[Zawgyi]

ေပ်ာက္ဆံုးမေလးရွားေလယာဥ္ MH370 ကို ၄ႏွစ္ၾကာရွာေဖြမႈအၿပီး ေနာက္ဆံုးထုတ္ျပန္ခ်က္ထုတ္

၂၀၁၄ ခုႏွစ္ မတ္လ ၈ရက္ေန႕မွာ ေလေၾကာင္းခရီးပ်ံသန္းေနရင္း ေပ်ာက္ဆံုးသြားခဲ့တဲ့ မေလးရွားေလယာဥ္ MH370 နဲ႔ ပတ္သက္ၿပီး ၄ ႏွစ္တာရွာေဖြမႈအၿပီးမွာေတာ့ ဇူလိုင္လ ၃၀ ရက္ေန႔၊ ၂၀၁၈ မွာပဲ ရွာေဖြမႈကို အၿပီးသတ္ရပ္တန္႔ၿပီး ထုတ္ျပန္ခ်က္ထုတ္လိုက္ပါၿပီ။

အဲ့ဒီမေလးရွားေလယာဥ္ MH370 ကို စီးနင္းလိုက္ပါသူ လူဦးေရ စုစုေပါင္း ၂၃၉ ေယာက္ပါဝင္ၿပီး အိႏၵိယသမုဒၶရာကို ကူးျဖတ္ေနတုန္းမွာ ေပ်ာက္ဆံုးသြားခဲ့တာျဖစ္ပါတယ္။ ေပ်ာက္ဆံုးသြားတဲ့ေလယာဥ္ကို မေလးရွားအစိုးရကိုယ္တိုင္ဦးေဆာင္ၿပီး ၄ ႏွစ္တာလံုး အိႏၵိယပင္လယ္သမုဒၶရာေရေအာက္အနက္ စတုရန္းကီလိုမီတာ ၂သိန္းေက်ာ္ထိ ပိုက္စိပ္တိုက္ရွာေဖြခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ ေပ်ာက္ဆံုးသြားတဲ့ ေလယာဥ္ရဲ႕ အပ်က္အစီးအစိတ္အပိုင္းအနည္းငယ္သာေတြ႕ရွိခဲ့ေပမယ့္ ေလယာဥ္ကိုယ္ထည္တစ္ခုလံုးကိုေတာ့ လံုးဝမေတြ႕ရွိခဲ့ပါဘူး။ ဒါ့ေၾကာင့္ ၄ႏွစ္တာရွာေဖြမႈတစ္ခုလံုးကို ဒီႏွစ္ေမလမွာပဲ အဆံုးသတ္ရပ္တန္႔လိုက္ၿပီး ေနာက္ဆံုးထုတ္ျပန္ခ်က္ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။ အဲ့ဒီသတင္းထုတ္ျပန္ခ်က္ကို နာေထာင္ဖို႔ ေပ်ာက္ဆံုးသူမ်ားရဲ႕ မိသားစုေတာ္ေတာ္မ်ားမ်ားစုေဝးေရာက္ရွိခဲ့ပါတယ္။

“ရွာေဖြေ႐းအဖြဲ႕တစ္ဖြဲ႕လံုး ၄ ႏွစ္တာ ပိုက္စိပ္တိုက္ရွာေဖြခဲ့ေပမယ့္ ေပ်ာက္ဆံုးသြားရတဲ့အေၾကာင္းရင္းကိုေရာ ေလယာဥ္ရဲ႕ အစအနကိုေတာင္ ျပန္မရခဲ့ပါဘူး။ ေလ့လာသိရွိရသေလာက္ ေလယာဥ္ကို တစ္ေယာက္ေယာက္က အေရးေပၚလွည့္ခဲ့တာျဖစ္ၿပီး ဘယ္သူလဲဆိုတာေတာ့မသိႏိုင္ေတာ့ပါဘူး” လို႔ ရွာေဖြေရးအဖြဲ႕ေခါင္းေဆာင္ Dr.Kok Soo Chon က စာမ်က္ႏွာ ၄၉၅ ရြက္ပါတဲ့ သတင္းထုတ္ျပန္ခ်က္ကို ထုတ္ျပန္ခဲ့ပါတယ္။

ေလယာဥ္ကိုလမ္းေၾကာင္းေျပာင္းခဲ့တာေၾကာင့္ မူလလမ္းေၾကာင္းနဲ႔ ေသြဖယ္ၿပီးသြားတဲ့ေနာက္မွာ ဦးတည္ရာျဖစ္တဲ့ တ႐ုတ္ႏိုင္ငံက ေလေၾကာင္းထိန္းခ်ဳပ္ေရးစင္တာနဲ႔ပါအဆက္အသြယ္ျပတ္ခဲ့ၿပီး ေလယာဥ္လမ္းေၾကာင္းေပ်ာက္သြားခဲ့တာမို႔ ကယ္ဆယ္ေရးလုပ္ငန္းေတြပါ ေႏွာင့္ေႏွးခဲ့ပါတယ္။

သတင္းထုတ္ျပန္ခ်က္ေတြမွာေတာ့ ေလယာဥ္နဲ႔ ေလယာဥ္မွဴးေတြရဲ႕ ေလယာဥ္အေပၚထိန္းခ်ဳပ္ေဆာင္ရြက္ပံုေတြမပါဝင္ခဲ့ပါဘူး။ ဒီေလယာဥ္ေပ်ာက္ဆံုးမႈမွာ တတိယအဖြဲ႕အစည္းတစ္ခုပါဝင္ခဲ့တယ္လို႔ပဲ တင္ျပခဲ့ပါတယ္။ ေလယာဥ္ကိုယ္ထည္ကိုျပန္မေတြ႕ေသးတဲ့အတြက္ ပ်က္က်ရတဲ့အေၾကာင္းအရင္းကိုရွာဖို႔ဟာ ေကာက္႐ိုးပံုထဲကအပ္လိုပါပဲ။

ရွာေဖြမႈမွာ ၾသစေၾတးလ်၊ အေမရိကန္၊ အင္ဒိုနီးရွား၊ တ႐ုတ္၊ နဲ႔ အဂၤလန္ႏိုင္ငံတို႔ပါဝင္ခဲ့ပါတယ္။

မေလးရွားႏိုင္ငံမွ တ႐ုတ္ႏိုင္ငံကို ဦးတည္သြားေနတဲ့ MH370 Boeing 777 ေလယာဥ္ဟာ ဝန္ထမ္း ၂၂ဦးနဲ႔ ခရီးသည္ ၂၂၇ ဦးကိုသယ္ေဆာင္ၿပီး ခရီးဆက္ခဲ့ရာ မေလးရွားစံေတာ္ခ်ိန္ ၁၂:၄၁ မိနစ္ဝန္းက်င္ မွာ အိႏၵိယသမုဒၶရာေတာင္ပိုင္မွာ ေပ်ာက္ဆံုးသြားခဲ့တာျဖစ္ပါတယ္။

ခရီးသည္အားလံုးထဲကမွ ၁၅၂ ဦးမွာ ၿပည္မၾကီးၿပန္ၾကမယ့္ တ႐ုတ္လူမ်ိဳးေတြၿဖစ္ၿပီး မေလးရွား လူမ်ိဳး ၃၈ ဦး ၊ အင္ဒိုနီးရွားလူမ်ိဳး ၇ ဦး၊ ၾသစေၾတးလ်လူမ်ိဳး ၆ ဦး၊ တျခားျပင္သစ္နဲ႔ အေမရိကလူမ်ိဳးေတြ ပါဝင္ပါတယ္။

ဒီ MH370 ကို ၄ ႏွစ္တိုင္တိုင္ ရွာေဖြမႈဟာ အစအနရွာမေတြ႕ဘဲ အဆံုးသတ္ခဲ့ရေပမယ့္အေမရိကန္ေဒၚလာ သန္း ၂၀၀ ေက်ာ္ကုန္က်ခဲ႔ၿပီး သမိုင္းတေလွ်ာက္လံုး ကမ႓ာ့အႀကီးဆံုးနဲ႔ ကုန္က်စရိတ္အမ်ားဆံုးရွာေဖြမႈျဖစ္ခဲ့ပါတယ္။

EiEiKhineMinn (Akhayar)

[Unicode]

ပျောက်ဆုံးမလေးရှားလေယာဉ် MH370 ကို ၄နှစ်ကြာရှာဖွေမှုအပြီး နောက်ဆုံးထုတ်ပြန်ချက်ထုတ်

လွန်ခဲ့တဲ့ ၄ နှစ်ကာလဖြစ်တဲ့ ၂၀၁၄ ခုနှစ် မတ်လထဲမှာ လေကြောင်းခရီးပျံသန်းနေရင်း ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှားလေယာဉ် MH370 နဲ့ ပတ်သက်ပြီး ၄ နှစ်တာရှာဖွေမှုအပြီးမှာတော့ ဇူလိုင်လ ၃၀ ရက်နေ့၊ ၂၀၁၈ မှာပဲ ရှာဖွေမှုကို အပြီးသတ်ရပ်တန့်ပြီး ထုတ်ပြန်ချက်ထုတ်လိုက်ပါပြီ။

အဲ့ဒီမလေးရှားလေယာဉ် MH370 ကို စီးနင်းလိုက်ပါသူ လူဦးရေ စုစုပေါင်း ၂၃၉ ယောက်ပါဝင်ပြီး အိန္ဒိယသမုဒ္ဓရာကို ကူးဖြတ်နေတုန်းမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ပျောက်ဆုံးသွားတဲ့လေယာဉ်ကို မလေးရှားအစိုးရကိုယ်တိုင်ဦးဆောင်ပြီး ၄ နှစ်တာလုံး အိန္ဒိယပင်လယ်သမုဒ္ဓရာရေအောက်အနက် စတုရန်းကီလိုမီတာ ၂သိန်းအနက်ထိ ပိုက်စိပ်တိုက်ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် ပျောက်ဆုံးသွားတဲ့ လေယာဉ်ရဲ့ အပျက်အစီးအစိတ်အပိုင်းအနည်းငယ်သာတွေ့ရှိခဲ့ပေမယ့် လေယာဉ်ကိုယ်ထည်တစ်ခုလုံးကိုတော့ လုံးဝမတွေ့ရှိခဲ့ပါဘူး။ ဒါ့ကြောင့် ၄နှစ်တာရှာဖွေမှုတစ်ခုလုံးကို ဒီနှစ်မေလမှာပဲ အဆုံးသတ်ရပ်တန့်လိုက်ပြီး နောက်ဆုံးထုတ်ပြန်ချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီသတင်းထုတ်ပြန်ချက်ကို နာထောင်ဖို့ ပျောက်ဆုံးသူများရဲ့ မိသားစုတော်တော်များများစုဝေးရောက်ရှိခဲ့ပါတယ်။

“ရှာဖွေရေးအဖွဲ့တစ်ဖွဲ့လုံး ၄ နှစ်တာ ပိုက်စိပ်တိုက်ရှာဖွေခဲ့ပေမယ့် ပျောက်ဆုံးသွားရတဲ့အကြောင်းရင်းကိုရော လေယာဉ်ရဲ့ အစအနကိုတောင် ပြန်မရခဲ့ပါဘူး။ လေ့လာသိရှိရသလောက် လေယာဉ်ကို တစ်ယောက်ယောက်က အရေးပေါ်လှည့်ခဲ့တာဖြစ်ပြီး ဘယ်သူလဲဆိုတာတော့မသိနိုင်တော့ပါဘူး” လို့ ရှာဖွေရေးအဖွဲ့ခေါင်းဆောင် Dr.Kok Soo Chon က စာမျက်နှာ ၄၉၅ ရွက်ပါတဲ့ သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

လေယာဉ်ကိုလမ်းကြောင်းပြောင်းခဲ့တာကြောင့် မူလလမ်းကြောင်းနဲ့ သွေဖယ်ပြီးသွားတဲ့နောက်မှာ ဦးတည်ရာဖြစ်တဲ့ တရုတ်နိုင်ငံက လေကြောင်းထိန်းချုပ်ရေးစင်တာနဲ့ပါအဆက်အသွယ်ပြတ်ခဲ့ပြီး လေယာဉ်လမ်းကြောင်းပျောက်သွားခဲ့တာမို့ ကယ်ဆယ်ရေးလုပ်ငန်းတွေပါ နှောင့်နှေးခဲ့ပါတယ်။

သတင်းထုတ်ပြန်ချက်တွေမှာတော့ လေယာဉ်နဲ့ လေယာဉ်မှုးတွေရဲ့ လေယာဉ်အပေါ်ထိန်းချုပ်ဆောင်ရွက်ပုံတွေမပါဝင်ခဲ့ပါဘူး။ ဒီလေယာဉ်ပျောက်ဆုံးမှုမှာ တတိယအဖွဲ့အစည်းတစ်ခုပါဝင်ခဲ့တယ်လို့ပဲ တင်ပြခဲ့ပါတယ်။ လေယာဉ်ကိုယ်ထည်ကိုပြန်မတွေ့သေးတဲ့အတွက် ပျက်ကျရတဲ့အကြောင်းအရင်းကိုရှာဖို့ဟာ ကောက်ရိုးပုံထဲကအပ်လိုပါပဲ။

ရှာဖွေမှုမှာ သြစတြေးလျ၊ အမေရိကန်၊ အင်ဒိုနီးရှား၊ တရုတ်၊ နဲ့ အင်္ဂလန်နိုင်ငံတို့ပါဝင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံမှ တရုတ်နိုင်ငံကို ဦးတည်သွားနေတဲ့ MH370 Boeing 777 လေယာဉ်ဟာ ဝန်ထမ်း ၂၂ဦးနဲ့ ခရီးသည် ၂၂၇ ဦးကိုသယ်ဆောင်ပြီး ခရီးဆက်ခဲ့ရာ မလေးရှားစံတော်ချိန် ၁၂:၄၁ မိနစ်ဝန်းကျင် မှာ အိန္ဒိယသမုဒ္ဓရာတွင်းပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

ခရီးသည်အားလုံးထဲကမှ ၁၅၂ ဦးမှာ တရုတ်ပြည်ပြန်ကြမယ့် တရုတ်လူမျိုးများဖြစ်ပြီး မလေးရှား လူမျိုး ၃၈ ဦး ၊ အင်ဒိုနီးရှားလူမျိုး ၇ ဦး၊ သြစတြေးလျလူမျိုး ၆ ဦး၊ တခြားပြင်သစ်နဲ့ အမေရိကလူမျိုးများပါဝင်ပါတယ်။

ဒီ MH370 ကို ၄ နှစ်တိုင်တိုင် ရှာဖွေမှုဟာ အစအနရှာမတွေ့ဘဲ အဆုံးသတ်ခဲ့ရပေမယ့်အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကုန်ကျခဲ့ပြီး သမိုင်းတလျှောက်လုံး ကမ္ဘာ့အကြီးဆုံးနဲ့ ကုန်ကျစရိတ်အများဆုံးရှာဖွေမှုဖြစ်ခဲ့ပါတယ်။
EiEiKhineMinn (Akhayar)