[ZawGyi]

ကမၻာတစ္လႊားက ထူးထူးဆန္းဆန္းစားေသာက္ဆိုင္မ်ား

ပိုက္ဆံေလးေတြစုျပီး ႏွစ္သစ္မွာခရီးထြက္ဖို႔စဥ္းစားေနသလား၊ ဒါမွမဟုတ္ အထူးအဆန္းေနရာေလးေတြကိုရွာရွာေဖြေဖြသြားလာရတာစိတ္ဝင္စားသလား။ ဘာပဲျဖစ္ျဖစ္ အခုမသြားျဖစ္ေသးရင္ေတာင္ ေနာင္တစ္ခ်ိန္မွာသြားဖို႔အတြက္ေတးမွတ္ထားလို႔ရေအာင္ ကမၻာတစ္ဝွမ္းမွာရွိတဲ႔ဆန္းျပားတဲ႔စားေသာက္ဆိုင္ေလးေတြအေၾကာင္း မွ်ေဝေပးခ်င္ပါတယ္ေနာ္။ ဒီဆိုင္ေတြထဲမွာအ႔ံၾသဖြယ္ေကာင္းလွတဲ႔သဘာဝအလွေတြနဲ႔ ဆန္းျပားတဲ႔စိတ္ကူးစိတ္သန္းေတြကိုေပါင္းစပ္ထားတဲ႔ဆုိင္ေတြရွွိသလို အစားအေသာက္ထက္ အျခားေသာဆြဲေဆာင္မႈေတြေၾကာင္႔ ထူးျခားေနတဲ႔ဆိုင္ေတြလည္းရွိပါတယ္။ အစားအေသာက္ေကာင္းတာမေကာင္းတာထက္ လွပလြန္းတဲ႔သဘာဝပတ္ဝန္းက်င္ေၾကာင္႔ သြားဖို႔ထိုက္တန္တာကေတာ႔ေသခ်ာပါတယ္။

Labassin Waterfall, the Philippines

Labassin Waterfall, the Philippines

Labassin Waterfall, the Philippines

ဖိလစ္ပိုင္ႏိုင္ငံမွာရွိတဲ႔ အထင္ကရျဖစ္တဲ႔စားေသာက္ဆိုင္ေတြထဲမွာ Labassin Waterfall Restaurant လည္းပါဝင္ပါတယ္။ တေဝါေဝါစီးဆင္းေနတဲ႔ေရတံခြန္ကက်တဲ႔ ေရေအးေအးေလးကိုထိေတြ႔ရင္း၊ လတ္ဆတ္လြန္းတဲ႔ေလႏုေအးကိုခံစားရင္း ဝါးစားပြဲရွည္ေလးေတြနဲ႔ အစားအေသာက္ေကာင္းေကာင္းစားလို႔ရတဲ႔ ဒီဆုိင္ေလးက ဖိလစ္ပိုင္ႏိုင္ငံ၊ San Pablo ျမိဳ႕မွာရွိတဲ႔ Villa Escudero Resort မွာရွိေနတာျဖစ္ပါတယ္။ ဒီဆိုင္မွာ ဖိလစ္ပိုင္ရိုးရာ အစားအေသာက္ေတြကိုေကာင္းေကာင္းသံုးေဆာင္ႏိုင္သလို ေအးစိမ္႔စိမ္႔ေရတံခြန္ၾကီးက သဘာဝအဲကြန္းလိုေအးျမလို႔ေနမွာပါ။

Labassin Waterfall, the Philippines

Labassin Waterfall, the Philippines

Treepod Dining, Thailand

Treepod Dining, Thailand

Treepod Dining, Thailand

ကိုယ္ေတြရဲ႕အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ႔ ထိုင္းႏိုင္ငံမွာရွိတဲ႔ Treepod Dining ကလည္း ဆန္းျပားထူးျခားတဲ႔စားေသာက္ဆိုင္စာရင္းမွာပါတယ္ေနာ္။ Treepod Dining ဟာ Koh Kood ၊ Soneva Kiri မွာတည္ရွိတာျဖစ္ျပီး သဘာဝေတာအုပ္ၾကီးထဲမွာတည္ေဆာက္ထားတာျဖစ္ပါတယ္။ ငွက္သိုက္ေလးထဲမွာ ထိုင္ေနရသလုိ၊ ကေလးတုန္းကလို သစ္ပင္ခြၾကားကအိမ္ေလးထဲမွာေနရသလို ခံစားမႈကိုခံစားရမွာျဖစ္ပါတယ္။ အပင္ေပၚေရာက္ဖုိ႔ အေမာတေကာတက္စရာမလုိပါဘူး။ စားပြဲမွာထိုင္ျပီးတာနဲ႔ဒီအသိုက္ေလးကို ၾကိဳးနဲ႔ဆြဲတင္သြားမွာပါ။ ဓာတ္ေလွကားစီးသလိုမ်ိဳးေပါ႔။ စားပြဲထိုးေတြကေတာ႔ zip-line ကေနတဆင္႔ အစားအေသာက္ေတြကိုလာပို႔ေပးတာျဖစ္ပါတယ္။ ဘယ္ေလာက္မိုက္လဲဆုိတာ ပံုေလးျမင္ရံုနဲ႔သိမွာပါေနာ္။

Ithaa, the Maldives

Ithaa-Restaurant

Ithaa-Restaurant

Maldives ကိုဒီကလူေတာ္ေတာ္မ်ားမ်ားလည္းေရာက္ျဖစ္ေနေတာ႔ ဒီဆုိင္ေလးကိုလည္းေရာက္ျဖစ္သူေတြရွိမွာပါ။ Ithaa လို႔ေခၚတဲ႔ ဒီဆုိင္ေလးက ေရေအာက္ကမၻာကိုအနီးကပ္ခံစားရင္း အစားအေသာက္ေတြကိုစားသံုးႏိုင္တဲ႔အလွဆံုး Underwater Restaurant ေလးျဖစ္ပါတယ္။ Ithaa ရဲ႕အဓိပၸါယ္က Mother of Pearl ျဖစ္ပါတယ္တဲ႔။ ဒီဆုိင္ဟာ ကမၻာ႔အလွဆံုးစားေသာက္ဆုိင္ေတြစာရင္းမွာပါဝင္ခဲ႔တဲ႔ဆုိင္လည္းျဖစ္ပါတယ္။ ကိုယ္႔ရဲ႕ ၁၈၀ ဒီဂရီပတ္လည္မွာ ေရျပာျပာေလးေတြ၊ ေရေအာက္သတၱဝါေလးေတြအနီးကပ္ရွိေနတဲ႔ ခံစားခ်က္နဲ႔အတူေရေအာက္ကမၻာေလးမွာေနထုိင္ရမွာပါ။ ဒီဆိုင္ေလးဟာ ေမြးေန႔အခမ္းအနားေတြ၊ မဂၤလာအခမ္းအနားေတြက်င္းပဖုိ႔မ်က္စိက်ခံရတဲ႔ဆိုင္ေလးလည္းျဖစ္ပါတယ္။

ဆိုင္ကဒီလုိေလးရွိေနတာပါ

ဆိုင္ကဒီလုိေလးရွိေနတာပါ

Grotta Palazzese, Italy

Grotta-Palazzese-tavolo-centrale

Grotta-Palazzese-tavolo-centrale

ပင္လယ္ၾကီးအထက္မွာ ညစာစားမယ္ဆုိရင္ အီတလီမွာရွိတဲ႔ Grotta Palazzese ကိုလည္းေရြးႏိုင္ပါတယ္။ သူက ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၈၂ ေပအျမင္႔မွာရွိတာမုိ႔ Adriatic ပင္လယ္ျပာၾကီးကို အေပၚစီးကေနအဆံုးအစမဲ႔ခံစားႏိုင္မယ္။ ေက်ာက္ဂူေလးထဲမွာ ေအးေအးေဆးေဆးထိုင္မယ္႔ က်ယ္ေျပာတဲ႔ပင္လယ္ျပင္ၾကီးကိုတဝၾကည္႔မယ္ဆုိရင္ Grotta Palazzese ကိုသြားပါ။ ထိုင္းႏိုင္ငံမွာရွိတဲ႔ The Grotto နဲ႔သေဘာတရားခပ္ဆင္ဆင္ပါပဲ။

Nyotaimori restaurants, Japan

 Nyotaimori restaurants, Japan


Nyotaimori restaurants, Japan

ကိုကိုကာလသားေတြေရာက္ဖူးသင္႔တဲ႔ ဆူရွီဆိုင္ပါ။ လဲေလ်ာင္းေနတဲ႔မိန္းမပ်ိဳေလးကိုယ္ေပၚမွာတည္ခင္းထားတဲ႔ ဆူရွီေတြကို ရင္ခုန္သံတဒုန္းဒုန္းနဲ႔စားရမွာပါ။ ဒီလိုဆုိင္မ်ိဳးေတြက ဂ်ပန္ႏိုင္ငံအႏွ႔ံမွာရွိသလို ထိုင္းမွာလည္းရွိတယ္ေနာ္။ ဒီလိုမိန္းမလွေလးေတြနဲ႔တည္ခင္းတဲ႔ အေလ႔အထက ဆာမူရိုင္းေခတ္က ေဂရွားမယ္ေလးေတြရဲ႕ယဥ္ေက်းမႈျဖစ္ပါတယ္တဲ႔။ တိုက္ပြဲေတြကေနျပန္လာတဲ႔ အမ်ိဳးသားေတြကိုဆန္းသစ္တဲ႔ေဖ်ာ္ေျဖမႈနဲ႔ ဧည္႔ခံၾကိဳဆုိရာကေန ဆင္းသက္လာျဖစ္ပါတယ္။

ကမၻာေပၚမွာထူးထူးဆန္းဆန္းစားေသာက္ဆုိင္ေလးေတြက အမ်ားၾကီးေတာ႔ရွိပါတယ္။အခုကေတာ႔ အဲဒီလိုဆိုင္ေတြထဲကတခ်ိဳ႕ကိုေရြးထုတ္ထားတာပါေနာ္။ကဲ…ပိုက္ပိုက္ေတြစုထား… တစ္ေနရာေလာက္ေရာက္ေအာင္ေတာ႔ သြားၾကရေအာင္ပါ။

www.akhayar.com

[Unicode]

ကမ္ဘာတစ်လွှားက ထူးထူးဆန်းဆန်းစားသောက်ဆိုင်များ

ပိုက်ဆံလေးတွေစုပြီး နှစ်သစ်မှာခရီးထွက်ဖို့စဉ်းစားနေသလား၊ ဒါမှမဟုတ် အထူးအဆန်းနေရာလေးတွေကိုရှာရှာဖွေဖွေသွားလာရတာစိတ်ဝင်စားသလား။ ဘာပဲဖြစ်ဖြစ် အခုမသွားဖြစ်သေးရင်တောင် နောင်တစ်ချိန်မှာသွားဖို့အတွက်တေးမှတ်ထားလို့ရအောင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ဆန်းပြားတဲ့စားသောက်ဆိုင်လေးတွေအကြောင်း မျှဝေပေးချင်ပါတယ်နော်။ ဒီဆိုင်တွေထဲမှာအံ့သြဖွယ်ကောင်းလှတဲ့သဘာဝအလှတွေနဲ့ ဆန်းပြားတဲ့စိတ်ကူးစိတ်သန်းတွေကိုပေါင်းစပ်ထားတဲ့ဆိုင်တွေရှှိသလို အစားအသောက်ထက် အခြားသောဆွဲဆောင်မှုတွေကြောင့် ထူးခြားနေတဲ့ဆိုင်တွေလည်းရှိပါတယ်။ အစားအသောက်ကောင်းတာမကောင်းတာထက် လှပလွန်းတဲ့သဘာဝပတ်ဝန်းကျင်ကြောင့် သွားဖို့ထိုက်တန်တာကတော့သေချာပါတယ်။

Labassin Waterfall, the Philippines

Labassin Waterfall, the Philippines

Labassin Waterfall, the Philippines

ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ အထင်ကရဖြစ်တဲ့စားသောက်ဆိုင်တွေထဲမှာ Labassin Waterfall Restaurant လည်းပါဝင်ပါတယ်။ တဝေါဝေါစီးဆင်းနေတဲ့ရေတံခွန်ကကျတဲ့ ရေအေးအေးလေးကိုထိတွေ့ရင်း၊ လတ်ဆတ်လွန်းတဲ့လေနုအေးကိုခံစားရင်း ဝါးစားပွဲရှည်လေးတွေနဲ့ အစားအသောက်ကောင်းကောင်းစားလို့ရတဲ့ ဒီဆိုင်လေးက ဖိလစ်ပိုင်နိုင်ငံ၊ San Pablo မြို့မှာရှိတဲ့ Villa Escudero Resort မှာရှိနေတာဖြစ်ပါတယ်။ ဒီဆိုင်မှာ ဖိလစ်ပိုင်ရိုးရာ အစားအသောက်တွေကိုကောင်းကောင်းသုံးဆောင်နိုင်သလို အေးစိမ့်စိမ့်ရေတံခွန်ကြီးက သဘာဝအဲကွန်းလိုအေးမြလို့နေမှာပါ။

Labassin Waterfall, the Philippines

Labassin Waterfall, the Philippines

Treepod Dining, Thailand

Treepod Dining, Thailand

Treepod Dining, Thailand

ကိုယ်တွေရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ Treepod Dining ကလည်း ဆန်းပြားထူးခြားတဲ့စားသောက်ဆိုင်စာရင်းမှာပါတယ်နော်။ Treepod Dining ဟာ Koh Kood ၊ Soneva Kiri မှာတည်ရှိတာဖြစ်ပြီး သဘာဝတောအုပ်ကြီးထဲမှာတည်ဆောက်ထားတာဖြစ်ပါတယ်။ ငှက်သိုက်လေးထဲမှာ ထိုင်နေရသလို၊ ကလေးတုန်းကလို သစ်ပင်ခွကြားကအိမ်လေးထဲမှာနေရသလို ခံစားမှုကိုခံစားရမှာဖြစ်ပါတယ်။ အပင်ပေါ်ရောက်ဖို့ အမောတကောတက်စရာမလိုပါဘူး။ စားပွဲမှာထိုင်ပြီးတာနဲ့ဒီအသိုက်လေးကို ကြိုးနဲ့ဆွဲတင်သွားမှာပါ။ ဓာတ်လှေကားစီးသလိုမျိုးပေါ့။ စားပွဲထိုးတွေကတော့ zip-line ကနေတဆင့် အစားအသောက်တွေကိုလာပို့ပေးတာဖြစ်ပါတယ်။ ဘယ်လောက်မိုက်လဲဆိုတာ ပုံလေးမြင်ရုံနဲ့သိမှာပါနော်။

Ithaa, the Maldives

Ithaa-Restaurant

Ithaa-Restaurant

Maldives ကိုဒီကလူတော်တော်များများလည်းရောက်ဖြစ်နေတော့ ဒီဆိုင်လေးကိုလည်းရောက်ဖြစ်သူတွေရှိမှာပါ။ Ithaa လို့ခေါ်တဲ့ ဒီဆိုင်လေးက ရေအောက်ကမ္ဘာကိုအနီးကပ်ခံစားရင်း အစားအသောက်တွေကိုစားသုံးနိုင်တဲ့အလှဆုံး Underwater Restaurant လေးဖြစ်ပါတယ်။ Ithaa ရဲ့အဓိပ္ပါယ်က Mother of Pearl ဖြစ်ပါတယ်တဲ့။ ဒီဆိုင်ဟာ ကမ္ဘာ့အလှဆုံးစားသောက်ဆိုင်တွေစာရင်းမှာပါဝင်ခဲ့တဲ့ဆိုင်လည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ ၁၈၀ ဒီဂရီပတ်လည်မှာ ရေပြာပြာလေးတွေ၊ ရေအောက်သတ္တဝါလေးတွေအနီးကပ်ရှိနေတဲ့ ခံစားချက်နဲ့အတူရေအောက်ကမ္ဘာလေးမှာနေထိုင်ရမှာပါ။ ဒီဆိုင်လေးဟာ မွေးနေ့အခမ်းအနားတွေ၊ မင်္ဂလာအခမ်းအနားတွေကျင်းပဖို့မျက်စိကျခံရတဲ့ဆိုင်လေးလည်းဖြစ်ပါတယ်။

ဆိုင်ကဒီလိုလေးရှိနေတာပါ

ဆိုင်ကဒီလိုလေးရှိနေတာပါ

Grotta Palazzese, Italy

Grotta-Palazzese-tavolo-centrale

Grotta-Palazzese-tavolo-centrale

ပင်လယ်ကြီးအထက်မှာ ညစာစားမယ်ဆိုရင် အီတလီမှာရှိတဲ့ Grotta Palazzese ကိုလည်းရွေးနိုင်ပါတယ်။ သူက ပင်လယ်ရေမျက်နှာပြင်အထက် ၈၂ ပေအမြင့်မှာရှိတာမို့ Adriatic ပင်လယ်ပြာကြီးကို အပေါ်စီးကနေအဆုံးအစမဲ့ခံစားနိုင်မယ်။ ကျောက်ဂူလေးထဲမှာ အေးအေးဆေးဆေးထိုင်မယ့် ကျယ်ပြောတဲ့ပင်လယ်ပြင်ကြီးကိုတဝကြည့်မယ်ဆိုရင် Grotta Palazzese ကိုသွားပါ။ ထိုင်းနိုင်ငံမှာရှိတဲ့ The Grotto နဲ့သဘောတရားခပ်ဆင်ဆင်ပါပဲ။

Nyotaimori restaurants, Japan

 Nyotaimori restaurants, Japan


Nyotaimori restaurants, Japan

ကိုကိုကာလသားတွေရောက်ဖူးသင့်တဲ့ ဆူရှီဆိုင်ပါ။ လဲလျောင်းနေတဲ့မိန်းမပျိုလေးကိုယ်ပေါ်မှာတည်ခင်းထားတဲ့ ဆူရှီတွေကို ရင်ခုန်သံတဒုန်းဒုန်းနဲ့စားရမှာပါ။ ဒီလိုဆိုင်မျိုးတွေက ဂျပန်နိုင်ငံအနှံ့မှာရှိသလို ထိုင်းမှာလည်းရှိတယ်နော်။ ဒီလိုမိန်းမလှလေးတွေနဲ့တည်ခင်းတဲ့ အလေ့အထက ဆာမူရိုင်းခေတ်က ဂေရှားမယ်လေးတွေရဲ့ယဉ်ကျေးမှုဖြစ်ပါတယ်တဲ့။ တိုက်ပွဲတွေကနေပြန်လာတဲ့ အမျိုးသားတွေကိုဆန်းသစ်တဲ့ဖျော်ဖြေမှုနဲ့ ဧည့်ခံကြိုဆိုရာကနေ ဆင်းသက်လာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာထူးထူးဆန်းဆန်းစားသောက်ဆိုင်လေးတွေက အများကြီးတော့ရှိပါတယ်။အခုကတော့ အဲဒီလိုဆိုင်တွေထဲကတချို့ကိုရွေးထုတ်ထားတာပါနော်။ကဲ…ပိုက်ပိုက်တွေစုထား… တစ်နေရာလောက်ရောက်အောင်တော့ သွားကြရအောင်ပါ။

www.akhayar.com