[Zawgyi]

ေဘာလုံးပဲြေတြမွာ စည္းမ်ဥ္းစည္းကမ္းေတြ အေျပာင္းအလဲလုပ္ဖုိ႔ IFAB စီစဥ္ေနၿပီ

ႏုိင္ငံတကာေဘာလုံးဘုတ္အဖဲြ႕အစည္း (IFAB)ဟာ ေဘာလုံးပဲြေတြမွာ စည္းမ်ဥ္းစည္းကမ္းတခ်ိဳ႕ကုိ ျပင္ဆင္ဖုိ႔ စီစဥ္ေနၿပီျဖစ္ပါတယ္။ IFAB ဆုိတာက အဂၤလန္၊ ေ၀းလ္စ္၊ ေျမာက္အုိင္ယာလန္၊ စေကာ့တလန္ ႏုိင္ငံက ေဘာလုံးအဖဲြ႕ခ်ဳပ္ေတြအျပင္ ကမၻာ႔ေဘာလုံးအဖဲြ႕ခ်ဳပ္(FIFA )တို႔ ပူးေပါင္းဖြဲ႕စည္းထားတာျဖစ္ၿပီး ႏုိင္ငံတကာ ေဘာလုံးေလာကမွာ ၾသဇာအာဏာအႀကီးဆုံး အဖဲြ႕အစည္းလည္းျဖစ္ပါတယ္။ IFAB ဟာ ေဘာလုံးပဲြေတြမွာ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ပတ္သက္ၿပီး အဓိက ဆုံးျဖတ္ခ်က္ခ်မွတ္ရတဲ့ အဖဲြ႕အစည္းတစ္ခုပါပဲ။

Penalty

Penalty

လက္ရွိအခ်ိန္မွာ IFAB က လက္ထိေဘာ၊ ပယ္နယ္တီ၊ လူစားလဲတာေတြနဲ႔ ပတ္သက္တဲ့စည္းမ်ဥ္းေတြကုိ အေျပာင္းအလဲလုပ္ဖုိ႔ ႀကံစည္ေနတာပါ။ သူတို႔ စီစဥ္ေနတာက သာမန္ပဲြကစားခ်ိန္အတြင္း ရရွိတဲ့ ပယ္နယ္တီျပစ္ဒဏ္ေဘာဆုိရင္ ဂုိးသမားနဲ႔ ထိထြက္လာတာျဖစ္ေစ၊ တိုင္ထိထြက္လာတာျဖစ္ေစ ေနာက္တစ္ႀကိမ္ ျပန္ကန္ခြင့္ကုိ ပယ္ဖ်က္ၿပီး ဂုိးလြန္ေဘာအျဖစ္ သတ္မွတ္ေပးဖုိ႔ျဖစ္ပါတယ္။

Deliberate-handball

Deliberate-handball

ေနာက္တစ္ခုက လက္ထိေဘာပါ။ အခု ေဘာလုံးေလာကမွာ က်င့္သုံးေနတဲ့ စည္းမ်ဥ္းအရ ကစားသမားတစ္ဦးဟာ ေဘာလံုးကုိ ရည္ရြယ္ခ်က္ရွိရွိ လက္နဲ႔ပုတ္ခဲ့တာ၊ ထိခဲ့တာဆုိရင္ ဒုိင္လူႀကီးက ျပစ္ဒဏ္ေဘာ ဒါမွမဟုတ္ ပယ္နယ္တီ ေပးေလ့ရွိၿပီး မေတာ္တဆဆုိရင္ေတာ့ ျပစ္ဒဏ္ေဘာ မသတ္မွတ္ပါဘူး။ အခု IFAB က ရည္ရြယ္ခ်က္ရွိရွိ၊ မရွိရွိ လက္ထိေဘာျဖစ္ရင္ ဒုိင္လူႀကီးေတြက ျပစ္ဒဏ္သတ္မွတ္ေပးဖုိ႔ သတ္မွတ္ခ်င္ေနတာျဖစ္ပါတယ္။ တတိယကေတာ့ လူစားလဲတဲ့အခါ အခ်ိန္ျဖဳန္းတာကုိ ျပင္ဆင္ဖုိ႔ျဖစ္ပါတယ္။ အခု ေဘာလုံးပဲြေတြမွာ နည္းျပေတြက အခ်ိန္ဆဲြခ်င္တဲ့အခါျဖစ္ေစ၊ ကစားသမားက အခ်ိန္ဆဲြခ်င္တာျဖစ္ေစ လူစားလဲရင္ မလုိလားအပ္ဘဲ အခ်ိန္ၾကာတာကုိ IFAB က ျပင္ဆင္ခ်င္ေနတာျဖစ္ပါတယ္။

substitutions

substitutions

IFAB က လူစားလဲတဲ့အခါ လူစားအလဲခံရတဲ့ ကစားသမားဟာ ကြင္းေဘးစည္းကုိ ခ်က္ခ်င္းထြက္ရမွာျဖစ္ၿပီးမွ အရန္ခုံတန္းဆီ လာဖုိ႔ သတ္မွတ္သြားမွာျဖစ္ပါတယ္။ IFAB ဟာ ႏုိ၀င္ဘာလ (၆)ရက္က်ရင္ လန္ဒန္မွာ ျပဳလုပ္မယ့္ အစည္းအေ၀းပဲြမွာ အခုကိစၥေတြနဲ႔ပတ္သက္လုိ႔ ေဆြးေႏြးသြားမွာျဖစ္ၿပီး တကယ္လုိ႔ အတည္ျပဳခ်က္ရရင္ လာမယ့္ႏွစ္၊ ေမလမွာ ျပဳလုပ္မယ့္ ႏွစ္ပတ္လည္အစည္းအေ၀းမွာ အဆုိတင္သြင္းသြားမွာျဖစ္ပါတယ္။

REF:Marca
Photo:Goal,Youtube,EuroSports,Burnley
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးပွဲတွေမှာ စည်းမျဉ်းစည်းကမ်းတွေ အပြောင်းအလဲလုပ်ဖို့ IFAB စီစဉ်နေပြီ

နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့အစည်း (IFAB)ဟာ ဘောလုံးပွဲတွေမှာ စည်းမျဉ်းစည်းကမ်းတချို့ကို ပြင်ဆင်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ IFAB ဆိုတာက အင်္ဂလန်၊ ဝေးလ်စ်၊ မြောက်အိုင်ယာလန်၊ စကော့တလန် နိုင်ငံက ဘောလုံးအဖွဲ့ချုပ်တွေအပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA )တို့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး နိုင်ငံတကာ ဘောလုံးလောကမှာ သြဇာအာဏာအကြီးဆုံး အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ IFAB ဟာ ဘောလုံးပွဲတွေမှာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး အဓိက ဆုံးဖြတ်ချက်ချမှတ်ရတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။

Penalty

Penalty

လက်ရှိအချိန်မှာ IFAB က လက်ထိဘော၊ ပယ်နယ်တီ၊ လူစားလဲတာတွေနဲ့ ပတ်သက်တဲ့စည်းမျဉ်းတွေကို အပြောင်းအလဲလုပ်ဖို့ ကြံစည်နေတာပါ။ သူတို့ စီစဉ်နေတာက သာမန်ပွဲကစားချိန်အတွင်း ရရှိတဲ့ ပယ်နယ်တီပြစ်ဒဏ်ဘောဆိုရင် ဂိုးသမားနဲ့ ထိထွက်လာတာဖြစ်စေ၊ တိုင်ထိထွက်လာတာဖြစ်စေ နောက်တစ်ကြိမ် ပြန်ကန်ခွင့်ကို ပယ်ဖျက်ပြီး ဂိုးလွန်ဘောအဖြစ် သတ်မှတ်ပေးဖို့ဖြစ်ပါတယ်။

Deliberate-handball

Deliberate-handball

နောက်တစ်ခုက လက်ထိဘောပါ။ အခု ဘောလုံးလောကမှာ ကျင့်သုံးနေတဲ့ စည်းမျဉ်းအရ ကစားသမားတစ်ဦးဟာ ဘောလုံးကို ရည်ရွယ်ချက်ရှိရှိ လက်နဲ့ပုတ်ခဲ့တာ၊ ထိခဲ့တာဆိုရင် ဒိုင်လူကြီးက ပြစ်ဒဏ်ဘော ဒါမှမဟုတ် ပယ်နယ်တီ ပေးလေ့ရှိပြီး မတော်တဆဆိုရင်တော့ ပြစ်ဒဏ်ဘော မသတ်မှတ်ပါဘူး။ အခု IFAB က ရည်ရွယ်ချက်ရှိရှိ၊ မရှိရှိ လက်ထိဘောဖြစ်ရင် ဒိုင်လူကြီးတွေက ပြစ်ဒဏ်သတ်မှတ်ပေးဖို့ သတ်မှတ်ချင်နေတာဖြစ်ပါတယ်။ တတိယကတော့ လူစားလဲတဲ့အခါ အချိန်ဖြုန်းတာကို ပြင်ဆင်ဖို့ဖြစ်ပါတယ်။ အခု ဘောလုံးပွဲတွေမှာ နည်းပြတွေက အချိန်ဆွဲချင်တဲ့အခါဖြစ်စေ၊ ကစားသမားက အချိန်ဆွဲချင်တာဖြစ်စေ လူစားလဲရင် မလိုလားအပ်ဘဲ အချိန်ကြာတာကို IFAB က ပြင်ဆင်ချင်နေတာဖြစ်ပါတယ်။

substitutions

substitutions

IFAB က လူစားလဲတဲ့အခါ လူစားအလဲခံရတဲ့ ကစားသမားဟာ ကွင်းဘေးစည်းကို ချက်ချင်းထွက်ရမှာဖြစ်ပြီးမှ အရန်ခုံတန်းဆီ လာဖို့ သတ်မှတ်သွားမှာဖြစ်ပါတယ်။ IFAB ဟာ နိုဝင်ဘာလ (၆)ရက်ကျရင် လန်ဒန်မှာ ပြုလုပ်မယ့် အစည်းအဝေးပွဲမှာ အခုကိစ္စတွေနဲ့ပတ်သက်လို့ ဆွေးနွေးသွားမှာဖြစ်ပြီး တကယ်လို့ အတည်ပြုချက်ရရင် လာမယ့်နှစ်၊ မေလမှာ ပြုလုပ်မယ့် နှစ်ပတ်လည်အစည်းအဝေးမှာ အဆိုတင်သွင်းသွားမှာဖြစ်ပါတယ်။

REF:Marca
Photo:Goal,Youtube,EuroSports,Burnley
Naing Linn(Akhayar)
www.akhayar.com