[Zawgyi]

အသက္ (၃ဝ) မတိုင္ခင္ ၾကံဳဖူးသင့္တဲ့ အမွား (၅) ခု

လူတုိင္း အမွားလုပ္ဖူးၾကပါတယ္။ ဒါေပမယ့္ အမွားလုပ္ဖူးတဲ့အထဲမွာ သင္ခန္းစာယူတတ္တဲ့လူလား၊ မယူတတ္တဲ့လူလား ဒါပဲကြာသြားတာပါ။ လူေတြဟာ အမွားလုပ္မိၿပီဆုိရင္ စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ ဝမ္းနည္းတာေတြ ေတြ႕ၾကံဳရေပမယ့္ အဲဒီအမွားေတြကပဲ သင္ခန္းစာယူတတ္မယ္ဆုိရင္ အနာဂတ္မွာ ေအာင္ျမင္ဖုိ႔အတြက္ အေထာက္အကူျပဳတတ္ပါတယ္။ ဘဝအေတြ႕အၾကံဳစုံလင္သြားေအာင္လုိ႔ ဒီအမွားေတြကုိ အသက္၃ဝမေရာက္ခင္မွာပဲ စမ္းလုပ္ၾကည့္လုိက္ပါ။

၁။ ရည္းစားနဲ႔ကြဲဖူးရမယ္။

“ရည္းစားတစ္ေထာင္ လင္ေကာင္တစ္ေယာက္” စကားပုံလုိပဲ အေပ်ာ္ရည္းစားေတြ ထားဖူးရမယ္။ ရည္းစားနဲ႔ကြဲဖူးမွသာ ကုိယ့္ဘဝအတြက္ တကယ္အေရးႀကီးတဲ့ လက္တြဲေဖာ္ဆုိတာ မွန္မွန္ကန္ကန္ေရြးခ်ယ္တတ္မွာေလ။ အဲဒီေတာ့ အခ်စ္စစ္ကုိ ရည္းစားေတြတြဲၿပီး အေျဖရွာပါ။

Huawei

Huawei

HUAWEI nova 2i အေၾကာင္း အေသးစိတ္သိရွိရန္

၂။ အလုပ္ေျပာင္းဖူးရမယ္။

အသက္၃ဝေက်ာ္အထိ အလုပ္တစ္ခုတည္း လုပ္ေနရင္ အဆင္မေျပေတာ့ဘူး။ ဘယ္အလုပ္က ကုိယ့္ဝါသနနဲ႔ ကုိက္ညီလဲဆုိတာ ေဝဖန္ပုိင္းျခားတတ္ေစဖုိ႔ အလုပ္ေျပာင္းဖုိ႔လည္း လုိအပ္ပါတယ္။ အလုပ္ေတြတစ္ခုၿပီးတစ္ခု ေျပာင္းလုပ္ရင္းကေန ကုိယ့္အတြက္ မွန္ကန္သင့္ေတာ္တဲ့ လမ္းေၾကာင္းကုိ ေရြးခ်ယ္တတ္ပါေစ။

၃။ သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ျဖဳန္းရမယ္။

သူငယ္ခ်င္းဆုိတာက ကုိယ့္ဘဝအတြက္ ဒုတိယမိသားစုပါပဲ။ ငယ္ရြယ္တုန္းမွာပဲ ေဘာ္ဒါေတြနဲ႔ ေဟးလားဝါးလား အခ်ိန္ျဖဳန္းရမယ္။ အသက္ႀကီးလာရင္ အလုပ္ေတြမအားလပ္တာနဲ႔ ဒီလုိအခ်ိန္ျဖဳန္းျဖစ္မွာ မဟုတ္ေတာ့ဘူး။ အဲဒီေတာ့ ေဘာ္ဒါေတြနဲ႔ ေသာက္ေသာက္စားစား လူ႕ငႏြားလုပ္လုိက္ပါဦး။

၄။ ဒုကၡေရာက္ဖူးရမယ္။

ဟယ္ရီေပၚတာဇာတ္လမ္းတြဲကုိ ေရးသားတဲ့ J. K. Rowling ဆုိရင္ အသက္၃ဝေက်ာ္တဲ့အထိ တုိင္ပတ္တုန္း။ ကေလးတစ္ေယာက္နဲ႔ စားဝတ္ေနေရးမေျပလည္လုိ႔ အစိုးရရဲ႕ လူမႈဖူလုံေရးအေထာက္အပံ့ကုိေတာင္ မွီခုိခဲ့ရတယ္။ အဲဒီလုိ ဒုကၡေတြကုိ ေတြ႕ၾကံဳၿပီးမွပဲ ကမၻာေက်ာ္ဝတၳဳႀကီးကုိ ေရးသားႏုိင္ဖုိ႔ ခြန္အားေတြျဖစ္ခဲ့ရတာေလ။

၅။ စကားေျပာမွားဖူးရတယ္။

စာေရးဆရာေတြေတာင္ စာေပေဟာေျပာပြဲေတြမွာ စကားေျပာေတြ မွားတတ္ပါတယ္။ လူအမ်ားေရွ႕စကားေျပာမွားမွာကို ေၾကာက္မေနဘဲနဲ႔ ရဲရဲ၀့ံ၀့ံနဲ႔ေျပာဖို႔လိုအပ္ပါတယ္။ စကားေျပာမွားသြားခ့ဲရင္ေတာင္ ရွက္ေနစရာမဟုတ္သလို ေနာက္တစ္ႀကိမိအေကာင္းဆုံးျဖစ္ဖို႔ ေဆာင္ရန္ ေရွာင္ရန္ေတြကို နားလည္သြားမွာျဖစ္ပါတယ္။

ကဲ . . ဒီအမွားေတြကုိေတာ့ အသက္၃ဝမေရာက္ခင္ လူငယ္ပီပီ က်ဴးလြန္သင့္တဲ့ အမွားေတြပါပဲ။ အမွားေတြကေန သင္ခန္းစာယူၿပီး ဘဝမွာ ေအာင္ျမင္ႏုိင္ပါေစ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Zawgyi]

အသက် (၃ဝ) မတိုင်ခင် ကြုံဖူးသင့်တဲ့ အမှား (၅) ခု

လူတိုင်း အမှားလုပ်ဖူးကြပါတယ်။ ဒါပေမယ့် အမှားလုပ်ဖူးတဲ့အထဲမှာ သင်ခန်းစာယူတတ်တဲ့လူလား၊ မယူတတ်တဲ့လူလား ဒါပဲကွာသွားတာပါ။ လူတွေဟာ အမှားလုပ်မိပြီဆိုရင် စိတ်ပျက်စရာကောင်းလောက်အောင် ဝမ်းနည်းတာတွေ တွေ့ကြုံရပေမယ့် အဲဒီအမှားတွေကပဲ သင်ခန်းစာယူတတ်မယ်ဆိုရင် အနာဂတ်မှာ အောင်မြင်ဖို့အတွက် အထောက်အကူပြုတတ်ပါတယ်။ ဘဝအတွေ့အကြုံစုံလင်သွားအောင်လို့ ဒီအမှားတွေကို အသက်၃ဝမရောက်ခင်မှာပဲ စမ်းလုပ်ကြည့်လိုက်ပါ။

၁။ ရည်းစားနဲ့ကွဲဖူးရမယ်။

“ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်” စကားပုံလိုပဲ အပျော်ရည်းစားတွေ ထားဖူးရမယ်။ ရည်းစားနဲ့ကွဲဖူးမှသာ ကိုယ့်ဘဝအတွက် တကယ်အရေးကြီးတဲ့ လက်တွဲဖော်ဆိုတာ မှန်မှန်ကန်ကန်ရွေးချယ်တတ်မှာလေ။ အဲဒီတော့ အချစ်စစ်ကို ရည်းစားတွေတွဲပြီး အဖြေရှာပါ။

Huawei

Huawei

HUAWEI nova 2i အကြောင်း အသေးစိတ်သိရှိရန်

၂။ အလုပ်ပြောင်းဖူးရမယ်။

အသက်၃ဝကျော်အထိ အလုပ်တစ်ခုတည်း လုပ်နေရင် အဆင်မပြေတော့ဘူး။ ဘယ်အလုပ်က ကိုယ့်ဝါသနနဲ့ ကိုက်ညီလဲဆိုတာ ဝေဖန်ပိုင်းခြားတတ်စေဖို့ အလုပ်ပြောင်းဖို့လည်း လိုအပ်ပါတယ်။ အလုပ်တွေတစ်ခုပြီးတစ်ခု ပြောင်းလုပ်ရင်းကနေ ကိုယ့်အတွက် မှန်ကန်သင့်တော်တဲ့ လမ်းကြောင်းကို ရွေးချယ်တတ်ပါစေ။

၃။ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရမယ်။

သူငယ်ချင်းဆိုတာက ကိုယ့်ဘဝအတွက် ဒုတိယမိသားစုပါပဲ။ ငယ်ရွယ်တုန်းမှာပဲ ဘော်ဒါတွေနဲ့ ဟေးလားဝါးလား အချိန်ဖြုန်းရမယ်။ အသက်ကြီးလာရင် အလုပ်တွေမအားလပ်တာနဲ့ ဒီလိုအချိန်ဖြုန်းဖြစ်မှာ မဟုတ်တော့ဘူး။ အဲဒီတော့ ဘော်ဒါတွေနဲ့ သောက်သောက်စားစား လူ့ငနွားလုပ်လိုက်ပါဦး။

၄။ ဒုက္ခရောက်ဖူးရမယ်။

ဟယ်ရီပေါ်တာဇာတ်လမ်းတွဲကို ရေးသားတဲ့ J. K. Rowling ဆိုရင် အသက်၃ဝကျော်တဲ့အထိ တိုင်ပတ်တုန်း။ ကလေးတစ်ယောက်နဲ့ စားဝတ်နေရေးမပြေလည်လို့ အစိုးရရဲ့ လူမှုဖူလုံရေးအထောက်အပံ့ကိုတောင် မှီခိုခဲ့ရတယ်။ အဲဒီလို ဒုက္ခတွေကို တွေ့ကြုံပြီးမှပဲ ကမ္ဘာကျော်ဝတ္ထုကြီးကို ရေးသားနိုင်ဖို့ ခွန်အားတွေဖြစ်ခဲ့ရတာလေ။

၅။ စကားပြောမှားဖူးရတယ်။

စာရေးဆရာတွေတောင် စာပေဟောပြောပွဲတွေမှာ စကားပြောတွေ မှားတတ်ပါတယ်။ လူအများရှေ့စကားပြောမှားမှာကို ကြောက်မနေဘဲနဲ့ ရဲရဲဝံ့ဝံ့နဲ့ပြောဖို့လိုအပ်ပါတယ်။ စကားပြောမှားသွားခဲ့ရင်တောင် ရှက်နေစရာမဟုတ်သလို နောက်တစ်ကြိမိအကောင်းဆုံးဖြစ်ဖို့ ဆောင်ရန် ရှောင်ရန်တွေကို နားလည်သွားမှာဖြစ်ပါတယ်။

ကဲ . . ဒီအမှားတွေကိုတော့ အသက်၃ဝမရောက်ခင် လူငယ်ပီပီ ကျူးလွန်သင့်တဲ့ အမှားတွေပါပဲ။ အမှားတွေကနေ သင်ခန်းစာယူပြီး ဘဝမှာ အောင်မြင်နိုင်ပါစေ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com 

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။