[Zawgyi]

ေငြေၾကးေဖာင္းပြမႈျပႆနာဟာ ဗင္နီဇြဲလားႏုိင္ငံမွာ ဘယ္ေလာက္ထိႀကီးမားေနလဲ

၂ဝ၁၈ ႏွစ္စတုန္းက အေမရိကန္တစ္ေဒၚလာဟာ ျမန္မာေငြက်ပ္ ၁၃၅ဝ ေလာက္ပဲရွိခဲ့ရာက အခုၾသဂုတ္လ (၂ဝ) ရက္ေပါက္ေစ်းနဲ႔ ေျပာရရင္ ၁၄၉၈ က်ပ္အထိရွိလာခဲ့ပါၿပီ။ ဒီအခ်က္ဟာ ျမန္မာႏုိင္ငံမွာ ေငြေၾကးေဖာင္းပြမႈျမင့္လာတဲ့သေဘာပါ။ တစ္ႏွစ္တာအတြင္းမွာ ကုန္စည္ပစၥည္းေတြနဲ႔ ၀န္ေဆာင္မႈလုပ္ငန္းေတြအတြက္ ႀကီးျမင့္လာတဲ့ ကုန္က်စရိတ္ပမာဏတစ္ရပ္ကို ေငြေၾကးေဖာင္းပြမႈ (Inflation) လုိ႔ေခၚပါတယ္။ (ကုိးကား – ျပည္သူ႕လႊတ္ေတာ္ရုံး – သုေတသနဌာန) ဥပမာ – ျမန္မာႏုိင္ငံရဲ႕ေငြေၾကးေဖာင္းပြမႈက (၅) ရာခုိင္ႏႈန္းရွိတယ္ဆုိရင္ ၂ဝ၁၈ ႏွစ္စတုန္းက ေငြတစ္သိန္းေပးရတဲ့ ကုန္ပစၥည္းဟာ ႏွစ္ကုန္ပုိင္းမွာ တစ္သိန္းငါးေထာင္ေပးရမယ့္ သေဘာပဲျဖစ္ပါတယ္။

တစ္ႏွစ္အတြင္း (၃) ရာခုိင္ႏႈန္းအထိ တက္လာတယ္ဆုိရင္ Creeping Inflation ၊ (၃) ရာခုိင္ႏႈန္းက (၁ဝ) ရာခုိင္ႏႈန္းအထိ တက္လာတယ္ဆုိရင္ Walking Inflation ၊ (၁ဝ) ရာခုိင္ႏႈန္းထက္ ပုိလာရင္ Galloping Inflation ၊ တစ္လအတြင္းမွာ (၅ဝ) ရာခုိင္ႏႈန္းအထိေတာင္ တက္လာတယ္ဆုိရင္ Hyperinflatiion ဆုိၿပီး အဆင့္ဆင့္သတ္မွတ္ထားပါတယ္။

၁၉၂၃ခုႏွစ္တုန္းက ဂ်ာမဏီ၊ ၁၉၄၆ခုႏွစ္တုန္းက ဟန္ေဂရီ၊ ၁၉၄၄ခုႏွစ္တုန္းက ဂရိ၊ ၁၉၄၄ခုႏွစ္တုန္းက တရုတ္နဲ႔ ၂ဝဝ၈ခုႏွစ္တုန္းက ဇင္ဘာေဘြႏုိင္ငံေတြဟာ ေငြေၾကးေဖာင္းပြမႈဒဏ္ကုိ အခုလုိပဲ ဆုိးဆုိးရြားရြားခံခဲ့ရတာပါ။ ကုန္ေစ်းႏႈန္းေတြ ေခါင္ခုိက္ေအာင္ တက္ကုန္ၿပီး ႏုိင္ငံပုိင္ေငြေၾကးတန္းဖုိးေတြ က်ဆင္းကုန္ပါတယ္။ ၂ဝ၁၅ခုႏွစ္တုန္းကဆုိရင္ အေမရိကန္ (၅) ေဒၚလာက ဇင္ဘာေဘြေဒၚလာ (၁၇၅ဝဝဝ) ထရီလီယံနဲ႔ ညီတဲ့အဆင့္ထိကုိ ေဖာင္းပြသြားတာပါ။

လက္ရွိအခ်ိန္မွာ ေငြေၾကးေဖာင္းပြမႈဒဏ္ကုိ ျပင္းျပင္းထန္ထန္ခံစားေနတာက ဗင္နီဇြဲလားႏုိင္ငံပါ။ ဗင္နီဇြဲလားႏုိင္ငံမွာဆုိရင္လည္း ေငြေၾကးေဖာင္းပြမႈက ၂ဝ၁၆ခုႏွစ္ ႏုိဝင္ဘာလကတည္းက ျဖစ္ေနခဲ့တာပါ။ ၂ဝ၁၄ခုႏွစ္မွာဆုိရင္ သူတုိ႔ရဲ႕  ဘုိလီဗာ (Venezuelan Bolivar Fuete – VBF) ေငြေၾကးေဖာင္းပြမႈဟာ (၆၉) ရာခုိင္ႏႈန္းအထိကုိ ျဖစ္သြားတာပါ။ ၂ဝ၁၅ခုႏွစ္ေရာက္ေတာ့ ေငြေၾကးေဖာင္းပြမႈ (၁၈၁) ရာခုိင္ႏႈန္းအထိ ထုိးတက္သြားၿပီး ကမၻာ့သမုိင္းမွာ စံခ်ိန္တင္ျဖစ္သြားခဲ့ပါတယ္။

၂ဝ၁၆ခုႏွစ္မွာ (၈ဝဝ) ရာခုိင္ႏႈန္းနဲ႔ ၂ဝ၁၇ခုႏွစ္မွာ (၄ဝဝဝ) ရာခုိင္ႏႈန္းအထိ ေဖာင္းပြခဲ့ပါတယ္။ ဗင္နီဇြဲလားအစုိးရဟာ ေငြေၾကးေဖာင္းပြမႈကုိ ထိန္းခ်ဳပ္ဖုိ႔ႀကိဳးစားခဲ့ေပမယ့္ အရာမထင္ခဲ့ပါဘူး။ ၂ဝ၁၈ခုႏွစ္ေရာက္ေတာ့ ေငြေၾကးေဖာင္းပြမႈဟာ (၅၂၂ဝ) ရာခုိင္ႏႈန္းအထိကုိ ရွိခဲ့တာပါ။ လက္ရွိအခ်ိန္မွာဆုိရင္ အေမရိကန္တစ္ေဒၚလာဟာ ဗင္နီဇြဲလား (၂၄၈၄ဝ၉) ဘုိလီဗာ အထိျဖစ္လာခဲ့ပါတယ္။

၂.၄ ကီလုိဂရမ္ (၁.၄၆ ပိႆာ) ပဲရွိတဲ့ ၾကက္သားကုိ ဘုိလီဗာ ၁၄.၆ သန္းေပးရပါတယ္။ အသားဟင္းစားခ်င္ရင္ေတာ့ ပုိက္ဆံေတြကုိ ဂုန္နီအိတ္နဲ႔သာ ထည့္သြားရမယ့္သေဘာပါ။

ၿပီးေတာ့ အိမ္သာသုံးစကၠဴဝယ္မယ္ဆုိရင္ေတာင္ ဘုိလီဗာ ၂.၆ သန္းေပးရမွာပါ။ အိမ္သာသုံးစကၠဴျပတ္သြားမယ္ဆုိရင္ေတာင္ ပုိက္ဆံထုတ္ႀကီးနဲ႔ ေျပးဝယ္ရမွာပါ။

မုန္လာဥနီ တစ္ကီလုိဂရမ္ (၆၁ က်ပ္သား) ဝယ္မယ္ဆုိရင္ေတာင္ ဘုိလီဗာ ၃သန္းေပးရမွာပါ။ အဲဒါေၾကာင့္ အိမ္ရွင္မေတြဟာ ေစ်းဝယ္ထြက္ရင္ေတာင္ ပုိက္ဆံသယ္ဖုိ႔ အကူလုိတဲ့ဘဝပါ။

ေခါက္ဆြဲထုတ္ တစ္ကီလုိဂရမ္ကုိ ဝယ္မယ္ဆုိရင္ ဘုိလီဗာ ၂.၅သန္း ေပးရမွာျဖစ္ပါတယ္။ ေခါက္ဆြဲတစ္ထုတ္အတြက္ သန္းခ်ီေပးရတဲ့ႏုိင္ငံပါ။

လစဥ္သုံးတစ္ထုတ္ကုိ ဘုိလီဗာ ၃.၅ သန္းေပးရပါတယ္။ အမ်ိဳးသမီးေတြမွာ ေရွာင္လႊဲလုိ႔မရတဲ့ ဓမၼတာကိစၥကုိ ပုိက္ဆံထုတ္ႀကီးနဲ႔ ေျဖရွင္းေနရပါတယ္။

ၿပီးေတာ့ ကေလးေသးခံတစ္ထည္ကုိေတာ့ ဘုိလီဗာ ၈သန္းေပးရပါတယ္။ ၿပီးေတာ့ အိပ္ရာခင္းတစ္စုံကုိေတာင္ ဘုိလီဗာ ၃၃သန္းေပးရၿပီး Adidas ဖိနပ္တစ္ရံကုိ ဘုိလီဗာ ၁ဝ.၅သန္း ေပးေခ်ရပါတယ္။

ဒိန္ခဲတစ္ကီလုိဂရမ္ (၆၁ က်ပ္သား) ကုိ ဘုိလီဗာ ၇.၅သန္း ေပးေခ်ရတာေၾကာင့္ သန္းခ်ီတန္တဲ့ အစားအေသာက္ေတြပါ။

ဆန္တစ္ကီလုိဂရမ္ကုိ ဘုိလီဗာ ၂.၅ သန္းေပးေခ်ရပါေသးတယ္။

သာမန္အိမ္သုံးဆပ္ျပာတစ္ခဲကုိေတာင္ ဘုိလီဗာ ၃.၅သန္း ေပးေနရတာေၾကာင့္ ေစ်းဝယ္သြားရင္ ပုိက္ဆံကုိ ေတာင္းနဲံ႔ထည့္သြားရမယ့္သေဘာပါ။

အသားတစ္ကီလုိဂရမ္ (၆၁ က်ပ္သား) ကုိ ဘုိလီဗာ ၉ .၅ သန္းေပးရပါတယ္။

ေငြေၾကးေဖာင္းပြမႈေတြ မ်ားလာၿပီး ကုန္ေစ်းႏႈန္းျမင့္လာတာ တုိင္းျပည္အတြက္ မေကာင္းလွပါဘူး။ အသားငါးေတြ ေစ်းႀကီးလုိ႔ အသီးအရြက္ ခ်က္စားလုိက္ခါမွ ခရမ္းခ်ဥ္သီးတစ္ကီလုိ (၆၁ က်ပ္သား) က ဘုိလီဗာ ၅သန္းေတာင္ ေပးရမွာပါ။

ဒါတင္မကေသး ေထာပတ္ဆီတစ္ဘူးကုိ ဘုိလီဗာ ၃ သန္းေပးရပါေသးတယ္။

ေငြေၾကးေဖာင္းပြမႈ မ်ားေနတဲ့ ဗင္နီဇြဲလားႏုိင္မွာေတာ့ ကုန္စုံဆုိင္ေတြ၊ စတုိးဆုိင္ေတြနဲ႔ စူပါမားကတ္ေတြမွာ ပုိက္ဆံေတြကုိ ေရတြက္ဖုိ႔ အခက္အခဲျဖစ္လာပါတယ္။ ေငြေရစက္က ဂဏန္းေျခာက္လုံး (သိန္းဂဏန္း) အထိပဲ ေရတြက္ႏုိင္တာေၾကာင့္ ဘုိလီဗာ ၃.၅ သန္းသာ ေပးရတဲ့ ဆပ္ျပာတစ္ခဲဝယ္မယ္ဆုိရင္ေတာင္ ေလးႀကိမ္ေလာက္ ေရတြက္ရမယ့္သေဘာရွိပါတယ္။

ဒါ့ေၾကာင့္ပဲ အခုဆုိရင္ ဆုိင္ရွင္ေတြဟာ ပုိက္ဆံေတြကုိ အေလးခ်ိန္နဲ႔ပဲ အေရအတြက္ လုပ္ပါေတာ့တယ္။ (စာအုပ္အေဟာင္းေတြကုိ အေလးခ်ိန္နဲ႔ ဝယ္တဲ့သေဘာပဲျဖစ္ပါတယ္။) ဘုိလီဗာ တစ္ကီလုိဂရမ္ (၆၁ က်ပ္သား) ကုိ ၁.၄၈သန္းနဲ႔ မ်ွေျခထားၿပီး အေရာင္းအဝယ္လုပ္ၾကပါတယ္။ အလြန္အမင္းေငြေၾကးေဖာင္းပြမႈေတြ အျမန္ဆုံးေပ်ာက္ၿပီး ကုန္ေစ်းႏႈန္းသက္သာပါေစလုိ႔သာ ေတာင္းဆုေခြ်လုိက္ရပါတယ္။

သတင္းဓာတ္ပုံ – Daily Mail ၊ Reuters

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ငွေကြေးဖောင်းပွမှုပြဿနာဟာ ဗင်နီဇွဲလားနိုင်ငံမှာ ဘယ်လောက်ထိကြီးမားနေလဲ

၂ဝ၁၈ နှစ်စတုန်းက အမေရိကန်တစ်ဒေါ်လာဟာ မြန်မာငွေကျပ် ၁၃၅ဝ လောက်ပဲရှိခဲ့ရာက အခုသြဂုတ်လ (၂ဝ) ရက်ပေါက်ဈေးနဲ့ ပြောရရင် ၁၄၉၈ ကျပ်အထိရှိလာခဲ့ပါပြီ။ ဒီအချက်ဟာ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုမြင့်လာတဲ့သဘောပါ။ တစ်နှစ်တာအတွင်းမှာ ကုန်စည်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ကြီးမြင့်လာတဲ့ ကုန်ကျစရိတ်ပမာဏတစ်ရပ်ကို ငွေကြေးဖောင်းပွမှု (Inflation) လို့ခေါ်ပါတယ်။ (ကိုးကား – ပြည်သူ့လွှတ်တော်ရုံး – သုတေသနဌာန) ဥပမာ – မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုက (၅) ရာခိုင်နှုန်းရှိတယ်ဆိုရင် ၂ဝ၁၈ နှစ်စတုန်းက ငွေတစ်သိန်းပေးရတဲ့ ကုန်ပစ္စည်းဟာ နှစ်ကုန်ပိုင်းမှာ တစ်သိန်းငါးထောင်ပေးရမယ့် သဘောပဲဖြစ်ပါတယ်။

တစ်နှစ်အတွင်း (၃) ရာခိုင်နှုန်းအထိ တက်လာတယ်ဆိုရင် Creeping Inflation ၊ (၃) ရာခိုင်နှုန်းက (၁ဝ) ရာခိုင်နှုန်းအထိ တက်လာတယ်ဆိုရင် Walking Inflation ၊ (၁ဝ) ရာခိုင်နှုန်းထက် ပိုလာရင် Galloping Inflation ၊ တစ်လအတွင်းမှာ (၅ဝ) ရာခိုင်နှုန်းအထိတောင် တက်လာတယ်ဆိုရင် Hyperinflatiion ဆိုပြီး အဆင့်ဆင့်သတ်မှတ်ထားပါတယ်။

၁၉၂၃ခုနှစ်တုန်းက ဂျာမဏီ၊ ၁၉၄၆ခုနှစ်တုန်းက ဟန်ဂေရီ၊ ၁၉၄၄ခုနှစ်တုန်းက ဂရိ၊ ၁၉၄၄ခုနှစ်တုန်းက တရုတ်နဲ့ ၂ဝဝ၈ခုနှစ်တုန်းက ဇင်ဘာဘွေနိုင်ငံတွေဟာ ငွေကြေးဖောင်းပွမှုဒဏ်ကို အခုလိုပဲ ဆိုးဆိုးရွားရွားခံခဲ့ရတာပါ။ ကုန်ဈေးနှုန်းတွေ ခေါင်ခိုက်အောင် တက်ကုန်ပြီး နိုင်ငံပိုင်ငွေကြေးတန်းဖိုးတွေ ကျဆင်းကုန်ပါတယ်။ ၂ဝ၁၅ခုနှစ်တုန်းကဆိုရင် အမေရိကန် (၅) ဒေါ်လာက ဇင်ဘာဘွေဒေါ်လာ (၁၇၅ဝဝဝ) ထရီလီယံနဲ့ ညီတဲ့အဆင့်ထိကို ဖောင်းပွသွားတာပါ။

လက်ရှိအချိန်မှာ ငွေကြေးဖောင်းပွမှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေတာက ဗင်နီဇွဲလားနိုင်ငံပါ။ ဗင်နီဇွဲလားနိုင်ငံမှာဆိုရင်လည်း ငွေကြေးဖောင်းပွမှုက ၂ဝ၁၆ခုနှစ် နိုဝင်ဘာလကတည်းက ဖြစ်နေခဲ့တာပါ။ ၂ဝ၁၄ခုနှစ်မှာဆိုရင် သူတို့ရဲ့  ဘိုလီဗာ (Venezuelan Bolivar Fuete – VBF) ငွေကြေးဖောင်းပွမှုဟာ (၆၉) ရာခိုင်နှုန်းအထိကို ဖြစ်သွားတာပါ။ ၂ဝ၁၅ခုနှစ်ရောက်တော့ ငွေကြေးဖောင်းပွမှု (၁၈၁) ရာခိုင်နှုန်းအထိ ထိုးတက်သွားပြီး ကမ္ဘာ့သမိုင်းမှာ စံချိန်တင်ဖြစ်သွားခဲ့ပါတယ်။

၂ဝ၁၆ခုနှစ်မှာ (၈ဝဝ) ရာခိုင်နှုန်းနဲ့ ၂ဝ၁၇ခုနှစ်မှာ (၄ဝဝဝ) ရာခိုင်နှုန်းအထိ ဖောင်းပွခဲ့ပါတယ်။ ဗင်နီဇွဲလားအစိုးရဟာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ ၂ဝ၁၈ခုနှစ်ရောက်တော့ ငွေကြေးဖောင်းပွမှုဟာ (၅၂၂ဝ) ရာခိုင်နှုန်းအထိကို ရှိခဲ့တာပါ။ လက်ရှိအချိန်မှာဆိုရင် အမေရိကန်တစ်ဒေါ်လာဟာ ဗင်နီဇွဲလား (၂၄၈၄ဝ၉) ဘိုလီဗာ အထိဖြစ်လာခဲ့ပါတယ်။

၂.၄ ကီလိုဂရမ် (၁.၄၆ ပိဿာ) ပဲရှိတဲ့ ကြက်သားကို ဘိုလီဗာ ၁၄.၆ သန်းပေးရပါတယ်။ အသားဟင်းစားချင်ရင်တော့ ပိုက်ဆံတွေကို ဂုန်နီအိတ်နဲ့သာ ထည့်သွားရမယ့်သဘောပါ။

ပြီးတော့ အိမ်သာသုံးစက္ကူဝယ်မယ်ဆိုရင်တောင် ဘိုလီဗာ ၂.၆ သန်းပေးရမှာပါ။ အိမ်သာသုံးစက္ကူပြတ်သွားမယ်ဆိုရင်တောင် ပိုက်ဆံထုတ်ကြီးနဲ့ ပြေးဝယ်ရမှာပါ။

မုန်လာဥနီ တစ်ကီလိုဂရမ် (၆၁ ကျပ်သား) ဝယ်မယ်ဆိုရင်တောင် ဘိုလီဗာ ၃သန်းပေးရမှာပါ။ အဲဒါကြောင့် အိမ်ရှင်မတွေဟာ ဈေးဝယ်ထွက်ရင်တောင် ပိုက်ဆံသယ်ဖို့ အကူလိုတဲ့ဘဝပါ။

ခေါက်ဆွဲထုတ် တစ်ကီလိုဂရမ်ကို ဝယ်မယ်ဆိုရင် ဘိုလီဗာ ၂.၅သန်း ပေးရမှာဖြစ်ပါတယ်။ ခေါက်ဆွဲတစ်ထုတ်အတွက် သန်းချီပေးရတဲ့နိုင်ငံပါ။

လစဉ်သုံးတစ်ထုတ်ကို ဘိုလီဗာ ၃.၅ သန်းပေးရပါတယ်။ အမျိုးသမီးတွေမှာ ရှောင်လွှဲလို့မရတဲ့ ဓမ္မတာကိစ္စကို ပိုက်ဆံထုတ်ကြီးနဲ့ ဖြေရှင်းနေရပါတယ်။

ပြီးတော့ ကလေးသေးခံတစ်ထည်ကိုတော့ ဘိုလီဗာ ၈သန်းပေးရပါတယ်။  ပြီးတော့ အိပ်ရာခင်းတစ်စုံကိုတောင် ဘိုလီဗာ ၃၃သန်းပေးရပြီး Adidas ဖိနပ်တစ်ရံကို ဘိုလီဗာ ၁ဝ.၅သန်း ပေးချေရပါတယ်။

ဒိန်ခဲတစ်ကီလိုဂရမ် (၆၁ ကျပ်သား) ကို ဘိုလီဗာ ၇.၅သန်း ပေးချေရတာကြောင့် သန်းချီတန်တဲ့ အစားအသောက်တွေပါ။

ဆန်တစ်ကီလိုဂရမ်ကို ဘိုလီဗာ ၂.၅ သန်းပေးချေရပါသေးတယ်။

သာမန်အိမ်သုံးဆပ်ပြာတစ်ခဲကိုတောင် ဘိုလီဗာ ၃.၅သန်း ပေးနေရတာကြောင့် ဈေးဝယ်သွားရင် ပိုက်ဆံကို တောင်းနဲံ့ထည့်သွားရမယ့်သဘောပါ။

အသားတစ်ကီလိုဂရမ် (၆၁ ကျပ်သား) ကို ဘိုလီဗာ ၉ .၅ သန်းပေးရပါတယ်။

ငွေကြေးဖောင်းပွမှုတွေ များလာပြီး ကုန်ဈေးနှုန်းမြင့်လာတာ တိုင်းပြည်အတွက် မကောင်းလှပါဘူး။ အသားငါးတွေ ဈေးကြီးလို့ အသီးအရွက် ချက်စားလိုက်ခါမှ ခရမ်းချဉ်သီးတစ်ကီလို (၆၁ ကျပ်သား) က ဘိုလီဗာ ၅သန်းတောင် ပေးရမှာပါ။

ဒါတင်မကသေး ထောပတ်ဆီတစ်ဘူးကို ဘိုလီဗာ ၃ သန်းပေးရပါသေးတယ်။

ငွေကြေးဖောင်းပွမှု များနေတဲ့ ဗင်နီဇွဲလားနိုင်မှာတော့ ကုန်စုံဆိုင်တွေ၊ စတိုးဆိုင်တွေနဲ့ စူပါမားကတ်တွေမှာ ပိုက်ဆံတွေကို ရေတွက်ဖို့ အခက်အခဲဖြစ်လာပါတယ်။ ငွေရေစက်က ဂဏန်းခြောက်လုံး (သိန်းဂဏန်း) အထိပဲ ရေတွက်နိုင်တာကြောင့် ဘိုလီဗာ ၃.၅ သန်းသာ ပေးရတဲ့ ဆပ်ပြာတစ်ခဲဝယ်မယ်ဆိုရင်တောင် လေးကြိမ်လောက် ရေတွက်ရမယ့်သဘောရှိပါတယ်။

ဒါ့ကြောင့်ပဲ အခုဆိုရင် ဆိုင်ရှင်တွေဟာ ပိုက်ဆံတွေကို အလေးချိန်နဲ့ပဲ အရေအတွက် လုပ်ပါတော့တယ်။ (စာအုပ်အဟောင်းတွေကို အလေးချိန်နဲ့ ဝယ်တဲ့သဘောပဲဖြစ်ပါတယ်။) ဘိုလီဗာ တစ်ကီလိုဂရမ် (၆၁ ကျပ်သား) ကို ၁.၄၈သန်းနဲ့ မျှခြေထားပြီး အရောင်းအဝယ်လုပ်ကြပါတယ်။ အလွန်အမင်းငွေကြေးဖောင်းပွမှုတွေ အမြန်ဆုံးပျောက်ပြီး ကုန်ဈေးနှုန်းသက်သာပါစေလို့သာ တောင်းဆုချွေလိုက်ရပါတယ်။

သတင်းဓာတ်ပုံ – Daily Mail ၊ Reuters

ကျော်စိုးအောင် (အခရာ)

www.akhayar.com