ပျော်ရွှင်တဲ့စုံတွဲတွေကို စာရင်းပြုစုတဲ့အခါမှာ အမေရိကန်သမ္မတဟောင်း Barack Obama တို့ စုံတွဲဟာ ထိပ်ဆုံးမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ ထိပ်ဆုံးမှာရှိတဲ့အတွက်ကြောင့် အမေရိကန်သမ္မတဟောင်း ဇနီးမောင်နှံ ဘယ်လိုနည်းလမ်းကောင်းတွေ လက်ကိုင်ပြီး အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ကြလဲဆိုပြီး စုံတွဲတွေက မေးမြန်းတဲ့အခါ Michelle Obama ဟာ သူမ ကျင့်သုံးတဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတည်ဆောက်နည်းလျှို့ဝှက်ချက်ကို ခုလိုပဲ မျှဝေပေးခဲ့ပါတယ်။

Michelle Obama

Michelle Obama

Michelle Obama ဟာ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရရှိဖို့အတွက် သူမလက်ကိုင်ကျင့်သုံးတဲ့ လျှို့ဝှက်ချက်က ကြားရသူတိုင်းအတွက်တော့ နည်းနည်းရယ်ချင်စရာကောင်းနေနိုင်ပေမယ့် သူမအတွက်တော့ ဒီနည်းလမ်းဟာ အမှန်တကယ်အသုံးဝင်တဲ့ နည်းလမ်းကောင်းဖြစ်ပါတယ်။ အဲဒီနည်းလမ်းကောင်းကတော့ ရေချိုးခန်းကို သီးသန့်ခွဲပြီး အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ သူမတို့စုံတွဲဟာ အိမ်ဖြူတော်မှာ နေတုန်းကကော၊ အခုချိန်ထိကော ရေချိုးခန်းကို သီးသန့်ခွဲပြီး အသုံးပြုကြပါတယ်။ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဘဝကို ရရှိပိုင်ဆိုင်ချင်ရင် ရေချိုခန်းကို သီးသန့်စီ ခွဲသုံးပါဆိုပြီး Michelle Obama က ရယ်မောပြီး Talk Show တစ်ခုမှာ ပြောဖူးပါတယ်။

Michelle Obama

Michelle Obama

အံ့သြဖွယ်ကောင်းတာက ဒီနည်းလမ်းကို လက်ခံကျင့်သုံးတာ Michelle Obama တစ်ယောက်တည်းမဟုတ်ဘဲ သူမနဲ့အမြင်တူသူ တစ်ယောက်ရှိပါသေးတယ်။ ထိုသူကတော့ တခြားသူမဟုတ်ပါဘူး။ လက်ရှိ US သမ္မတကတော် Melania Trump ပဲ ဖြစ်ပါတယ်။ Melania Trump ဟာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး People Magazine ကို ပြောကြားခဲ့တာကတော့ Donald Trump သမ္မတအဖြစ် ရွေးကောက်ခံရဖို့ လှုံဆော်နေစဉ် ၂၀၁၅ ခုနစ်တုန်းက ဖြစ်ပါတယ်။ အိမ်ဖြူတော်ဝင်ထွက်သွားလာခွင့်ရသူတွေရဲ့ ပြောကြားချက်အရ Trump စုံတွဲတို့ဟာလည်း ရေချိုခန်းသီးသန့်စီခွဲပြီး အသုံးပြုကြတာကို တွေ့ရပါတယ်လို့ ဆိုကြပါတယ်။

Melania Trump

Melania Trump

ကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရလည်း ဒီလိုရေချိုးခန်း သီးသန့်အသုံးပြုတာက တစ်ကိုယ်ရည် နေရာလပ်လေး ရယူလိုက်တာနဲ့ တူပါတယ်။ ဒီလို သီးသန့်ခွဲသုံးခြင်းကြောင့် စုံတွဲတွေမှာ သူတို့ရဲ့ကိုယ်ပိုင်နေရာလေးရရှိလာပြီး ထိုနေရာလေးမှာ ကိုယ်ပိုင်အခ်ျိန်လေးတွေ ပိုင်ဆိုင်ခွင့်ရရှိသွားပါတယ်။ သုတေသနတွေအရလည်း စုံတွဲတွေဟာ အိမ်တွေကြည့်တဲ့အခါမှာ ရေချိုးခန်းအမြောက်အမြားပါတဲ့ အိမ်တွေကို ပိုမိုကြိုက်နှစ်သက်တာ တွေ့ရပါတယ်။ အဆိုပါသုတေသနကို US ရှိ အိမ်ခြေမြေဝန်ဆောင်မှုက အိမ်လာရောက်ငှားရမ်းသူတွေနဲ့ အိမ်ဝယ်သူပေါင်း ၄,၇၈၀ ယောက်ကို စစ်တမ်းကောက်ယူမေးမြန်းပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။

Michelle obama and Melania Trump

Michelle obama and Melania Trump

သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ခြင်းတယ်ဆိုရင် Michelle Obama နဲ့ Melania Trump တို့ ကျင့်သုံးတဲ့ နည်းလမ်းကောင်းကိုသာ အတုခိုးကြည့်ကြပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးကျင့်သုံးတဲ့ နည်းလမ်းကောင်းတွေရှိခဲ့ရင်လည်း ပြန်လည်မျှဝေပေးဖို့ မမေ့ပါနဲ့ဦးနော်။

H.H(Akhayar)

www.akhayar.com