[Zawgyi]

ကမာၻ႕စီးပြားပ်က္ကပ္ဆိုက္ခ်ိန္မွာ အဖိုးတန္အစားအစာျဖစ္ခဲ့တဲ့ ေပါက္ေပါက္ရဲ႕အေၾကာင္း

ေပါက္ေပါက္ဘယ္ကစ

အနံ႔ကိုက ေမႊးအီေနၿပီး အန႔ံရရံုနဲ႔ အရသာဘယ္လိုရွိမယ္ဆုိတာ ႀကိဳသိႏိုင္တဲ့သြားေရစာမ်ိဳးကို စားဖူးၾကလားမသိဘူး။ ဘယ္လိုသြားေရစာမ်ိဳးျဖစ္မယ္ထင္လဲ။ ေသခ်ာတာေပါ့၊ ေျပာင္းဖူးေစ့ကို အပူေပးၿပီး ေျပာင္းဖူးအသားေလးေတြကို ပြပြရြရြေလးျဖစ္ေအာင္ ေဖာက္ထားတဲ့ ေပါက္ေပါက္ပဲျဖစ္ပါတယ္။ ေပါက္ေပါက္ကိုမႀကိဳက္ရင္သာေနမယ္၊ မစားဖူးတဲ့သူေတာ့ မရွိသေလာက္ပါပဲ။ ရုပ္ရွင္ၾကည့္ရင္း အပ်င္းေျပစားၾကသလို အေစးက်ေအာင္က်ိဳထားတဲ့ သၾကားနဲ႔ ေထာပတ္ေရာၿပီး ေျပာင္းဖူးကို ေဖာက္ထားတဲ့အတြက္ အရသာက ခ်ိဳခ်ိဳအီအီေလးျဖစ္ေနပါတယ္။ ကေလးေတြ အထူးႏွစ္ၿခိဳက္တဲ့ သြားေရစာတစ္မ်ိဳးေပါ့။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

အခုေတာ့ ဒီေပါက္ေပါက္ဆိုတဲ့ သြားေရစာဟာ ဘယ္အခ်ိန္ကစၿပီးေပၚလာတာလဲ၊ ဘယ္သူကစၿပီး တီထြင္လိုက္တာလဲဆိုတာကို ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးခ်င္ပါတယ္။ သမိုင္းေၾကာင္းကိုသိထားေတာ့ စားတဲ့အခါ အလကားအပ်င္းေျပမဟုတ္ေတာ့ဘဲ ဒီလိုသြားေရစာကို ဒီလိုအရသာခံစားရတယ္ဆိုတာမ်ိဳး သိသြားမယ္လို႔ထင္ပါတယ္။

ဒီေပါက္ေပါက္ဆိုတဲ့ သြားေရစာဟာ သကၠရာဇ္ ၁၈၀၀ ခုႏွစ္ရဲ႕ အလယ္ေလာက္မွာစတင္ေပၚေပါက္လာခဲ့တယ္လို႔ သိရပါတယ္။ တကယ္ေတာ့ ေပါက္ေပါက္က ရုပ္ရွင္ရံုေရာက္ရင္ စားရတဲ့ ရိုးရာအစားအစာတစ္ခုလို ျဖစ္ေနေပမယ့္ မူရင္းေပါက္ေပါက္စားတဲ့အေလ့အထဟာ ဘရင္ဂ်ီလူမ်ဳိးေတြရဲ႕ ညဦးပိုင္းေနာက္က်မွစားတဲ့ သြားေရစာ၊ ဆုေတာင္းပြဲေတြမွာ တည္ခင္းတဲ့မုန္႔အျဖစ္ စတင္ခဲ့တာျဖစ္ပါတယ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

၁၈၈၅ ခုႏွစ္ေလာက္မွာ သစ္သီးဆံ၊ သစ္သီးေစ့ေတြကို ေရေႏြးေငြ႕နဲ႔ေလွာ္တာမ်ိဳးနဲ႔စတင္ခဲ့ၿပီး ၁၈၉၀ ျပည့္ႏွစ္ေလာက္မွာေတာ့ အေမရိကန္ကုန္သည္တစ္ဦးျဖစ္တဲ့ Charles Cretors ဆိုသူက ေပါက္ေပါက္ေဖာက္တဲ့စက္ကို အေမရိကန္ႏိုင္ငံ၊ ခ်ီကာဂိုၿမိဳ႕မွာ စၿပီးတည္ေဆာက္ၿပီး စီးပြားေရးလုပ္ငန္းတစ္ခုအေနနဲ႔ လုပ္ကိုင္ခဲ့ရာကေန ေပါက္ေပါက္ဆိုတဲ့ သြားေရစာဟာ လူသိမ်ားလာခဲ့ပါတယ္။ ရုပ္ရွင္ရံုေတြကို ေပါက္ေပါက္စေရာက္လာခဲ့ပံုကေတာ့ ရံုပိုင္ရွင္ေတြက ရုပ္ရွင္ရံုထဲမွာ အသံဆူဆူညံညံျဖစ္ေစမယ့္ သြားေရစာေတြကို မယူလာေစခ်င္ၾကသလို ေပါက္ေပါက္ကလည္း ေစ်းလည္းသက္သာၿပီး အသံလည္းမဆူညံတဲ့အတြက္ ရုပ္ရွင္ရံုမွာ တျခားမုန္႔ေတြထက္ ေပါက္ေပါက္ကိုသာ စားျဖစ္ေအာင္ Target ထားေရာင္းခ်ရင္းကေန ေပါက္ေပါက္ဟာ ရုပ္ရွင္ရံုမွာ စားရမယ့္သြားေရစာတစ္ခုလို ျဖစ္လာခဲ့ပါတယ္။

Popcorn

Popcorn

ဒါ့အျပင္ ကမာၻ႔စီးပြားပ်က္ကပ္ႀကီးဆိုက္ခဲ့တဲ့ ၁၉၃၀ ခုႏွစ္ေလာက္မွာ ေပါက္ေပါက္ဟာ နာမည္ႀကီး သြားေရစာတစ္ခုျဖစ္လာပါတယ္။အေမရိကန္က သူ႔ႏိုင္ငံသားေတြရဲ႕ဆင္းရဲႏြမ္းပါးမႈအတြက္ ႏိုင္ငံရဲ႕စီးပြားေရးက႑ကို အသဲအသန္ထူေထာင္ေနရတဲ့အခ်ိန္ ျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ လူေတြဟာ ကမာၻ႔စီးပြားပ်က္ကပ္ႀကီးရဲ႕ ခါးသီးတဲ့ဒဏ္ေတြကို ေမ့ေလ်ာ့ဖို႔ ေစ်းေပါတဲ့ရုပ္ရွင္နဲ႔ ေဖ်ာ္ေျဖေရးေနရာေတြကိုသြားၿပီး ၾကမ္းတမ္းတဲ့အခ်ိန္ေတြကို ျဖတ္သန္းခဲ့ၾကပါတယ္။

ယခင္တုန္းက ရုပ္ရွင္ရံုေတြက ေပါက္ေပါက္လုပ္တဲ့စက္ေတြဟာ အျပင္လမ္းေပၚမွာ ေပါက္ေပါက္ေရာင္းတဲ့သူေတြေလာက္ သိပ္ၿပီးနာမည္မႀကီးခဲ့ပါဘူး။ ဒါေပမဲ့ ေနာက္ပိုင္းမွာ ရုံပိုင္ရွင္ေတြက ရုပ္ရွင္ရံုရဲ႕အျပင္မွာ ေပါက္ေပါက္ေရာင္းတာေတြကို ခြင့္မျပဳေတာ့ဘဲ ရုပ္ရွင္ရံုကေပါက္ေပါက္ရဲ႕ ေရာင္းအားကို ျမႇင့္တင္ခဲ့ပါတယ္။ ရုပ္ရွင္ရံုလက္မွတ္တန္ဖိုးကို ေလွ်ာ့ခ်ၿပီး ရုပ္ရွင္ရံုထဲ လူေရာက္ေအာင္လုပ္ျခင္းအားျဖင့္ ေပါက္ေပါက္ရဲ႕ေရာင္းအားကို ျမႇင့္တင္ခဲ့တာပဲျဖစ္ပါတယ္။ အခုေတာ့ ေပါက္ေပါက္ဟာ ရုပ္ရွင္ရံုကေပါက္ေပါက္၊ အျပင္ကေပါက္ေပါက္ရယ္မဟုတ္ေတာ့ဘဲ ေနရာတိုင္းမွာ အလြယ္တကူဝယ္လို႔ရၿပီး လူတိုင္းစားႏိုင္တဲ့ သြားေရစာျဖစ္ေနပါၿပီ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်ချိန်မှာ အဖိုးတန်အစားအစာဖြစ်ခဲ့တဲ့ ပေါက်ပေါက်ရဲ့အကြောင်း

ပေါက်ပေါက်ဘယ်ကစ

အနံ့ကိုက မွှေးအီနေပြီး အနံ့ရရုံနဲ့ အရသာဘယ်လိုရှိမယ်ဆိုတာ ကြိုသိနိုင်တဲ့သွားရေစာမျိုးကို စားဖူးကြလားမသိဘူး။ ဘယ်လိုသွားရေစာမျိုးဖြစ်မယ်ထင်လဲ။ သေချာတာပေါ့၊ ပြောင်းဖူးစေ့ကို အပူပေးပြီး ပြောင်းဖူးအသားလေးတွေကို ပွပွရွရွလေးဖြစ်အောင် ဖောက်ထားတဲ့ ပေါက်ပေါက်ပဲဖြစ်ပါတယ်။ ပေါက်ပေါက်ကိုမကြိုက်ရင်သာနေမယ်၊ မစားဖူးတဲ့သူတော့ မရှိသလောက်ပါပဲ။ ရုပ်ရှင်ကြည့်ရင်း အပျင်းပြေစားကြသလို အစေးကျအောင်ကျိုထားတဲ့ သကြားနဲ့ ထောပတ်ရောပြီး ပြောင်းဖူးကို ဖောက်ထားတဲ့အတွက် အရသာက ချိုချိုအီအီလေးဖြစ်နေပါတယ်။ ကလေးတွေ အထူးနှစ်ခြိုက်တဲ့ သွားရေစာတစ်မျိုးပေါ့။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

အခုတော့ ဒီပေါက်ပေါက်ဆိုတဲ့ သွားရေစာဟာ ဘယ်အချိန်ကစပြီးပေါ်လာတာလဲ၊ ဘယ်သူကစပြီး တီထွင်လိုက်တာလဲဆိုတာကို ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။ သမိုင်းကြောင်းကိုသိထားတော့ စားတဲ့အခါ အလကားအပျင်းပြေမဟုတ်တော့ဘဲ ဒီလိုသွားရေစာကို ဒီလိုအရသာခံစားရတယ်ဆိုတာမျိုး သိသွားမယ်လို့ထင်ပါတယ်။

ဒီပေါက်ပေါက်ဆိုတဲ့ သွားရေစာဟာ သက္ကရာဇ် ၁၈၀၀ ခုနှစ်ရဲ့ အလယ်လောက်မှာစတင်ပေါ်ပေါက်လာခဲ့တယ်လို့ သိရပါတယ်။ တကယ်တော့ ပေါက်ပေါက်က ရုပ်ရှင်ရုံရောက်ရင် စားရတဲ့ ရိုးရာအစားအစာတစ်ခုလို ဖြစ်နေပေမယ့် မူရင်းပေါက်ပေါက်စားတဲ့အလေ့အထဟာ ဘရင်ဂျီလူမျိုးတွေရဲ့ ညဦးပိုင်းနောက်ကျမှစားတဲ့ သွားရေစာ၊ ဆုတောင်းပွဲတွေမှာ တည်ခင်းတဲ့မုန့်အဖြစ် စတင်ခဲ့တာဖြစ်ပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

၁၈၈၅ ခုနှစ်လောက်မှာ သစ်သီးဆံ၊ သစ်သီးစေ့တွေကို ရေနွေးငွေ့နဲ့လှော်တာမျိုးနဲ့စတင်ခဲ့ပြီး ၁၈၉၀ ပြည့်နှစ်လောက်မှာတော့ အမေရိကန်ကုန်သည်တစ်ဦးဖြစ်တဲ့ Charles Cretors ဆိုသူက ပေါက်ပေါက်ဖောက်တဲ့စက်ကို အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့မှာ စပြီးတည်ဆောက်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်ခဲ့ရာကနေ ပေါက်ပေါက်ဆိုတဲ့ သွားရေစာဟာ လူသိများလာခဲ့ပါတယ်။ ရုပ်ရှင်ရုံတွေကို ပေါက်ပေါက်စရောက်လာခဲ့ပုံကတော့ ရုံပိုင်ရှင်တွေက ရုပ်ရှင်ရုံထဲမှာ အသံဆူဆူညံညံဖြစ်စေမယ့် သွားရေစာတွေကို မယူလာစေချင်ကြသလို ပေါက်ပေါက်ကလည်း ဈေးလည်းသက်သာပြီး အသံလည်းမဆူညံတဲ့အတွက် ရုပ်ရှင်ရုံမှာ တခြားမုန့်တွေထက် ပေါက်ပေါက်ကိုသာ စားဖြစ်အောင် Target ထားရောင်းချရင်းကနေ ပေါက်ပေါက်ဟာ ရုပ်ရှင်ရုံမှာ စားရမယ့်သွားရေစာတစ်ခုလို ဖြစ်လာခဲ့ပါတယ်။

Popcorn

Popcorn

ဒါ့အပြင် ကမ္ဘာ့စီးပွားပျက်ကပ်ကြီးဆိုက်ခဲ့တဲ့ ၁၉၃၀ ခုနှစ်လောက်မှာ ပေါက်ပေါက်ဟာ နာမည်ကြီး သွားရေစာတစ်ခုဖြစ်လာပါတယ်။အမေရိကန်က သူ့နိုင်ငံသားတွေရဲ့ဆင်းရဲနွမ်းပါးမှုအတွက် နိုင်ငံရဲ့စီးပွားရေးကဏ္ဍကို အသဲအသန်ထူထောင်နေရတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ လူတွေဟာ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးရဲ့ ခါးသီးတဲ့ဒဏ်တွေကို မေ့လျော့ဖို့ ဈေးပေါတဲ့ရုပ်ရှင်နဲ့ ဖျော်ဖြေရေးနေရာတွေကိုသွားပြီး ကြမ်းတမ်းတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ကြပါတယ်။

ယခင်တုန်းက ရုပ်ရှင်ရုံတွေက ပေါက်ပေါက်လုပ်တဲ့စက်တွေဟာ အပြင်လမ်းပေါ်မှာ ပေါက်ပေါက်ရောင်းတဲ့သူတွေလောက် သိပ်ပြီးနာမည်မကြီးခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ ရုံပိုင်ရှင်တွေက ရုပ်ရှင်ရုံရဲ့အပြင်မှာ ပေါက်ပေါက်ရောင်းတာတွေကို ခွင့်မပြုတော့ဘဲ ရုပ်ရှင်ရုံကပေါက်ပေါက်ရဲ့ ရောင်းအားကို မြှင့်တင်ခဲ့ပါတယ်။ ရုပ်ရှင်ရုံလက်မှတ်တန်ဖိုးကို လျှော့ချပြီး ရုပ်ရှင်ရုံထဲ လူရောက်အောင်လုပ်ခြင်းအားဖြင့် ပေါက်ပေါက်ရဲ့ရောင်းအားကို မြှင့်တင်ခဲ့တာပဲဖြစ်ပါတယ်။ အခုတော့ ပေါက်ပေါက်ဟာ ရုပ်ရှင်ရုံကပေါက်ပေါက်၊ အပြင်ကပေါက်ပေါက်ရယ်မဟုတ်တော့ဘဲ နေရာတိုင်းမှာ အလွယ်တကူဝယ်လို့ရပြီး လူတိုင်းစားနိုင်တဲ့ သွားရေစာဖြစ်နေပါပြီ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။