[Zawgyi]

တစ္ဦးတည္းေသာသားသမီးေတြက အခ်စ္ေရးမွာ ပိုၿပီးလိမ္ညာတတ္ၾကတယ္တဲ့

တစ္ဦးတည္းေသာသားသမီးေတြကို ဆိုးသြမ္းတယ္၊ တစ္ကိုယ္ေကာင္းဆန္တယ္။ တျခားလူေတြရဲ႕ စိတ္ပါဝင္စားမႈကို ရခ်င္တယ္၊ တစ္ဦးတည္းျဖစ္တဲ့အတြက္ မိဘကအလိုလိုက္လုိ႔ ပ်က္စီးတယ္ စသည္ျဖင့္ လူအမ်ားကေျပာၾကပါတယ္။

ေလ့လာမႈအသစ္တစ္ခုကလည္း သူတို႔ကို မ်က္ႏွာသာမေပးခဲ့ပါဘူး။ အဲဒီစမ္းသပ္မႈအရေတာ့ တစ္ဦးတည္းေသာသားသမီးေတြဟာ သူတို႔ရဲ႕အိမ္ေထာင္ဖက္၊ ခ်စ္သူရည္းစားအေပၚမွာ ပိုၿပီးလိမ္လည္ႏိုင္ေျခပိုမ်ားတယ္ဆိုတဲ့ အခ်က္ပါပဲ။

ဒီေလ့လာခ်က္ကိုေတာ႔ တျခားေနရာကေန အေပ်ာ္ရွာခ်င္တဲ့ အိမ္ေထာင္ရွိၿပီးသူေတြအတြက္ ဝန္ေဆာင္မႈေပးေနတဲ့ Illicit Encounters ၀က္ဘ္ဆိုက္က ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဒီ၀က္ဘ္ဆိုက္ကို အသံုးျပဳေနၾကတဲ့လူအမ်ားစု (၃၄ ရာခိုင္ႏႈန္း) ဟာ တစ္ဦးတည္းေသာ သားသမီးေတြျဖစ္တယ္လုိ႔ ဆိုပါတယ္။ အသံုးျပဳသူ ၂၈ ရာခိုင္ႏႈန္းကေတာ့ ပထမဦးဆံုးေမြးတဲ့ သားဦးေတြျဖစ္ၾကၿပီး ၂၃ ရာခိုင္ႏႈန္းကေတာ့ အငယ္ဆံုးကေလးေတြျဖစ္ၾကပါတယ္လုိ႔ ဆိုပါတယ္။

အႀကီးဆံုးနဲ႔ အငယ္ဆံုးေတြၾကားထဲက ကေလးေတြဟာေတာ႔ အသံုးျပဳသူ ၁၅ ရာခိုင္ႏႈန္းနဲ႔ အနည္းဆံုးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သူတို႔ကိုေတာ႔ သစၥာအရွိဆံုးလုိ႔ ဆိုရမွာပါ။

ဝက္ဘ္ဆိုက္ရဲ႕ ေဖာ္ျပခ်က္အရေတာ့ တစ္ဦးတည္းေသာကေလးေတြ လိမ္လည္ရျခင္းအေၾကာင္းကေတာ့ သူတို႔ဟာ တစ္ဖက္သားရဲ႕စိတ္ပါ၀င္စားမႈကို လိုခ်င္လုိ႔ျဖစ္တယ္လုိ႔ ဆိုပါတယ္။ တစ္ဦးတည္းေသာကေလးေတြဟာ သူတို႔ရဲ႕ငယ္ဘဝမွာ အထီးက်န္မႈကို ခံစားခဲ့ရတာေၾကာင့္ ဒီခံစားခ်က္ဟာ သူတို႔ႀကီးလာတဲ့အထိ အခ်စ္ေရး၊ အိမ္ေထာင္ေရးေတြမွာပါ အက်ဳိးသက္ေရာက္မႈရွိေစတာျဖစ္ပါတယ္လုိ႔ ၀က္ဘ္ဆိုက္ရဲ႕ေျပာခြင့္ရပုဂၢိဳလ္က ေျပာပါတယ္။

သူတို႔ရဲ႕အိမ္ေထာင္ဖက္ဟာ ခဏခဏ ခရီးေ၀းေတြထြက္ေနရတဲ့အခါမွာ တစ္ဦးတည္းေသာသားသမီးေတြဟာ အထီးက်န္မႈကို မခံႏိုင္ၾကဘဲ ခဏတာေဖာက္ျပန္မႈဟာ သူတို႔ရဲ႕ျပႆနာကို ေျဖရွင္းေပးပါတယ္လုိ႔ သူက ဆက္ေျပာခဲ့ပါတယ္။

တျခားတစ္ဖက္မွာေတာ့ သားသမီးအလတ္ေတြဟာ မိဘေတြကေရာ၊ ညီကိုေမာင္ႏွမေတြရဲ႕ ေႏြးေထြးခ်စ္ခင္မႈကိုခံရတဲ့အတြက္ သူတို႔တစ္ဦးတည္းေနေနရတဲ့အခ်ိန္မွာလည္း အထီးက်န္မႈကို ခံႏိုင္ရည္ ရွိၾကပါတယ္။

ဒီေလ့လာခ်က္ဟာေတာ႔ ပထမဦးဆံုးေလ့လာခ်က္ေတာ့မဟုတ္ပါဘူး။ တစ္ဦးတည္းေသာကေလးေတြဟာ မိဘအေပၚမွာ သစၥာမရွိဖုိ႔ ရာခိုင္ႏႈန္းမ်ားပါတယ္ဆိုတဲ့ ေလ့လာခ်က္တစ္ခုဟာလည္း ၂၀၁၅ ခုႏွစ္က ေပၚထြက္ခဲ့ပါေသးတယ္။ ဒီေလ့လာမႈကေတာ့ လူေပါင္း ၄၃၀၀၀ ကို ေလ႔လာခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ လိမ္လည္တယ္၊ သစၥာရွိတယ္ဆုိတဲ့အခ်က္ေတြဟာ လူပုဂိုလ္တစ္ဦးခ်င္းစီရဲ႕ ပတ္ဝန္းက်င္အေျခအေနနဲ႔ ျဖတ္သန္းလာတဲ႔အေတြ႔အႀကံဳေတြအေပၚမွာလည္း မူတည္မွာျဖစ္ပါတယ္။

www.akhayar.com

[Unicode]

တစ်ဦးတည်းသောသားသမီးတွေက အချစ်ရေးမှာ ပိုပြီးလိမ်ညာတတ်ကြတယ်တဲ့

တစ်ဦးတည်းသောသားသမီးတွေကို ဆိုးသွမ်းတယ်၊ တစ်ကိုယ်ကောင်းဆန်တယ်။ တခြားလူတွေရဲ့ စိတ်ပါဝင်စားမှုကို ရချင်တယ်၊ တစ်ဦးတည်းဖြစ်တဲ့အတွက် မိဘကအလိုလိုက်လို့ ပျက်စီးတယ် စသည်ဖြင့် လူအများကပြောကြပါတယ်။

လေ့လာမှုအသစ်တစ်ခုကလည်း သူတို့ကို မျက်နှာသာမပေးခဲ့ပါဘူး။ အဲဒီစမ်းသပ်မှုအရတော့ တစ်ဦးတည်းသောသားသမီးတွေဟာ သူတို့ရဲ့အိမ်ထောင်ဖက်၊ ချစ်သူရည်းစားအပေါ်မှာ ပိုပြီးလိမ်လည်နိုင်ခြေပိုများတယ်ဆိုတဲ့ အချက်ပါပဲ။

ဒီလေ့လာချက်ကိုတော့ တခြားနေရာကနေ အပျော်ရှာချင်တဲ့ အိမ်ထောင်ရှိပြီးသူတွေအတွက် ဝန်ဆောင်မှုပေးနေတဲ့ Illicit Encounters ဝက်ဘ်ဆိုက်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကို အသုံးပြုနေကြတဲ့လူအများစု (၃၄ ရာခိုင်နှုန်း) ဟာ တစ်ဦးတည်းသော သားသမီးတွေဖြစ်တယ်လို့ ဆိုပါတယ်။ အသုံးပြုသူ ၂၈ ရာခိုင်နှုန်းကတော့ ပထမဦးဆုံးမွေးတဲ့ သားဦးတွေဖြစ်ကြပြီး ၂၃ ရာခိုင်နှုန်းကတော့ အငယ်ဆုံးကလေးတွေဖြစ်ကြပါတယ်လို့ ဆိုပါတယ်။

အကြီးဆုံးနဲ့ အငယ်ဆုံးတွေကြားထဲက ကလေးတွေဟာတော့ အသုံးပြုသူ ၁၅ ရာခိုင်နှုန်းနဲ့ အနည်းဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကိုတော့ သစ္စာအရှိဆုံးလို့ ဆိုရမှာပါ။

ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရတော့ တစ်ဦးတည်းသောကလေးတွေ လိမ်လည်ရခြင်းအကြောင်းကတော့ သူတို့ဟာ တစ်ဖက်သားရဲ့စိတ်ပါဝင်စားမှုကို လိုချင်လို့ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ဦးတည်းသောကလေးတွေဟာ သူတို့ရဲ့ငယ်ဘဝမှာ အထီးကျန်မှုကို ခံစားခဲ့ရတာကြောင့် ဒီခံစားချက်ဟာ သူတို့ကြီးလာတဲ့အထိ အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာပါ အကျိုးသက်ရောက်မှုရှိစေတာဖြစ်ပါတယ်လို့ ဝက်ဘ်ဆိုက်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

သူတို့ရဲ့အိမ်ထောင်ဖက်ဟာ ခဏခဏ ခရီးဝေးတွေထွက်နေရတဲ့အခါမှာ တစ်ဦးတည်းသောသားသမီးတွေဟာ အထီးကျန်မှုကို မခံနိုင်ကြဘဲ ခဏတာဖောက်ပြန်မှုဟာ သူတို့ရဲ့ပြဿနာကို ဖြေရှင်းပေးပါတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။

တခြားတစ်ဖက်မှာတော့ သားသမီးအလတ်တွေဟာ မိဘတွေကရော၊ ညီကိုမောင်နှမတွေရဲ့ နွေးထွေးချစ်ခင်မှုကိုခံရတဲ့အတွက် သူတို့တစ်ဦးတည်းနေနေရတဲ့အချိန်မှာလည်း အထီးကျန်မှုကို ခံနိုင်ရည် ရှိကြပါတယ်။

ဒီလေ့လာချက်ဟာတော့ ပထမဦးဆုံးလေ့လာချက်တော့မဟုတ်ပါဘူး။ တစ်ဦးတည်းသောကလေးတွေဟာ မိဘအပေါ်မှာ သစ္စာမရှိဖို့ ရာခိုင်နှုန်းများပါတယ်ဆိုတဲ့ လေ့လာချက်တစ်ခုဟာလည်း ၂၀၁၅ ခုနှစ်က ပေါ်ထွက်ခဲ့ပါသေးတယ်။ ဒီလေ့လာမှုကတော့ လူပေါင်း ၄၃၀၀၀ ကို လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လိမ်လည်တယ်၊ သစ္စာရှိတယ်ဆိုတဲ့အချက်တွေဟာ လူပုဂိုလ်တစ်ဦးချင်းစီရဲ့ ပတ်ဝန်းကျင်အခြေအနေနဲ့ ဖြတ်သန်းလာတဲ့အတွေ့အကြုံတွေအပေါ်မှာလည်း မူတည်မှာဖြစ်ပါတယ်။

www.akhayar.com