[Zawgyi]
Min Than Htike (Akhayar)
www.akhayar.com
[Unicode]
နည်းပညာနဲ့ ဖက်ရှင်ပေါင်းစပ်မှု ဒါမှမဟုတ် Vivo V11
ဖက်ရှင်နဲ့ပတ်သက်လို့ Trendsetter တွေအတွက် ဖုန်းကလည်း ဖက်ရှင်အပိုင်းမှာ ထင်းနေစေတဲ့အရာတွေထဲကတစ်ခုပါ။ ဖုန်းတစ်လုံးရဲ့ Design နဲ့ပတ်သက်လာရင် Style တစ်ခုကို သတ်မှတ်ပေးနိုင်တဲ့ Design တစ်ခုဖြစ်ဖို့ အရောင်တွေနဲ့ အမြင်ပိုင်းဆိုင်ရာမှာ ရပ်နေလို့မရပါဘူး။ တကယ်ကိုကောင်းမွန်တဲ့အတွေ့အကြုံကိုပေးနိုင်မယ့် ဖုန်းတစ်လုံးအတွက် လက်ထဲမှာကိုင်လိုက်တဲ့အခါ အထိတွေ့၊ မြဲမြံတာနဲ့ ဖုန်းရဲ့ပုံပန်းသဏ္ဍာန်တွေက အခရာကျတဲ့အချက်တွေပါ။ 
ပြောင်းလဲနေတဲ့ခေတ်ထဲမှာ ဖုန်းအသစ်တစ်လုံးကို ဖန်တီးဖို့ဆိုတာ ရိုးရှင်းတဲ့အလုပ်တော့မဟုတ်ပါဘူး။ ဖုန်းတစ်လုံးရဲ့ အောက်မှာရှိနေတဲ့ အစိတ်အပိုင်းတွေ၊ အထပ်လိုက်ဖြစ်နေတဲ့ အလွှာတွေနဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေအတွက် ဘောင်တွေရဲ့အပြင်ဖက်ကနေစဉ်းစားပြီးမှာ ဖန်တီးမှုတွေကို ပြုလုပ်နိုင်မှာပါ။ 
Super AMOLED Halo FullViewTM Display
အဲ့ဒီအထဲကမှ Vivo V11 က အသုံးပြုသူတွေရဲ့လိုအပ်ချက်တွေကို ခန့်မှန်းပြီး ဖန်တီးပေးထားတဲ့ ဖုန်းဖြစ်နေပါတယ်။ V11 က ဂရုတစိုက်နဲ့ အသေးစိတ်ဖန်တီးပေးထားတဲ့ဖုန်းဖြစ်တာကြောင့် နောက်ဆုံးရလဒ်ကတော့ နည်းပညာနဲ့ ဖက်ရှင်ကို ဟာကွက်မရှိဘဲပေါင်းစပ်ထားတဲ့ ထုတ်ကုန်တစ်ခုအဖြစ် ချပြနိုင်ခဲ့ပါတယ်။ 
Display Size က အရေးကြီးပါတယ်။ 6.41 Inch နဲ့ 19.5:9 အချိုး ရှိတဲ့ Super AMOLED Halo FullView Display ကနေတစ်ဆင့် ဖုန်းတစ်လုံးသုံးရတဲ့အတွေ့အကြုံကို မြှင့်တင်ပေးနိုင်ပါတယ်။ 
ဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားက ဘာကြောင့် အရေးပါတာလဲဆိုတော့ ပိုကျယ်တဲ့ Screen တွေက ပိုကောင်းတဲ့ မြင်ကွင်းအတွေ့အကြုံကို ပေးနိုင်တာကြောင့်ပါ။ V11 မှာတော့ 1.76mm ပဲရှိတဲ့ ဘေးဘောင်တွေနဲ့ 3.8mm ပဲရှိတဲ့ ဘောင်ကို အောက်ဖက်မှာတွေ့ရပါတယ်။ အဲ့ဒီလို ဘောင်တွေကို ပိုပါးလာတာကြောင့် Display က ဖုန်းရဲ့ကိုယ်ထည်ပေါ်မှာ 91.27% အထိ နေရာယူလာနိုင်ပါတယ်။ ဒါတင်မဟုတ်ဘဲ Vivo က V11 ရဲ့ Notch ကိုလည်း ပိုပြီးသေးအောင် ဖန်တီးပေးထားတာကြောင့် Bezel-Less နီးနီး Display တစ်ခုကို 25MP Selfie Camera မဖယ်ပစ်ဘဲ အသုံးပြုလို့ရမှာဖြစ်ပါတယ်။ အဲ့ဒီအပြင် Earpiece ကိုလည်း ဖုန်းရဲ့ အပေါ်ဖက်ဘောင်အနားသတ်နားအထိ ရွှေ့ထားပေးတာကြောင့် Display ပေါ်မှာ နေရာစားနေတာကိုလည်း လျှော့ချပေးရာရောက်သွားပါတယ်။ 
Top notch with a single 25-megapixel camera
အခုနောက်ပိုင်း ဖုန်းတွေပေါ်မှာ Video တွေကြည့်တာ များလာပြီဖြစ်တာကြောင့် တောက်ပတဲ့ Display ကိုထည့်ပေးဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုဖြစ်လာပါတယ်။ V11 မှာတော့ Super AMOLED Display ကို တောက်ပတဲ့အရောင်တွေထုတ်ပေးနိုင်မယ့် E2 နဲ့အတူ တွဲပြီးတပ်ဆင်ပေးထားတာပါ။ P3 Colour Gamut ကြောင့်လည်း Display ပေါ်က အရောင်တွေကိုချိန်ညှိပေးနိုင်တာကြောင့် sRGB Color Profile နဲ့ ဓာတ်ပုံတွေကို ကြည့်တဲ့အခါမျိုးတွေမှာ အရောင်တွေကို ပိုပြီး တိတိကျကျပြလာနိုင်ပါတယ်။ DCI-P3 ရဲ့ 99.5% ကိုလည်း ပြပေးနိုင်သလို sRGB ရဲ့ 99.9% ကိုလည်း ပြပေးနိုင်ပါတယ်။ အသုံးပြုသူတွေအနေနဲ့တော့ တောက်ပတဲ့အမှတ်တရဓာတ်ပုံတွေကြည့်တဲ့အခါ သဘာဝဆန်တဲ့အရောင်တွေကို ခံစားနိုင်တော့မှာပါ။ 
Screen To Body Ratio နဲ့ပတ်သက်သမျှ
ဖုန်းတစ်လုံးအတွက် ကျစ်လစ်တဲ့ Design နဲ့ သက်တောင့်သက်သာရှိမှုကိုရအောင် ဖန်တီးတဲ့အခါမှာ Screen To Body Raito က ကျော်သွားလို့ မရတဲ့အချက်ပါ။ ဖုန်းတစ်လုံးမှာ Display ကြီးတာပါနေပေမယ့် လက်ထဲမှာ သက်တောင့်သက်သာနဲ့ကိုင်လို့မရဘူးဆိုရင် သုံးရတာ စိတ်ကျေနပ်ဖို့မကောင်းပါဘူး။ အသုံးဝင်မှုနဲ့ ပုံစံကျမှုကိုပူးပေါင်းပြီး ပြီးပြည့်စုံတဲ့ Design ကို ဖန်တီးဖို့အတွက် Vivo က လက်ဖဝါးအမျိုးပေါင်း ထောင်ကျော်ကို လေ့လာခဲ့ြ့ပီး လူအများအတွက် အဆင်ပြေမယ်အရွယ်အစားရှိတဲ့ ဖုန်းတစ်လုံးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ လက်ပုံစံအမျိုးမျိုးအတွက် အဆင်ပြေစေမယ့် ဖုန်းကိုယ်ထည်တစ်ခုကို ရနိုင်ဖို့အတွက်လည်း ဖုန်းတစ်ခုလုံးက ကောက်ကြောင်းတွေကို အသေးစိတ်ဂရုစိုက်ပြီး Designer တွေကိုယ်တိုင် ဖန်တီးပေးခဲ့ပါတယ်။ 
High screen-to-body ratio with a perfect fit
Vivo V11 ရဲ့ ရှေ့မျက်နှာပြင်ကတော့ တခြားဖုန်းတွေနဲ့ယှဉ်ရင် ကွဲထွက်နေပြီး လှပသေသပ်နေပါတယ်။ ဖုန်းရဲ့ ဖက်ရှင်ကျမှုကို အားဖြည့်ပေးဖို့အတွက် In-Display Fingerprint Scanner ကို ထည့်ပေးထားတာပါ။ Screen ပေါ်တင်လိုက်တဲ့လက်ဗွေဆီက ရောင်ပြန်အလင်းကို Screen အောက်မှာ မြှုပ်ထားတဲ့ Sensor က တိတိကျကျ ဖတ်ပေးနိုင်ပါတယ်။ အခုလို လုပ်ပေးထားတာကြောင့် ဖုန်းကိုကြည့်လိုက်တိုင်း ချောမွေ့နေတဲ့ မြင်ကွင်းအတွေ့အကြုံကို ရနိုင်ရုံတင်မဟုတ်ဘဲ Screen ပေါ်ကို လက်တင်လိုက်ရုံနဲ့ Unlock လုပ်ပြီး ဖုန်းကို အလွယ်တကူ သုံးနိုင်စေဦးမှာလည်း ဖြစ်ပါတယ်။ 
Back Cover Design of V11
နည်းပညာဖက်ရှင်တစ်ခုရဲ့ နောက်တစ်ဆင့်ကိုခေါ်သွားမယ့် ဖုန်းရဲ့ နောက်ကျောဖက် Cover Design 
ဖုန်းရဲ့နောက်ကျောဖက်ကလည်း ရှေ့မျက်နှာပြင်နည်းတူ အရေးပါသလို နေ့တိုင်း ဖက်ရှင်အထောက်အကူအဖြစ် လူတိုင်းအတွက်လည်း ရှိနေပါတယ်။ ဒါပေမယ့် လူအများစုက ဖုန်းရဲ့နောက်ကျောဖက်တွေကို လျစ်လျူရှုမိတတ်ကြပါတယ်။ ဈေးကွက်ထဲမှာ အလွယ်တကူဝယ်လို့ရတဲ့ Cover လှလှလေးတွေကိုဝယ်တပ်မိကြတဲ့အတွက် ဖုန်းကိုယ်ထည်ရဲ့ သက်တောင့်သက်သာရှိမှုကို Cover ထူထူတွေက ဖျက်စီးပစ်လိုက်သလို ဖြစ်သွားပါတယ်။ Vivo V11 ရဲ့ ကိုယ်ထည် Design က အသုံးပြုသူတိုင်းအတွက် အဆင်ပြေပြီး လက်ထဲမှာ သက်တောင့်သက်သာရှိနေစေဖို့ အသေးစိတ်ဂရုစိုက် ဖန်တီးပေးထားတာဖြစ်တာကြောင့် လှပပြီး လက်ထဲမှာကိုင်ထားတဲ့အခါ သက်တောင့်သက်သာရှိနေစေပါတယ်။ 
Vivo V11 ကိုတော့ သီးခြားကွဲထွက်နေပြီး လှပသေသပ်တဲ့ အရောင်စပ် ၂ မျိုးနဲ့ တွေ့ရပါတယ်။ ပထမဦးဆုံးအရောင်ကတော့ Starry Nitght လို့ခေါ်တဲ့ အရောင်စပ်ဖြစ်ပြီး ညအမှောင်မှာလက်နေတဲ့ ကြယ်တွေကိုမှီငြမ်းပြီး ဖန်တီးထားတဲ့အရောင်ပါ။ 
နောက်တစ်ရောင်ကတော့ Nebula လို့နာမည်ပေးထားပါတယ်။ ဒီအရောင်ကိုတော့ ဆေးအထပ်ထပ်တင်ရင်း ခရမ်းရောင်နဲ့ အပြာရောင်ကိုစည်းချက်ညီညီ စပ်ပေးထားတာက ပြင်ပကမ္ဘာမှာရှိတဲ့ Nebula အလင်းတန်းတွေလို လှပနေပါတယ်။ 
နည်းပညာနဲ့ ဖက်ရှင်ရှုထောင့်က အစိတ်အပိုင်းတွေအားလုံးကို ပူးပေါင်းလိုက်တာက သုံးစွဲသူတွေအတွက် ပြီးပြည့်စုံမှုအရှိဆုံး အတွေ့အကြုံကို Vivo အနေနဲ့ ဖန်တီးပေးနိုင်တယ်ဆိုတာကို သက်သေပြနေပါတယ်။ V11 ကတော့ Vivo ရဲ့ အပြောင်မြောက်ဆုံးထုတ်ကုန်ဖြစ်လာပြီး နည်းပညာနဲ့ ဖက်ရှင်ပိုင်းမှာ လစ်ဟင်းတာမရှိအောင် ဖန်တီးပြနိုင်ခဲ့ပါပြီ။ 
Min Than Htike (Akhayar)
www.akhayar.com