[Zawgyi]

စံခ်ိန္ေဟာင္းေတြ ခ်ိဳးဖ်က္ခဲ့တဲ့ ၂၀၁၇-၁၈ လာလီဂါၿပိဳင္ပြဲ

စံခ်ိန္ဆုိတာ ခ်ိဳးဖ်က္ဖို႔ပါပဲ။ စံခ်ိန္ကို လြယ္လြယ္နဲ႔ေတာ့ ခ်ိဳးဖ်က္လို႔ မရပါဘူး။ အခ်ိန္ကာလ အတိုင္းအတာ တစ္ခုအထိေတာ့ ၾကာျမင့္တက္စၿမဲပါ။ စံခ်ိန္တစ္ခုဆိုတာ ကိစၥအရပ္ရပ္တိုင္းမွာ တည္ရွိတတ္ပါတယ္။ ေဘာလံုးေလာကမွာလည္း စံခ်ိန္ဆိုတာေတြ ရွိခဲ့ပါတယ္။ စပိန္ႏိုင္ငံရဲ႕ အဆင့္ျမင့္ဆံုး အမွတ္ေပးၿပိဳင္ပြဲျဖစ္တဲ့ လာလီဂါၿပိဳင္ပြဲကေတာ့ ၂၀၁၇-၁၈ ေဘာလံုးရာသီမွာ အရင္တင္ရွိထားတဲ့ စံခ်ိန္အေတာ္မ်ားမ်ားကို ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။ လာလီဂါၿပိဳင္ပြဲမွာ ခ်ိဳးဖ်က္ခံခဲ့ရတဲ့ စံခ်ိန္ေတြကေတာ့ –

ရႈံးပြဲမရွိ ပြဲဆက္အမ်ားဆံုးစံခ်ိန္
၁၉၇၈-၇၉၊ ၁၉၇၉-၈၀ ေဘာလံုးရာသီ (၂)ခုေပါင္းမွာ ဆိုစီဒက္အသင္း တင္ရွိထားတဲ့ (၃၈)ပြဲဆက္ ရႈံးပြဲမရွိစံခ်ိန္ကို ဘာစီလိုနာအသင္း ခ်ိဳးဖ်က္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ လက္ရွိအခ်ိန္မွာ (၄၃)ပြဲဆက္ ရံႈးပြဲမရွိစံခ်ိန္ကို ရရွိထားတာျဖစ္ပါတယ္။ ပြဲဆက္အမ်ားဆံုး ရံႈးပြဲမရွိစံခ်ိန္ကို ဘာစီလိုနာအသင္း ခ်ိဳးဖ်က္ၿပီး ေနာက္ထပ္ စံခ်ိန္တစ္ခုကို တင္ႏိုင္ဖို႔လည္း ရွိေနပါတယ္။ ဘာစီလိုနာအသင္းဟာ ဗီလာရီးယဲလ္၊ လီဗန္ေတး၊ ဆိုစီဒက္အသင္းေတြနဲ႔ (၃)ပြဲကစားဖုိ႔ က်န္ရွိေနၿပီး အဲပြဲစဥ္ေတြမွာ မရႈံးနိမ့္ခဲ့ရင္ ေခတ္သစ္လာလီဂါၿပိဳင္ပြဲရဲ႕ တစ္ရာသီအတြင္း ရႈံးပြဲမရွိဘဲ ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္တဲ့ အသင္းအျဖစ္ မွတ္တမ္းတင္ႏိုင္မွာ ျဖစ္ပါတယ္။

မတူညီတဲ့ ကစားသမား အမ်ားဆံုး ဂိုးသြင္းယူႏိုင္တဲ့ပြဲ
ပြဲစဥ္ (၈)အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဘက္တစ္နဲ႔ ဗလင္စီယာအသင္းတို႔ ပြဲစဥ္မွာ (၃-၆)ဆိုတဲ့ ရလဒ္ထြက္ေပၚခဲ့ပါတယ္။ ႏွစ္သင္းေပါင္း သြင္းဂိုး (၉)ဂိုးအထိ ရွိခဲ့ၿပီး သြင္းဂိုးေတြကို မတူညီတဲ့ ကစားသမား (၉)ေယာက္က သြင္းယူခဲ့တာျဖစ္ပါတယ္။ ဒီမွတ္တမ္းဟာ စံခ်ိန္ခ်ိဳးႏိုင္ခဲ့တာ မဟုတ္ေပမယ့္ အရင္စံခ်ိန္ (၂)ခုကို လိုက္မီခဲ့တာ ျဖစ္ပါတယ္။ ဒီပြဲဟာ မတူညီတဲ့ ကစားသမားအမ်ားဆံုး ဂိုးသြင္းယူႏိုင္တဲ့ပြဲအျဖစ္ စံခ်ိန္ခ်ိဳးႏိုင္ဖို႔ ရွိေပမယ့္ ဘက္တစ္တိုက္စစ္ကစားသမား ဆာဂ်ီယိုလီယြန္ Sergio Leon ပယ္နယ္တီလြဲေခ်ာ္ခဲ့လို႔ စံခ်ိန္ခ်ိဳးဖ်က္ႏိုင္မယ့္ အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။ 

တစ္ပြဲထဲမွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့ျခင္းမရွိတဲ့ အသင္း
မာလာဂါအသင္းနဲ႔ ကစားခဲ့တဲ့ အေဝးကြင္းပြဲစဥ္မွာ ဆိုစီဒက္အသင္းဟာ ျပစ္ဒဏ္က်ဴးလြန္ခဲ့ျခင္း လံုးဝမရွိေအာင္ ကစားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ၂၀၀၃-၀၄ ေဘာလံုးရာသီေနာက္ပိုင္း တစ္ပြဲအတြင္း ျပစ္ဒဏ္က်ဴးလြန္ခဲ့ျခင္းမရွိတဲ့ အသင္းအျဖစ္ ဆိုစီဒက္အသင္းက မွတ္တမ္းဝင္ခဲ့တာ ျဖစ္ပါတယ္။

ဘက္တစ္အသင္းရဲ႕ ၾကယ္တစ္ပြင့္
လိုရန္မိုရြန္ Loren Moron ဆိုတာ ဘက္တစ္အသင္းအတြက္ ရတနာတစ္ပါးလို႔ေတာင္ စပိန္မီဒီယာေတြက တင္စားေခၚေဝၚခံရတဲ့ ကစားသမားတစ္ေယာက္ပါ။ ဘက္တစ္ (ခ)အသင္းကေန အသင္းႀကီးကို ေရာက္ရွိလာခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး ပထမဆံုး ပြဲထြက္ခြင့္ရတဲ့ ပြဲမွာတင္ အသင္းအတြက္ (၂)ဂိုးသြင္းယူေပးႏုိင္ခဲ့ပါတယ္။ ဘက္တစ္(ခ)အသင္းကေန အသင္းႀကီးကိုေရာက္ရွိလာတဲ့ ကစားသမားေတြထဲမွာ ပြဲဦးထြက္ ပြဲတင္ (၂)ဂိုးသြင္းယူႏိုင္တဲ့ ပထမဆံုး ကစားသမားအျဖစ္ လိုရန္မိုရြန္က မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ ဘက္တစ္အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္ ပြဲဦးထြက္ ပြဲမွာတင္ (၂)ဂိုး သြင္းယူႏိုင္တဲ့ ကစားသမားဟာ လိုရန္မိုရြန္မတိုင္ခင္ (၄)ေယာက္သာ ရွိခဲ့ပါတယ္။

ပြဲဆက္အမ်ားဆံုး ႏိုင္ပြဲမဲ့စံခ်ိန္
လာလီဂါသမိုင္းတစ္ေလွ်ာက္ အဆိုးရြားဆံုး စံခ်ိန္တစ္ခုကို လီဗန္ေတးအသင္းနဲ႔ ဒီပို႔တီပို႔အသင္းတို႔ ရရွိခဲ့တာျဖစ္ပါတယ္။ ႏွစ္သင္းစလံုး (၁၅)ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ဆံုးခဲ့တာျဖစ္ၿပီး ပြဲဆက္အမ်ားဆံုး ႏိုင္ပြဲေပ်ာက္ဆံုးခဲ့တဲ့အသင္းေတြအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။

The-impossible-looking-records-that-have-been-broken-this-season

The-impossible-looking-records-that-have-been-broken-this-season

အိမ္ကြင္းရႈံးပြဲ အမ်ားဆံုးစံခ်ိန္
တန္းဆင္းခဲ့ရတဲ့ လက္စ္ပါမားစ္အသင္းရဲ႕ စံခ်ိန္ဆိုးတစ္ခုလည္းျဖစ္ပါတယ္။ အိမ္ကြင္း (၁၇)ပြဲကစားၿပီးခ်ိန္မွာ (၁၂)ပြဲအထိ ႏိုင္ပြဲေပ်ာက္ဆံုးခဲ့တာျဖစ္ၿပီး လာလီဂါသမိုင္းတစ္ေလွ်ာက္ အိမ္ကြင္းႏိုင္ပြဲအမ်ားဆံုး ေပ်ာက္ဆံုးတဲ့ အသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

အံ့အားသင့္ဖြယ္ စြမ္းေဆာင္ခ်က္
လီဗန္ေတးအသင္းကို မတ္လဆန္းပိုင္းမွာ နည္းျပအျဖစ္ စတင္တာဝန္ယူခဲ့တဲ့ ပါကိုလိုပက္ဇ္ Paco López ရဲ႕ အံ့အားသင့္ဖြယ္ စြမ္းေဆာင္ခ်က္ပဲ ျဖစ္ပါတယ္။ အသင္းကို စတင္တာဝန္ယူခ်ိန္ကစလို႔ လက္ရွိအခ်ိန္အထိ (၂)လအတြင္းကစားခဲ့တဲ့ ပြဲစဥ္ (၈)ပြဲမွာ အက္သလက္တီကိုအသင္းတစ္သင္းတည္းကိုသာ ရံႈးနိမ့္ခဲ့တာျဖစ္ၿပီး ရမွတ္ (၁၉)မွတ္ ရယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီစြမ္းေဆာင္ရည္ေတြဟာ လီဗန္ေတးအသင္း သမိုင္းတစ္ေလွ်ာက္ အေကာင္းဆံုး စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ နည္းျပတစ္ဦးအျဖစ္ မွတ္တမ္းဝင္ခဲ့တာ ျဖစ္ပါတယ္။

အက္သလက္တီကို=(၁-၀)
(၁-၀)ရလဒ္ဆိုတာ အက္သလက္တီကိုရဲ႕ မူပိုင္ယူထားတဲ့ ရလဒ္တစ္ခုလိုပါပဲ။ လာလီဂါသမိုင္းတစ္ေလွ်ာက္ (၂၅၃)ႀကိမ္အထိ ဒီရလဒ္ကို အက္သလက္တီကိုအသင္း ရရွိခဲ့တာျဖစ္ၿပီး အျခားအသင္းေတြအားလံုးထက္ ပိုမိုတဲ့ မွတ္တမ္းလည္း ျဖစ္ခဲ့ပါတယ္။

Unstoppable မက္ဆီ
ကစားသမားဘဝ လိဂ္သြင္းဂိုး (၃၀)အထက္ သြင္းယူႏိုင္တဲ့ ေဘာလံုးရာသီက (၇)ရာသီအထိ ရွိခဲ့တာျဖစ္ၿပီး ဒီမွတ္တမ္းဟာ တျခားဘယ္ေဘာလံုးသမားမွ မက္ဆီလို မစြမ္းေဆာင္ ႏိုင္ခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္စံခ်ိန္တစ္ခုကေတာ့ ဒီရာသီမွာ ဖရီးကစ္ ကန္ခ်က္ေတြကေန (၆)ဂိုးအထိ သြင္းယူေပးထားတာျဖစ္ၿပီး ဒီမွတ္တမ္းဟာ ေရာ္နယ္ဒင္ဟို Ronaldinho ေနာက္ပိုင္း (၂၁)ရာစု လာလီဂါၿပိဳင္ပြဲရဲ႕ အေကာင္းဆံုး စံခ်ိန္ျဖစ္ခဲ့ပါတယ္။

ပြဲဆက္အမ်ားဆံုး အိမ္ကြင္း Clean Sheet
အက္သလက္တီကို ဂိုးသမား အိုဘလက္ခ္ Oblak ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ရည္ျဖစ္ပါတယ္။ (၈)ပြဲဆက္ ဂိုးမေပးရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး (၁၉၆၄-၆၅)နဲ႔ (၁၉၆၈-၆၉) ေဘာလံုးရာသီေနာက္ပိုင္း အေကာင္းဆံုး စြမ္းေဆာင္ရည္ပဲ ျဖစ္ပါတယ္။

အစမေကာင္းတဲ့ အလာဗက္စ္
လာလီဂါသမိုင္းတစ္ေလွ်ာက္ အဆိုးရြားဆံုး ရာသီအစမွတ္တမ္းဆိုး ျဖစ္ခဲ့ပါတယ္။ အလာဗက္စ္အသင္းဟာ ရာသီအစ (၆)ပြဲဆက္ ရႈံးနိမ့္ခဲ့သလို ရာသီအစ (၅)ပြဲဆက္တိုက္ သြင္းဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိခဲ့ပါဘူး။

REF:Marca
Photo:Marca, Soccerassembly
Aung Kyaw Wai(Akhayar)
www.akhayar.com

[Unicode]

စံချိန်ဟောင်းတွေ ချိုးဖျက်ခဲ့တဲ့ ၂၀၁၇-၁၈ လာလီဂါပြိုင်ပွဲ

စံချိန်ဆိုတာ ချိုးဖျက်ဖို့ပါပဲ။ စံချိန်ကို လွယ်လွယ်နဲ့တော့ ချိုးဖျက်လို့ မရပါဘူး။ အချိန်ကာလ အတိုင်းအတာ တစ်ခုအထိတော့ ကြာမြင့်တက်စမြဲပါ။ စံချိန်တစ်ခုဆိုတာ ကိစ္စအရပ်ရပ်တိုင်းမှာ တည်ရှိတက်ပါတယ်။ ဘောလုံးလောကမှာလည်း စံချိန်ဆိုတာတွေ ရှိခဲ့ပါတယ်။ စပိန်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး အမှတ်ပေးပြိုင်ပွဲဖြစ်တဲ့ လာလီဂါပြိုင်ပွဲကတော့ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ အရင်တင်ရှိထားတဲ့ စံချိန်အတော်များများကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ လာလီဂါပြိုင်ပွဲမှာ ချိုးဖျက်ခံခဲ့ရတဲ့ စံချိန်တွေကတော့ –

ရှုံးပွဲမရှိ ပွဲဆက်အများဆုံးစံချိန်
၁၉၇၈-၇၉၊ ၁၉၇၉-၈၀ ဘောလုံးရာသီ (၂)ခုပေါင်းမှာ ဆိုစီဒက်အသင်း တင်ရှိထားတဲ့ (၃၈)ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ဘာစီလိုနာအသင်း ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ (၄၃)ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ရရှိထားတာဖြစ်ပါတယ်။ ပွဲဆက်အများဆုံး ရှုံးပွဲမရှိစံချိန်ကို ဘာစီလိုနာအသင်း ချိုးဖျက်ပြီး နောက်ထပ် စံချိန်တစ်ခုကို တင်နိုင်ဖို့လည်း ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ ဗီလာရီးယဲလ်၊ လီဗန်တေး၊ ဆိုစီဒက်အသင်းတွေနဲ့ (၃)ပွဲကစားဖို့ ကျန်ရှိနေပြီး အဲပွဲစဉ်တွေမှာ မရှုံးနိမ့်ခဲ့ရင် ခေတ်သစ်လာလီဂါပြိုင်ပွဲရဲ့ တစ်ရာသီအတွင်း ရှုံးပွဲမရှိဘဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်တဲ့ အသင်းအဖြစ် မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။

မတူညီတဲ့ ကစားသမား အများဆုံး ဂိုးသွင်းယူနိုင်တဲ့ပွဲ
ပွဲစဉ် (၈)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘက်တစ်နဲ့ ဗလင်စီယာအသင်းတို့ ပွဲစဉ်မှာ (၃-၆)ဆိုတဲ့ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ နှစ်သင်းပေါင်း သွင်းဂိုး (၉)ဂိုးအထိ ရှိခဲ့ပြီး သွင်းဂိုးတွေကို မတူညီတဲ့ ကစားသမား (၉)ယောက်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီမှတ်တမ်းဟာ စံချိန်ချိုးနိုင်ခဲ့တာ မဟုတ်ပေမယ့် အရင်စံချိန် (၂)ခုကို လိုက်မီခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲဟာ မတူညီတဲ့ ကစားသမားအများဆုံး ဂိုးသွင်းယူနိုင်တဲ့ပွဲအဖြစ် စံချိန်ချိုးနိုင်ဖို့ ရှိပေမယ့် ဘက်တစ်တိုက်စစ်ကစားသမား ဆာဂျီယိုလီယွန် Sergio Leon ပယ်နယ်တီလွဲချော်ခဲ့လို့ စံချိန်ချိုးဖျက်နိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ 

တစ်ပွဲထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းမရှိတဲ့ အသင်း
မာလာဂါအသင်းနဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ဆိုစီဒက်အသင်းဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်း လုံးဝမရှိအောင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၃-၀၄ ဘောလုံးရာသီနောက်ပိုင်း တစ်ပွဲအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းမရှိတဲ့ အသင်းအဖြစ် ဆိုစီဒက်အသင်းက မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

ဘက်တစ်အသင်းရဲ့ ကြယ်တစ်ပွင့်
လိုရန်မိုရွန် Loren Moron ဆိုတာ ဘက်တစ်အသင်းအတွက် ရတနာတစ်ပါးလို့တောင် စပိန်မီဒီယာတွေက တင်စားခေါ်ဝေါ်ခံရတဲ့ ကစားသမားတစ်ယောက်ပါ။ ဘက်တစ် (ခ)အသင်းကနေ အသင်းကြီးကို ရောက်ရှိလာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပထမဆုံး ပွဲထွက်ခွင့်ရတဲ့ ပွဲမှာတင် အသင်းအတွက် (၂)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘက်တစ်(ခ)အသင်းကနေ အသင်းကြီးကိုရောက်ရှိလာတဲ့ ကစားသမားတွေထဲမှာ ပွဲဦးထွက် ပွဲတင် (၂)ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် လိုရန်မိုရွန်က မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဘက်တစ်အသင်းရဲ့ သမိုင်းတစ်လျှောက် ပွဲဦးထွက် ပွဲမှာတင် (၂)ဂိုး သွင်းယူနိုင်တဲ့ ကစားသမားဟာ လိုရန်မိုရွန်မတိုင်ခင် (၄)ယောက်သာ ရှိခဲ့ပါတယ်။

ပွဲဆက်အများဆုံး နိုင်ပွဲမဲ့စံချိန်
လာလီဂါသမိုင်းတစ်လျှောက် အဆိုးရွားဆုံး စံချိန်တစ်ခုကို လီဗန်တေးအသင်းနဲ့ ဒီပို့တီပို့အသင်းတို့ ရရှိခဲ့တာဖြစ်ပါတယ်။ နှစ်သင်းစလုံး (၁၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး ပွဲဆက်အများဆုံး နိုင်ပွဲပျောက်ဆုံးခဲ့တဲ့အသင်းတွေအဖြစ် စံချိန်တင်ခဲ့ပါတယ်။

The-impossible-looking-records-that-have-been-broken-this-season

The-impossible-looking-records-that-have-been-broken-this-season

အိမ်ကွင်းရှုံးပွဲ အများဆုံးစံချိန်
တန်းဆင်းခဲ့ရတဲ့ လက်စ်ပါမားစ်အသင်းရဲ့ စံချိန်ဆိုးတစ်ခုလည်းဖြစ်ပါတယ်။ အိမ်ကွင်း (၁၇)ပွဲကစားပြီးချိန်မှာ (၁၂)ပွဲအထိ နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး လာလီဂါသမိုင်းတစ်လျှောက် အိမ်ကွင်းနိုင်ပွဲအများဆုံး ပျောက်ဆုံးတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အံ့အားသင့်ဖွယ် စွမ်းဆောင်ချက်
လီဗန်တေးအသင်းကို မတ်လဆန်းပိုင်းမှာ နည်းပြအဖြစ် စတင်တာဝန်ယူခဲ့တဲ့ ပါကိုလိုပက်ဇ် Paco López ရဲ့ အံ့အားသင့်ဖွယ် စွမ်းဆောင်ချက်ပဲ ဖြစ်ပါတယ်။ အသင်းကို စတင်တာဝန်ယူချိန်ကစလို့ လက်ရှိအချိန်အထိ (၂)လအတွင်းကစားခဲ့တဲ့ ပွဲစဉ် (၈)ပွဲမှာ အက်သလက်တီကိုအသင်းတစ်သင်းတည်းကိုသာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ရမှတ် (၁၉)မှတ် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစွမ်းဆောင်ရည်တွေဟာ လီဗန်တေးအသင်း သမိုင်းတစ်လျှောက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

အက်သလက်တီကို=(၁-ဝ)
(၁-ဝ)ရလဒ်ဆိုတာ အက်သလက်တီကိုရဲ့ မူပိုင်ယူထားတဲ့ ရလဒ်တစ်ခုလိုပါပဲ။ လာလီဂါသမိုင်းတစ်လျှောက် (၂၅၃)ကြိမ်အထိ ဒီရလဒ်ကို အက်သလက်တီကိုအသင်း ရရှိခဲ့တာဖြစ်ပြီး အခြားအသင်းတွေအားလုံးထက် ပိုမိုတဲ့ မှတ်တမ်းလည်း ဖြစ်ခဲ့ပါတယ်။

Unstoppable မက်ဆီ
ကစားသမားဘဝ လိဂ်သွင်းဂိုး (၃၀)အထက် သွင်းယူနိုင်တဲ့ ဘောလုံးရာသီက (၇)ရာသီအထိ ရှိခဲ့တာဖြစ်ပြီး ဒီမှတ်တမ်းဟာ တခြားဘယ်ဘောလုံးသမားမှ မက်ဆီလို မစွမ်းဆောင် နိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်စံချိန်တစ်ခုကတော့ ဒီရာသီမှာ ဖရီးကစ် ကန်ချက်တွေကနေ (၆)ဂိုးအထိ သွင်းယူပေးထားတာဖြစ်ပြီး ဒီမှတ်တမ်းဟာ ရော်နယ်ဒင်ဟို Ronaldinho နောက်ပိုင်း (၂၁)ရာစု လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး စံချိန်ဖြစ်ခဲ့ပါတယ်။

ပွဲဆက်အများဆုံး အိမ်ကွင်း Clean Sheet
အက်သလက်တီကို ဂိုးသမား အိုဘလက်ခ် Oblak ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ဖြစ်ပါတယ်။ (၈)ပွဲဆက် ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး (၁၉၆၄-၆၅)နဲ့ (၁၉၆၈-၆၉) ဘောလုံးရာသီနောက်ပိုင်း အကောင်းဆုံး စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။

အစမကောင်းတဲ့ အလာဗက်စ်
လာလီဂါသမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရာသီအစမှတ်တမ်းဆိုး ဖြစ်ခဲ့ပါတယ်။ အလာဗက်စ်အသင်းဟာ ရာသီအစ (၆)ပွဲဆက် ရှုံးနိမ့်ခဲ့သလို ရာသီအစ (၅)ပွဲဆက်တိုက် သွင်းဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

REF:Marca
Photo:Marca, Soccerassembly
Aung Kyaw Wai(Akhayar)
www.akhayar.com