[Zawgyi]

ေခတ္စနစ္ကုိ ထင္ဟပ္ေစေသာ ဓာတ္ပုံမ်ား (အပုိင္း – ၃)

‘ေခတ္စနစ္ကုိ ထင္ဟပ္ေစေသာ ဓာတ္ပုံမ်ား (အပုိင္း – ၂)’ ကုိေတာ့ ၿပီးခဲ့တဲ့ အပတ္တုန္းက တင္ဆက္ခဲ့ၿပီးပါၿပီ။ သမုိင္းအဆက္ဆက္မွာ လူသားေတြရဲ႕ စိတ္ႏွလုံးကုိ လႈပ္ခါေစတဲ့ ပုံရိပ္ေတြ၊ သမုိင္းဝင္ အျဖစ္အပ်က္ေတြကုိ ေနာက္ခံျပဳရုိက္ကူးထားတဲ့ ပုံရိပ္ေတြကုိ အပုိင္း (၃) အေနနဲ႔ ထပ္မံေဖာ္ျပလုိက္ပါဦးမယ္။

(၁) ဖခင္ရဲ႕ေနာက္ဆုံးပုံရိပ္ကုိ အေလးျပဳေနတဲ့ သားငယ္ ကေနဒီဂ်ဴနီယာ (Kennedy Junior)

အေမရိကန္ႏုိင္ငံရဲ႕ (၃၅) ေျမာက္ သမၼတႀကီး ကေနဒီ (Kennedy) ဟာ ၁၉၆၃ခုႏွစ္ ႏုိဝင္ဘာလ (၂၂) ရက္ေန႔မွာ လုပ္ၾကံခံလုိက္ရပါတယ္။ ေသနတ္သမား လီဟာေဗးလ္ ေအာ့္ဝဲလ္ (Lee Harvey Oswald) က ေခ်ာင္းပစ္လုိက္တာပါ။ ႏုိင္ငံတာစ်ာပနအခမ္းအနားကုိ ႏုိဝင္ဘာလ (၂၅) ရက္ေန႔မွာ က်င္းပခဲ့ပါတယ္။ (၃) ႏွစ္အရြယ္ပဲရွိေသးတဲ့ သားငယ္ ကေနဒီဂ်ဴနီယာ (Kennedy Junior) က ဖခင္ရဲ႕ရုပ္ကလာပ္ကုိ ေနာက္ဆုံးအႀကိမ္ အေလးျပဳတဲ့ပုံရိပ္က ကမၻာေက်ာ္ခဲ့ပါတယ္။

အေလးျပဳေနတဲ့ သားငယ္ ကေနဒီဂ်ဴနီယာ (Kennedy Junior)

အေလးျပဳေနတဲ့ သားငယ္ ကေနဒီဂ်ဴနီယာ (Kennedy Junior)

(၂) ဂ်က္ဖရီးေမလာ (Jeffrey Miller) ရဲ႕အေလာင္းနားမွာ ငုိေၾကြးေနတဲ့ ကေလးမ

ဗီယက္နမ္ႏုိင္ငံကုိ က်ဴးေက်ာ္ဝင္ေရာက္ေနတဲ့ အေမရိကန္စစ္သားေတြရဲ႕လုပ္ရပ္ကုိ ကန္႔ကြက္ဆႏၵျပေနၾကတဲ့ ကန္႔ျပည္နယ္တကၠသုိလ္ (Kent State University) ေက်ာင္းသားေတြကုိ အုိဟုိင္းအုိးျပည္နယ္တပ္သား (၂၈) ေယာက္က ၁၉၇ဝခုနွစ္ ေမလ (၄) ရက္ေန႔မွာ အစုလုိက္အျပံဳလုိက္ ပစ္ခတ္ခဲ့ပါတယ္။ ေသဆုံးသြားတဲ့ ဂ်က္ဖရီးေမလာ (Jeffrey Miller) ရဲ႕ေဘးမွာ ငုိေၾကြးေနတဲ့ (၁၄) ႏွစ္အရြယ္ ကေလးမေလး ေမရီအန္ဗက္ခ်ီယုိ (Mary Ann Vecchio) ပုံရိပ္ပဲျဖစ္ပါတယ္။

အေလာင္းနားမွာ ငုိေၾကြးေနတဲ့ ကေလးမ

အေလာင္းနားမွာ ငုိေၾကြးေနတဲ့ ကေလးမ

(၃) ဆုိဗီယက္တင့္ကားေဘးမွာ ငုိေၾကြးေနတဲ့ စစ္သားေဟာင္းႀကီး

အသက္ (၉ဝ) ရွိၿပီျဖစ္တဲ့ ဆုိဗီယက္စစ္သားေဟာင္းႀကီးဟာ ဒုတိယကမၻာစစ္တုန္းက အသုံးျပဳခဲ့တဲ့ တင့္ကားႀကီးရဲ႕ေဘးမွာ ငုိေၾကြးေနတာျဖစ္ပါတယ္။ စစ္ႀကီးေၾကာင့္ ခြဲခြာခဲ့ရတဲ့ ရဲေဘာ္ရဲဘက္ေတြ၊ မိသားစုဝင္ေတြနဲ႔ အျပစ္မဲ့ျပည္သူေတြကုိ လႊမ္းဆြတ္လြန္းလုိ႔ စိတ္မထိန္းႏုိင္ဘဲ ငုိေၾကြးတာျဖစ္ပါတယ္။

ငုိေၾကြးေနတဲ့ စစ္သားေဟာင္းႀကီး

ငုိေၾကြးေနတဲ့ စစ္သားေဟာင္းႀကီး

(၄) အုိစမာဘင္လာဒင္ သုတ္သင္ခံရတာကုိ တုိက္ရုိက္ၾကည့္ေနတဲ့ အုိဘားမား

Al-Qaeda” အဖြဲ႕ေခါင္းေဆာင္ အုိစမာဘင္လာဒင္ (Osama bin Laden) ရဲ႕ ကမၻာေက်ာ္အၾကမ္းဖက္မႈကေတာ့ ၂ဝဝ၁ခုႏွစ္ စက္တင္လာလ ၉ရက္မွာ အေမရိကန္ႏုိင္ငံရဲ႕ ကမၻာ့ကုန္သြယ္ေရးစင္တာ (World Trade Center) ကုိ တုိက္ခုိက္ခဲ့တဲ့ 9/11 လုပ္ရပ္ပဲျဖစ္ပါတယ္။ အျပစ္မဲ့ျပည္သူေပါင္း ၂၉၉၇ဦး ေသဆုံးခဲ့ၿပီး လူ ၆ဝဝဝေက်ာ္ ဒဏ္ရာရရွိခဲ့ပါတယ္။ 9/11 တုိက္ခုိက္မႈဟာ အေမရိကန္ႏုိင္ငံအတြက္ အထိနာခဲ့ၿပီး အေမရိကန္ေဒၚလာ ၁ဝဘီလီယံ (သန္း၁ေသာင္း) ေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့ပါတယ္။ အေမရိကန္အစုိးရဟာ အုိစမာဘင္လာဒင္ကုိ ဆုေၾကးေငြ ေဒၚလာ ၂၅သန္းထုတ္ထားၿပီး ၂ဝ၁၁ခုႏွစ္ ေမလ (၂) ရက္ေန႔မွာ သုတ္သင္ႏုိင္ခဲ့ပါတယ္။ ပါကစၥတန္ႏုိင္ငံမွာ အေျခခ်ေနထုိင္တဲ့ ‘အုိစမာဘင္လာဒင္’ ကုိ CIA ဦးေဆာင္တဲ့ အထူးတပ္ဖြဲ႕က ပစ္ခတ္လုိက္တာပါ။ အထူးတပ္ဖြဲ႕ေတြဆီမွာ ကင္မရာတပ္ဆင္ထားၿပီး အေမရိကန္သမၼတႀကီး ဘားရက္အုိဘားမား (Barack Obama) က အိမ္ျဖဴေတာ္ကေနပဲ တုိက္ရုိက္ၾကည့္ရႈေနတဲ့ ပုံရိပ္ဟာ ကမၻာေက်ာ္ခဲ့ပါတယ္။

အုိစမာဘင္လာဒင္ သုတ္သင္ခံရတာကုိ တုိက္ရုိက္ၾကည့္ေနတဲ့ အုိဘားမား

အုိစမာဘင္လာဒင္ သုတ္သင္ခံရတာကုိ တုိက္ရုိက္ၾကည့္ေနတဲ့ အုိဘားမား

(၅) လီဟာေဗးလ္ ေအာ့္ဝဲလ္ (Lee Harvey Oswald) ေသနတ္ပစ္ခံရတဲ့ပုံရိပ္

၁၉၆၃ခုႏွစ္ ႏုိဝင္ဘာလ (၂၂) ရက္ေန႔မွာ လီဟာေဗးလ္ ေအာ့္ဝဲလ္ (Lee Harvey Oswald) က သမၼတႀကီး ကေနဒီကုိ လုပ္ၾကံၿပီး တကၠဆက္ရုပ္ရွင္ရုံ (Texas Theatre) မွာ အဖမ္းခံလုိက္ရပါတယ္။ ႏုိဝင္ဘာလ (၂၄) ရက္ေန႔မွာ တရားခံ ‘လီဟာေဗးလ္ ေအာ့္ဝဲလ္’ ကုိ စုံေထာက္ေတြ ဝန္းရုံထားၿပီး ေဒသခံအခ်ဳပ္ခန္းမွ ေထာင္ႀကီးဆီကုိ ေရႊ႕ေျပာင္းဖုိ႔ စီစဥ္ပါတယ္။ ဒီျမင္ကြင္းကုိ ရုပ္သံကေန တစ္ႏုိင္ငံလုံးကုိ တိုက္ရုိက္ျပသေနတာပါ။ ဒီအခ်ိန္မွာ ႏုိက္ကလပ္ပုိင္ရွင္ ဂ်က္ရူဘီ (Jack Ruby) က တရားခံကုိ အနီးကပ္ေသနတ္နဲ႔ ပစ္လုိက္တာပါ။ တစ္ႏုိင္ငံလုံးကုိ ရုပ္သံနဲ႔ျပသေနခ်ိန္မွာ တရားခံကုိ လုပ္ၾကံလုိက္တဲ့ ဂ်က္ရူဘီပဲ ျဖစ္ပါတယ္။

လီဟာေဗးလ္ ေအာ့္ဝဲလ္ (Lee Harvey Oswald) ေသနတ္ပစ္ခံရတဲ့ပုံရိပ္

လီဟာေဗးလ္ ေအာ့္ဝဲလ္ (Lee Harvey Oswald) ေသနတ္ပစ္ခံရတဲ့ပုံရိပ္

ေနာက္ပုိင္းမွာ တရားသူႀကီးေတြက ဂ်က္ရူဘီကုိ ေသဒဏ္ခ်မွတ္လုိက္ပါတယ္။ သမုိင္းဝင္အျဖစ္အပ်က္ေတြကုိ ေခတ္စနစ္ကုိ ထင္ဟပ္ေစေသာ ဓာတ္ပုံမ်ား (အပုိင္း – ၃) အျဖစ္ ေဖာ္ျပလုိက္တာျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ခေတ်စနစ်ကို ထင်ဟပ်စေသော ဓာတ်ပုံများ (အပိုင်း – ၃)

‘ခေတ်စနစ်ကို ထင်ဟပ်စေသော ဓာတ်ပုံများ (အပိုင်း – ၂)’ ကိုတော့ ပြီးခဲ့တဲ့ အပတ်တုန်းက တင်ဆက်ခဲ့ပြီးပါပြီ။ သမိုင်းအဆက်ဆက်မှာ လူသားတွေရဲ့ စိတ်နှလုံးကို လှုပ်ခါစေတဲ့ ပုံရိပ်တွေ၊ သမိုင်းဝင် အဖြစ်အပျက်တွေကို နောက်ခံပြုရိုက်ကူးထားတဲ့ ပုံရိပ်တွေကို အပိုင်း (၃) အနေနဲ့ ထပ်မံဖော်ပြလိုက်ပါဦးမယ်။

(၁) ဖခင်ရဲ့နောက်ဆုံးပုံရိပ်ကို အလေးပြုနေတဲ့ သားငယ် ကနေဒီဂျူနီယာ (Kennedy Junior)

အမေရိကန်နိုင်ငံရဲ့ (၃၅) မြောက် သမ္မတကြီး ကနေဒီ (Kennedy) ဟာ ၁၉၆၃ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့မှာ လုပ်ကြံခံလိုက်ရပါတယ်။ သေနတ်သမား လီဟာဗေးလ် အော့်ဝဲလ် (Lee Harvey Oswald) က ချောင်းပစ်လိုက်တာပါ။ နိုင်ငံတာဈာပနအခမ်းအနားကို နိုဝင်ဘာလ (၂၅) ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ (၃) နှစ်အရွယ်ပဲရှိသေးတဲ့ သားငယ် ကနေဒီဂျူနီယာ (Kennedy Junior) က ဖခင်ရဲ့ရုပ်ကလာပ်ကို နောက်ဆုံးအကြိမ် အလေးပြုတဲ့ပုံရိပ်က ကမ္ဘာကျော်ခဲ့ပါတယ်။

အလေးပြုနေတဲ့ သားငယ် ကနေဒီဂျူနီယာ (Kennedy Junior)

အလေးပြုနေတဲ့ သားငယ် ကနေဒီဂျူနီယာ (Kennedy Junior)

(၂) ဂျက်ဖရီးမေလာ (Jeffrey Miller) ရဲ့အလောင်းနားမှာ ငိုကြွေးနေတဲ့ ကလေးမ

ဗီယက်နမ်နိုင်ငံကို ကျူးကျော်ဝင်ရောက်နေတဲ့ အမေရိကန်စစ်သားတွေရဲ့လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ ကန့်ပြည်နယ်တက္ကသိုလ် (Kent State University) ကျောင်းသားတွေကို အိုဟိုင်းအိုးပြည်နယ်တပ်သား (၂၈) ယောက်က ၁၉၇ဝခုနှစ် မေလ (၄) ရက်နေ့မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်ခဲ့ပါတယ်။ သေဆုံးသွားတဲ့ ဂျက်ဖရီးမေလာ (Jeffrey Miller) ရဲ့ဘေးမှာ ငိုကြွေးနေတဲ့ (၁၄) နှစ်အရွယ် ကလေးမလေး မေရီအန်ဗက်ချီယို (Mary Ann Vecchio) ပုံရိပ်ပဲဖြစ်ပါတယ်။

အလောင်းနားမှာ ငိုကြွေးနေတဲ့ ကလေးမ

အလောင်းနားမှာ ငိုကြွေးနေတဲ့ ကလေးမ

(၃) ဆိုဗီယက်တင့်ကားဘေးမှာ ငိုကြွေးနေတဲ့ စစ်သားဟောင်းကြီး

အသက် (၉ဝ) ရှိပြီဖြစ်တဲ့ ဆိုဗီယက်စစ်သားဟောင်းကြီးဟာ ဒုတိယကမ္ဘာစစ်တုန်းက အသုံးပြုခဲ့တဲ့ တင့်ကားကြီးရဲ့ဘေးမှာ ငိုကြွေးနေတာဖြစ်ပါတယ်။ စစ်ကြီးကြောင့် ခွဲခွာခဲ့ရတဲ့ ရဲဘော်ရဲဘက်တွေ၊ မိသားစုဝင်တွေနဲ့ အပြစ်မဲ့ပြည်သူတွေကို လွှမ်းဆွတ်လွန်းလို့ စိတ်မထိန်းနိုင်ဘဲ ငိုကြွေးတာဖြစ်ပါတယ်။

ငိုကြွေးနေတဲ့ စစ်သားဟောင်းကြီး

ငိုကြွေးနေတဲ့ စစ်သားဟောင်းကြီး

(၄) အိုစမာဘင်လာဒင် သုတ်သင်ခံရတာကို တိုက်ရိုက်ကြည့်နေတဲ့ အိုဘားမား

Al-Qaeda” အဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင် (Osama bin Laden) ရဲ့ ကမ္ဘာကျော်အကြမ်းဖက်မှုကတော့ ၂ဝဝ၁ခုနှစ် စက်တင်လာလ ၉ရက်မှာ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (World Trade Center) ကို တိုက်ခိုက်ခဲ့တဲ့ 9/11 လုပ်ရပ်ပဲဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူပေါင်း ၂၉၉၇ဦး သေဆုံးခဲ့ပြီး လူ ၆ဝဝဝကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ 9/11 တိုက်ခိုက်မှုဟာ အမေရိကန်နိုင်ငံအတွက် အထိနာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ဝဘီလီယံ (သန်း၁သောင်း) ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ အိုစမာဘင်လာဒင်ကို ဆုကြေးငွေ ဒေါ်လာ ၂၅သန်းထုတ်ထားပြီး ၂ဝ၁၁ခုနှစ် မေလ (၂) ရက်နေ့မှာ သုတ်သင်နိုင်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ အခြေချနေထိုင်တဲ့ ‘အိုစမာဘင်လာဒင်’ ကို CIA ဦးဆောင်တဲ့ အထူးတပ်ဖွဲ့က ပစ်ခတ်လိုက်တာပါ။ အထူးတပ်ဖွဲ့တွေဆီမှာ ကင်မရာတပ်ဆင်ထားပြီး အမေရိကန်သမ္မတကြီး ဘားရက်အိုဘားမား (Barack Obama) က အိမ်ဖြူတော်ကနေပဲ တိုက်ရိုက်ကြည့်ရှုနေတဲ့ ပုံရိပ်ဟာ ကမ္ဘာကျော်ခဲ့ပါတယ်။

အိုစမာဘင်လာဒင် သုတ်သင်ခံရတာကို တိုက်ရိုက်ကြည့်နေတဲ့ အိုဘားမား

အိုစမာဘင်လာဒင် သုတ်သင်ခံရတာကို တိုက်ရိုက်ကြည့်နေတဲ့ အိုဘားမား

(၅) လီဟာဗေးလ် အော့်ဝဲလ် (Lee Harvey Oswald) သေနတ်ပစ်ခံရတဲ့ပုံရိပ်

၁၉၆၃ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့မှာ လီဟာဗေးလ် အော့်ဝဲလ် (Lee Harvey Oswald) က သမ္မတကြီး ကနေဒီကို လုပ်ကြံပြီး တက္ကဆက်ရုပ်ရှင်ရုံ (Texas Theatre) မှာ အဖမ်းခံလိုက်ရပါတယ်။ နိုဝင်ဘာလ (၂၄) ရက်နေ့မှာ တရားခံ ‘လီဟာဗေးလ် အော့်ဝဲလ်’ ကို စုံထောက်တွေ ဝန်းရုံထားပြီး ဒေသခံအချုပ်ခန်းမှ ထောင်ကြီးဆီကို ရွှေ့ပြောင်းဖို့ စီစဉ်ပါတယ်။ ဒီမြင်ကွင်းကို ရုပ်သံကနေ တစ်နိုင်ငံလုံးကို တိုက်ရိုက်ပြသနေတာပါ။ ဒီအချိန်မှာ နိုက်ကလပ်ပိုင်ရှင် ဂျက်ရူဘီ (Jack Ruby) က တရားခံကို အနီးကပ်သေနတ်နဲ့ ပစ်လိုက်တာပါ။ တစ်နိုင်ငံလုံးကို ရုပ်သံနဲ့ပြသနေချိန်မှာ တရားခံကို လုပ်ကြံလိုက်တဲ့ ဂျက်ရူဘီပဲ ဖြစ်ပါတယ်။

လီဟာဗေးလ် အော့်ဝဲလ် (Lee Harvey Oswald) သေနတ်ပစ်ခံရတဲ့ပုံရိပ်

လီဟာဗေးလ် အော့်ဝဲလ် (Lee Harvey Oswald) သေနတ်ပစ်ခံရတဲ့ပုံရိပ်

နောက်ပိုင်းမှာ တရားသူကြီးတွေက ဂျက်ရူဘီကို သေဒဏ်ချမှတ်လိုက်ပါတယ်။ သမိုင်းဝင်အဖြစ်အပျက်တွေကို ခေတ်စနစ်ကို ထင်ဟပ်စေသော ဓာတ်ပုံများ (အပိုင်း – ၃) အဖြစ် ဖော်ပြလိုက်တာဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။