[Zawgyi]

သၾကၤန္မွာ မ႑ပ္မထုိင္ဘူးဆိုရင္ ဘယ္ေနရာေတြမွာ လန္းလို႔ ရမလဲ

သၾကၤန္မွာ မ႑ပ္ထုိင္ခ်င္တဲ့ သူေတြကလည္း အျမဲတမ္း မ႑ပ္ပဲ ထုိင္္ခ်င္ၾကသလို မ႑ပ္ထုိင္ဖို႔ စိတ္မပါတဲ့သူေတြကလည္း ဘယ္လိုပဲ ေခၚေခၚမထိုင္ခ်င္ၾကတာပါ။ ဒါေၾကာင့္ ရန္ကုန္သၾကၤန္မွာ မ႑ပ္ထုိင္ဖို႔ စိတ္မဝင္စားတဲ့သူေတြ ဘယ္ေတြ ဘယ္လို သြားလို႔ ရတယ္ဆုိတာ အခရာက ခုလို စုစည္းေဖာ္ျပလိုက္ရပါတယ္။

Coca Cola Summer Oasis 2018

Coca Cola ရဲ့ ႏွစ္စဥ္ႏွစ္တုိင္းက်င္းပေနၾက သၾကၤန္ပြဲေတာ္ပါ။ ဒီႏွစ္ ၂၀၁၈ ခုႏွစ္မွာလည္း Coca Cola Summer Oasis 2018 ဆိုျပီး လုပ္ဖို႔ ရွိရာမွာ ေဖ်ာ္ေျဖသူေတြအေနနဲ႔ Ar-T ၊ အိမ့္ခ်စ္၊ ေနမင္းအိမ္၊ ပိုးမီတို႔ ရွိေနမွာ ျဖစ္ျပီး အဆိုအကေတြနဲ႔အတူ DJ ေတြရဲ့ ေဖ်ာ္ေျဖေရးအစီအစဥ္ပါ ရွိေနလို႔ မိသားစုလိုက္ သြားကဲလို႔ ရမွာပါ။

ေနရာက ျပည္သူ႔ရင္ျပင္ စမ္းေခ်ာင္းသာနားမွာ ျဖစ္ျပီး ဧျပီလ ၁၃ ကေန ၁၆၊ ေန႔လည္ ၁၂ နာရီကေန ညေန ၆နာရီအထိ ျဖစ္တဲ့အတြက္ သၾကၤန္တစ္တြင္းလံုး သြားေနလို႔ ရပါတယ္။ ဒါ့အျပင္ Sand Pitch ၊ Bump Ball ၊ Foam Pitch ၊ Face Painting လို Activities ေတြရွိျပီး အရက္ေသစာနဲ႔ မူးယစ္ေစတဲ့ ပစၥည္းေတြ ပြဲအတြင္းကို သယ္ေဆာင္ခြင့္မျပဳဘူးဆိုလို႔လည္း မိသားစုေတြအတြက္ သင့္ေတာ္မယ့္ပြဲပါ။

Market Thingyan 2018

ဒီဟာကေတာ့ ေစ်းဝယ္ရင္း၊ စားရင္း ဆင္ႏႊဲလို႔ ရမယ့္ အရင္စေကာ့ေစ်းသၾကၤန္လို Market Thingyan ပါပဲ။ သူကေတာ့ သၾကၤန္အၾကိဳေန႔ကေန ႏွစ္ဆန္း ၁ရက္ေန႔ထိ ၅ ရက္လံုး ရွိမွာမို႔ သၾကၤန္တြင္း ဘယ္ေန႔သြားသြား ရမွာပါ။ ေနရာကေတာ့ Myanmar Culture Valley (ေရႊတိဂံုဘုရား အေနာက္ဘက္မုခ္ မ်က္ႏွာခ်င္းဆုိင္) မွာ မနက္ ၉နာရီကေန ညေန ၆ နာရီအထိ က်င္းပျပဳလုပ္မွာ ျဖစ္ပါတယ္။

ဘာေတြ လုပ္လို႔ ရမလဲဆိုေတာ့ DJ ေတြရွိေတာ့ ဒြန္႔လို႔ ရမယ္၊ပူေဖာင္းအျမွဳပ္ေတြနဲ႔ ေဆာ့လို႔ ရမယ့္ Foam Party ရွိပါမယ္၊ ကြင္းအျပည့္ အမိုးမုိးေပးထားမွာ ျဖစ္တဲ့အတြက္ ေနပူမွာ မစိုးရိမ္ရဘူးလို႔ ဆိုပါတယ္။ ရိုးရိုးေရနဲ႔ မပက္လည္း Color ေတြနဲ႔ ပက္ေဆာ့လည္း ရမွာ ျဖစ္ျပီး မုန္႔ေတြ ေလွ်ာက္စားလို႔ ရမွာပါ။ ဝင္ေၾကး Free ျဖစ္တဲ့အတြက္လည္း ေစ်းဝယ္ရင္း သြားရင္း ကစားရင္း ေပ်ာ္စရာေတြကို ရွာေတြ႔မွာ ျဖစ္ပါတယ္။

Bella လမ္းေလွ်ာက္သၾကၤန္

ဒီႏွစ္ Bella Cosmetics ကေတာ့ ရန္ကုန္မွာ လမ္းေလွ်ာက္သၾကၤန္လုပ္မယ္လို႔ ဆိုပါတယ္။ သၾကၤန္ေလးရက္လံုး စတုဒီသာေကၽြးမယ္လို႔ ဆိုျပီး ညေန ၃နာရီေလာက္ကစျပီး မ႑ပ္ ၁၀ ခုေလာက္နဲ႔ ေကၽြးမယ္လို႔ သိရပါတယ္။ ဘားလမ္းနဲ႔ ကုန္သည္လမ္းမွာ ရန္ကုန္လမ္းေလွ်ာက္သၾကၤန္ဆုိျပီး လုပ္မွာ ျဖစ္ျပီးေတာ့ အႏုပညာရွင္ေတြနဲ႔ ပူးေပါင္းျပီး ေပ်ာ္စရာအစီအစဥ္ေတြလည္း ရွိတယ္ဆိုတဲ့အတြက္ သၾကၤန္မွာ ေပ်ာ္ဖို႔ ေနရာတစ္ခုအေနနဲ႔ ထည့္သြင္းစဥ္းစားသင့္ပါတယ္။

Yangon Splash Walk

ဒီႏွစ္နဲ႔ဆို ျပဳလုပ္လာတာ ၃ႏွစ္ရွိျပီျဖစ္တဲ့ လူငယ္ေတြရဲ့ Yangon Splash Walk ပါ။ အရင္ႏွစ္ေတြကဆိုရင္ ျမိဳ႕ထဲမွာလူစုတတ္ျပီး Volunteer လူငယ္ေတြနဲ႔ ႏွစ္တုိင္းအတက္ေန႔မွာ ဆင္ႏႊဲၾကပါတယ္။ အစကေတာ့ လူငယ္ေတြေလာက္ပဲ လာေပမယ့္ ဒုတိယႏွစ္မွာေတာ့ လူၾကီးလူငယ္မေရြး လာေရာက္ဆင္ႏႊဲတာကို ေတြ႔ခဲ့ရပါတယ္။ ဒီႏွစ္လည္း ဆက္ရွိမွာ ျဖစ္တဲ့အတြက္ ရန္ကုန္သၾကၤန္ကို ရိုးရာမပ်က္ ငယ္ငယ္ကလို လမ္းေလွ်ာက္လည္ပတ္ခ်င္တယ္ဆိုရင္ Yangon Splash Walk ကို Join ကို Join ရမွာ ျဖစ္ပါတယ္။

www.akhayar.com

[Unicode]

သင်္ကြန်မှာ မဏ္ဍပ်မထိုင်ဘူးဆိုရင် ဘယ်နေရာတွေမှာ လန်းလို့ ရမလဲ

သင်္ကြန်မှာ မဏ္ဍပ်ထိုင်ချင်တဲ့ သူတွေကလည်း အမြဲတမ်း မဏ္ဍပ်ပဲ ထိုင်ချင်ကြသလို မဏ္ဍပ်ထိုင်ဖို့ စိတ်မပါတဲ့သူတွေကလည်း ဘယ်လိုပဲ ခေါ်ခေါ်မထိုင်ချင်ကြတာပါ။ ဒါကြောင့် ရန်ကုန်သင်္ကြန်မှာ မဏ္ဍပ်ထိုင်ဖို့ စိတ်မဝင်စားတဲ့သူတွေ ဘယ်တွေ ဘယ်လို သွားလို့ ရတယ်ဆိုတာ အခရာက ခုလို စုစည်းဖော်ပြလိုက်ရပါတယ်။

Coca Cola Summer Oasis 2018

Coca Cola ရဲ့ နှစ်စဉ်နှစ်တိုင်းကျင်းပနေကြ သင်္ကြန်ပွဲတော်ပါ။ ဒီနှစ် ၂၀၁၈ ခုနှစ်မှာလည်း Coca Cola Summer Oasis 2018 ဆိုပြီး လုပ်ဖို့ ရှိရာမှာ ဖျော်ဖြေသူတွေအနေနဲ့ Ar-T ၊ အိမ့်ချစ်၊ နေမင်းအိမ်၊ ပိုးမီတို့ ရှိနေမှာ ဖြစ်ပြီး အဆိုအကတွေနဲ့အတူ DJ တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်ပါ ရှိနေလို့ မိသားစုလိုက် သွားကဲလို့ ရမှာပါ။

နေရာက ပြည်သူ့ရင်ပြင် စမ်းချောင်းသာနားမှာ ဖြစ်ပြီး ဧပြီလ ၁၃ ကနေ ၁၆၊ နေ့လည် ၁၂ နာရီကနေ ညနေ ၆နာရီအထိ ဖြစ်တဲ့အတွက် သင်္ကြန်တစ်တွင်းလုံး သွားနေလို့ ရပါတယ်။ ဒါ့အပြင် Sand Pitch ၊ Bump Ball ၊ Foam Pitch ၊ Face Painting လို Activities တွေရှိပြီး အရက်သေစာနဲ့ မူးယစ်စေတဲ့ ပစ္စည်းတွေ ပွဲအတွင်းကို သယ်ဆောင်ခွင့်မပြုဘူးဆိုလို့လည်း မိသားစုတွေအတွက် သင့်တော်မယ့်ပွဲပါ။

Market Thingyan 2018

ဒီဟာကတော့ ဈေးဝယ်ရင်း၊ စားရင်း ဆင်နွှဲလို့ ရမယ့် အရင်စကော့ဈေးသင်္ကြန်လို Market Thingyan ပါပဲ။ သူကတော့ သင်္ကြန်အကြိုနေ့ကနေ နှစ်ဆန်း ၁ရက်နေ့ထိ ၅ ရက်လုံး ရှိမှာမို့ သင်္ကြန်တွင်း ဘယ်နေ့သွားသွား ရမှာပါ။ နေရာကတော့ Myanmar Culture Valley (ရွှေတိဂုံဘုရား အနောက်ဘက်မုခ် မျက်နှာချင်းဆိုင်) မှာ မနက် ၉နာရီကနေ ညနေ ၆ နာရီအထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ဘာတွေ လုပ်လို့ ရမလဲဆိုတော့ DJ တွေရှိတော့ ဒွန့်လို့ ရမယ်၊ပူဖောင်းအမြှုပ်တွေနဲ့ ဆော့လို့ ရမယ့် Foam Party ရှိပါမယ်၊ ကွင်းအပြည့် အမိုးမိုးပေးထားမှာ ဖြစ်တဲ့အတွက် နေပူမှာ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။ ရိုးရိုးရေနဲ့ မပက်လည်း Color တွေနဲ့ ပက်ဆော့လည်း ရမှာ ဖြစ်ပြီး မုန့်တွေ လျှောက်စားလို့ ရမှာပါ။ ဝင်ကြေး Free ဖြစ်တဲ့အတွက်လည်း ဈေးဝယ်ရင်း သွားရင်း ကစားရင်း ပျော်စရာတွေကို ရှာတွေ့မှာ ဖြစ်ပါတယ်။

Bella လမ်းလျှောက်သင်္ကြန်

ဒီနှစ် Bella Cosmetics ကတော့ ရန်ကုန်မှာ လမ်းလျှောက်သင်္ကြန်လုပ်မယ်လို့ ဆိုပါတယ်။ သင်္ကြန်လေးရက်လုံး စတုဒီသာကျွေးမယ်လို့ ဆိုပြီး ညနေ ၃နာရီလောက်ကစပြီး မဏ္ဍပ် ၁၀ ခုလောက်နဲ့ ကျွေးမယ်လို့ သိရပါတယ်။ ဘားလမ်းနဲ့ ကုန်သည်လမ်းမှာ ရန်ကုန်လမ်းလျှောက်သင်္ကြန်ဆိုပြီး လုပ်မှာ ဖြစ်ပြီးတော့ အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပျော်စရာအစီအစဉ်တွေလည်း ရှိတယ်ဆိုတဲ့အတွက် သင်္ကြန်မှာ ပျော်ဖို့ နေရာတစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

Yangon Splash Walk

ဒီနှစ်နဲ့ဆို ပြုလုပ်လာတာ ၃နှစ်ရှိပြီဖြစ်တဲ့ လူငယ်တွေရဲ့ Yangon Splash Walk ပါ။ အရင်နှစ်တွေကဆိုရင် မြို့ထဲမှာလူစုတတ်ပြီး Volunteer လူငယ်တွေနဲ့ နှစ်တိုင်းအတက်နေ့မှာ ဆင်နွှဲကြပါတယ်။ အစကတော့ လူငယ်တွေလောက်ပဲ လာပေမယ့် ဒုတိယနှစ်မှာတော့ လူကြီးလူငယ်မရွေး လာရောက်ဆင်နွှဲတာကို တွေ့ခဲ့ရပါတယ်။ ဒီနှစ်လည်း ဆက်ရှိမှာ ဖြစ်တဲ့အတွက် ရန်ကုန်သင်္ကြန်ကို ရိုးရာမပျက် ငယ်ငယ်ကလို လမ်းလျှောက်လည်ပတ်ချင်တယ်ဆိုရင် Yangon Splash Walk ကို Join ကို Join ရမှာ ဖြစ်ပါတယ်။

www.akhayar.com