[Zawgyi]

US စစ္တပ္ရဲ႕ ေခတ္အဆက္ဆက္ေျပာင္းလဲလာတဲ့ တုိက္ပြဲဝင္စစ္ယူနီေဖာင္းမ်ား

US စစ္တပ္ဟာ စစ္သားအားလံုးအတြက္ Operational Camourflage Pattern နဲ႔ Army Combat Uniform ကို ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္ေန႔မွာ စတင္ဖို႔ သတ္မွတ္ခဲ့ပါတယ္။ ဒီ တုိက္ပြဲဝင္ဝတ္စံုဟာ ေခတ္သစ္တုိက္ပြဲေတြအတြက္ အထူးခ်ဳပ္လုပ္ထားတဲ့ ဝတ္စံုလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ဒါက ေျပာင္းလဲမႈေသးေသးေလးသာ ျဖစ္ျပီး လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၄၂ ႏွစ္အၾကာ ၁၇၇၆ ခုႏွစ္ US အေနနဲ႔ Great Britain ကေန ျပည္နယ္အခ်ိဳ႕လြတ္လပ္ေရးယူစဥ္အခ်ိန္တည္းကေန အခုထိ စစ္ဝတ္ယူနီေဖာင္းေတြ အမ်ိဳးမ်ိဳးေျပာင္းလဲလာခဲ့တာပဲ ျဖစ္ပါတယ္။

အဲဒီတုန္းက ေခတ္၊ စနစ္၊ တုိက္ပြဲဝင္ရတဲ့ အေျခအေန၊ ေနရာေဒသေပၚမူတည္ျပီး တခ်ိဳ႕ဝတ္စံုေတြကို နည္းနည္းပဲ ေျပာင္းလဲခဲ့တာ ျဖစ္ေပမယ့္ တခ်ိဳ႕ဝတ္စံုေတြကေတာ့ သိသိသာသာ ၾကီးေျပာငး္လဲခဲ့တာ ျဖစ္ပါတယ္။ ဘယ္လိုေတြ ေျပာင္းလဲခဲ့သလဲဆုိရင္ေတာ့ ဓာတ္ပုံအေဟာင္းေတြနဲ႔ ျပန္လည္သရုပ္ျပပံုေတြကေန တစ္ဆင့္ အခုလို ေျခရာေကာက္ႏိုင္ပါတယ္။

Revolutionary War (1775)

Revolutionary War အတြင္းမွာေတာ့ US စစ္တပ္ရဲ႕ ယူနီေဖာင္း ျဗိတိသွ်တပ္မေတာ္ယူနီေဖာင္းကိုပဲ အေျခခံထားခဲ့တာ ျဖစ္ပါတယ္။  အျပာေရာင္ကုတ္အက်ီနဲ႔ အျဖဴေရာင္အတြင္းခံနဲ႔ Waistcoats ေတြပါ ပါဝင္ပါတယ္။

War of 1812 (1812)

၁၈၁၂ ခုႏွစ္စစ္ပြဲမွာေတာ့ US စစ္တပ္ဟာ သူတို႔ရဲ႕ ယူနီေဖာင္းေတြကို တသမတ္တည္းျဖစ္ဖို႔နဲ႔ ေခတ္မီေစဖို႔ ျပင္ဆင္ခဲ့ပါတယ္။ ေကာ္လာေထာင္အျမင့္ပံုစံ၊ အက်ီၤၾကယ္သီးကို ေရွ႕မွာတပ္တဲ့ ပံုစံနဲ႔ အျပာေရာင္သိုးေမႊးကုတ္ထပ္ဝတ္တဲ့ ပံုစံပါ။ တခ်ိဳ႕ေနရာေတြမွာ အျပာေရာင္သိုးေမႊးမရရင္ေတာ့ မီးခုိးေရာင္သုိးေမႊးကို ဝတ္ဆင္ၾကပါတယ္။ ဒီဝတ္စံုကိေတာ့ ‘Tombstone’ Shako Caps လို႔ ေခၚတဲ့ ဦးထုပ္ရွည္ေတြနဲ႔ တြဲဖက္ဝတ္ဆင္ၾကပါတယ္။

Mexican-American War (1845)

၁၈၄၅ ခုႏွစ္ မက္ဆီကန္-အေမရိကန္စစ္ပြဲမွာေတာ့ US စစ္တပ္ယူနီေဖာင္းကို ထပ္ျပီးေျပာငး္လဲမႈလုပ္ခဲ့ပါတယ္။ ေဘာင္းဘီမွာ ေဒါင္လိုက္လိုင္းေတြ၊ အဝါေရာင္ေဖာ္ျပထားတဲ့ ရာထူးျပအမွတ္တံဆိပ္ေတြ ပါဝင္ခဲ့ပါတယ္။ Tombstone Caps ေတြကိုေတာ့ Forage Folding Caps ေတြနဲ႔ အစားထိုးခဲ့ပါတယ္။

Civil War (1861)

အေမရိကန္ျပည္တြင္းစစ္အတြင္းမွာေတာ့ မက္ဆီကန္-အေမရိကန္စစ္ပြဲတုန္းက ဝတ္ခဲ့တဲ့ ယူနီေဖာင္းကို ေျပာင္းလဲမႈနည္းနည္းလုပ္ခဲ့ပါတယ္။  မတူညီတဲ့ ဦးထုပ္ပုံစံအမ်ိဳးမ်ိဳးကုိ ေဆာင္းခဲ့ၾကျပီး သူတို႔ရဲ႕ တပ္ရင္း၊ တပ္ဖြဲ႔ေတြကို ေဖာ္ျပဖို႔ ေၾကးဝါတံဆိပ္ေတြ စသံုးခဲ့ၾကပါျပီ။

Spanish-American War (1898)

စပိန္-အေမရိကန္စစ္ပြဲမွာေတာ့ အၾကီးစားေျပာင္းလဲမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ယူနီေဖာင္းေတြကို ကာကီေရာင္ေတြနဲ႔ အစားထိုးခဲ့ျပီး ဒီလို အစားထိုးတာကေတာ့ ျဗိိတိသွ်ေတြဆီက မွီျငမ္းယူထားတာ ျဖစ္ပါတယ္။ ယူနီေဖာင္းေတြရဲ႕ အသားေတြကိုလည္း သိုးေမႊးကေန ခ်ည္ထည္ကို ေျပာငး္ခဲ့ျပီး Special Campaign Hats ေတြ ေျပာင္းလဲဝတ္ဆင္ခဲ့ပါတယ္။ ၁၈၉၈ ခုႏွစ္နဲ႔ ၁၈၉၉ ၾကားမွာေတာ့ Khaki Field Service Coats ေတြဟာ အနညး္ဆံုး Patterns ၄ ခုနဲ႔ အထက္ ရွိလာပါျပီ။

World War I (1914)

ပထမကမာၻစစ္ပြဲမွာ သံုးတဲ့ ယူနီေဖာင္းေတြကေတာ့ အမ်ားသိျပီးသားျဖစ္မွာပါ။ စပိန္-အေမရိကန္စစ္ပြဲက ကာကီေရာင္ဝတ္စံုပံုျဖစ္ျပီး Color Tone ကိုပဲ အညိဳကေန Olive ေရာင္နည္းနည္းေျပာငး္ခဲ့ပါတယ္။ သူတို႔ရဲ႕ ေျခေထာက္ကို ကာကြယ္ဖို႔နဲ႔ စစ္ပြဲမွာ သံုးဖို႔အတြက္ ပတ္တီးေတြကို ေျခေထာက္မွာ စညး္ေႏွာင္ထားျပီး ျဗိတိသွ်ေတြဆီက ဆက္ခံထားတဲ့ Brodie Helmet ကို ေဆာင္းခဲ့ၾကပါတယ္။

World War II (1939)

ဒုတိယကမာၻစစ္ပြဲမွာလည္း ပထမကမာၻစစ္ကလို ယူနီေဖာင္းေတြကိုပဲ သံုးခဲ့ျပီး Brodie Helmet အစား M1 Helmet ကို အစားထိုးခဲ့ပါတယ္။ Windbreaker ကုတ္အက်ီေတြ ဝတ္ဆင္ခဲ့ျပီး ေလထီးခုန္တဲ့ေနရာမွာ သံုးတဲ့ Jumper Coats ေတြပါ ဝတ္ဆင္လာခဲ့ၾကပါျပီ။

Korean War (1950) and Vietnam War (1955)

ကိုရီးယားစစ္ပြဲနဲ႔ ဗီယက္နမ္စစ္ပြဲမွာ သံုးတဲ့ US စစ္တပ္ယူနီေဖာင္းကေတာ့ အတူတူပဲ ျဖစ္ပါတယ္။ ၁၉၅၂ ခုႏွစ္မွာ US စစ္တပ္ဟာ Olive Green အေရာင္ ယူနီေဖာင္းေတြ သံုးခဲ့ျပီး ကုိရီးယားစစ္ပြဲဟာ ေျခလ်င္နဲ႔ တုိက္ပြဲဝင္သံုး Cargo Packs ေတြ စတင္ျမင္ေတြ႔တဲ့စစ္ပြဲလည္း ျဖစ္ပါတယ္။

Desert Storm (1990)

၁၉၉၀ ခုႏွစ္မွာ ျဖစ္တဲ့ Desert Strom မွာေတာ့ စစ္တပ္မွာေတာ့ Camouflage Patterns ကို အမ်ားၾကီး လုပ္လာၾကပါတယ္။ ပထမဦးဆံုးမွာေတာ့ အေရာင္ ၃ ေရာင္ရွိတဲ့ Desert Patterns နဲ႔စခဲ့ျပီး ယူနီေဖာင္းအသစ္ေတြမွာ ေကာ္လာဆိုဒ္ကိုလည္း ေလွ်ာ့ခ်လိုက္ပါတယ္။

Army Combat Uniform (2004)

US စစ္တပ္ဟာ ၁၉၉၁ ခုႏွစ္တည္းက Camouflage Patterns ေတြကို ေျပာင္းလဲလာလိုက္တာ ၂၀၀၄ ခုႏွစ္မွာေတာ့ စစ္တပ္ဟာ Army Combat Uniform (ACU) ကို မိတ္ဆက္ခဲ့ျပီး Marine’s Digital Pattern Uniform ကေန ပံုစံယူထားတာပါ။ ACU ဝတ္စံုျပည့္မွာ အထူးျပဳလုပ္ထားတဲ့ ေျခအိတ္၊ တီရွပ္၊ ကုတ္၊ ေဘာင္းဘီ၊ Combat Boots နဲ႔ Patrol Cap ေတြ ပါဝင္ပါတယ္။

Operational Camouflage Pattern (2015)

ေအာက္တုိဘာလ ၁ ရက္မွာ စတင္က်င့္သံုးရမယ့္ ACU Pattern ကေတာ့ နယ္ေျမေပၚမူတည္ျပီး ေျပာငး္လဲပါတယ္။ အစိမ္း၊ Beiges ၊ အညိဳ၊ အစိမ္းနဲ႔ မီးခုိးလို အေရာင္ ေလးမ်ိဳးကေန ေျခာက္မ်ိဳးအထိ ပါဝင္ပါတယ္။

အေမရိကန္စစ္တပ္လိုပဲ ျမန္မာ့တပ္မေတာ္လည္း ေခတ္အဆက္ဆက္ယူနီေဖာင္းေတြ ေျပာင္းလဲခဲ့တာေတြ ရွိပါတယ္။ ဒါေတြကိုလည္း အခါအခြင့္သင့္ရင္ ဆက္လက္တင္ျပေပးသြားပါဦးမယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : Business Insider
[Unicode]

US စစ်တပ်ရဲ့ ခေတ်အဆက်ဆက်ပြောင်းလဲလာတဲ့ တိုက်ပွဲဝင်စစ်ဝတ်စုံများ

US စစ်တပ်ဟာ စစ်သားအားလုံးအတွက် Operational Camourflage Pattern နဲ့ Army Combat Uniform ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်ဝတ်ဆင်ဖို့ သတ်မှတ်ခဲ့ပါတယ်။ ဒီ တိုက်ပွဲဝင်ဝတ်စုံဟာ ခေတ်သစ်တိုက်ပွဲတွေအတွက် အထူးချုပ်လုပ်ထားတဲ့ ဝတ်စုံလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက ပြောင်းလဲမှုသေးသေးလေးသာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၂ နှစ်အကြာ ၁၇၇၆ ခုနှစ် US က Great Britain ကနေ ပြည်နယ်အချို့လွတ်လပ်ရေးယူစဉ်အချိန်တည်းကနေ အခုထိ စစ်ဝတ်ယူနီဖောင်းတွေ အမျိုးမျိုးပြောင်းလဲလာခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီတုန်းက ခေတ်၊ စနစ်၊ တိုက်ပွဲဝင်ရတဲ့ အခြေအနေ၊ နေရာဒေသပေါ်မူတည်ပြီး တချို့ဝတ်စုံတွေကို နည်းနည်းပဲ ပြောင်းလဲခဲ့တာ ဖြစ်ပေမယ့် တချို့ဝတ်စုံတွေကတော့ သိသိသာသာ ကြီးပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုတွေ ပြောင်းလဲခဲ့သလဲဆိုရင်တော့ ဓာတ်ပုံအဟောင်းတွေနဲ့ ပြန်လည်သရုပ်ပြပုံတွေကနေ တစ်ဆင့် အခုလို ခြေရာကောက်နိုင်ပါတယ်။

Revolutionary War (1775)

Revolutionary War အတွင်းမှာတော့ US စစ်တပ်ရဲ့ ယူနီဖောင်း ဗြိတိသျှတပ်မတော်ယူနီဖောင်းကိုပဲ အခြေခံထားခဲ့တာ ဖြစ်ပါတယ်။  အပြာရောင်ကုတ်အကျီနဲ့ အဖြူရောင်အတွင်းခံနဲ့ Waistcoats တွေပါ ပါဝင်ပါတယ်။

War of 1812 (1812)

၁၈၁၂ ခုနှစ်စစ်ပွဲမှာတော့ US စစ်တပ်ဟာ သူတို့ရဲ့ ယူနီဖောင်းတွေကို တသမတ်တည်းဖြစ်ဖို့နဲ့ ခေတ်မီစေဖို့ ပြင်ဆင်ခဲ့ပါတယ်။ ကော်လာထောင်အမြင့်ပုံစံ၊ အကျီၤကြယ်သီးကို ရှေ့မှာတပ်တဲ့ ပုံစံနဲ့ အပြာရောင်သိုးမွှေးကုတ်ထပ်ဝတ်တဲ့ ပုံစံပါ။ တချို့နေရာတွေမှာ အပြာရောင်သိုးမွှေးမရရင်တော့ မီးခိုးရောင်သိုးမွှေးကို ဝတ်ဆင်ကြပါတယ်။ ဒီဝတ်စုံကိတော့ ‘Tombstone’ Shako Caps လို့ ခေါ်တဲ့ ဦးထုပ်ရှည်တွေနဲ့ တွဲဖက်ဝတ်ဆင်ကြပါတယ်။

Mexican-American War (1845)

၁၈၄၅ ခုနှစ် မက်ဆီကန်-အမေရိကန်စစ်ပွဲမှာတော့ US စစ်တပ်ယူနီဖောင်းကို ထပ်ပြီးပြောင်းလဲမှုလုပ်ခဲ့ပါတယ်။ ဘောင်းဘီမှာ ဒေါင်လိုက်လိုင်းတွေ၊ အဝါရောင်ဖော်ပြထားတဲ့ ရာထူးပြအမှတ်တံဆိပ်တွေ ပါဝင်ခဲ့ပါတယ်။ Tombstone Caps တွေကိုတော့ Forage Folding Caps တွေနဲ့ အစားထိုးခဲ့ပါတယ်။

Civil War (1861)

အမေရိကန်ပြည်တွင်းစစ်အတွင်းမှာတော့ မက်ဆီကန်-အမေရိကန်စစ်ပွဲတုန်းက ဝတ်ခဲ့တဲ့ ယူနီဖောင်းကို ပြောင်းလဲမှုနည်းနည်းလုပ်ခဲ့ပါတယ်။  မတူညီတဲ့ ဦးထုပ်ပုံစံအမျိုးမျိုးကို ဆောင်းခဲ့ကြပြီး သူတို့ရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကို ဖော်ပြဖို့ ကြေးဝါတံဆိပ်တွေ စသုံးခဲ့ကြပါပြီ။

Spanish-American War (1898)

စပိန်-အမေရိကန်စစ်ပွဲမှာတော့ အကြီးစားပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယူနီဖောင်းတွေကို ကာကီရောင်တွေနဲ့ အစားထိုးခဲ့ပြီး ဒီလို အစားထိုးတာကတော့ ဗြိတိသျှတွေဆီက မှီငြမ်းယူထားတာ ဖြစ်ပါတယ်။ ယူနီဖောင်းတွေရဲ့ အသားတွေကိုလည်း သိုးမွှေးကနေ ချည်ထည်ကို ပြောင်းခဲ့ပြီး Special Campaign Hats တွေ ပြောင်းလဲဝတ်ဆင်ခဲ့ပါတယ်။ ၁၈၉၈ ခုနှစ်နဲ့ ၁၈၉၉ ကြားမှာတော့ Khaki Field Service Coats တွေဟာ အနည်းဆုံး Patterns ၄ ခုနဲ့ အထက် ရှိလာပါပြီ။

World War I (1914)

ပထမကမ္ဘာစစ်ပွဲမှာ သုံးတဲ့ ယူနီဖောင်းတွေကတော့ အများသိပြီးသားဖြစ်မှာပါ။ စပိန်-အမေရိကန်စစ်ပွဲက ကာကီရောင်ဝတ်စုံပုံဖြစ်ပြီး Color Tone ကိုပဲ အညိုကနေ Olive ရောင်နည်းနည်းပြောင်းခဲ့ပါတယ်။ သူတို့ရဲ့ ခြေထောက်ကို ကာကွယ်ဖို့နဲ့ စစ်ပွဲမှာ သုံးဖို့အတွက် ပတ်တီးတွေကို ခြေထောက်မှာ စည်းနှောင်ထားပြီး ဗြိတိသျှတွေဆီက ဆက်ခံထားတဲ့ Brodie Helmet ကို ဆောင်းခဲ့ကြပါတယ်။

World War II (1939)

ဒုတိယကမ္ဘာစစ်ပွဲမှာလည်း ပထမကမ္ဘာစစ်ကလို ယူနီဖောင်းတွေကိုပဲ သုံးခဲ့ပြီး Brodie Helmet အစား M1 Helmet ကို အစားထိုးခဲ့ပါတယ်။ Windbreaker ကုတ်အကျီတွေ ဝတ်ဆင်ခဲ့ပြီး လေထီးခုန်တဲ့နေရာမှာ သုံးတဲ့ Jumper Coats တွေပါ ဝတ်ဆင်လာခဲ့ကြပါပြီ။

Korean War (1950) and Vietnam War (1955)

ကိုရီးယားစစ်ပွဲနဲ့ ဗီယက်နမ်စစ်ပွဲမှာ သုံးတဲ့ US စစ်တပ်ယူနီဖောင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ်မှာ US စစ်တပ်ဟာ Olive Green အရောင် ယူနီဖောင်းတွေ သုံးခဲ့ပြီး ကိုရီးယားစစ်ပွဲဟာ ခြေလျင်နဲ့ တိုက်ပွဲဝင်သုံး Cargo Packs တွေ စတင်မြင်တွေ့တဲ့စစ်ပွဲလည်း ဖြစ်ပါတယ်။

Desert Storm (1990)

၁၉၉၀ ခုနှစ်မှာ ဖြစ်တဲ့ Desert Strom မှာတော့ စစ်တပ်မှာတော့ Camouflage Patterns ကို အများကြီး လုပ်လာကြပါတယ်။ ပထမဦးဆုံးမှာတော့ အရောင် ၃ ရောင်ရှိတဲ့ Desert Patterns နဲ့စခဲ့ပြီး ယူနီဖောင်းအသစ်တွေမှာ ကော်လာဆိုဒ်ကိုလည်း လျှော့ချလိုက်ပါတယ်။

Army Combat Uniform (2004)

US စစ်တပ်ဟာ ၁၉၉၁ ခုနှစ်တည်းက Camouflage Patterns တွေကို ပြောင်းလဲလာလိုက်တာ ၂၀၀၄ ခုနှစ်မှာတော့ စစ်တပ်ဟာ Army Combat Uniform (ACU) ကို မိတ်ဆက်ခဲ့ပြီး Marine’s Digital Pattern Uniform ကနေ ပုံစံယူထားတာပါ။ ACU ဝတ်စုံပြည့်မှာ အထူးပြုလုပ်ထားတဲ့ ခြေအိတ်၊ တီရှပ်၊ ကုတ်၊ ဘောင်းဘီ၊ Combat Boots နဲ့ Patrol Cap တွေ ပါဝင်ပါတယ်။

Operational Camouflage Pattern (2015)

အောက်တိုဘာလ ၁ ရက်မှာ စတင်ကျင့်သုံးရမယ့် ACU Pattern ကတော့ နယ်မြေပေါ်မူတည်ပြီး ပြောင်းလဲပါတယ်။ အစိမ်း၊ Beiges ၊ အညို၊ အစိမ်းနဲ့ မီးခိုးလို အရောင် လေးမျိုးကနေ ခြောက်မျိုးအထိ ပါဝင်ပါတယ်။

အမေရိကန်စစ်တပ်လိုပဲ မြန်မာ့တပ်မတော်လည်း ခေတ်အဆက်ဆက်ယူနီဖောင်းတွေ ပြောင်းလဲခဲ့တာတွေ ရှိပါတယ်။ ဒါတွေကိုလည်း အခါအခွင့်သင့်ရင် ဆက်လက်တင်ပြပေးသွားပါဦးမယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : Business Insider