[Zawgyi]

Akhayar Media ကေန စာဖတ္ပရိတ္သတ္ေတြ သုတ၊ ရသနဲ့ ဗဟုသုတပိုၿပီးစံုစံုလင္လင္ရနိုင္ဖို႔အတြက္ လက္ရွိ Akhayar အဖြဲ့သားေတြတင္ဆက္ေနတဲ႔ ေဆာင္းပါးေတြအျပင္ ဒီတစ္ပတ္ကစၿပီး ျပင္ပကစာေရးဆရာေတြရဲ့ေဆာင္းပါးလက္ရာေကာင္းေတြကိုပါ အလ်ဥ္းသင့္သလိုေဖၚျပေပးသြားမွာျဖစ္ပါတယ္။ ဒီေန့မွာေတာ့ အြန္လိုင္းမွာေရာ လူသိမ်ားတဲ့ စာေရးဆရာတစ္ဦးျဖစ္သူ ေဒါက္တာၿဖိဳးသီဟရဲ႕ေဆာင္းပါးေကာင္းတစ္ပုဒ္ကို စတင္တင္ဆက္ေပးလိုက္ပါတယ္။ ဆရာ၀န္တစ္ျဖစ္လည္း စာအေရးအသားေကာင္းၿပီး လူငယ္ေတြအတြက္ ဗဟုသုတရဖြယ္ ပညာေပးေဆာင္းပါးေတြေရးသားတင္ဆက္ေလ့ရွိတဲ့ ေဒါက္တာၿဖိဳးသီဟရဲ႕ ေဆာင္းပါးေကာင္းေတြကို အခရာမွာေစာင့္ေမွ်ာ္ဖတ္ရႈၽႏိုင္ပါတယ္။

“ကံဆုိတဲ့ အဓိပၸါယ္”

ကၽြန္ေတာ္တို႔ျမန္မာလူမ်ိဳးေတြ ေန႕စဥ္နဲ႔အမွ် သံုးေနတဲ့စကားလံုးေတြထဲက အသံုးအမ်ားဆံုးစကားလံုးတစ္လံုးကိုေျပာပါဆုိ ဘာမ်ားျဖစ္မလဲ။ ေသခ်ာပါတယ္၊ အဲဒါက ကံ ဆုိတဲ့စကားလံုးပါပဲ။ ဆင္းရဲတဲ့ လူတစ္ေယာက္ကုိ ေတြ႕တယ္၊ ေၾသာ္ သူ႕ခမ်ာ ကံဆုိးလုိက္တာ။ ခ်မ္းသာတဲ့လူ၊ ေအာင္ျမင္တဲ့လူတစ္ေယာက္ေတြ႕ရင္လည္း ေျပာတယ္၊ သူတုိ႕က်ေတာ့လည္း ကံေကာင္းလိုက္ၾကတာတဲ့။ သီခ်င္းေတြကလည္း စပ္ဆုိတယ္၊ ကံဇာတ္ဆရာအလိုက်။ စာအုပ္ေတြမွာလည္း ဖတ္ရတယ္၊ တကယ္ေတာ့ ဘ၀ဆုိတာ ေရးထားျပီးသား စာအုပ္တစ္အုပ္ပဲတဲ့။ သေဘာကေတာ့ ကၽြန္ေတာ္တုိ႕ၾကံဳရသမွ်ဟာ အကုန္စီမံထားျပီးသား။ ျပင္ဆင္လို႔မရဘူး။ ျဖည္႕စြက္လုိ႔မရဘူး။ ခ်မ္းသာဖုိ႕ ကံပါလာရင္ ခ်မ္းသာမွာပဲ။ ဆင္းရဲဖုိ႕ ကံပါလာရင္ ဆင္းရဲမွာပဲ။ ဒီလိုေတြးၾကတဲ့အခါ ကိုယ့္ဘ၀ရဲ႕ အရွင္သခင္က အဲဒီ ကံ ဆုိတာၾကီး ျဖစ္လာတယ္။

ဒါဆုိ စဥ္းစားၾကည့္ရေအာင္။ ကၽြန္ေတာ္တို႔ ဗုဒၶဘာသာ၀င္ေတြ ယံုၾကည္ၾကတဲ့ ကံ ဆုိတာ ဘာလဲ။ တကယ္ေတာ့ ကံ ဆုိတာ အလုပ္ျဖစ္တယ္။ ကုိယ္လုပ္သမွ်အလုပ္တုိင္းရဲ႕ အက်ိဳးဆက္က ကုိယ့္ဆီကုိ ျပန္လာမွာပဲ။ ဒါေၾကာင့္ ကုိယ္ျပဳသည္႕ကံ ပဲ့တင္သံ ကုိယ့္ထံျပန္လာမည္ဆိုျပီး ေျပာၾကတာ။ ဘယ္သူကမွ ဖန္တီးထားတာ မဟုတ္ဘူး။ ေရးထားျပီးသား စာအုပ္တစ္အုပ္လည္း မဟုတ္ဘူး။ နံရံကုိတည္ျပီး ေဘာလံုးကန္လိုက္လို႕ အဲဒီေဘာလံုးက ကုိယ့္ဆီျပန္လာတဲ့သေဘာပဲ။

စိတ္ေကာင္းေကာင္းထားမယ္၊ သူတစ္ပါးကိုကူညီမယ္ဆိုရင္ ကုိယ့္အလွည္႕က်လည္း ကူညီမယ့္သူကိုေတြ႕မယ္။ သူတစ္ပါးကို စိတ္ဆင္းရဲေအာင္၊ ဒုကၡေရာက္ေအာင္ လုပ္ဖူးရင္ ကုိယ့္ကို အဲ့လိုဒုကၡေပးသူလည္း ျပန္ေပၚလာမယ္။ ခ်မ္းသာေအာင္ ၾကိဳးစားရင္ ခ်မ္းသာမယ္။ ဆင္းရဲေစတဲ့ အျပဳအမူေတြ၊ အလုပ္ေသခ်ာမလုပ္တာ၊ ေလာင္းကစားလုပ္တာ၊ အသံုးအျဖဳန္းၾကီးတာေတြ လုပ္ရင္ ဆင္းရဲမယ္။ အဲဒါ ဗုဒၶဘာသာ၀င္ေတြ ယံုၾကည္ၾကတဲ့ ကံကံ၏အက်ိဳး ဆုိတာပဲ။

ဒါေၾကာင့္ အဂၤလိပ္စာတတ္ျခင္းဆုိတဲ့ အက်ိဳးေပးကိုလိုခ်င္ရင္ အဂၤလိပ္စာသင္ျခင္းဆုိတဲ့ အလုပ္၊ အဂၤလိပ္စာသင္ျခင္းဆုိတဲ့ ကံကို လုပ္ရမယ္။ ကြန္ပ်ဴတာတတ္ျခင္းဆိုတဲ့ အက်ိဳးေပးကိုလိုခ်င္ရင္ ကြန္ပ်ဴတာသင္ျခင္း၊ ေလ့လာျခင္းဆုိတဲ့ ကံကို လုပ္ရမယ္။ ခ်မ္းသာခ်င္ရင္ ခ်မ္းသာေစတဲ့ အလုပ္ေတြကို လုပ္ရမယ္။ ဒါမွ တူေသာအက်ိဳးေပးမယ္။ အဂၤလိပ္စာတတ္မယ္။ ကြန္ပ်ဴတာတတ္မယ္။ လူခ်မ္းသာတစ္ေယာက္ ျဖစ္လာမယ္။ အဂၤလိပ္စာတတ္ခ်င္တယ္ဆိုျပီး ယၾတာပဲ ေခ်ေနလုိ႔မရဘူး။ ခ်မ္းသာခ်င္တယ္ဆိုျပီး ဘုရားမွာ ထုိင္ဆုေတာင္းေနရံုနဲ႕ မျပီးဘူး။

ဒီေနရာမွာ ျငင္းစရာရွိလာတယ္။ တခ်ိဳ႕ေတြ ရုပ္ေခ်ာတယ္၊ တခ်ိဳ႕က မိဘက ခ်မ္းသာတယ္၊ တခ်ိဳ႕က ဉာဏ္ေကာင္းတယ္၊ တခ်ိဳ႕က နည္းနည္းေလးၾကိဳးစားတာနဲ႔ျဖစ္တယ္၊ တခ်ိဳ႕က ေတာ္ေတာ္ၾကီးကို ၾကိဳးစားရတယ္၊ အခက္အခဲေပါင္းစံု ေက်ာ္ျဖတ္ျပီးမွ ေအာင္ျမင္တယ္။ ဘာေတြကြာျခားသြားတာလဲဆုိေတာ့ အတိတ္က ကုိယ္လုပ္ခဲ့တဲ့လုပ္ရပ္ေတြေၾကာင့္ပဲ။ ဒါေတြေၾကာင့္ ကြာျခားသြားတာ။ ဒါေပမယ့္ အဲဒီအတိတ္က လုပ္ခဲ့တယ္ဆုိတာေတြက ကုိယ္လည္းမသိသလို ျပန္ျပင္ဆင္လုိ႔လည္း မရေတာ့ဘူး။ ေလာေလာဆယ္ ကုိယ္တတ္ႏုိင္တာကေတာ့ လက္ရွိအခ်ိန္မွာ ဘာလုပ္မလဲဆုိတာပဲ။

အတိတ္ကံဆုိတာေၾကာင့္ ကုိယ္က ဆင္းရဲေနမယ္၊ ဒါေပမယ့္ ခ်မ္းသာေအာင္ ၾကိဳးစားလုိ႔ရတယ္။ အတိတ္ကံဆုိတာေၾကာင့္ ကုိယ့္မွာ အတားအဆီးေတြ၊ လုပ္တုိင္းမျဖစ္တာေတြ ၾကံဳရမယ္၊ ဒါေပမယ့္ စိတ္ဓါတ္မက်ဘဲ ေရွ႕ဆက္လုိ႔ရတယ္။ မွန္ပါတယ္၊ လူတစ္ေယာက္ေအာင္ျမင္ဖုိ႔အတြက္ သူကုိယ္တုိင္ရဲ႕အစြမ္းအစ အေရးၾကီးသလို၊ ပတ္၀န္းက်င္ရဲ႕ ပံ့ပိုးမႈကလည္း လုိအပ္တာေပါ့။ မိဘခ်မ္းသာရင္ ပုိုျပီး ေအာင္ျမင္ဖုိ႔လြယ္တယ္။ ျမန္တယ္။ မိဘက ကုိယ့္ကို မေထာက္ပံ့ႏုိင္တဲ့အျပင္ မွီပါမွီခုိေနရရင္ ကုိယ့္မွာ ပညာရွာဖို႕အစား ေငြရွာေနရတယ္။ ၀ါသနာေနာက္ လုိက္ရမယ့္အစား ေငြေနာက္လုိက္ေနရတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ ရွိေနတဲ့ လူငယ္တစ္ေယာက္ ေအာင္ျမင္ဖုိ႔ ဘာဆက္လုပ္ရမလဲ။ ဘယ္စာအုပ္ထဲမွာမွ မပါေပမယ့္ နားလည္လြယ္ေအာင္ ပံုေသနည္းတစ္ခု ေျပာျပပါရေစ။

ေအာင္ျမင္မႈ = ကုိယ္တုိင္ၾကိဳးစားမႈ x ပတ္၀န္းက်င္

သူက ၅ မွတ္ဖုိး ၾကိဳးစားတယ္၊ ကုိယ္လည္း ၅ မွတ္ဖုိး ၾကိဳးစားတယ္၊ ဒါေပမယ့္ အတိတ္ကံေကာင္းတယ္၊ ခ်မ္းသာတဲ့ မိဘဆီမွာ ေမြးဖြားခဲ့ရတယ္ဆုိတဲ့သူက ပတ္၀န္းက်င္အတြက္လည္း ၅ မွတ္ထပ္ရေတာ့ စုစုေပါင္း သူ႔ရဲ႕ ေအာင္ျမင္မႈဟာ ၂၅ မွတ္ ရွိတယ္။ အဲဒီအခ်ိန္မွာ ပတ္၀န္းက်င္ပံ့ပုိးမႈအတြက္ ၂ မွတ္ပဲ ရထားတဲ့ ကုိယ္ကေတာ့ ၁၀ မွတ္ပဲ ရပါေသးတယ္။ ဒါေၾကာင့္ သူမ်ား ၅ မွတ္ဖုိးပဲ ၾကိဳးစားလို႔ ကုိယ္လည္း အဲ့ေလာက္ပဲ ၾကိဳးစားမယ္ လုပ္လုိ႔မရဘူး။ မဟုတ္ရင္ေတာ့ သူ ၂၅ မွတ္ရတဲ့အခ်ိန္မွာ ကုိယ္က ၁၀ မွတ္နဲ႔ ရပ္သြားရလိမ့္မယ္။

ဒီေန႔ေခတ္က ရလဒ္ကိုပဲ ၾကည္႔တဲ့ေခတ္ပါ။ ဒါေၾကာင့္ ဘယ္သူ ဘယ္ႏွမွတ္ရသလဲဆုိတာကုိပဲ စိတ္၀င္စားပါတယ္။ သူက ဘယ္အသိုင္းအ၀ုိင္းက ၾကီးျပင္းလို႔ဆုိတာကို ထည္႔မစဥ္းစားေပးၾကပါဘူး။ ဒါေၾကာင့္ ကုိယ့္မွာ ေရြးခ်ယ္စရာ တျခားမရွိပါဘူး။ သူ ၂၅ မွတ္ဆိုရင္ ကုိယ္လည္း ၂၅ မွတ္ ရရမွာပါပဲ။

စိတ္ပ်က္ေနလို႔လည္း မရသလို၊ ေလာကၾကီးကို၊ စနစ္ကို၊ အတိတ္ကံကုိ အျပစ္ထုိင္တင္ေနရံုနဲ႔လည္း မၿပီးပါဘူး။ လုပ္စရာနည္းလမ္းက တစ္ခုတည္း ရွိပါတယ္။ ၂ မွတ္ဖုိးပဲ ပံ့ပိုးမႈရွိတဲ့ ကုိယ့္အေနနဲ႔ သူ႕ထက္သာေအာင္ လုပ္ခ်င္တယ္ဆုိရင္ ကုိယ့္ရဲ႕ၾကိဳးစားအားထုတ္မႈကို ၁၃ မွတ္ထိ ဆြဲတင္ၾကရမွာပါ။

ဒီေန႔ေခတ္ဟာ ႏိႈင္းရေခတ္ မဟုတ္ေတာ့ပါဘူး။ ယွဥ္ၿပိဳင္မႈေခတ္ကုိ ေရာက္ေနပါၿပီ။ ႏုိင္ငံခ်င္းမွာ သယံဇာတ ဘယ္ေလာက္ၾကြယ္၀တယ္ဆုိတာ မယွဥ္ေတာ့ပါဘူး။ မင္းတုိ႔မွာ ပညာတတ္ ဘယ္ေလာက္ရွိတယ္၊ ငါတုိ႔မွာ ဘယ္ေလာက္ရွိတယ္နဲ႔ပဲ တုိင္းၾကတဲ့ေခတ္ ျဖစ္ပါတယ္။ လူတစ္ေယာက္ခ်င္းအေနနဲ႔ဆုိလည္း ဒီလိုပါပဲ။ မိဘက ဘယ္ေလာက္ခ်မ္းသာတယ္၊ ဘယ္ေလာက္ပံ့ပိုးေပးႏုိင္တယ္ဆုိတာထက္ ကုိယ္ဘယ္ေလာက္ၾကိဳးစားႏုိင္တယ္၊ ဘယ္ေလာက္အရည္အခ်င္းရွိတယ္ဆိုတာက ပိုအေရးၾကီးပါတယ္။ မိဘရဲ႕ပံ့ပုိးမႈ ဘာတစ္ခုမွမရွိဘဲနဲ႔ ကုိယ္ထူးကုိယ္ခၽြန္ ေအာင္ျမင္ေနတဲ့သူေတြ အရင္ကေရာ ခုခ်ိန္ထိပါ အမ်ားၾကီး ရွိပါတယ္။ ေနာင္လည္း ထြက္ေပၚလာၾကဦးမွာပါ။ ဒါေၾကာင့္ မိဘခ်မ္းသာတယ္ဆုိၿပီး ေအးေအးေဆးေဆးေနလို႔ မရသလို၊ မခ်မ္းသာတဲ့ မိဘဆီမွာ ေမြးခဲ့ရလုိ႔လည္း စိတ္အားငယ္ေနစရာ မလိုပါဘူး။ ကုိယ္တုိင္ၾကိဳးစားႏုိင္ဖုိ႔သာ အေရးၾကီးပါတယ္။

ဒါေၾကာင့္ ေအာင္ျမင္သူတစ္ေယာက္ကုိ ေတြ႔တဲ့အခါ အဲဒီလူရဲ႕ ကိုယ္ပုိင္အရည္အခ်င္းေတြကို ျမင္ေအာင္ၾကည့္ၿပီး အားက်အတုယူပါ။ ကံေကာင္းလုိ႔ သူေအာင္ျမင္တာလုိ႔ မေတြးပါနဲ႕။ အဆင္မေျပတာတစ္ခု၊ ရံႈးနိမ့္မႈတစ္ခု ၾကံဳလာၿပီဆုိ အရင္ဆံုး ကုိယ့္အားနည္းခ်က္ကုိယ္ရွာပါ။ ပတ္၀န္းက်င္ကို လက္ညွိဳးမထုိးပါနဲ႕။ ကံမေကာင္းဘူးလုိ႔ အျပစ္မတင္ပါနဲ႕။ ဆင္းရဲတဲ့မိသားစုမွာ ေမြးဖြားခဲ့ရတယ္၊ မျပည္႔မစံု ၾကီးျပင္းခဲ့ရတယ္၊ ဒါေတြေၾကာင့္ ကိုယ္မေအာင္ျမင္တာလုိ႔ မေတြးပါနဲ႔၊ ကုိယ္မေအာင္ျမင္တာဟာ ကုိယ့္မွာလည္း အားနည္းခ်က္ေတြ ရွိေနလို႔ ျဖစ္ပါတယ္။ အဲဒါကို ျမင္ေအာင္ၾကည္႔ပါ။

တကယ္ေတာ့ ကုိယ့္ရဲ႔အနာဂတ္နဲ႔ ကိုယ့္ဘ၀ကို အဓိက Control လုပ္ေနသူဟာ ကုိယ္ကုိယ္တုိင္ပဲ ျဖစ္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Akhayar Media ကနေ စာဖတ်ပရိတ်သတ်တွေ သုတ၊ ရသနဲ့ ဗဟုသုတပိုပြီးစုံစုံလင်လင်ရနိုင်ဖို့အတွက် လက်ရှိ Akhayar အဖွဲ့သားတွေတင်ဆက်နေတဲ့ ဆောင်းပါးတွေအပြင် ဒီတစ်ပတ်ကစပြီး ပြင်ပကစာရေးဆရာတွေရဲ့ဆောင်းပါးလက်ရာကောင်းတွေကိုပါ အလျဉ်းသင့်သလိုဖေါ်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အွန်လိုင်းမှာရော လူသိများတဲ့ စာရေးဆရာတစ်ဦးဖြစ်သူ ဒေါက်တာဖြိုးသီဟရဲ့ဆောင်းပါးကောင်းတစ်ပုဒ်ကို စတင်တင်ဆက်ပေးလိုက်ပါတယ်။ ဆရာဝန်တစ်ဖြစ်လည်း စာအရေးအသားကောင်းပြီး လူငယ်တွေအတွက် ဗဟုသုတရဖွယ် ပညာပေးဆောင်းပါးတွေရေးသားတင်ဆက်လေ့ရှိတဲ့ ဒေါက်တာဖြိုးသီဟရဲ့ ဆောင်းပါးကောင်းတွေကို အခရာမှာစောင့်မျှော်ဖတ်ရှုျနိုင်ပါတယ်။

“ကံဆိုတဲ့ အဓိပ္ပါယ်”

ကျွန်တော်တို့မြန်မာလူမျိုးတွေ နေ့စဉ်နဲ့အမျှ သုံးနေတဲ့စကားလုံးတွေထဲက အသုံးအများဆုံးစကားလုံးတစ်လုံးကိုပြောပါဆို ဘာများဖြစ်မလဲ။ သေချာပါတယ်၊ အဲဒါက ကံ ဆိုတဲ့စကားလုံးပါပဲ။ ဆင်းရဲတဲ့ လူတစ်ယောက်ကို တွေ့တယ်၊ သြော် သူ့ခမျာ ကံဆိုးလိုက်တာ။ ချမ်းသာတဲ့လူ၊ အောင်မြင်တဲ့လူတစ်ယောက်တွေ့ရင်လည်း ပြောတယ်၊ သူတို့ကျတော့လည်း ကံကောင်းလိုက်ကြတာတဲ့။ သီချင်းတွေကလည်း စပ်ဆိုတယ်၊ ကံဇာတ်ဆရာအလိုကျ။ စာအုပ်တွေမှာလည်း ဖတ်ရတယ်၊ တကယ်တော့ ဘဝဆိုတာ ရေးထားပြီးသား စာအုပ်တစ်အုပ်ပဲတဲ့။ သဘောကတော့ ကျွန်တော်တို့ကြုံရသမျှဟာ အကုန်စီမံထားပြီးသား။ ပြင်ဆင်လို့မရဘူး။ ဖြည့်စွက်လို့မရဘူး။ ချမ်းသာဖို့ ကံပါလာရင် ချမ်းသာမှာပဲ။ ဆင်းရဲဖို့ ကံပါလာရင် ဆင်းရဲမှာပဲ။ ဒီလိုတွေးကြတဲ့အခါ ကိုယ့်ဘဝရဲ့ အရှင်သခင်က အဲဒီ ကံ ဆိုတာကြီး ဖြစ်လာတယ်။

ဒါဆို စဉ်းစားကြည့်ရအောင်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတဲ့ ကံ ဆိုတာ ဘာလဲ။ တကယ်တော့ ကံ ဆိုတာ အလုပ်ဖြစ်တယ်။ ကိုယ်လုပ်သမျှအလုပ်တိုင်းရဲ့ အကျိုးဆက်က ကိုယ့်ဆီကို ပြန်လာမှာပဲ။ ဒါကြောင့် ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဆိုပြီး ပြောကြတာ။ ဘယ်သူကမှ ဖန်တီးထားတာ မဟုတ်ဘူး။ ရေးထားပြီးသား စာအုပ်တစ်အုပ်လည်း မဟုတ်ဘူး။ နံရံကိုတည်ပြီး ဘောလုံးကန်လိုက်လို့ အဲဒီဘောလုံးက ကိုယ့်ဆီပြန်လာတဲ့သဘောပဲ။

စိတ်ကောင်းကောင်းထားမယ်၊ သူတစ်ပါးကိုကူညီမယ်ဆိုရင် ကိုယ့်အလှည့်ကျလည်း ကူညီမယ့်သူကိုတွေ့မယ်။ သူတစ်ပါးကို စိတ်ဆင်းရဲအောင်၊ ဒုက္ခရောက်အောင် လုပ်ဖူးရင် ကိုယ့်ကို အဲ့လိုဒုက္ခပေးသူလည်း ပြန်ပေါ်လာမယ်။ ချမ်းသာအောင် ကြိုးစားရင် ချမ်းသာမယ်။ ဆင်းရဲစေတဲ့ အပြုအမူတွေ၊ အလုပ်သေချာမလုပ်တာ၊ လောင်းကစားလုပ်တာ၊ အသုံးအဖြုန်းကြီးတာတွေ လုပ်ရင် ဆင်းရဲမယ်။ အဲဒါ ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတဲ့ ကံကံ၏အကျိုး ဆိုတာပဲ။

ဒါကြောင့် အင်္ဂလိပ်စာတတ်ခြင်းဆိုတဲ့ အကျိုးပေးကိုလိုချင်ရင် အင်္ဂလိပ်စာသင်ခြင်းဆိုတဲ့ အလုပ်၊ အင်္ဂလိပ်စာသင်ခြင်းဆိုတဲ့ ကံကို လုပ်ရမယ်။ ကွန်ပျူတာတတ်ခြင်းဆိုတဲ့ အကျိုးပေးကိုလိုချင်ရင် ကွန်ပျူတာသင်ခြင်း၊ လေ့လာခြင်းဆိုတဲ့ ကံကို လုပ်ရမယ်။ ချမ်းသာချင်ရင် ချမ်းသာစေတဲ့ အလုပ်တွေကို လုပ်ရမယ်။ ဒါမှ တူသောအကျိုးပေးမယ်။ အင်္ဂလိပ်စာတတ်မယ်။ ကွန်ပျူတာတတ်မယ်။ လူချမ်းသာတစ်ယောက် ဖြစ်လာမယ်။ အင်္ဂလိပ်စာတတ်ချင်တယ်ဆိုပြီး ယတြာပဲ ချေနေလို့မရဘူး။ ချမ်းသာချင်တယ်ဆိုပြီး ဘုရားမှာ ထိုင်ဆုတောင်းနေရုံနဲ့ မပြီးဘူး။

ဒီနေရာမှာ ငြင်းစရာရှိလာတယ်။ တချို့တွေ ရုပ်ချောတယ်၊ တချို့က မိဘက ချမ်းသာတယ်၊ တချို့က ဉာဏ်ကောင်းတယ်၊ တချို့က နည်းနည်းလေးကြိုးစားတာနဲ့ဖြစ်တယ်၊ တချို့က တော်တော်ကြီးကို ကြိုးစားရတယ်၊ အခက်အခဲပေါင်းစုံ ကျော်ဖြတ်ပြီးမှ အောင်မြင်တယ်။ ဘာတွေကွာခြားသွားတာလဲဆိုတော့ အတိတ်က ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တွေကြောင့်ပဲ။ ဒါတွေကြောင့် ကွာခြားသွားတာ။ ဒါပေမယ့် အဲဒီအတိတ်က လုပ်ခဲ့တယ်ဆိုတာတွေက ကိုယ်လည်းမသိသလို ပြန်ပြင်ဆင်လို့လည်း မရတော့ဘူး။ လောလောဆယ် ကိုယ်တတ်နိုင်တာကတော့ လက်ရှိအချိန်မှာ ဘာလုပ်မလဲဆိုတာပဲ။

အတိတ်ကံဆိုတာကြောင့် ကိုယ်က ဆင်းရဲနေမယ်၊ ဒါပေမယ့် ချမ်းသာအောင် ကြိုးစားလို့ရတယ်။ အတိတ်ကံဆိုတာကြောင့် ကိုယ့်မှာ အတားအဆီးတွေ၊ လုပ်တိုင်းမဖြစ်တာတွေ ကြုံရမယ်၊ ဒါပေမယ့် စိတ်ဓါတ်မကျဘဲ ရှေ့ဆက်လို့ရတယ်။ မှန်ပါတယ်၊ လူတစ်ယောက်အောင်မြင်ဖို့အတွက် သူကိုယ်တိုင်ရဲ့အစွမ်းအစ အရေးကြီးသလို၊ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှုကလည်း လိုအပ်တာပေါ့။ မိဘချမ်းသာရင် ပိုပြီး အောင်မြင်ဖို့လွယ်တယ်။ မြန်တယ်။ မိဘက ကိုယ့်ကို မထောက်ပံ့နိုင်တဲ့အပြင် မှီပါမှီခိုနေရရင် ကိုယ့်မှာ ပညာရှာဖို့အစား ငွေရှာနေရတယ်။ ဝါသနာနောက် လိုက်ရမယ့်အစား ငွေနောက်လိုက်နေရတယ်။ ဒီလိုအခြေအနေမျိုးမှာ ရှိနေတဲ့ လူငယ်တစ်ယောက် အောင်မြင်ဖို့ ဘာဆက်လုပ်ရမလဲ။ ဘယ်စာအုပ်ထဲမှာမှ မပါပေမယ့် နားလည်လွယ်အောင် ပုံသေနည်းတစ်ခု ပြောပြပါရစေ။

အောင်မြင်မှု = ကိုယ်တိုင်ကြိုးစားမှု x ပတ်ဝန်းကျင်

သူက ၅ မှတ်ဖိုး ကြိုးစားတယ်၊ ကိုယ်လည်း ၅ မှတ်ဖိုး ကြိုးစားတယ်၊ ဒါပေမယ့် အတိတ်ကံကောင်းတယ်၊ ချမ်းသာတဲ့ မိဘဆီမှာ မွေးဖွားခဲ့ရတယ်ဆိုတဲ့သူက ပတ်ဝန်းကျင်အတွက်လည်း ၅ မှတ်ထပ်ရတော့ စုစုပေါင်း သူ့ရဲ့ အောင်မြင်မှုဟာ ၂၅ မှတ် ရှိတယ်။ အဲဒီအချိန်မှာ ပတ်ဝန်းကျင်ပံ့ပိုးမှုအတွက် ၂ မှတ်ပဲ ရထားတဲ့ ကိုယ်ကတော့ ၁၀ မှတ်ပဲ ရပါသေးတယ်။ ဒါကြောင့် သူများ ၅ မှတ်ဖိုးပဲ ကြိုးစားလို့ ကိုယ်လည်း အဲ့လောက်ပဲ ကြိုးစားမယ် လုပ်လို့မရဘူး။ မဟုတ်ရင်တော့ သူ ၂၅ မှတ်ရတဲ့အချိန်မှာ ကိုယ်က ၁၀ မှတ်နဲ့ ရပ်သွားရလိမ့်မယ်။

ဒီနေ့ခေတ်က ရလဒ်ကိုပဲ ကြည့်တဲ့ခေတ်ပါ။ ဒါကြောင့် ဘယ်သူ ဘယ်နှမှတ်ရသလဲဆိုတာကိုပဲ စိတ်ဝင်စားပါတယ်။ သူက ဘယ်အသိုင်းအဝိုင်းက ကြီးပြင်းလို့ဆိုတာကို ထည့်မစဉ်းစားပေးကြပါဘူး။ ဒါကြောင့် ကိုယ့်မှာ ရွေးချယ်စရာ တခြားမရှိပါဘူး။ သူ ၂၅ မှတ်ဆိုရင် ကိုယ်လည်း ၂၅ မှတ် ရရမှာပါပဲ။

စိတ်ပျက်နေလို့လည်း မရသလို၊ လောကကြီးကို၊ စနစ်ကို၊ အတိတ်ကံကို အပြစ်ထိုင်တင်နေရုံနဲ့လည်း မပြီးပါဘူး။ လုပ်စရာနည်းလမ်းက တစ်ခုတည်း ရှိပါတယ်။ ၂ မှတ်ဖိုးပဲ ပံ့ပိုးမှုရှိတဲ့ ကိုယ့်အနေနဲ့ သူ့ထက်သာအောင် လုပ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို ၁၃ မှတ်ထိ ဆွဲတင်ကြရမှာပါ။

ဒီနေ့ခေတ်ဟာ နှိုင်းရခေတ် မဟုတ်တော့ပါဘူး။ ယှဉ်ပြိုင်မှုခေတ်ကို ရောက်နေပါပြီ။ နိုင်ငံချင်းမှာ သယံဇာတ ဘယ်လောက်ကြွယ်ဝတယ်ဆိုတာ မယှဉ်တော့ပါဘူး။ မင်းတို့မှာ ပညာတတ် ဘယ်လောက်ရှိတယ်၊ ငါတို့မှာ ဘယ်လောက်ရှိတယ်နဲ့ပဲ တိုင်းကြတဲ့ခေတ် ဖြစ်ပါတယ်။ လူတစ်ယောက်ချင်းအနေနဲ့ဆိုလည်း ဒီလိုပါပဲ။ မိဘက ဘယ်လောက်ချမ်းသာတယ်၊ ဘယ်လောက်ပံ့ပိုးပေးနိုင်တယ်ဆိုတာထက် ကိုယ်ဘယ်လောက်ကြိုးစားနိုင်တယ်၊ ဘယ်လောက်အရည်အချင်းရှိတယ်ဆိုတာက ပိုအရေးကြီးပါတယ်။ မိဘရဲ့ပံ့ပိုးမှု ဘာတစ်ခုမှမရှိဘဲနဲ့ ကိုယ်ထူးကိုယ်ချွန် အောင်မြင်နေတဲ့သူတွေ အရင်ကရော ခုချိန်ထိပါ အများကြီး ရှိပါတယ်။ နောင်လည်း ထွက်ပေါ်လာကြဦးမှာပါ။ ဒါကြောင့် မိဘချမ်းသာတယ်ဆိုပြီး အေးအေးဆေးဆေးနေလို့ မရသလို၊ မချမ်းသာတဲ့ မိဘဆီမှာ မွေးခဲ့ရလို့လည်း စိတ်အားငယ်နေစရာ မလိုပါဘူး။ ကိုယ်တိုင်ကြိုးစားနိုင်ဖို့သာ အရေးကြီးပါတယ်။

ဒါကြောင့် အောင်မြင်သူတစ်ယောက်ကို တွေ့တဲ့အခါ အဲဒီလူရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို မြင်အောင်ကြည့်ပြီး အားကျအတုယူပါ။ ကံကောင်းလို့ သူအောင်မြင်တာလို့ မတွေးပါနဲ့။ အဆင်မပြေတာတစ်ခု၊ ရှုံးနိမ့်မှုတစ်ခု ကြုံလာပြီဆို အရင်ဆုံး ကိုယ့်အားနည်းချက်ကိုယ်ရှာပါ။ ပတ်ဝန်းကျင်ကို လက်ညှိုးမထိုးပါနဲ့။ ကံမကောင်းဘူးလို့ အပြစ်မတင်ပါနဲ့။ ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားခဲ့ရတယ်၊ မပြည့်မစုံ ကြီးပြင်းခဲ့ရတယ်၊ ဒါတွေကြောင့် ကိုယ်မအောင်မြင်တာလို့ မတွေးပါနဲ့၊ ကိုယ်မအောင်မြင်တာဟာ ကိုယ့်မှာလည်း အားနည်းချက်တွေ ရှိနေလို့ ဖြစ်ပါတယ်။ အဲဒါကို မြင်အောင်ကြည့်ပါ။

တကယ်တော့ ကိုယ့်ရဲ့အနာဂတ်နဲ့ ကိုယ့်ဘဝကို အဓိက Control လုပ်နေသူဟာ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။