ယနေ့ ကြေးမုံသတင်းစာ ခေါင်းကြီးပိုင်းမှာ ပါဝင်ခဲ့တဲ့ အယ်ဒီတာအာဘော်ကို ဝေဖန်မှုအချို့ရှိနေ

ယနေ့ Facebook Social Media ပေါ်မှာ သတင်းတစ်ခုကို ပြန်လည်ဝေမျှပြီး ပြောဆိုမှုများပြားနေကြတာဖြစ်ပါတယ်။ အဲ့ဒါကတော့ ယနေ့ ကြေးမုံသတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာ ပါဝင်တဲ့ “သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး” နာမည်နဲ့ အယ်ဒီတာအာဘော်ဆောင်းပါးတစ်ခုကြောင့်ပဲဖြစ်ပါတယ်။

အဆိုပါ ဆောင်းပါးက အဓိကကလက်ရှိအချိန်မှာ စမတ်ဖုန်းတွေအပေါ်ကို တန်ဆေးနဲ့ လွန်ဘေးမဖြစ်အောင် ရေးသားထားတာဖြစ်ပေမယ့် အချို့အချက်တွေက အဓိပ္ပါယ်လွဲမှားနေတာဖြစ်ပါတယ်။

အသိသာဆုံးတစ်ခုကို ပြောရရင် Apple iPhone X ကို ဒေါ်လာ ၄၇၀၀ ကျော်၊ မြန်မာငွေ ကျပ် ၆၅ သိန်းခန့်ဟုရေးသားထားခြင်းဖြစ်ပြီးသော စာရေးသူအနေနဲ့ iPhone X Special Edition ဖုန်းတစ်ခုခုကို ပြောချင်ပုံဖြစ်ပေမယ့် အဆိုပါဖုန်းကို တန်းစီစောင့်ဆိုင်းပြီးဝယ်ယူတာက ရှုးသွပ်မှုလို့ ပြောကြားခဲ့တာ စတာတွေက အနည်းငယ်နားလည်မှုလွဲစေတာဖြစ်ပါတယ်။ \

၆၅ သိန်းတန်ဖုန်းတွေကိုင်နေပြီလား ညယ်မလေး :3 credit – ကြေးမုံသတင်းစာ

Posted by Kyitha Maung on Monday, November 13, 2017

အဆိုပါ ယနေ့ ကြေးမုံသတင်းစာကို ဖတ်ရှုနိုင်တဲ့ Link ကိုလည်းဖော်ပြပေးလိုက်ပါတယ်။