[Zawgyi]

အိမ္တြင္းအလွဆင္ၾကရင္ ဘာေတြမွားေနတတ္ၾကတာလဲ

အိမ္တြင္းအလွဆင္ျခင္းေတြနဲ႔ပတ္သက္ၿပီး ကၽြန္မတို႔ မွားယြင္းေနတဲ့အခ်က္ေတြရွိပါတယ္။ တခ်ိဳ႕အခ်က္ေတြက သတိမထားမိလို႔လုပ္မိတယ္။ တခ်ိဳ႕အခ်က္ေတြက်ေတာ့ ကိုယ္ကလွမယ္ထင္လို႔ လုပ္လိုက္ေပမယ့္ တလြဲႀကီးေတြျဖစ္ေနတာမ်ိဳးေတြရွိပါတယ္။ ဒါေတြဟာ ကိုယ္ကိုယ္တိုင္သတိမထားမိရင္ေတာင္ တျခားသူေတြလာလည္လို႔ ေတြ႕ရင္ေတာ့ ၾကည့္ရဆိုးတာမ်ိဳးေတြျဖစ္တတ္လို႔ပါ။ ဒီေတာ့ ေန႔စဥ္ ပစၥည္းေတြေရႊ႕ေျပာင္းဆင္ယင္ေနတဲ့အခါမွာ ဘာေတြမွားယြင္းေနလဲဆိုတာကို ေလ့လာၾကည့္ၾကမယ္။

ပန္းခ်ီကားေတြနဲ႔ နံရံကပ္ပစၥည္းေတြကို အျမင့္ႀကီးေတြမွာ ခ်ိတ္ဆြဲထားတာမ်ိဳး

နံရံေတြေပၚမွာ ပန္းခ်ီကားေတြနဲ႔ အလွဆင္ပစၥည္းေတြ ခ်ိတ္ဆြဲအလွဆင္ထားမွ အခန္းတစ္ခန္းရဲ႕ အႏွစ္သာရဟာ ျပည့္စံုႏုိင္မွာပါ။ ဒီလိုအလွဆင္တဲ့အခါမွာ အလွဆင္ပစၥည္းေတြအားလံုးဟာ လူတစ္ေယာက္ရဲ႕ eye level နဲ႔အညီျဖစ္ေနတာ အေကာင္းဆံုးပါပဲ။ အရမ္းႀကီးျမင့္ေနတာမ်ိဳးေတြက ၾကည့္လို႔လည္းအဆင္မေျပသလို အခန္းကိုလည္း ရုပ္ဆိုးေစႏုိင္ပါတယ္။

ပရိေဘာဂေတြအကုန္လံုးကို နံရံေတြနဲ႔ကပ္ထားတာမ်ိဳး

လူေတြေတာ္ေတာ္မ်ားမ်ားဟာ ပရိေဘာဂပစၥည္းေတြဆိုရင္ အားလံုးကို နံရံနဲ႔ကပ္ထားရမယ္လို႔ အမွတ္မွားေနၾကပါတယ္။ တကယ္ေတာ့ ပရိေဘာဂပစၥည္းေတြနဲ႔ အခန္းအလွဆင္တယ္ဆိုတာက မ်က္စိပသာဒျဖစ္ဖို႔နဲ႔ အသံုး၀င္ဖို႔၊ ၿပီးရင္ ေနခ်င္စရာေကာင္းဖို႔ပါ။ အလယ္ေခါင္မွာ အသံုးမ၀င္တဲ့ကြက္လပ္ႀကီးျဖစ္ေနလို႔လည္း ဘာမွအက်ိဳးမထူးပါဘူး။

အေရာင္ေတြသံုးရမွာကိုေၾကာက္ေနတာမ်ိဳး

အေရာင္ေတြကို လူေတြေတာ္ေတာ္မ်ားမ်ားက ေၾကာက္ၾကပါတယ္။ အိမ္ေတြရဲ႕ ျပင္ဆင္မႈကို လိုက္ၾကည့္မယ္ဆိုရင္ ၇၀ရာခိုင္ႏႈန္းေလာက္က အျဖဴ၊ အသားေရာင္၊ ဆင္စြယ္ေရာင္စတဲ့အေရာင္ေတြကိုပဲ ခန္းလံုးျပည့္သုတ္ထားၾကတာကို ေတြ႕ရပါလိမ့္မယ္။ လွပၿပီး လူငယ္ဆန္တဲ့အေရာင္ေလးေတြကိုလည္း ညွပ္သံုးေပးပါ။ မဟုတ္ဘဲ အႏုေရာင္တစ္ေရာင္ထဲသုတ္ထားတဲ့အိမ္ေတြကိုၾကည့္ရတာ အထီးက်န္တဲ့ပံုစံေပါက္ေနပါတယ္။

ေခါင္းအံုးဖက္အံုးေတြအမ်ားႀကီးထားတာမ်ိဳး

ေခါင္းအံုးေတြဖက္အံုးေတြဆိုတာမရွိမျဖစ္ လိုအပ္ပါတယ္။ အိမ္ေရွ႕ခန္းထဲက ထိုင္ခံုေတြေပၚမွာ တင္ၾကမယ္။ စာအုပ္ဖတ္တဲ့ခံုေလးေတြေပၚမွာ တင္ထားမယ္။ ေနာက္ၿပီး အိပ္ရာေပၚမွာ တင္ၾကမယ္။ ဒါေပမယ့္ ဒီေနရာမွာလည္း ထိုင္စရာေနရာေတာင္မရွိေလာက္ေအာင္ ေခါင္းအံုေတြဖက္အံုးေတြအမ်ားအျပားသံုးထားတာမ်ိဳးေတြကေတာ့ မ်က္စိေနာက္စရာေကာင္းပါတယ္။ အေရးႀကီးတာတစ္ခ်က္ကေတာ့ မ်ားျပားလွတဲ့ ဒီေခါင္းအံုးဖက္အံုးေတြကို ပံုမွန္သန္႔ရွင္းေရးမလုပ္ႏုိင္လို႔ ညစ္ေပၿပီး အနံ႔ဆိုးေတြထြက္လာတာမ်ိဳးကေတာ့ ေတာ္ေတာ္လြန္သြားပါၿပီ။

ေခတ္အရမ္းမီေနတာမ်ိဳး

အိမ္တြင္းအလွဆင္တာနဲ႔ပတ္သက္လို႔ ေခတ္ေနာက္မက်န္ခဲ့ရေအာင္ ေခတ္ေနာက္ကိုလိုက္တာေတာ့ေကာင္းပါတယ္။ တေကာက္ေကာက္လိုက္ေနတာေတာ့ မေကာင္းပါဘူး။ ေပၚသမွ်အလွဆင္ပစၥည္းေတြ၊ အေရာင္ေတြ၊ အဆင္ေတြ၊ ပရိေဘာဂေတြနဲ႔ ဒီဇိုင္းေတြကို အၿမဲတမ္းေစာင့္ၾကည့္ၿပီး အကုန္ေျပာင္းလဲေနရင္ေတာ့ ေတာ္ေတာ္မ်က္စိေနာက္စရာေကာင္းပါလိမ့္မယ္။ အိမ္တြင္းအလွဆင္တယ္ဆိုတာ ခုနကေျပာခဲ့သလို လွပၿပီး ေနခ်င္စရာေကာင္းဖို႔ပါ။

ဆင္တူေလးေတြကိုပဲေရြးခ်ယ္တတ္တာမ်ိဳး

ဆင္တူေလးေတြႀကိဳက္တာလား။ ပန္းေရာင္ေလးေတြဆိုရင္လည္း အားလံုးပန္းေရာင္ေတြခ်ည္းပဲဆိုတဲ့ ပံုစံမ်ိဳးကေတာ့ ပ်င္းရိၿငီးေငြ႕စရာေကာင္းလြန္းပါတယ္။ ပရိေဘာဂေတြကို အစံုလိုက္ သူ႔ Collection နဲ႔သူ ထားရမွာက မွန္ပါတယ္။ ဒီ့ထက္မ်ားလာၿပီး အကုန္ဆင္တူျဖစ္ေနရင္ေတာ့ စိတ္ညစ္စရာေကာင္းသြားပါၿပီ။ တစ္ခုနဲ႔တစ္ခု လိုက္ဖက္ဖို႔ပဲလိုအပ္ပါတယ္။ ဆင္တူဖို႔ေတာ့ မလိုအပ္ပါဘူး။

အလင္းေရာင္ျပင္ဆင္ဖို႔ေမ့ေနတာမ်ိဳး

တစ္အိမ္လံုးေတာ့ ရွယ္ျပင္ဆင္ထားပါလွ်က္နဲ႔ အလင္းေရာင္နဲ႔ပတ္သက္လို႔ကေတာ့ ျပည့္စံုမႈမရွိေနဘူးဆိုရင္ ဒီအိမ္ကို လွပတဲ့အိမ္လို႔ ဘယ္လုိမွသတ္မွတ္လို႔မရပါဘူးေနာ္။ အလင္းေရာင္က အခရာပါပဲ။ မီးဆိုင္းေတြ၊ မီးသီးေတြနဲ႔ စားပြဲတင္မီးအိမ္ေတြကို လွပေအာင္ စီစဥ္ႏုိင္မွသာ တကယ္ေတာ္တဲ့ အိမ္တြင္းအလွဆင္သမားတစ္ဦးျဖစ္မွာပါ။ ဒါေၾကာင့္ အလင္းေရာင္နဲ႔ပတ္သက္ၿပီး ဆင္ယင္ဖုိ႔ မေမ့ပါနဲ႔။

ဒါေလးေတြကေတာ့ သင့္ရဲ႕အိမ္ကို ဆင္ယင္တဲ့ေနရာမွာ မွားယြင္းမႈမရွိေအာင္ သတိထားဂရုစိုက္ရမယ့္ အခ်က္ေတြပဲျဖစ္ပါတယ္။ အမ်ားစုကေတာ့ ဒီအခ်က္ေတြနဲ႔ပတ္သက္ၿပီး အမွတ္မွားေနတတ္ၾကပါတယ္။ မွားေနရင္လည္း အခုခ်က္ခ်င္း ျပန္ျပင္ဆင္လိုက္ပါေတာ့ေနာ္။

Moethaesay (Akhayar)

[Unicode]

အိမ်တွင်းအလှဆင်ကြရင် ဘာတွေမှားနေတတ်ကြတာလဲ

အိမ်တွင်းအလှဆင်ခြင်းတွေနဲ့ပတ်သက်ပြီး ကျွန်မတို့ မှားယွင်းနေတဲ့အချက်တွေရှိပါတယ်။ တချို့အချက်တွေက သတိမထားမိလို့လုပ်မိတယ်။ တချို့အချက်တွေကျတော့ ကိုယ်ကလှမယ်ထင်လို့ လုပ်လိုက်ပေမယ့် တလွဲကြီးတွေဖြစ်နေတာမျိုးတွေရှိပါတယ်။ ဒါတွေဟာ ကိုယ်ကိုယ်တိုင်သတိမထားမိရင်တောင် တခြားသူတွေလာလည်လို့ တွေ့ရင်တော့ ကြည့်ရဆိုးတာမျိုးတွေဖြစ်တတ်လို့ပါ။ ဒီတော့ နေ့စဉ် ပစ္စည်းတွေရွှေ့ပြောင်းဆင်ယင်နေတဲ့အခါမှာ ဘာတွေမှားယွင်းနေလဲဆိုတာကို လေ့လာကြည့်ကြမယ်။

ပန်းချီကားတွေနဲ့ နံရံကပ်ပစ္စည်းတွေကို အမြင့်ကြီးတွေမှာ ချိတ်ဆွဲထားတာမျိုး

နံရံတွေပေါ်မှာ ပန်းချီကားတွေနဲ့ အလှဆင်ပစ္စည်းတွေ ချိတ်ဆွဲအလှဆင်ထားမှ အခန်းတစ်ခန်းရဲ့ အနှစ်သာရဟာ ပြည့်စုံနိုင်မှာပါ။ ဒီလိုအလှဆင်တဲ့အခါမှာ အလှဆင်ပစ္စည်းတွေအားလုံးဟာ လူတစ်ယောက်ရဲ့ eye level နဲ့အညီဖြစ်နေတာ အကောင်းဆုံးပါပဲ။ အရမ်းကြီးမြင့်နေတာမျိုးတွေက ကြည့်လို့လည်းအဆင်မပြေသလို အခန်းကိုလည်း ရုပ်ဆိုးစေနိုင်ပါတယ်။

ပရိဘောဂတွေအကုန်လုံးကို နံရံတွေနဲ့ကပ်ထားတာမျိုး

လူတွေတော်တော်များများဟာ ပရိဘောဂပစ္စည်းတွေဆိုရင် အားလုံးကို နံရံနဲ့ကပ်ထားရမယ်လို့ အမှတ်မှားနေကြပါတယ်။ တကယ်တော့ ပရိဘောဂပစ္စည်းတွေနဲ့ အခန်းအလှဆင်တယ်ဆိုတာက မျက်စိပသာဒဖြစ်ဖို့နဲ့ အသုံးဝင်ဖို့၊ ပြီးရင် နေချင်စရာကောင်းဖို့ပါ။ အလယ်ခေါင်မှာ အသုံးမဝင်တဲ့ကွက်လပ်ကြီးဖြစ်နေလို့လည်း ဘာမှအကျိုးမထူးပါဘူး။

အရောင်တွေသုံးရမှာကိုကြောက်နေတာမျိုး

အရောင်တွေကို လူတွေတော်တော်များများက ကြောက်ကြပါတယ်။ အိမ်တွေရဲ့ ပြင်ဆင်မှုကို လိုက်ကြည့်မယ်ဆိုရင် ၇၀ရာခိုင်နှုန်းလောက်က အဖြူ၊ အသားရောင်၊ ဆင်စွယ်ရောင်စတဲ့အရောင်တွေကိုပဲ ခန်းလုံးပြည့်သုတ်ထားကြတာကို တွေ့ရပါလိမ့်မယ်။ လှပပြီး လူငယ်ဆန်တဲ့အရောင်လေးတွေကိုလည်း ညှပ်သုံးပေးပါ။ မဟုတ်ဘဲ အနုရောင်တစ်ရောင်ထဲသုတ်ထားတဲ့အိမ်တွေကိုကြည့်ရတာ အထီးကျန်တဲ့ပုံစံပေါက်နေပါတယ်။

ခေါင်းအုံးဖက်အုံးတွေအများကြီးထားတာမျိုး

ခေါင်းအုံးတွေဖက်အုံးတွေဆိုတာမရှိမဖြစ် လိုအပ်ပါတယ်။ အိမ်ရှေ့ခန်းထဲက ထိုင်ခုံတွေပေါ်မှာ တင်ကြမယ်။ စာအုပ်ဖတ်တဲ့ခုံလေးတွေပေါ်မှာ တင်ထားမယ်။ နောက်ပြီး အိပ်ရာပေါ်မှာ တင်ကြမယ်။ ဒါပေမယ့် ဒီနေရာမှာလည်း ထိုင်စရာနေရာတောင်မရှိလောက်အောင် ခေါင်းအုံတွေဖက်အုံးတွေအများအပြားသုံးထားတာမျိုးတွေကတော့ မျက်စိနောက်စရာကောင်းပါတယ်။ အရေးကြီးတာတစ်ချက်ကတော့ များပြားလှတဲ့ ဒီခေါင်းအုံးဖက်အုံးတွေကို ပုံမှန်သန့်ရှင်းရေးမလုပ်နိုင်လို့ ညစ်ပေပြီး အနံ့ဆိုးတွေထွက်လာတာမျိုးကတော့ တော်တော်လွန်သွားပါပြီ။

ခေတ်အရမ်းမီနေတာမျိုး

အိမ်တွင်းအလှဆင်တာနဲ့ပတ်သက်လို့ ခေတ်နောက်မကျန်ခဲ့ရအောင် ခေတ်နောက်ကိုလိုက်တာတော့ကောင်းပါတယ်။ တကောက်ကောက်လိုက်နေတာတော့ မကောင်းပါဘူး။ ပေါ်သမျှအလှဆင်ပစ္စည်းတွေ၊ အရောင်တွေ၊ အဆင်တွေ၊ ပရိဘောဂတွေနဲ့ ဒီဇိုင်းတွေကို အမြဲတမ်းစောင့်ကြည့်ပြီး အကုန်ပြောင်းလဲနေရင်တော့ တော်တော်မျက်စိနောက်စရာကောင်းပါလိမ့်မယ်။ အိမ်တွင်းအလှဆင်တယ်ဆိုတာ ခုနကပြောခဲ့သလို လှပပြီး နေချင်စရာကောင်းဖို့ပါ။

ဆင်တူလေးတွေကိုပဲရွေးချယ်တတ်တာမျိုး

ဆင်တူလေးတွေကြိုက်တာလား။ ပန်းရောင်လေးတွေဆိုရင်လည်း အားလုံးပန်းရောင်တွေချည်းပဲဆိုတဲ့ ပုံစံမျိုးကတော့ ပျင်းရိငြီးငွေ့စရာကောင်းလွန်းပါတယ်။ ပရိဘောဂတွေကို အစုံလိုက် သူ့ Collection နဲ့သူ ထားရမှာက မှန်ပါတယ်။ ဒီ့ထက်များလာပြီး အကုန်ဆင်တူဖြစ်နေရင်တော့ စိတ်ညစ်စရာကောင်းသွားပါပြီ။ တစ်ခုနဲ့တစ်ခု လိုက်ဖက်ဖို့ပဲလိုအပ်ပါတယ်။ ဆင်တူဖို့တော့ မလိုအပ်ပါဘူး။

အလင်းရောင်ပြင်ဆင်ဖို့မေ့နေတာမျိုး

တစ်အိမ်လုံးတော့ ရှယ်ပြင်ဆင်ထားပါလျှက်နဲ့ အလင်းရောင်နဲ့ပတ်သက်လို့ကတော့ ပြည့်စုံမှုမရှိနေဘူးဆိုရင် ဒီအိမ်ကို လှပတဲ့အိမ်လို့ ဘယ်လိုမှသတ်မှတ်လို့မရပါဘူးနော်။ အလင်းရောင်က အခရာပါပဲ။ မီးဆိုင်းတွေ၊ မီးသီးတွေနဲ့ စားပွဲတင်မီးအိမ်တွေကို လှပအောင် စီစဉ်နိုင်မှသာ တကယ်တော်တဲ့ အိမ်တွင်းအလှဆင်သမားတစ်ဦးဖြစ်မှာပါ။ ဒါကြောင့် အလင်းရောင်နဲ့ပတ်သက်ပြီး ဆင်ယင်ဖို့ မမေ့ပါနဲ့။

ဒါလေးတွေကတော့ သင့်ရဲ့အိမ်ကို ဆင်ယင်တဲ့နေရာမှာ မှားယွင်းမှုမရှိအောင် သတိထားဂရုစိုက်ရမယ့် အချက်တွေပဲဖြစ်ပါတယ်။ အများစုကတော့ ဒီအချက်တွေနဲ့ပတ်သက်ပြီး အမှတ်မှားနေတတ်ကြပါတယ်။ မှားနေရင်လည်း အခုချက်ချင်း ပြန်ပြင်ဆင်လိုက်ပါတော့နော်။

Moethaesay (Akhayar)