[ZawGyi]

Hugo Boss အေၾကာင္း စိတ္ဝင္စားဖြယ္ရာအခ်က္မ်ား

Hugo Boss လို႔ဆိုလုိက္ရင္ ခမ္းနားတင္႔တယ္မႈ၊ စမတ္က်တဲ႔အမ်ိဳးသားေတြနဲ႔ ေယာက္က်ားဆန္ျပီး ဆြဲေဆာင္မႈရွိလြန္းတဲ႔ ေရေမႊးန႔ံေတြကို မ်က္စိထဲျမင္ေယာင္လာၾကပါလိမ္႔မယ္။ ဒုတိယကမၻာစစ္အတြင္းမွာ ျဖစ္တည္လာခဲ႔တဲ႔ ဒီ Brand ဟာ လက္ရွိအခ်ိန္ထိ အရွိန္အဝါၾကီးမားေနဆဲ ျဖစ္ပါတယ္။ Hugo Boss မွာ Original Hugo Boss အျပင္ တျခားေသာအေရာင္အေသြးနဲ႔ Hugo Boss ေတြလည္းရွိပါတယ္။ ဒါအျပင္ Baldessarini ဆုိတဲ႔ Brand လည္းရွိျပန္တာေၾကာင္႔ သူတုိ႔ေတြၾကားက ကြာျခားခ်က္ေလးေတြကိုလည္း ဗဟုသုတအေနနဲဲ႔မွ်ေဝေပးလုိက္ပါတယ္။

Hugo Boss အေၾကာင္းစိတ္ဝင္စားဖြယ္ရာအခ်က္မ်ား

-Hugo Boss ကို ၁၉၃၄ ခုနစ္မွာ Hugo Boss လို႔ေခၚတဲ႔အမ်ိဳးသားတစ္ဦးကတည္ေထာင္ခဲ႔တာျဖစ္ပါတယ္။ မူလပထမတည္ေနရာကေတာ႔ Metzingen ၊ Germany ျဖစ္ပါတယ္။

hugo-boss

hugo-boss

-Hugo Boss ရဲ႕သမိုင္းေၾကာင္းဟာ နာဇီေတြရဲ႕စစ္ယူနီေဖာင္းကိုခ်ဳပ္လုပ္ခဲ႔တာနဲ႔စတင္ခဲ႔တာျဖစ္ပါတယ္။ စစ္အတြင္းမွာလည္း စစ္သု႔ံပန္းေတြ၊ အက်ဥ္းသားေတြကိုခိုင္းေစျပီး အထည္ေတြထုတ္လုပ္ခဲ႔တယ္လို႔ဆုိပါတယ္။ Hugo Boss ကိုဦးေဆာင္သူလူၾကီးေတြဟာ အေဒါ႔ဟစ္တလာကိုကိုးကြယ္သူေတြျဖစ္ျပီး နာဇီေတြရဲ႕အေထာက္အပ႔ံနဲ႔ ယူနီေဖာင္းေတြသြင္းခြင္႔ရခဲ႔တာျဖစ္ပါသတဲ႔။

-၁၉၄၈ ခုနစ္မွာ Hugo Boss ရဲ႕ Founder ဆံုးပါးသြားခဲ႔ေပမယ္႔ အထည္ခ်ဳပ္လုပ္ငန္းဟာ ဆက္လက္လည္ပတ္ခဲ႔ျပီး ဒုတိယကမၻာစစ္ျပီးခ်ိန္မွာ အစိုးရဝန္ထမ္းေတြအတြက္ ယူနီေဖာင္းေတြခ်ဳပ္လုပ္ျခင္းဆက္လက္ရပ္တည္ခဲ႔ပါတယ္။ အဲဒီေနာက္မွာေတာ႔ Suits ေတြ၊ စက္ရံုအလုပ္သမားေတြအတြက္ တူညီဝတ္စံုေတြထုတ္လုပ္ခဲ႔ၾကတာပါ။

uniforms delivered to the Nazi party

uniforms delivered to the Nazi party

-Hugo Boss ရဲ႕ေျမးျဖစ္သူလက္ထက္မွာေတာ႔ အေျပာင္းအလဲၾကီးၾကီးမားမားေတြလုပ္ေဆာင္ခဲ႔ပါတယ္။ အသက္ငယ္ရြယ္တဲ႔ဂ်ာမန္ေကာင္ေလးေတြ ဘယ္လုိဒီဇိုင္းေတြဆင္ျမန္းမလဲ။ ဘာဝတ္ခ်င္ေနၾကလဲဆုိတဲ႔အေပၚအေျခခံျပီး ထုတ္လုပ္တာေၾကာင္႔ Hugo Boss Brand ဟာပိုေပါက္ေျမာက္လာပါတယ္။

-Hugo Boss ကိုအေမရိကန္ႏိုင္ငံမွာထိုးေဖာက္တဲ႔အခ်ိန္မွာေတာ႔ ဒီ Brand ကိုလူသိလာဖုိ႔ အႏုပညာရွင္ေတြရဲ႕အကူအညီကိုယူခဲ႔ရပါတယ္။ မင္းသားၾကီးစတားလံုးက Hugo Boss ကိုဝတ္ဆင္ျပီး လူသိေစခဲ႔ပါတယ္။ ဒါအျပင္ Forbes မဂၢဇင္းကလည္း Hugo Boss အေၾကာင္းကို အမ်ားၾကီးအသိအမွတ္ျပဳေရးသားေပးခဲ႔ပါတယ္။ Forbes ရဲ ႔ Review ေတြမွာ Hugo Boss Professional ပီသေစတဲ႔ Brand ျဖစ္ေၾကာင္းေရးသားခဲ႔တာပါ။

Hugo-Boss

Hugo-Boss

-၁၉၈၆ ခုနစ္မွာေတာ႔ Hugo Boss ဟာ တျခားေသာဂ်ာမန္အမွတ္တံဆိပ္ေတြရဲ႕ထိပ္မွာ ခိုင္ခုိင္မာမာရပ္တည္ႏိုင္ခဲ႔တာပဲျဖစ္ပါတယ္။ ဂ်ာမနီႏိုင္ငံထုတ္ အမ်ိဳးသားဝတ္ Brand ေတြမွာ Hugo Boss ကထိပ္ဆံုးမွာရပ္တည္ခဲ႔ပါတယ္။

– ၁၉၈၀ ျပည္႔ႏွစ္ေတြအထိေတာ႔ Hugo Boss ဟာ အမ်ိဳးသားဝတ္ကုတ္ေတြထုတ္ရင္းသာယာေနခဲ႔တာပါ။ ဒါေပမဲ႔ Yuppie ေခတ္ျဖစ္တဲ႔ ၁၉၉၀ ျပည္႔ႏွစ္မွာေတာ႔ ဒီလုိေနလုိ႔မရေတာ႔ပါဘူး။ ဒါေၾကာင္႔ လူေနမႈဘဝပံုစံအမ်ိဳးမ်ိဳးနဲ႔ အၾကိဳက္မတူတဲ႔သူေတြအတြက္ Hugo၊ Boss နဲ႔ Baldessarini ဆုိတဲ႔ Brand သံုးမ်ိဳးကို ထုတ္ခဲ႔တာျဖစ္ပါတယ္။

HUGOBOSS

HUGOBOSS

– Hugo Boss ထုတ္ကုန္ေတြအားလံုးကို Slovakia နဲ႔ Romania မွာပဲထုတ္လုပ္တာျဖစ္ပါတယ္။

– Hugo Boss ရဲ႕အေရာင္း ၆၀% ဟာ ဂ်ာမနီမွာမဟုတ္ပါဘူး။ တျခားျပည္ပႏိုင္ငံေတြကသာ ဝယ္ယူၾကတာျဖစ္ပါတယ္။ ဂ်ပန္၊ ေဘက်င္း၊ ေဟာင္ေကာင္နဲ႔ရွန္ဟိုင္း ျမိဳ႕ေတြကအဓိကမွာယူတာပါ။

Queen-Letizia-Wear-Hugo-Boss

Queen-Letizia-Wear-Hugo-Boss

– စပိန္မိဖုရား Letizia Ortiz Rocasolano က Hugo Boss ကိုအလြန္ႏွစ္သက္သူျဖစ္ပါတယ္။ ဒီႏွစ္အတြင္းမွာတင္ Hugo Boss ကုတ္နဲ႔ ေဘာင္းဘီေတြကိုေလးၾကိမ္ဝတ္ဆင္ခဲ႔တာေတြ႔ရပါတယ္။

Original Hugo Boss အျပင္တျခားေသာအေရာင္ေတြက ဘာကိုရည္ညႊန္းလဲဆုိေတာ႔…

-အမည္းေရာင္ရွိတဲ႔ Boss Hugo Boss ဆိုတာက Original အမွတ္တံဆိပ္ျဖစ္ပါတယ္။ အမ်ိဳးသားဝတ္၊ အမ်ိဳးသမီးဝတ္၊ ကေလးဝတ္ အဝတ္အထည္ေတြနဲ႔ Accessories ေတြကိုထုတ္လုပ္တာျဖစ္ပါတယ္။ Casualwear ၊ Sportwear ေတြအျပင္ Dinner wear အတြက္ Accessories ေတြအားလံုးထုတ္လုပ္တာပါ။ Hugo Boss ရဲ႕ထုတ္ကုန္ေတြထဲမွာ ေရေမႊး၊ နာရီေတြဟာလည္း နာမည္ေက်ာ္ပါတယ္။

Hugo-Boss-Original

Hugo-Boss-Original

-Boss Selection Hugo Boss ကေတာ႔ အမ်ိဳးသားဝတ္ေတြ၊ ဖိနပ္နဲ႔ Accessories ေတြကိုသာအဆင္႔ျမင္႔ျမင္႔ထုတ္လုပ္တာျဖစ္ပါတယ္။ Luxurious Line သီးသန္႔ ျဖစ္တာမုိ႔ ေစ်းၾကီးပါတယ္။ ဒီဇိုင္နာရဲ႕သီးသန္႔လက္ရာနဲ႔ေခတ္နဲ႔အညီေျပာင္းလဲဆန္းသစ္ထားတဲ႔ ဒီဇိုင္းေတြကိုရမွာပါ။

boss-selection-hugo-boss

boss-selection-hugo-boss

-အနီေရာင္ရွိတဲ႔ Hugo ကေတာ႔ လူငယ္ဆန္တဲ႔ သြက္လက္တက္ၾကြတဲ႔ ဖန္တီးမႈေတြျဖစ္ပါတယ္။ Hugo မွာလည္း အမ်ိဳးသားဝတ္နဲ႔အမ်ိဳးသမီးဝတ္ အဝတ္အထည္ေတြကိုအဓိကထုတ္လုပ္ျပီး Accessories ေတြလည္း ထုတ္လုပ္ပါတယ္။

Hugo-Boss-Red

Hugo-Boss-Red

– Boss Orange ကိုေတာ႔ ၂၀၁၀မွာစတင္မိတ္ဆက္ခဲ႔တာပါ။ Casual Wear ေတြပဲအဓိကထုတ္လုပ္တာပါ။ ေခတ္မီတဲ႔ေကာင္ေလး ေကာင္မေလးေတြဝတ္တဲ႔ဒီဇိုင္းမ်ိဳးအဓိကဖန္တီးထားျပီး Denim Based Casual Wear ျဖစ္ပါတယ္။ အမ်ိဳးသားဝတ္ေရာ အမ်ိဳးသမီးဝတ္အဝတ္အထည္ေတြပါထုတ္လုပ္တာပါ။ ဖိနပ္ေတြနဲ႔ Accessories ေတြလည္း ထုတ္လုပ္ပါတယ္။

Boss-Orange

Boss-Orange

-Boss Green(ယခင္ Boss Sport)ကေတာ႔ ၂၀၁၀ ခုနစ္မွာ စတင္မိတ္ဆက္ခဲ႔တာပါ။ “Fashion, Lifestyle and Golf” လို႔ဆုိထားျပီး Sports Theme ျဖစ္ပါတယ္။ အမ်ိဳးသားဝတ္နဲ႔အမ်ိဳးသမီးဝတ္ အဝတ္အထည္ေတြ၊ Accessories ေတြကို ထုတ္လုပ္ပါတယ္။

Hugo-Boss-Green

Hugo-Boss-Green

-Baldessarini ကေတာ႔ ၁၉၉၃၊ ၉၄ ခုနစ္ေတြကထုတ္လုပ္ခဲ႔တာပါ။ Hugo Boss ရဲ႕ Chief Designer Werner Baldessarini ရဲ႕ လက္ရာေတြျဖစ္ပါတယ္။ လူငယ္ဆန္ျပီးစမတ္က်တဲ႔ ဒီဇိုင္းေတြဘက္ကိုဦးတည္ပါတယ္။

baldessarini-hugo-boss

baldessarini-hugo-boss

ဒါေတြကေတာ႔ Hugo Boss နဲ႔ပတ္သက္ျပီး သိထားသင္႔တဲ႔အခ်က္အလက္ေလးေတြပါ။ Hugo Boss ခ်စ္သူေတြမ်ားရွိရင္ မွ်ေဝေပးလုိက္ပါဦးေနာ္။

www.akhayar.com

[Unicode]

Hugo Boss အကြောင်း စိတ်ဝင်စားဖွယ်ရာအချက်များ

Hugo Boss လို့ဆိုလိုက်ရင် ခမ်းနားတင့်တယ်မှု၊ စမတ်ကျတဲ့အမျိုးသားတွေနဲ့ ယောက်ကျားဆန်ပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ ရေမွှေးနံ့တွေကို မျက်စိထဲမြင်ယောင်လာကြပါလိမ့်မယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဖြစ်တည်လာခဲ့တဲ့ ဒီ Brand ဟာ လက်ရှိအချိန်ထိ အရှိန်အဝါကြီးမားနေဆဲ ဖြစ်ပါတယ်။ Hugo Boss မှာ Original Hugo Boss အပြင် တခြားသောအရောင်အသွေးနဲ့ Hugo Boss တွေလည်းရှိပါတယ်။ ဒါအပြင် Baldessarini ဆိုတဲ့ Brand လည်းရှိပြန်တာကြောင့် သူတို့တွေကြားက ကွာခြားချက်လေးတွေကိုလည်း ဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်။

Hugo Boss အကြောင်းစိတ်ဝင်စားဖွယ်ရာအချက်များ

-Hugo Boss ကို ၁၉၃၄ ခုနစ်မှာ Hugo Boss လို့ခေါ်တဲ့အမျိုးသားတစ်ဦးကတည်ထောင်ခဲ့တာဖြစ်ပါတယ်။ မူလပထမတည်နေရာကတော့ Metzingen ၊ Germany ဖြစ်ပါတယ်။

hugo-boss

hugo-boss

-Hugo Boss ရဲ့သမိုင်းကြောင်းဟာ နာဇီတွေရဲ့စစ်ယူနီဖောင်းကိုချုပ်လုပ်ခဲ့တာနဲ့စတင်ခဲ့တာဖြစ်ပါတယ်။ စစ်အတွင်းမှာလည်း စစ်သုံ့ပန်းတွေ၊ အကျဉ်းသားတွေကိုခိုင်းစေပြီး အထည်တွေထုတ်လုပ်ခဲ့တယ်လို့ဆိုပါတယ်။ Hugo Boss ကိုဦးဆောင်သူလူကြီးတွေဟာ အဒေါ့ဟစ်တလာကိုကိုးကွယ်သူတွေဖြစ်ပြီး နာဇီတွေရဲ့အထောက်အပံ့နဲ့ ယူနီဖောင်းတွေသွင်းခွင့်ရခဲ့တာဖြစ်ပါသတဲ့။

-၁၉၄၈ ခုနစ်မှာ Hugo Boss ရဲ့ Founder ဆုံးပါးသွားခဲ့ပေမယ့် အထည်ချုပ်လုပ်ငန်းဟာ ဆက်လက်လည်ပတ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ပြီးချိန်မှာ အစိုးရဝန်ထမ်းတွေအတွက် ယူနီဖောင်းတွေချုပ်လုပ်ခြင်းဆက်လက်ရပ်တည်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Suits တွေ၊ စက်ရုံအလုပ်သမားတွေအတွက် တူညီဝတ်စုံတွေထုတ်လုပ်ခဲ့ကြတာပါ။

uniforms delivered to the Nazi party

uniforms delivered to the Nazi party

-Hugo Boss ရဲ့မြေးဖြစ်သူလက်ထက်မှာတော့ အပြောင်းအလဲကြီးကြီးမားမားတွေလုပ်ဆောင်ခဲ့ပါတယ်။ အသက်ငယ်ရွယ်တဲ့ဂျာမန်ကောင်လေးတွေ ဘယ်လိုဒီဇိုင်းတွေဆင်မြန်းမလဲ။ ဘာဝတ်ချင်နေကြလဲဆိုတဲ့အပေါ်အခြေခံပြီး ထုတ်လုပ်တာကြောင့် Hugo Boss Brand ဟာပိုပေါက်မြောက်လာပါတယ်။

-Hugo Boss ကိုအမေရိကန်နိုင်ငံမှာထိုးဖောက်တဲ့အချိန်မှာတော့ ဒီ Brand ကိုလူသိလာဖို့ အနုပညာရှင်တွေရဲ့အကူအညီကိုယူခဲ့ရပါတယ်။ မင်းသားကြီးစတားလုံးက Hugo Boss ကိုဝတ်ဆင်ပြီး လူသိစေခဲ့ပါတယ်။ ဒါအပြင် Forbes မဂ္ဂဇင်းကလည်း Hugo Boss အကြောင်းကို အများကြီးအသိအမှတ်ပြုရေးသားပေးခဲ့ပါတယ်။ Forbes ရဲ့ Review တွေမှာ Hugo Boss Professional ပီသစေတဲ့ Brand ဖြစ်ကြောင်းရေးသားခဲ့တာပါ။

Hugo-Boss

Hugo-Boss

-၁၉၈၆ ခုနစ်မှာတော့ Hugo Boss ဟာ တခြားသောဂျာမန်အမှတ်တံဆိပ်တွေရဲ့ထိပ်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဂျာမနီနိုင်ငံထုတ် အမျိုးသားဝတ် Brand တွေမှာ Hugo Boss ကထိပ်ဆုံးမှာရပ်တည်ခဲ့ပါတယ်။

– ၁၉၈၀ ပြည့်နှစ်တွေအထိတော့ Hugo Boss ဟာ အမျိုးသားဝတ်ကုတ်တွေထုတ်ရင်းသာယာနေခဲ့တာပါ။ ဒါပေမဲ့ Yuppie ခေတ်ဖြစ်တဲ့ ၁၉၉၀ ပြည့်နှစ်မှာတော့ ဒီလိုနေလို့မရတော့ပါဘူး။ ဒါကြောင့် လူနေမှုဘဝပုံစံအမျိုးမျိုးနဲ့ အကြိုက်မတူတဲ့သူတွေအတွက် Hugo၊ Boss နဲ့ Baldessarini ဆိုတဲ့ Brand သုံးမျိုးကို ထုတ်ခဲ့တာဖြစ်ပါတယ်။

HUGOBOSS

HUGOBOSS

– Hugo Boss ထုတ်ကုန်တွေအားလုံးကို Slovakia နဲ့ Romania မှာပဲထုတ်လုပ်တာဖြစ်ပါတယ်။

– Hugo Boss ရဲ့အရောင်း ၆၀% ဟာ ဂျာမနီမှာမဟုတ်ပါဘူး။ တခြားပြည်ပနိုင်ငံတွေကသာ ဝယ်ယူကြတာဖြစ်ပါတယ်။ ဂျပန်၊ ဘေကျင်း၊ ဟောင်ကောင်နဲ့ရှန်ဟိုင်း မြို့တွေကအဓိကမှာယူတာပါ။

Queen-Letizia-Wear-Hugo-Boss

Queen-Letizia-Wear-Hugo-Boss

– စပိန်မိဖုရား Letizia Ortiz Rocasolano က Hugo Boss ကိုအလွန်နှစ်သက်သူဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာတင် Hugo Boss ကုတ်နဲ့ ဘောင်းဘီတွေကိုလေးကြိမ်ဝတ်ဆင်ခဲ့တာတွေ့ရပါတယ်။

Original Hugo Boss အပြင်တခြားသောအရောင်တွေက ဘာကိုရည်ညွှန်းလဲဆိုတော့…

-အမည်းရောင်ရှိတဲ့ Boss Hugo Boss ဆိုတာက Original အမှတ်တံဆိပ်ဖြစ်ပါတယ်။ အမျိုးသားဝတ်၊ အမျိုးသမီးဝတ်၊ ကလေးဝတ် အဝတ်အထည်တွေနဲ့ Accessories တွေကိုထုတ်လုပ်တာဖြစ်ပါတယ်။ Casualwear ၊ Sportwear တွေအပြင် Dinner wear အတွက် Accessories တွေအားလုံးထုတ်လုပ်တာပါ။ Hugo Boss ရဲ့ထုတ်ကုန်တွေထဲမှာ ရေမွှေး၊ နာရီတွေဟာလည်း နာမည်ကျော်ပါတယ်။

Hugo-Boss-Original

Hugo-Boss-Original

-Boss Selection Hugo Boss ကတော့ အမျိုးသားဝတ်တွေ၊ ဖိနပ်နဲ့ Accessories တွေကိုသာအဆင့်မြင့်မြင့်ထုတ်လုပ်တာဖြစ်ပါတယ်။ Luxurious Line သီးသန့် ဖြစ်တာမို့ ဈေးကြီးပါတယ်။ ဒီဇိုင်နာရဲ့သီးသန့်လက်ရာနဲ့ခေတ်နဲ့အညီပြောင်းလဲဆန်းသစ်ထားတဲ့ ဒီဇိုင်းတွေကိုရမှာပါ။

boss-selection-hugo-boss

boss-selection-hugo-boss

-အနီရောင်ရှိတဲ့ Hugo ကတော့ လူငယ်ဆန်တဲ့ သွက်လက်တက်ကြွတဲ့ ဖန်တီးမှုတွေဖြစ်ပါတယ်။ Hugo မှာလည်း အမျိုးသားဝတ်နဲ့အမျိုးသမီးဝတ် အဝတ်အထည်တွေကိုအဓိကထုတ်လုပ်ပြီး Accessories တွေလည်း ထုတ်လုပ်ပါတယ်။

Hugo-Boss-Red

Hugo-Boss-Red

– Boss Orange ကိုတော့ ၂၀၁၀မှာစတင်မိတ်ဆက်ခဲ့တာပါ။ Casual Wear တွေပဲအဓိကထုတ်လုပ်တာပါ။ ခေတ်မီတဲ့ကောင်လေး ကောင်မလေးတွေဝတ်တဲ့ဒီဇိုင်းမျိုးအဓိကဖန်တီးထားပြီး Denim Based Casual Wear ဖြစ်ပါတယ်။ အမျိုးသားဝတ်ရော အမျိုးသမီးဝတ်အဝတ်အထည်တွေပါထုတ်လုပ်တာပါ။ ဖိနပ်တွေနဲ့ Accessories တွေလည်း ထုတ်လုပ်ပါတယ်။

Boss-Orange

Boss-Orange

-Boss Green(ယခင် Boss Sport)ကတော့ ၂၀၁၀ ခုနစ်မှာ စတင်မိတ်ဆက်ခဲ့တာပါ။ “Fashion, Lifestyle and Golf” လို့ဆိုထားပြီး Sports Theme ဖြစ်ပါတယ်။ အမျိုးသားဝတ်နဲ့အမျိုးသမီးဝတ် အဝတ်အထည်တွေ၊ Accessories တွေကို ထုတ်လုပ်ပါတယ်။

Hugo-Boss-Green

Hugo-Boss-Green

-Baldessarini ကတော့ ၁၉၉၃၊ ၉၄ ခုနစ်တွေကထုတ်လုပ်ခဲ့တာပါ။ Hugo Boss ရဲ့ Chief Designer Werner Baldessarini ရဲ့ လက်ရာတွေဖြစ်ပါတယ်။ လူငယ်ဆန်ပြီးစမတ်ကျတဲ့ ဒီဇိုင်းတွေဘက်ကိုဦးတည်ပါတယ်။

baldessarini-hugo-boss

baldessarini-hugo-boss

ဒါတွေကတော့ Hugo Boss နဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်အလက်လေးတွေပါ။ Hugo Boss ချစ်သူတွေများရှိရင် မျှဝေပေးလိုက်ပါဦးနော်။

www.akhayar.com