ယာဥ္၁၁ စီးဆင့္တိုက္မႈ အာမခံကုမၸဏီက ေလ်ာ္ေၾကးမေပး

Accident

[Zawgyi]

ယာဥ္၁၁ စီးဆင့္တိုက္မႈ အာမခံကုမၸဏီက ေလ်ာ္ေၾကးမေပး

ၿပီးခဲ့တဲ့ရက္ပိုင္းက ရန္ကုန္တုိင္းေဒသႀကီးအစိုးရအဖြဲ႕ရံုး ဟယ္ပင္မွတ္တိုင္အနီးမွာျဖစ္ပြားခဲ့တဲ့ ယာဥ္ ၁၁ စီးတိုက္မႈျဖစ္စဥ္မွာ ပုဂၢလိကအာမခံလုပ္ငန္းမွာ အလံုးစံုအာမခံထားရွိေသာ္လည္း ယာဥ္ေမာင္းျဖစ္သူမွာ ” ခ ” လိုင္စင္ကိုင္ေဆာင္ထားသူျဖစ္တဲ့အတြက္ေၾကာင့္ အာမခံေၾကးမေပးဟုဆိုေၾကာင္း ၃၅ ယာဥ္လိုင္းတာဝန္ခံတစ္ဦးကဆိုပါတယ္။

“အာမခံကို ဧရာျမန္မာမွာ အလံုးစံုအာမခံထားေပမယ့္ ေမာင္းတဲ့သူက “ခ” လိုင္စင္ျဖစ္ေနလို႔ အာမခံက မေလ်ာ္ဘူးလို႔ မေန႔ကလွမ္းၿပီးအေၾကာင္းၾကားတယ္။ သူတို႔ကုမၸဏီက လာေရာက္စိစစ္ၿပီး တန္ဖိုးေတြကိုလည္း တြက္ခ်က္ၿပီးၿပီ။ ဒါကေတာ့ ဒီကားကို အလံုးစံုအာမခံထားတာတာျဖစ္တဲ့အတြက္ေၾကာင့္ ဘယ္လိုပဲျဖစ္ျဖစ္ အျပည့္မဟုတ္ရင္ေတာင္ တစ္ဝက္ေလာက္ေတာ့ေလွ်ာ္သင့္ပါတယ္” လို႔ ၃၅ ယာဥ္လိုင္းတာဝန္ခံ ဦးဝင္းတင္ကေျပာပါတယ္။

ယင္းကိစၥကို ယာဥ္လိုင္းတာဝန္ရွိသူေတြနဲ႔ ယာဥ္ပိုင္ရွင္ေတြအေနနဲ႔ YBS စီအီးအိုနဲ႔ သြားေရာက္ေတြ႕ဆံုၿပီး ဆက္လက္ညွိႏိႈင္းသြားမယ္လို႔ သိရပါတယ္။ “အလံုးစံုအာမခံထားတယ္ဆိုတာ တိုင္းေဒသႀကီး ညႊန္ၾကားခ်က္အရထားရတာ။ အာမခံအေၾကာင္းကိုလည္း ယာဥ္ပိုင္ရွင္ေတြက သိပ္မသိနားမလည္ၾကေသးဘူး။ အဲဒီလိုအာမခံထားတဲ့အတြက္ တစ္ခုခုျဖစ္ရင္ အာမခံကေလ်ာ္မယ္လို႔ထင္ေနၾကတာ။ ဘယ္လိုပဲျဖစ္ျဖစ္ ထိုက္သင့္တဲ့ရာခိုင္ႏႈန္းထားကိုေတာ့ ေလ်ာ္သင့္တယ္” လို႔ ဦးဝင္းတင္ကေျပာပါတယ္။

လက္ရွိမွာေတာ့ ထိခိုက္ခံရတဲ့ ယာဥ္ ၁၀ စီးအား ေလ်ာ္ေၾကးေငြမေပးရေသးေၾကာင္းနဲ႔ ထိုယာဥ္တိုက္မႈျဖစ္စဥ္မွာ ဒဏ္ရာအနည္းငယ္ရရွိသူတစ္ဦးမွာ ေဆးရံုမွဆင္းသြားၿပီျဖစ္ေၾကာင္း သိရပါတယ္။ “ယာဥ္ ၁၁ စီးဆိုတာ တိုက္တဲ့ ၃၅ အပါအဝင္ပါ။ ဒဏ္ရာရသူေတြလည္း သာမန္ပြန္းပဲ့ရံုေလာက္ဆိုေတာ့ အမႈလည္းမဖြင့္ေတာ့ဘူး။ ယာဥ္ေမာင္းကိုေတာ့ ပုဒ္မ ၂၇၉ နဲ႔ အေရးယူထားတယ္။ ကားကိုေတာ့ စခန္းမွာပဲထားတယ္။ အခုေတာ့ အာမခံနဲ႔ပါ ဆက္လက္ညွိႏိႈင္းရအံုးမွာပါ” လို႔ ၄င္းကဆက္လက္ေျပာပါတယ္။

ယင္းယာဥ္တိုက္မႈျဖစ္စဥ္မွာ ေျမနီကုန္း ကုန္းေက်ာ္တံတားက ဆင္းလာစဥ္မွာ ဘရိတ္ေပါက္ခဲ့တာေၾကာင့္ ပလက္ေဖာင္းအေပၚတက္သြားကာ မီးနီရပ္ထားတဲ့ယာဥ္ေတြကို ဝင္တိုက္မိသြားတယ္လို႔ ယာဥ္ေမာင္းက ယာဥ္ထိန္းရဲစခန္းမွာ ထြက္ဆိုခ်က္အရသိရပါတယ္။ ၃၅ ယာဥ္လိုင္းကေတာ့ အမ်ားပုိင္ကုမၸဏီ ၁၇ ခုထဲက တစ္ခုျဖစ္တဲ့ ေခတ္သစ္ဘုရင့္ေနာင္သယ္ယူပို႔ေဆာင္ေရး အမ်ားပိုင္ကုမၸဏီက ယာဥ္လိုင္းတစ္ခုျဖစ္ပါတယ္။

www.akhayar.com

[Unicode]

ယာဉ် ၁၁ စီးဆင့်တိုက်မှု အာမခံကုမ္ပဏီက လျော်ကြေးမပေး

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဟယ်ပင်မှတ်တိုင်အနီးမှာဖြစ်ပွားခဲ့တဲ့ ယာဉ် ၁၁ စီးတိုက်မှုဖြစ်စဉ်မှာ ပုဂ္ဂလိကအာမခံလုပ်ငန်းမှာ အလုံးစုံအာမခံထားရှိသော်လည်း ယာဉ်မောင်းဖြစ်သူမှာ ” ခ ” လိုင်စင်ကိုင်ဆောင်ထားသူဖြစ်တဲ့အတွက်ကြောင့် အာမခံကြေးမပေးဟုဆိုကြောင်း ၃၅ ယာဉ်လိုင်းတာဝန်ခံတစ်ဦးကဆိုပါတယ်။

“အာမခံကို ဧရာမြန်မာမှာ အလုံးစုံအာမခံထားပေမယ့် မောင်းတဲ့သူက “ခ” လိုင်စင်ဖြစ်နေလို့ အာမခံက မလျော်ဘူးလို့ မနေ့ကလှမ်းပြီးအကြောင်းကြားတယ်။ သူတို့ကုမ္ပဏီက လာရောက်စိစစ်ပြီး တန်ဖိုးတွေကိုလည်း တွက်ချက်ပြီးပြီ။ ဒါကတော့ ဒီကားကို အလုံးစုံအာမခံထားတာတာဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အပြည့်မဟုတ်ရင်တောင် တစ်ဝက်လောက်တော့လျှော်သင့်ပါတယ်” လို့ ၃၅ ယာဉ်လိုင်းတာဝန်ခံ ဦးဝင်းတင်ကပြောပါတယ်။

ယင်းကိစ္စကို ယာဉ်လိုင်းတာဝန်ရှိသူတွေနဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ YBS စီအီးအိုနဲ့ သွားရောက်တွေ့ဆုံပြီး ဆက်လက်ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။ “အလုံးစုံအာမခံထားတယ်ဆိုတာ တိုင်းဒေသကြီး ညွှန်ကြားချက်အရထားရတာ။ အာမခံအကြောင်းကိုလည်း ယာဉ်ပိုင်ရှင်တွေက သိပ်မသိနားမလည်ကြသေးဘူး။ အဲဒီလိုအာမခံထားတဲ့အတွက် တစ်ခုခုဖြစ်ရင် အာမခံကလျော်မယ်လို့ထင်နေကြတာ။ ဘယ်လိုပဲဖြစ်ဖြစ် ထိုက်သင့်တဲ့ရာခိုင်နှုန်းထားကိုတော့ လျော်သင့်တယ်” လို့ ဦးဝင်းတင်ကပြောပါတယ်။

လက်ရှိမှာတော့ ထိခိုက်ခံရတဲ့ ယာဉ် ၁၀ စီးအား လျော်ကြေးငွေမပေးရသေးကြောင်းနဲ့ ထိုယာဉ်တိုက် မှုဖြစ်စဉ်မှာ ဒဏ်ရာအနည်းငယ်ရရှိသူတစ်ဦးမှာ ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း သိရပါတယ်။ “ယာဉ် ၁၁ စီးဆိုတာ တိုက်တဲ့ ၃၅ အပါအဝင်ပါ။ ဒဏ်ရာရသူတွေလည်း သာမန်ပွန်းပဲ့ရုံလောက်ဆိုတော့ အမှုလည်းမဖွင့်တော့ဘူး။ ယာဉ်မောင်းကိုတော့ ပုဒ်မ ၂၇၉ နဲ့ အရေးယူထားတယ်။ ကားကိုတော့ စခန်းမှာပဲထားတယ်။ အခုတော့ အာမခံနဲ့ပါ ဆက်လက်ညှိနှိုင်းရအုံးမှာပါ” လို့ ၎င်းကဆက်လက်ပြောပါတယ်။

ယင်းယာဉ်တိုက်မှုဖြစ်စဉ်မှာ မြေနီကုန်း ကုန်းကျော်တံတားက ဆင်းလာစဉ်မှာ ဘရိတ်ပေါက်ခဲ့တာကြောင့် ပလက်ဖောင်းအပေါ်တက်သွားကာ မီးနီရပ်ထားတဲ့ယာဉ်တွေကို ဝင်တိုက်မိသွားတယ်လို့ ယာဉ်မောင်းက ယာဉ်ထိန်းရဲစခန်းမှာ ထွက်ဆိုချက်အရသိရပါတယ်။ ၃၅ ယာဉ်လိုင်းကတော့ အများပိုင်ကုမ္ပဏီ ၁၇ ခုထဲက တစ်ခုဖြစ်တဲ့ ခေတ်သစ်ဘုရင့်နောင်သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီက ယာဉ်လိုင်းတစ်ခုဖြစ်ပါတယ်။

www.akhayar.com