[ZawGyi]

က်န္းမာေရးအတြက္ ေမြ႔ရာကဘယ္ေလာက္ထိအေရးပါသလဲ

လူတစ္ေယာက္ရဲ႕သက္တမ္း ၃ ပံု ၁ ပံုကို အိပ္စက္ျခင္းနဲ႔ကုန္ဆံုးၾကရတာလို႔ ဆိုၾကပါတယ္ေနာ္။ အိပ္စက္ျခင္းဟာ အလွအပအတြက္ေရာ က်န္းမာေရးအတြက္ပါ ျငင္းပယ္မရႏိုင္ေအာင္ အေရးပါလာတဲ႔အရာတစ္ခုပါ။

National Sleep Foundation အေနနဲ႔လူေတြႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ဖို႔ဘာအဓိကလိုအပ္သလဲလုိ႔ ေမးျမန္းခ်က္ေတြျပဳလုပ္ရာမွာ ေတာ္ေတာ္မ်ားမ်ားက ေမြ႔ရာေကာင္းေကာင္းေလးတစ္ခုလို႔ ေျဖၾကပါတယ္တဲ႔။ တကယ္တမ္းမွာလည္း ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္စက္ျခင္းအတြက္ ေမြ႔ရာေကာင္းတစ္ခုဟာ အရမ္းအေရးပါပါတယ္။ ၂၀၀၉ ခုနစ္မွာျပဳလုပ္ခဲ႔တဲ႔ေမြ႔ရာနဲ႔ပတ္သက္တဲ႔ေလ႔လာခ်က္တစ္ခုရွိပါတယ္။ အဲဒီေလ႔လာခ်က္မွာ က်န္းမာတဲ႔အမ်ိဳးသားနဲ႔အမ်ိဳးသမီး ၅၉ ဦးကိုေမြ႔ရာအမ်ိဳးမ်ိဳးမွာ အိပ္ခိုင္းခဲ႔တာပါ။ ပထမ ၂၈ ရက္ကို သာမန္ေမြ႔ရာနဲ႔အိပ္ခိုင္းျပီး က်န္တဲ႔ ၂၈ ရက္ကို အရည္အေသြးေကာင္းတဲ႔ ေမြ႔ရာအသစ္နဲ႔အိပ္ခိုင္းျပီးေလ႔လာခဲ႔ၾကတာျဖစ္ပါတယ္။
ဒီလိုေလ႔လာခ်က္အရ သာမန္ေမြ႔ရာနဲ႔အိပ္ခ်ိန္မွာ သူတုိ႔ေတြဟာ စိုးရိမ္ထိတ္လန္႔မႈေတြ၊ အိပ္မက္မက္လြန္းတာေတြ၊ စိတ္ပင္ပန္းမႈေတြ၊ ထိခိုက္နာက်င္မႈေတြ၊ ေခါင္းကိုက္တာေတြ၊ တုန္လႈပ္ေၾကာက္ရြ ံ႔မႈေတြပိုခံစားရတယ္လို႔ဆုိပါတယ္။ ေမြ႔ရာေကာင္းေကာင္းနဲ႔အိပ္ခ်ိန္မွာေတာ႔ ဒီလိုစိတ္ဖိစီးမႈေတြကိုမခံစားရဘူးလို႔ဆုိပါတယ္။ တကယ္လုိ႔မ်ား အရည္အေသြးေကာင္းတဲ႔ေမြ႔ရာမသံုးဘဲ ျဖစ္သလိုအိပ္မယ္ဆုိရင္ရလာႏိုင္တဲ႔ က်န္းမာေရးဆုိးက်ိဳးေတြက သိသိသာသာပါပဲ။ သိသာတာကေတာ႔ လည္ပင္းနာေနမယ္၊ ေက်ာနာမယ္၊ ခါးနာလာပါလိမ္႔မယ္။

ေမြ႔ရာေကာင္းေကာင္းနဲ႔အိပ္စက္ရသူေတြအဖုိ႔ေတာ႔ ဒီလုိက်န္းမာေရးအက်ိဳးေက်းဇူးေတြရႏိုင္ပါေသးတယ္။

sweety-home

sweety-home

နာက်င္မႈေတြကို သက္သာေစတယ္

သိပ္သည္းဆနဲ႔တြန္းကန္အားေကာင္းတဲ႔ ေမြ႔ရာေကာင္းေကာင္းေလးရထားတယ္ဆိုရင္ ေက်ာဘက္နာက်င္ျခင္း၊ ခါးနာျခင္းနဲ႔ အရိုးအဆစ္နာက်င္ျခင္းေတြကို သက္သာေစပါတယ္။ ေမြ႔ရာေကာင္းတစ္ခုက က်န္းမာေရးအတြက္ေရရွည္အေထာက္အကူျပဳျပီး ေက်ာရုိးအေနအထားကိုလည္းမွန္ကန္ေစႏိုင္ပါတယ္။

အလာဂ်ီမျဖစ္ေစဘူး

ပိုးသတ္သန္႔စင္ထားတဲ႔ေမြ႕ရာေကာင္းေတြဟာ အလာဂ်ီျပႆနာကိုကာကြယ္ေပးပါတယ္။ ေမြ႔ရာအသားေၾကာင္႔ျဖစ္တတ္တဲ႔ ယားယံမႈေတြကို မျဖစ္ေစႏိုင္ပါဘူး။

မွတ္ဥာဏ္ေကာင္းေစတယ္

ေမြ႔ရာေကာင္းေကာင္းနဲ႔ အိပ္စက္ရမႈက မွတ္ဥာဏ္ေကာင္းေစျခင္းနဲ႔တိတိက်က်ကိုဆက္စပ္ေနတာပါ။ ဘာေၾကာင္႔လဲဆုိေတာ႔ အိပ္စက္ျခင္းနဲ႔ဆက္ႏြယ္ေနလုိ႔ျဖစ္ပါတယ္။ ကိုယ္႔အတြက္အဆင္မေျပတဲ႔ေမြ႔ရာထက္မွာအိပ္ရတဲ႔အခါ ဘယ္လုိမွအိပ္မေပ်ာ္ႏိုင္ဘဲ မၾကာခဏႏိုးေနတတ္ပါတယ္။ အိပ္ေရးဝဝအိပ္ရပါမွ Brain Function ကေကာင္းေကာင္းအလုပ္လုပ္ျပီး မွတ္ဥာဏ္ေကာင္းတာျဖစ္ပါတယ္။

ဝိတ္က်ေစတယ္

အိပ္ေရးဝျခင္း မဝျခင္းနဲ႔ ကိုယ္အေလးခ်ိန္တိုးျခင္းဟာ ဆက္စပ္ေနတယ္ဆုိတာအားလံုးသိၾကပါတယ္။ ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္မေပ်ာ္ခဲ႔ရင္ အစားအေသာက္ကိုပိုစားမိျပီး ဝိတ္တက္ေစႏိုင္ပါတယ္။ အားအင္ကုန္ခန္းသလုိခံစားေနရတဲ႔အတြက္ ပံုမွန္ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္ျခင္းကို အေႏွာင္႔အယွက္ေပးျပီး ကိုယ္အေလးခ်ိန္မထိန္းႏိုင္ျဖစ္လာေစတာပါ။

အာရံုစူးစိုက္မႈေကာင္းေစတယ္

ေကာင္းေကာင္းအိပ္စက္ျပီး အနားေကာင္းေကာင္းရတဲ႔အခါ ဦးေႏွာက္နဲ႔ ခႏၶာကိုယ္က အားအျပည္႔ရလာျပီး သြက္လက္တက္ၾကြေနမွာပါ။ ဒါေၾကာင္႔လည္း တစ္ေန႔တာလံုးခြန္အားအျပည္႔ရေနဖုိ႔ ၈ နာရီအျပည္႔အိပ္စက္ဖုိ႔ လိုတာျဖစ္ပါတယ္။ အိပ္ေရးမဝရင္ အာရံုစူးစိုက္ႏိုင္မႈမရွိဘဲ အလုပ္ေကာင္းေကာင္းလုပ္လုိ႔မရတာ ဆံုးျဖတ္ခ်က္မခ်ႏိုင္တာေတြ ျဖတ္လာတတ္ပါတယ္။

လွပျခင္းအတြက္မျဖစ္မေနလိုအပ္တယ္

အိပ္ေရးမဝတဲ႔အခါ အသားအေရမၾကည္လင္၊ ဝက္ျခံေတြထြက္ အဆီဖုေတြထြက္ျပီး အသားအေရၾကမ္းတမ္းတာကိုေတြ႔ရမွာပါ။ Beauty Sleep လို႔ေခၚတဲ႔ ၈ နာရီအျပည္႔အဝအိပ္ရရင္ မ်က္လံုးေလးေတြေရာ အသားအေရပါ ၾကည္လင္လွပေနတာေတြ႔ရပါလိမ္႔မယ္။

ေမြ႔ရာေကာင္းေကာင္းေရြးခ်ယ္မယ္

ေမြ႔ရာေကာင္းေကာင္းေလးေရြးမယ္ ဝယ္မယ္ဆုိရင္မဝယ္ခင္မွာ ဒီအခ်က္ေတြကိုသိထားဖို႔လုိပါတယ္။

(၁) ကိုယ္အိပ္စက္တဲ႔ ပံုစံ

(၂) အိပ္ခန္းအက်ယ္အဝန္း

(၃)  သက္ေသာင္႔သက္သာျဖစ္မျဖစ္

(၄) ေမြ႔ရာရဲ႕ Firmness

(၅) ေငြေၾကးဘယ္ေလာက္သံုးမွာလဲ ဆုိတဲ႔ အခ်က္ေတြကို  မျဖစ္မေနတြက္ဆပါ။

ေမြ႔ရာအမ်ိဳးအစားေတြကိုေရြးခ်ယ္တဲ႔အခါ လူေတြနဲ႔အဆင္အေျပဆံုးတစ္ခုကေတာ႔  Pocket Spring ပါပဲ။ ျမန္မာျပည္ကဆိုင္ေတြမွာေတာ႔ Pocket Spring အမ်ိဳးအစားေတြအမ်ားၾကီးကိုေရြးခ်ယ္ႏိုင္ပါတယ္။

Pocket Spring ရဲ႕သေဘာ

သူကေတာ႔ အတြင္းမွာ စတီးကြိဳင္ေလးေတြနဲ႔ ျပဳလုပ္ထားတာပါ။ စပရိန္ေမြ႔ရာလို႔လည္းေခၚၾကပါတယ္။ စပရိန္နဲ႔မို႔ ျငိမ္႔ေညာင္းတဲ႔ခံစားမႈကိုခံစားရႏိုင္ျပီး လူေတာ္ေတာ္မ်ားမ်ားနဲ႔အဆင္ေျပပါတယ္။ အိပ္စက္ခ်ိန္နဲ႔ႏိုးထခ်ိန္ လႈပ္ရွားမိတဲ႔အခါမ်ိဳးမွာလည္း ေဘးလူကိုအေႏွာင္႔အယွက္ မျဖစ္ေစပါဘူး။ သူ႔ရဲ႕တည္ေဆာက္ပံုအရ ခႏၶာကိုယ္အေနအထားကိုမွန္ကန္ေအာင္တည္ရွိေနေစျပီး ေသြးလည္ပတ္မႈေကာင္းေစတာမုိ႔ ႏွစ္ျခိဳက္စြာအိပ္ေပ်ာ္ႏိုင္ေစပါတယ္။ အခုဆို Sweety Home မွာလည္း ဒီလုိေမြ႔ရာမ်ိဳးကိုအမ်ိဳးအစားေတြအမ်ားၾကီးရႏိုင္တာေတြ႔ရပါတယ္။

Royal Queen Pocket Spring Mattress

ဒါကေတာ႔ ဆိြတီးဟုမ္းရဲ႕ New Product တစ္ခုပါ။ စပရင္ေမြ႔ရာထုတ္လုပ္မႈသက္တမ္း ႏွစ္ေပါင္း ၂၀ ေက်ာ္အေတြ႔အၾကံဳေတြနဲ႔ေပါင္းစပ္ဖန္တီးထားတဲ႔ ထုတ္ကုန္အသစ္ျဖစ္ပါတယ္။ Royal Queen Pocket Spring Mattress ဟာ စပရင္ကြင္းအႀကီးထဲမွာ ကြင္းအေသးကို ထည့္သြင္းျပီး ႏွစ္ထပ္ပံု ျပဳလုပ္ထားတာမို႔ အိပ္စက္တဲ႔အခါ စပရင္းကြင္းႏွစ္ထပ္ရဲ႕ထူးျခားတဲ႔အထိအေတြကို ခံစားမိေစဖို႔ ဖြဲ႔စည္းထုတ္လုပ္ထားတာျဖစ္ပါတယ္။ ေမြ႕ရာအေပၚယံအလႊာကို ပိုးမႊားသန္႔စင္ၿပီး ခ်ည္စ ၊ Polyster ၊ Rubber ၊ Memory Foam စတာေတြကိုအသံုးျပဳထားတာမုိ႔တျခားေသာေမြ႕ရာေတြနဲ ့ မတူကြဲျပားတဲ႔ခံစားမႈကို ရရွိေစပါတယ္။

Deluxe Coconut Spring Mattress

တြန္းကန္အားေကာင္းမြန္တဲ႔အတြင္းစပရင္ရဲ႕အေပၚမွာ ပိုးသတ္ေဆးေပါင္းခံထားတဲ႔ အုန္းဆံလႊာပါရွိတာမုိ႔ ခါးနာေဝဒနာရွိသူေတြ၊ က်ီးေပါင္းေဝဒနာခံစားေနရသူေတြနဲ႔ ေမြ႔ရာအမာႀကိဳက္သူေတြအတြက္ပိုျပီးသင္႔ေတာ္ပါတယ္။

Diamond Spring Mattress (Soft & Firm)

Diamond စပရင္ေမြ႔ရာကေတာ႔ ပံုမွန္အေပ်ာ့ႀကိဳက္သူနဲ႔ ေမြ႔ရာအမာႀကိဳက္သူေတြ အတူယွဥ္တြဲအိပ္စက္ႏိုင္ဖုိ႔ Pocket Spring ေတြကို အေပ်ာ့ ၊ အမာ ခြဲျခားျပီးေပါင္းစပ္ထုတ္လုပ္ထားတာျဖစ္ပါတယ္။ တစ္ေယာက္အိပ္ ေမြ႔ရာအေနနဲ႔လည္း သီးျခားခြဲျပီးအသံုးျပဳႏိုင္ပါတယ္။

Pocket-Spring-Mattress

Pocket-Spring-Mattress

အခုဆုိရင္ေတာ႔ ေမြ႔ရာရဲ႕အေရးၾကီးပံုနဲ႔ ေမြ႔ရာေရြးခ်ယ္မယ္ဆုိရင္ ဘယ္လိုအမ်ိဳးအစားကိုေရြးသင္႔လဲဆုိတာ သိသြားၾကျပီထင္ပါတယ္ေနာ္။

အားလံုးပဲညတိုင္းႏွစ္ျခိဳက္စြာ အိပ္ေပ်ာ္ႏိုင္ျပီး ေန႔သစ္မွာေအာင္ျမင္မႈေတြကို သိမ္းပိုက္ႏိုင္ၾကပါေစ။

www.akhayar.com

[Unicode]

ကျန်းမာရေးအတွက် မွေ့ရာကဘယ်လောက်ထိအရေးပါသလဲ

လူတစ်ယောက်ရဲ့သက်တမ်း ၃ ပုံ ၁ ပုံကို အိပ်စက်ခြင်းနဲ့ကုန်ဆုံးကြရတာလို့ ဆိုကြပါတယ်နော်။ အိပ်စက်ခြင်းဟာ အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ ငြင်းပယ်မရနိုင်အောင် အရေးပါလာတဲ့အရာတစ်ခုပါ။

National Sleep Foundation အနေနဲ့လူတွေနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ဘာအဓိကလိုအပ်သလဲလို့ မေးမြန်းချက်တွေပြုလုပ်ရာမှာ တော်တော်များများက မွေ့ရာကောင်းကောင်းလေးတစ်ခုလို့ ဖြေကြပါတယ်တဲ့။ တကယ်တမ်းမှာလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းအတွက် မွေ့ရာကောင်းတစ်ခုဟာ အရမ်းအရေးပါပါတယ်။ ၂၀၀၉ ခုနစ်မှာပြုလုပ်ခဲ့တဲ့မွေ့ရာနဲ့ပတ်သက်တဲ့လေ့လာချက်တစ်ခုရှိပါတယ်။ အဲဒီလေ့လာချက်မှာ ကျန်းမာတဲ့အမျိုးသားနဲ့အမျိုးသမီး ၅၉ ဦးကိုမွေ့ရာအမျိုးမျိုးမှာ အိပ်ခိုင်းခဲ့တာပါ။ ပထမ ၂၈ ရက်ကို သာမန်မွေ့ရာနဲ့အိပ်ခိုင်းပြီး ကျန်တဲ့ ၂၈ ရက်ကို အရည်အသွေးကောင်းတဲ့ မွေ့ရာအသစ်နဲ့အိပ်ခိုင်းပြီးလေ့လာခဲ့ကြတာဖြစ်ပါတယ်။
ဒီလိုလေ့လာချက်အရ သာမန်မွေ့ရာနဲ့အိပ်ချိန်မှာ သူတို့တွေဟာ စိုးရိမ်ထိတ်လန့်မှုတွေ၊ အိပ်မက်မက်လွန်းတာတွေ၊ စိတ်ပင်ပန်းမှုတွေ၊ ထိခိုက်နာကျင်မှုတွေ၊ ခေါင်းကိုက်တာတွေ၊ တုန်လှုပ်ကြောက်ရွ ံ့မှုတွေပိုခံစားရတယ်လို့ဆိုပါတယ်။ မွေ့ရာကောင်းကောင်းနဲ့အိပ်ချိန်မှာတော့ ဒီလိုစိတ်ဖိစီးမှုတွေကိုမခံစားရဘူးလို့ဆိုပါတယ်။ တကယ်လို့များ အရည်အသွေးကောင်းတဲ့မွေ့ရာမသုံးဘဲ ဖြစ်သလိုအိပ်မယ်ဆိုရင်ရလာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေက သိသိသာသာပါပဲ။ သိသာတာကတော့ လည်ပင်းနာနေမယ်၊ ကျောနာမယ်၊ ခါးနာလာပါလိမ့်မယ်။

မွေ့ရာကောင်းကောင်းနဲ့အိပ်စက်ရသူတွေအဖို့တော့ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်ပါသေးတယ်။

sweety-home

sweety-home

နာကျင်မှုတွေကို သက်သာစေတယ်

သိပ်သည်းဆနဲ့တွန်းကန်အားကောင်းတဲ့ မွေ့ရာကောင်းကောင်းလေးရထားတယ်ဆိုရင် ကျောဘက်နာကျင်ခြင်း၊ ခါးနာခြင်းနဲ့ အရိုးအဆစ်နာကျင်ခြင်းတွေကို သက်သာစေပါတယ်။ မွေ့ရာကောင်းတစ်ခုက ကျန်းမာရေးအတွက်ရေရှည်အထောက်အကူပြုပြီး ကျောရိုးအနေအထားကိုလည်းမှန်ကန်စေနိုင်ပါတယ်။

အလာဂျီမဖြစ်စေဘူး

ပိုးသတ်သန့်စင်ထားတဲ့မွေ့ရာကောင်းတွေဟာ အလာဂျီပြဿနာကိုကာကွယ်ပေးပါတယ်။ မွေ့ရာအသားကြောင့်ဖြစ်တတ်တဲ့ ယားယံမှုတွေကို မဖြစ်စေနိုင်ပါဘူး။

မှတ်ဉာဏ်ကောင်းစေတယ်

မွေ့ရာကောင်းကောင်းနဲ့ အိပ်စက်ရမှုက မှတ်ဉာဏ်ကောင်းစေခြင်းနဲ့တိတိကျကျကိုဆက်စပ်နေတာပါ။ ဘာကြောင့်လဲဆိုတော့ အိပ်စက်ခြင်းနဲ့ဆက်နွယ်နေလို့ဖြစ်ပါတယ်။ ကိုယ့်အတွက်အဆင်မပြေတဲ့မွေ့ရာထက်မှာအိပ်ရတဲ့အခါ ဘယ်လိုမှအိပ်မပျော်နိုင်ဘဲ မကြာခဏနိုးနေတတ်ပါတယ်။ အိပ်ရေးဝဝအိပ်ရပါမှ Brain Function ကကောင်းကောင်းအလုပ်လုပ်ပြီး မှတ်ဉာဏ်ကောင်းတာဖြစ်ပါတယ်။

ဝိတ်ကျစေတယ်

အိပ်ရေးဝခြင်း မဝခြင်းနဲ့ ကိုယ်အလေးချိန်တိုးခြင်းဟာ ဆက်စပ်နေတယ်ဆိုတာအားလုံးသိကြပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခဲ့ရင် အစားအသောက်ကိုပိုစားမိပြီး ဝိတ်တက်စေနိုင်ပါတယ်။ အားအင်ကုန်ခန်းသလိုခံစားနေရတဲ့အတွက် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းကို အနှောင့်အယှက်ပေးပြီး ကိုယ်အလေးချိန်မထိန်းနိုင်ဖြစ်လာစေတာပါ။

အာရုံစူးစိုက်မှုကောင်းစေတယ်

ကောင်းကောင်းအိပ်စက်ပြီး အနားကောင်းကောင်းရတဲ့အခါ ဦးနှောက်နဲ့ ခန္ဓာကိုယ်က အားအပြည့်ရလာပြီး သွက်လက်တက်ကြွနေမှာပါ။ ဒါကြောင့်လည်း တစ်နေ့တာလုံးခွန်အားအပြည့်ရနေဖို့ ၈ နာရီအပြည့်အိပ်စက်ဖို့ လိုတာဖြစ်ပါတယ်။ အိပ်ရေးမဝရင် အာရုံစူးစိုက်နိုင်မှုမရှိဘဲ အလုပ်ကောင်းကောင်းလုပ်လို့မရတာ ဆုံးဖြတ်ချက်မချနိုင်တာတွေ ဖြတ်လာတတ်ပါတယ်။

လှပခြင်းအတွက်မဖြစ်မနေလိုအပ်တယ်

အိပ်ရေးမဝတဲ့အခါ အသားအရေမကြည်လင်၊ ဝက်ခြံတွေထွက် အဆီဖုတွေထွက်ပြီး အသားအရေကြမ်းတမ်းတာကိုတွေ့ရမှာပါ။ Beauty Sleep လို့ခေါ်တဲ့ ၈ နာရီအပြည့်အဝအိပ်ရရင် မျက်လုံးလေးတွေရော အသားအရေပါ ကြည်လင်လှပနေတာတွေ့ရပါလိမ့်မယ်။

မွေ့ရာကောင်းကောင်းရွေးချယ်မယ်

မွေ့ရာကောင်းကောင်းလေးရွေးမယ် ဝယ်မယ်ဆိုရင်မဝယ်ခင်မှာ ဒီအချက်တွေကိုသိထားဖို့လိုပါတယ်။

(၁) ကိုယ်အိပ်စက်တဲ့ ပုံစံ

(၂) အိပ်ခန်းအကျယ်အဝန်း

(၃)  သက်သောင့်သက်သာဖြစ်မဖြစ်

(၄) မွေ့ရာရဲ့ Firmness

(၅) ငွေကြေးဘယ်လောက်သုံးမှာလဲ ဆိုတဲ့ အချက်တွေကို  မဖြစ်မနေတွက်ဆပါ။

မွေ့ရာအမျိုးအစားတွေကိုရွေးချယ်တဲ့အခါ လူတွေနဲ့အဆင်အပြေဆုံးတစ်ခုကတော့  Pocket Spring ပါပဲ။ မြန်မာပြည်ကဆိုင်တွေမှာတော့ Pocket Spring အမျိုးအစားတွေအများကြီးကိုရွေးချယ်နိုင်ပါတယ်။

Pocket Spring ရဲ့သဘော

သူကတော့ အတွင်းမှာ စတီးကွိုင်လေးတွေနဲ့ ပြုလုပ်ထားတာပါ။ စပရိန်မွေ့ရာလို့လည်းခေါ်ကြပါတယ်။ စပရိန်နဲ့မို့ ငြိမ့်ညောင်းတဲ့ခံစားမှုကိုခံစားရနိုင်ပြီး လူတော်တော်များများနဲ့အဆင်ပြေပါတယ်။ အိပ်စက်ချိန်နဲ့နိုးထချိန် လှုပ်ရှားမိတဲ့အခါမျိုးမှာလည်း ဘေးလူကိုအနှောင့်အယှက် မဖြစ်စေပါဘူး။ သူ့ရဲ့တည်ဆောက်ပုံအရ ခန္ဓာကိုယ်အနေအထားကိုမှန်ကန်အောင်တည်ရှိနေစေပြီး သွေးလည်ပတ်မှုကောင်းစေတာမို့ နှစ်ခြိုက်စွာအိပ်ပျော်နိုင်စေပါတယ်။ အခုဆို Sweety Home မှာလည်း ဒီလိုမွေ့ရာမျိုးကိုအမျိုးအစားတွေအများကြီးရနိုင်တာတွေ့ရပါတယ်။

Royal Queen Pocket Spring Mattress

ဒါကတော့ ဆွိတီးဟုမ်းရဲ့ New Product တစ်ခုပါ။ စပရင်မွေ့ရာထုတ်လုပ်မှုသက်တမ်း နှစ်ပေါင်း ၂၀ ကျော်အတွေ့အကြုံတွေနဲ့ပေါင်းစပ်ဖန်တီးထားတဲ့ ထုတ်ကုန်အသစ်ဖြစ်ပါတယ်။ Royal Queen Pocket Spring Mattress ဟာ စပရင်ကွင်းအကြီးထဲမှာ ကွင်းအသေးကို ထည့်သွင်းပြီး နှစ်ထပ်ပုံ ပြုလုပ်ထားတာမို့ အိပ်စက်တဲ့အခါ စပရင်းကွင်းနှစ်ထပ်ရဲ့ထူးခြားတဲ့အထိအတွေကို ခံစားမိစေဖို့ ဖွဲ့စည်းထုတ်လုပ်ထားတာဖြစ်ပါတယ်။ မွေ့ရာအပေါ်ယံအလွှာကို ပိုးမွှားသန့်စင်ပြီး ချည်စ ၊ Polyster ၊ Rubber ၊ Memory Foam  စတာတွေကို အသုံးပြုထားတာမို့တခြားသောမွေ့ရာတွေနဲ့ မတူကွဲပြားတဲ့ခံစားမှုကို ရရှိစေပါတယ်။

Deluxe Coconut Spring Mattress

တွန်းကန်အားကောင်းမွန်တဲ့အတွင်းစပရင်ရဲ့အပေါ်မှာ ပိုးသတ်ဆေးပေါင်းခံထားတဲ့ အုန်းဆံလွှာပါရှိတာမို့ ခါးနာဝေဒနာရှိသူတွေ၊ ကျီးပေါင်းဝေဒနာခံစားနေရသူတွေနဲ့ မွေ့ရာအမာကြိုက်သူတွေအတွက်ပိုပြီးသင့်တော်ပါတယ်။

Diamond Spring Mattress (Soft & Firm)

Diamond စပရင်မွေ့ရာကတော့ ပုံမှန်အပျော့ကြိုက်သူနဲ့ မွေ့ရာအမာကြိုက်သူတွေ အတူယှဉ်တွဲအိပ်စက်နိုင်ဖို့ Pocket Spring တွေကို အပျော့ ၊ အမာ ခွဲခြားပြီးပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ တစ်ယောက်အိပ် မွေ့ရာအနေနဲ့လည်း သီးခြားခွဲပြီးအသုံးပြုနိုင်ပါတယ်။

Pocket-Spring-Mattress

Pocket-Spring-Mattress

အခုဆိုရင်တော့ မွေ့ရာရဲ့အရေးကြီးပုံနဲ့ မွေ့ရာရွေးချယ်မယ်ဆိုရင် ဘယ်လိုအမျိုးအစားကိုရွေးသင့်လဲဆိုတာ သိသွားကြပြီထင်ပါတယ်နော်။

အားလုံးပဲညတိုင်းနှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပြီး နေ့သစ်မှာအောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ကြပါစေ။

www.akhayar.com