety Disorder)

လူေတြနဲ႔ ေတြ႕ရမွာကို ရွက္သလိုေၾကာက္သလိုျဖစ္ေနၿပီး တစ္ေယာက္တည္းေနတတ္တဲ့သူတခ်ိဳ႕ဟာ Social Phobia ခံစားေနရသူေတြပါပဲ။ လူေတြ၊ လူမ်ားတဲ့ေနရာေတြ၊ အခမ္းအနားေတြကို ေရွာင္တတ္ၾကပါတယ္။ မလြဲေရွာင္သာလို႔ သြားျပန္ရင္လည္း တစ္ေယာက္ေယာက္က ကိုယ့္ကို ေစာင့္ၾကည့္ေနသလို ခံစားတတ္ၾကပါတယ္။ အဲဒီမလံုၿခံဳတဲ့စိတ္ႀကီးျဖစ္ေနလို႔ပဲ သူတို႔ ဘယ္မွသြားၾကေတာ့မွာမဟုတ္ပါဘူး။ တခ်ိဳ႕ေတြၾကေတာ့ စကားေျပာဖို႔ပါေၾကာက္ၾကပါတယ္။ လူေတြကို ပြင့္ပြင့္လင္းလင္းမဆက္ဆံရဲဘူး။ စကားဟဟမေျပာရဲဘူး။ ဒီလိုနဲ႔ သူတို႔ေတြဟာ လူမႈဆက္ဆံေရးမေကာင္းသူေတြျဖစ္သြားၾကရပါတယ္။

Agoraphobia

Agoraphobia ကေတာ့ တစ္ေနရာရာ ဒါမွမဟုတ္ အေျခအေနတစ္ခုခုမွာ တစ္ေယာက္တည္းပိတ္မိေနမွာေၾကာက္သူေတြပါ။ သူတို႔ေတြဟာ အိမ္မွာတစ္ေယာက္တည္းက်န္ခဲ့မွာကိုေတာင္ မလိုလားၾကပါဘူးေနာ္။ အဲဒီေလာက္ေၾကာက္ၾကတာပါ။ ဒီစိတ္ေရာဂါကေတာ့ အထူးသျဖင့္ အသက္ (၃၀)ၾကားကာလမွာ အျဖစ္မ်ားတယ္လို႔ ဆိုပါတယ္။ ေနာက္ၿပီး အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားၾကပါတယ္။

Mysophobia

သူ႔ကိုေတာ့ အသန္႔ႀကိဳက္ေရာဂါလို႔ အလြယ္ေခၚၾကပါတယ္။ ညစ္ပတ္တာေတြနဲ႔ ေရာဂါပိုး၀င္ေရာက္လာမွာေတြကို ေၾကာက္ၾကပါတယ္။ လိုအပ္တာထက္ပိုၿပီး လက္ခဏခဏေဆးသူေတြျဖစ္မွာေပါ့ေနာ္။ အသန္႔လြန္ၿပီး တစ္ေယာက္တည္း ဒုကၡမ်ားေနသူေတြဟာ Mysophobia စိတ္ေရာဂါခံစားေနရသူေတြပဲျဖစ္ပါတယ္။ လူတစ္ေယာက္နဲ႔တစ္ေယာက္ ထိေတြ႕ရမွာကို ရြံရွာသလိုပံုစံျဖစ္ေနတတ္ၿပီး အျပင္က ပန္းကန္ခြက္ေယာက္ေတြနဲ႔ စားေသာက္ဖို႔ ျငင္းဆန္တတ္ၾကလို႔ ေခ်းမ်ားသူ၊ မတူမတန္ဆက္ဆံသူ၊ ေခ်သူမ်ားလိုပဲ ေျပာဆိုခံရတတ္တယ္ေနာ္။

ကဲ ဒီေလာက္ဆိုရင္ေတာ့ ထူးထူးျခားျခားအေၾကာက္ေရာဂါေတြ ေတာ္ေတာ္စံုသြားၿပီလို႔ထင္တယ္ေနာ္။ အခရာပရိသတ္ႀကီးေတြမွာေရာ ဘယ္ေရာဂါရွိလဲ။ မွန္မွန္ေျပာ မညာေၾကးေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

ထူးထူးခြားခြားအကြောက်လွန်ရောဂါများ

တစ်ခါတလေ ဘာကိုကြောက်လို့ ကြောက်နေမှန်း မသိတာမျိုးတွေဖြစ်တတ်ပါတယ်။ တချို့ကျတော့ သူများတွေအတွက် အသေးအမွှားကိစ္စလေးတွေကို ကိုယ့်ရဲ့ အကြီးမားဆုံးရန်သူအဖြစ် ထင်မြင်တတ်ကြတာလည်း ရှိပါသေးတယ်။ အဲဒီလို သာမန်မဟုတ်ဘဲ ရွံတတ်ကြောက်တတ်တဲ့ရောဂါတွေ ဘယ်နှမျိုးတောင်ရှိလဲ သိပြီးပြီလား။ တချို့က တွားသွားတိရစ္ဆာန်တွေကိုကြောက်တယ်။ တချို့က အသံတွေကိုကြောက်တယ်။ The National Institute of Mental Health ကတော့ ဒီလို ကြောက်တတ်တဲ့စိတ်ရောဂါတစ်မျိုးဟာ အမေရိကန်ရဲ့ အရွယ်ရောက်ပြီးသားလူတွေထဲမှာကို (၁၉.၅) မီလီယံအထိ ရှိတယ်လို့ ပြောပါတယ်။ တချို့က ရွံစရာကောင်းတာတွေကို မနှစ်မြို့ဘဲ ကြောက်တယ်။ သင်ရော ဘာကိုကြောက်ပါသလဲ။

Arachnophobia

ဒီ phobia ကတော့ ပင့်ကူနဲ့ ခြေတံလက်တံများပြားပြီးတွားသွားတတ်တဲ့ တခြားတိရစ္ဆာန်တွေကို ကြောက်တဲ့ရောဂါကို ခေါ်ပါတယ်။ အထူးသဖြင့် မိန်းကလေး (၃)ယောက်မှာ (၁)ယောက်နဲ့ ယောက်ျားလေး (၄)ယောက်မှာ (၁)ယောက်က Arachnophobia ရှိတတ်ကြပါတယ်။ ပင့်ကူနဲ့ ဒီလိုအကောင်းမျိုးတွေကို မျက်နှာချင်းဆိုင်လိုက်မိပြီဆိုတာနဲ့တင် တော်တော်ကြောက်လန့်နေလောက်ပါပြီ။ တချို့တွေဆို ဒီထက်ပိုပြင်းထန်ပါတယ်။ ပင့်ကူပုံတွေ့တာတို့ ဒါမှမဟုတ် ပင့်ကူတွေအကြောင်း စဉ်းစားလိုက်ရုံနဲ့တင် ကြောက်နေတတ်သေးပါတယ်နော်။

Ophidiophobia

ဒီ phobia ကတော့ မြွေကိုကြောက်တာပဲဖြစ်ပါတယ်နော်။ လူတော်တော်များများလည်း မြွေကြောက်တတ်တယ်ထင်ပါတယ်။ ဒါပေမယ့်ထူးခြားတာက မြွေကို ဘာကြောင့်ကြောက်တာလဲဆိုတာကို သိရဖို့ လေ့လာကြတဲ့အခါ ပါဝင်သူ (၃၅)ယောက်မှာ (၃)ယောက်ကသာ မြွေကိုက်ခံခဲ့ရဖူးတာပါ။ ကျန်တဲ့သူတွေအားလုံးက မြွေနဲ့ပတ်သက်တဲ့ အတွေ့အကြုံနည်းနည်းလေးမှမရှိပါဘဲ အလွတ်ကြီးကြောက်နေကြတာပါတဲ့။ အဓိကတော့ အန္တရာယ်ဆိုတာထက် ဒီလို phobia စိတ်ရောဂါတွေဟာ မနှစ်မြို့ရာကနေ ဖြစ်လာတာများပါတယ်။

Acrophobia

Acrophobia ကတော့ အမြင့်ကိုကြောက်သူတွေကို ခေါ်ပါတယ်။ အရွယ်ရောက်ပြီးသူ (၂၃) မီလီယံလောက်က အမြင့်ကြောက်ကြပါတယ်။ ဒီလိုအမြင့်ကြောက်တာကတော့ မြင့်တဲ့နေရာကိုရောက်တဲ့အခါ စိတ်ဖိအားများလာနိုင်ပြီး နောက်ဆို မြင့်တဲ့နေရာဆို ဘယ်နေရာမှမသွားတော့တာမျိုးတွေဖြစ်လာပါလိမ့်မယ်။ အထူးသဖြင့်တော့ အမြင့်ပေါ်ကနေ အန္တရာယ်တစ်စုံတစ်ရာကြုံတွေ့ဖူးသူတွေမှာ ဖြစ်တာပိုများတာကိုလည်း တွေ့ရပါတယ်။

Aerophobia

Aerophobia ကတော့ ပျံသန်းရမှာကြောက်တဲ့သူတွေရဲ့ ရောဂါပါ။ လေယာဉ်စီးရမှာကြောက်သူတွေပေါ့။ (၈) မီလီယံသော အမေရိကန်က အရွယ်ရောက်ပြီးသူတွေဟာ လေယာဉ်နဲ့ပတ်သက်ပြီး မတော်တဆမှုဘာမှမဖြစ်ဘူးပါဘဲနဲ့ ကြောက်တတ်ကြပါတယ်။ လူ (၃)ယောက်မှာ (၁)ယောက်ဟာ ဒီစိတ်ရောဂါမျိုး ရှိတတ်ပြီး အထူးသဖြင့်တော့ အရမ်းစိတ်လှုပ်ရှားတာမျိုးတွေ၊ နှလုံးခုန်နှုန်းမြန်လာတာမျိုးတွေနဲ့ စိတ်နောက်ကျိရှုပ်ထွေးမှုတွေဖြစ်လာကြပါတယ်။ အရမ်းဆိုးရွားတဲ့သူတွေဆို လေယာဉ်ဆို လုံးဝကိုမစီးချင်ကြပါဘူး။

Cynophobia

တချို့တွေကျ ခွေးကြောက်ပါတယ်။ ငယ်ငယ်တုန်းက ခွေးကိုက်ခံခဲ့ရဖူးလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါကို Astraphobia လို့ ခေါ်ကြပါတယ်။ ငယ်ငယ်ကတည်းက ဖြစ်ဖူးတဲ့အဖြစ်အပျက်ကြောင့် ကြီးတဲ့အထိ ခွေးမြင်ရင် မျက်ရည်ကျလောက်အောင် ကြောက်တတ်ကြပါတယ်။ တစ်ခုခုကို ကြောက်နေမိပြီဆိုရင်လည်း ဒီကိစ္စဟာ အသက်ကြီးတဲ့အထိ အရမ်းကိုအရေးပါတဲ့ကိစ္စတစ်ခုဖြစ်သွားတတ်တော့ ဖြစ်နိုင်ရင် ဘာမှမကြောက်တာအကောင်းဆုံးပါပဲနော်။

Trypanophobia

Trypanophobia ကတော့ ဆေးထိုးရမှာကြောက်တာပါ။ ဘယ်သူတွေဆေးထိုးရမှာကြောက်လဲ။ သူတို့အတွက်ကတော့ ဆေးရုံဆေးခန်းနဲ့ ဆရာဝန်တွေဟာ သူတို့ရဲ့ ရန်သူတွေပါပဲ။ မဖြစ်မနေဆေးထိုးရတော့မယ်ဆိုလည်း နှလုံးခုန်နှုန်းတွေ မတရားမြင့်တက်လာပြီး မျက်လုံးကြီးစုံမှိတ်လို့ တစ်ခုခုကို ကျစ်ကျစ်ပါအောင်ဆုတ်ထားကြတော့တာပါပဲ။ ဒီလိုနဲ့ပဲ နေမကောင်းတာတောင် ဆေးရုံဆေးခန်းမသွားဖြစ်တော့လို့ ရေရှည်အတွက်တော့ ကျန်းမာရေးထိခိုက်နိုင်တဲ့ကြောက်စိတ်တစ်ခုပါနော်။ စိတ်ပိုင်းဆိုင်ရာကိုနားလည်တဲ့ဆရာဝန်တချို့ကတော့ ဒီလို Trypanophobia ရှိတဲ့သူတွေကို ဘယ်လိုစိတ်လှည့်ဖြားပြီးဆေးထိုးရမလဲဆိုတာကို ကောင်းကောင်းသိကြပါတယ်။

Social Phobia (Social Anxiety Disorder)

လူတွေနဲ့ တွေ့ရမှာကို ရှက်သလိုကြောက်သလိုဖြစ်နေပြီး တစ်ယောက်တည်းနေတတ်တဲ့သူတချို့ဟာ Social Phobia ခံစားနေရသူတွေပါပဲ။ လူတွေ၊ လူများတဲ့နေရာတွေ၊ အခမ်းအနားတွေကို ရှောင်တတ်ကြပါတယ်။ မလွဲရှောင်သာလို့ သွားပြန်ရင်လည်း တစ်ယောက်ယောက်က ကိုယ့်ကို စောင့်ကြည့်နေသလို ခံစားတတ်ကြပါတယ်။ အဲဒီမလုံခြုံတဲ့စိတ်ကြီးဖြစ်နေလို့ပဲ သူတို့ ဘယ်မှသွားကြတော့မှာမဟုတ်ပါဘူး။ တချို့တွေကြတော့ စကားပြောဖို့ပါကြောက်ကြပါတယ်။ လူတွေကို ပွင့်ပွင့်လင်းလင်းမဆက်ဆံရဲဘူး။ စကားဟဟမပြောရဲဘူး။ ဒီလိုနဲ့ သူတို့တွေဟာ လူမှုဆက်ဆံရေးမကောင်းသူတွေဖြစ်သွားကြရပါတယ်။

Agoraphobia

Agoraphobia ကတော့ တစ်နေရာရာ ဒါမှမဟုတ် အခြေအနေတစ်ခုခုမှာ တစ်ယောက်တည်းပိတ်မိနေမှာကြောက်သူတွေပါ။ သူတို့တွေဟာ အိမ်မှာတစ်ယောက်တည်းကျန်ခဲ့မှာကိုတောင် မလိုလားကြပါဘူးနော်။ အဲဒီလောက်ကြောက်ကြတာပါ။ ဒီစိတ်ရောဂါကတော့ အထူးသဖြင့် အသက် (၃၀)ကြားကာလမှာ အဖြစ်များတယ်လို့ ဆိုပါတယ်။ နောက်ပြီး အမျိုးသမီးတွေမှာ အဖြစ်များကြပါတယ်။

Mysophobia

သူ့ကိုတော့ အသန့်ကြိုက်ရောဂါလို့ အလွယ်ခေါ်ကြပါတယ်။ ညစ်ပတ်တာတွေနဲ့ ရောဂါပိုးဝင်ရောက်လာမှာတွေကို ကြောက်ကြပါတယ်။ လိုအပ်တာထက်ပိုပြီး လက်ခဏခဏဆေးသူတွေဖြစ်မှာပေါ့နော်။ အသန့်လွန်ပြီး တစ်ယောက်တည်း ဒုက္ခများနေသူတွေဟာ Mysophobia စိတ်ရောဂါခံစားနေရသူတွေပဲဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ထိတွေ့ရမှာကို ရွံရှာသလိုပုံစံဖြစ်နေတတ်ပြီး အပြင်က ပန်းကန်ခွက်ယောက်တွေနဲ့ စားသောက်ဖို့ ငြင်းဆန်တတ်ကြလို့ ချေးများသူ၊ မတူမတန်ဆက်ဆံသူ၊ ချေသူများလိုပဲ ပြောဆိုခံရတတ်တယ်နော်။

ကဲ ဒီလောက်ဆိုရင်တော့ ထူးထူးခြားခြားအကြောက်ရောဂါတွေ တော်တော်စုံသွားပြီလို့ထင်တယ်နော်။ အခရာပရိသတ်ကြီးတွေမှာရော ဘယ်ရောဂါရှိလဲ။ မှန်မှန်ပြော မညာကြေးနော်။

Moethaesay (Akhayar)

www.akhayar.com