DayZ Game က ARMA ကနေခွဲထွက်ပြီးကိုယ်ပိုင် Game တစ်ခုဖြစ်လာတဲ့အချိန်မှာတော့တခြား Developer တွေဟာ Greene ရဲ့ Mod game တွေဘယ်လောက်အောင်မြင်နေတယ်ဆိုတာ သတိထားမိလာပါတယ်။
ဒီနေ့ခေတ်မှာDay Break လို့လူသိများတဲ့ Sony Online Entertainment ဟာ DayZ Game နဲ့ပတ်သတ်ပြီး Greene ကိုငှါးခဲ့ပါတယ်။ အဲ့နောက်မှာတော့ H1Z1 King of the Kill ဆိုပြီးဖြစ်လာခဲ့ပါတယ်။ 2016 February မှာတော့ Greene ဟာအလုပ်ပြောင်းခဲ့ပါတယ်။ Korea Game Designer Chang Han Kimနဲ့ လက်တွဲပြီး Battle Royale Game တစ်ခုကိုထုတ်နိုင်ဖို့ Korea ကိုထွက်ခွာခဲ့ပါတယ်။ Chang Han Kim ဟာ Blue Hole အတွက်အလုပ်လုပ်နေခဲ့ပြီးမကြာခင်မှာ Blue Hole ရဲ့ creative Director ဖြစ်လာခဲ့ပါတယ်။ Greene နဲ့ Kim ဟာသူတို့အိပ်မက်ထဲက Game ကိုစတင်အကောင်အထည်ဖော်ပါတော့တယ်။ နှစ်ယောက်သားဟာ Game ကိုတစ်နှစ်အတွင်းအချောသတ်နိုင်ဖို့ ကြိုးစားကြပါတယ်။ ဒီလိုနဲ့ 2016 အစောပိုင်းမှာတော့ ဂိမ်းကိုစတင်နိုင်ခဲ့ပြီး အကုန်အကျသက်သာပြီး ကစားသူတွေအဆင်ပြေနိုင်အောင်ရည်ရွယ်ပြီးထုတ်လုပ်ခဲ့ပါတယ်။ စစထုတ်ချင်းမှာတော့ Game ကအသေးစားလေးသာဖြစ်ပြီးမြေပုံတစ်ခု Mode တစ်ခုနဲ့ အသုံးဝင်တဲ့လက်နက် အနည်းငယ်သာပါရှိပါတယ်။ ဒီလိုနဲ့ တခြားMod Game တွေတဖြည်းဖြည်းနာမည်ကျလာခဲ့ပါတယ်။ Battleground ဟာတခြားဈေးကြီးတဲ့ Shooting Gameတွေကြားထဲမှာ ရေပန်းစားလာခဲ့ပါတယ်။ Greene ဟာတခြား Map အသစ်တွေထုတ်နိုင်ဖို့ကြိုးစားနေခဲ့ပါတယ်။ ထူးခြားတဲ့မြေမျက်နှာသွင်ပြင်နဲ့ ကျယ်ပြန့်တဲ့နေရာစတာတွေကြောင့် Battleground ဟာလူကြိုက်များလာခဲ့ပါတယ်။

$20 ပေးရုံနဲ့ဒီလိုစိတ်လှုပ်ရှားဖွယ်အသက်လုပွဲကိုကစားနိုင်မှာပဲဖြစ်ပါတယ်။ အပါတ်တိုင်း Player အရေအတွက်တွေတိုးပွားလာပြီး စစထုတ်ချင်းလေးလထဲမှာတင် ကစားပွဲအရေအတွက် 10 Million ကျော်ခဲ့ပါတယ်။ သုံးရက်အတွင်းမှာတင် 11 Million Dollars ရတဲ့အထိဝင်ငွေကောင်းခဲ့ပါတယ်။ April လရောက်တဲ့အခါ အရေအတွက် 1 Million ကျော်ရောင်းချခဲ့ရပြီး တစ်လအကြာမှာ 2 Millions  ၊ နောက်တစ်လအကြာမှာ4 Millions နဲ့ August ရောက်တဲ့အခါမှာတော့ Battleground ဟာ Steam ပေါ်မှာလူဆော့အများဆုံးဂိမ်းဖြစ်လာခဲ့ပါတယ်။ September မှာ Dota2ရဲ့ recordကိုတောင်ချိုးနိုင်ခဲ့ပါတယ်။ October ရောက်တဲ့အခါ Steam Player အရေအတွက် 2 Millionsကျော်အထိရောက်ရှိခဲ့ပါတယ်။ ဒီ့နောက်မှာတော့ တောင်ကိုရီးယားမှာနာမည်အကြီးဆုံး PC Game ဖြစ်လာခဲ့ပါတယ်။ PC King ဖြစ်တဲ့ League of Legends ကိုတောင်အနိုင်ယူနိုင်ခဲ့ပါတယ်။ Game Copies ပေါင်း 2 Millions ရောင်းချရတဲ့အထိနာမည်ကြီးလာတဲ့အခါမှာ Blue Hole က Tournament တစ်ခုကျင်းပပေးခဲ့ပါတယ်။ သုံးလအကြာမှာESL က Major Tournament ပွဲကျင်းပပေးခဲ့ပြီးအနာဂါတ်မှာ eSports Game တစ်ခုဖြစ်လာနိုင်အောင်အုတ်မြစ်ရိုက်ပေးခဲ့ပါတယ်။ Greene ရဲ့ရည်ရွယ်ချက်ပထမအဆင့်အောင်မြင်ခဲ့ပါတယ်။ Battleground ကို eSports game ဖြစ်လာနိုင်မလားလို့ လူတွေကမေးခွန်းထုတ်ကြပါတယ်။

ဒီနေရာမှာအဓိကပြသနာကအထောက်အပံ့လိုတာပါပဲ။ Player အယောက်တစ်ရာကိုစုပြီးချိတ်ဆက်ကစားခိုင်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ Battleground ဟာ eSport အပြင်တခြားနေရာတွေကိုလည်းထိုးဖောက်လာပါတယ်။ ဂိမ်းဟာတစ်နေ့ထက်တစ်နေ့ရောင်းအားကောင်းလာပြီး Company အကြီးကြီးတွေတောင်မျက်စိကျလာပါတယ်။ Tencent က Battleground ကိုတရုတ်မှာဖြန့်ချိပေးဖို့သဘောတူခဲ့ပါတယ်။ Facebook က Streaming ကိစ္စနဲ့ပတ်သက်ပြီး Blue Hole နဲ့ပူးပေါင်းခဲ့ပါတယ်။ Battleground ကိုမှီးငြမ်းပြီးထုတ်လုပ်တဲ့ Fortnite လိုဂိမ်းတွေလည်းထွက်လာခဲ့ပါတယ်။ Battlegroundရဲ့အနာဂတ်တစ်နှစ်ထက်တစ်နှစ်ပိုပြီး အလားအလာကောင်းလာပါပြီ။ ဂျပန်ရုပ်ရှင်ကားတစ်ခုကနေ အခြေတည်ခဲ့တဲ့ PUBG ဟာ အခုဆိုရင်တော့ PC ရော Mobile မှာသာမက သက်ဆိုင်ရာ Game Platform အသီးသီးမှာ အောင်မြင်စွာရပ်တည်နေပြီဖြစ်ပါတယ်။

အပိုင်း ၁ ကိုဒီနေရာမှာဖတ်ရှုနိုင်ပါတယ်

SiD (Akhayar)