[Zawgyi]

လတ္တေလာ Hit ျဖစ္ေနတဲ့ Dolce & Gabbana အတၳဳပၸတိၱ

Celebrities ေတြၾကားထဲမွာ Dolce & Gabbana Brand ဟာ အရမ္းကို သတင္းေမႊးေနတာ အားလံုးပဲ ျမင္မိၾကားမိၾကမွာပါ။ ထုတ္လုပ္သမွ် ပစၥည္းတိုင္းကအမ်ားနဲ႔ ကြဲျပားေနတာကိုလည္း သတိထားမိၾကမွာပါ။ ဖန္တီးထားတဲ့ ဒီဇိုင္းေတြအေပၚမူတည္ျပီးေတာ့လည္း ေစ်းႏႈန္းက အျခား Brand ေတြထက္ ၂ဆေလာက္ကြာေနတာကိုလည္း ေတြ႔ရမွာျဖစ္ပါတယ္။ Dolce & Gabbana ဘယ္လုိ ျဖစ္လာတယ္၊ ဘာေၾကာင့္ ဒီလိုမ်ိဳးသတင္းေမႊးေနတယ္ဆိုတာေတြကို မွ်ေဝေပးသြားမွာျဖစ္ပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

Dolce & Gabbana ဟာ Italian Luxury Fashion Brand ျဖစ္ပါတယ္။ Domenico Dolce နဲ႔ Stefano Gabbana တို႔ ပူူးေပါင္းျပီး ၁၉၈၅ ခုႏွစ္ မွာ စတင္တည္ေထာင္ထားတာျဖစ္ပါတယ္။ တရားဝင္တည္ေထာင္ျဖစ္ခဲ့တာကေတာ့ ဒီလိုပါ။ ၁၉၈၀မွာ ႏွစ္ေယာက္သား Milan ျမိဳ႕မွာ စတင္ေတြ႔ဆံုျဖစ္ရင္း ရည္ရြယ္ခ်က္လည္းထပ္တူက်ေနတဲ့အတြက္ ႏွစ္ေယာက္စိတ္တူကုိယ္တူပူးေပါင္းျပီး ကနဦးအေနနဲ႔ Fashion House တစ္ခုကို တည္ေထာင္ျဖစ္ပါတယ္။ တည္ေထာင္ရင္းကေန တျဖည္းျဖည္းေအာင္ျမင္လာတဲ့အခါမွာ Dolce & Gabbana ဆိုျပီး နာမည္တြင္လာခဲ့ပါတယ္။ ၁၉၈၅ မွာ တရားဝင္တည္ေထာင္ခဲ့တာျဖစ္ျပီး အမ်ိဳးသမီးဝတ္ Collection ကို ပထမဦးဆံုး ထုတ္လုပ္ေရာင္းခ်ခဲ့ၾကပါတယ္။ ဝယ္ယူအားေပးမႈက ထင္မထားတဲ့အတိုင္းအတာအထိကို ေက်ာ္လြန္ျပီး ေအာင္ျမင္ခဲ့ပါတယ္တဲ့။ အားေပးမႈက အတိုင္းမသိပဲျဖစ္လာတဲ့အတြက္ ၁၉၈၈ ခုႏွစ္မွာ Leotard Line ကို ထုတ္လုပ္ခဲ့ျပီး ၁၉၈၉ ခုႏွစ္မွာေတာ့ Underwear နဲ႔ ေရကူးဝတ္စံုတို႔ကို ဆက္လက္ ျဖန္႔ခ်ိခဲ့ပါတယ္။

dolce and gabbana

Source : designscene.net

ဒီလိုနဲ႔ပဲ Milan မွာ ေရာင္းခ်ရာကေန Japan ၊ America နဲ႔ တျခားႏုိင္ငံေတြကို စတင္ျဖန္႔ခ်ိခဲ့ပါတယ္။ တျဖည္းျဖည္း ေစ်းကြက္စီးပြားေရးက်ယ္ျပန္႔လာရင္းကေန ၁၉၉၀ မွာ သူတို႔အတြက္ Official Showroom ကို America မွာ အေျခစိုက္ျဖစ္ခဲ့ပါတယ္။ ၁၉၉၂ ခုႏွစ္မွာေတာ့ ေယာက်ား္ဝတ္ Collection ေတြကို စတင္ျဖန္႔ခ်ိခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ၁၉၉၂ခုႏွစ္မွာပဲ Dolce & Gabbana Perfume ကို စတင္မိတ္ဆက္ေရာင္းခ်ခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ၾကိဳးစားအားထုတ္မႈေၾကာင့္ ၁၉၉၁ခုႏွစ္မွာ Australian Wool Innovation Limited က ခ်ီးေျမွာက္တဲ့ Woolmark License and Trademark ဆုကို ရရွိခဲ့ပါတယ္။ ဒါ့အျပင္ “တစ္ႏွစ္တာ အမ်ိဳးသမီးေတြအားလံုးရဲ႕ အၾကိဳက္ႏွစ္သက္ဆံုး ေရေမႊးရနံ႔အမွတ္တံဆိပ္” ကို ၁၉၉၃ခုႏွစ္မွာ Dolce & Gabbana Parfum က ဆြတ္ခူးရရွိခဲ့ပါတယ္။

အခုလို ဆုတံဆိပ္ေတြရရွိခဲ့ရာကေန ဆက္ျပီး ၾကိဳးစားေအာင္ျမင္ေအာင္ လုပ္ေဆာင္ခဲ့တဲ့အတြက္ ၁၉၉၀ အကုန္ပိုင္းကစျပီး ကုမၸဏီ ဝင္ေငြဟာ အေမရိကန္ ေဒၚလာ သန္း၅၀၀ အထိ တိုးတက္လာခဲ့ပါတယ္။ ၂၀၀၃ခုႏွစ္မွာ သန္း ၆၃၃ေဒၚလာအထိ ဝင္ေငြတိုးတက္လာခဲ့ေၾကာင္းသိရွိရပါတယ္။ ၂၀၀၅ခုႏွစ္မွာေတာ့ ယူရို သန္း ၆၀၀ အထိ ကုမၸဏီဝင္ေငြ သိသိသာသာကို တိုးတက္ျပီး ေအာင္ျမင္လာခဲ့ပါတယ္။ အခုလို ေအာင္ျမင္မႈေတြ အဆမတန္ၾကီးမားလာတဲ့အခါမွာ Dolce & Gabbana ကို ၂၀၁၂ခုႏွစ္ မတိုင္ခင္အထိ အေခၚအေဝၚ ႏွစ္မ်ိဳးကြဲျပားခဲ့ပါတယ္။ Dolce & Gabbana နဲ႔ D&G ဆိုျပီး ကြဲျပားပါတယ္။

dolce and gabbana

Source : atelierchristine.com

Dolce & Gabbana ဟာ တကယ့္ကို အဆင့္ျမင့္လူဝတ္လူသံုးကုန္ပစၥည္းေတြကို အသားေပးျပီး ထုတ္လုပ္ေရာင္းခ်တာျဖစ္ပါတယ္။ Classic ပံုစံမ်ိဳးေတြ၊ Formal ဒီဇိုင္းေတြကို အဓိကထား ဦးစားေပးျပီး ျဖန္႔ခ်ိေနတာကို ေလ့လာေတြ႔ရွိနုိင္ပါတယ္။ D&G အေခၚအေဝၚကေတာ့ လူငယ္ပိုင္းကိုအဓိကရည္စူးျပီး ျဖန္႔ခ်ိတယ္လို႔ ခံစားမိပါတယ္။ အခုလိုမ်ိဳး အေခၚအေဝၚ ႏွစ္မိ်ဳးကြဲျပားေနျခင္းကို ၂၀၁၁ ခုႏွစ္မွာ ဖ်က္သိမ္းလိုက္ပါတယ္လို႔သိရွိၾကပါတယ္။ ဒီလုိဖ်က္သိမ္းလိုက္တဲ့ရည္ရြယ္ခ်က္ကေတာ့ Dolce & Gabbana Brand တစ္ခုတည္းကိုပဲ လူေတြရဲ႕ အသည္း ႏုလံုးထဲမွာ စဲြေနေစခ်င္တဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္လို႔လည္း ဖ်က္သိမ္းတဲ့အခ်ိန္ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

Dolce & Gabbana ဟာ Celebrities ေတြသာမက လူတိုင္းအားလံုးရဲ႕ Fairy Godmother လို႔ေခၚဆိုႏိုင္ေလာက္ေအာင္ တစ္ကိုယ္လံုးမွာ လူေတြဝတ္ဆင္ၾကသမွ် အက်ီၤအဝတ္အစားနဲ႔ Accessories ေတြ အားလံုးကို Fashion Ideas အလန္းေတြနဲ႔ ျဖန္႔ခ်ိေရာင္းခ်ေနတဲ့ Luxury Fashion Brand တစ္ခုပဲျဖစ္ပါတယ္။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လတ်တလော Hit ဖြစ်နေတဲ့ Dolce & Gabbana အတ္ထုပ္ပတ္တိ

Celebrities တွေကြားထဲမှာ Dolce & Gabbana Brand ဟာ အရမ်းကို သတင်းမွှေးနေတာ အားလုံးပဲ မြင်မိကြားမိကြမှာပါ။ ထုတ်လုပ်သမျှ ပစ္စည်းတိုင်းကအများနဲ့ ကွဲပြားနေတာကိုလည်း သတိထားမိကြမှာပါ။ ဖန်တီးထားတဲ့ ဒီဇိုင်းတွေအပေါ်မူတည်ပြီးတော့လည်း ဈေးနှုန်းက အခြား Brand တွေထက် ၂ဆလောက်ကွာနေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ Dolce & Gabbana ဘယ်လို ဖြစ်လာတယ်၊ ဘာကြောင့် ဒီလိုမျိုးသတင်းမွှေးနေတယ်ဆိုတာတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

Dolce & Gabbana ဟာ Italian Luxury Fashion Brand ဖြစ်ပါတယ်။ Domenico Dolce နဲ့ Stefano Gabbana တို့ ပူူးပေါင်းပြီး ၁၉၈၅ ခုနှစ် မှာ စတင်တည်ထောင်ထားတာဖြစ်ပါတယ်။ တရားဝင်တည်ထောင်ဖြစ်ခဲ့တာကတော့ ဒီလိုပါ။ ၁၉၈၀မှာ နှစ်ယောက်သား Milan မြို့မှာ စတင်တွေ့ဆုံဖြစ်ရင်း ရည်ရွယ်ချက်လည်းထပ်တူကျနေတဲ့အတွက် နှစ်ယောက်စိတ်တူကိုယ်တူပူးပေါင်းပြီး ကနဦးအနေနဲ့ Fashion House တစ်ခုကို တည်ထောင်ဖြစ်ပါတယ်။ တည်ထောင်ရင်းကနေ တဖြည်းဖြည်းအောင်မြင်လာတဲ့အခါမှာ Dolce & Gabbana ဆိုပြီး နာမည်တွင်လာခဲ့ပါတယ်။ ၁၉၈၅ မှာ တရားဝင်တည်ထောင်ခဲ့တာဖြစ်ပြီး အမျိုးသမီးဝတ် Collection ကို ပထမဦးဆုံး ထုတ်လုပ်ရောင်းချခဲ့ကြပါတယ်။ ဝယ်ယူအားပေးမှုက ထင်မထားတဲ့အတိုင်းအတာအထိကို ကျော်လွန်ပြီး အောင်မြင်ခဲ့ပါတယ်တဲ့။ အားပေးမှုက အတိုင်းမသိပဲဖြစ်လာတဲ့အတွက် ၁၉၈၈ ခုနှစ်မှာ Leotard Line ကို ထုတ်လုပ်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာတော့ Underwear နဲ့ ရေကူးဝတ်စုံတို့ကို ဆက်လက် ဖြန့်ချိခဲ့ပါတယ်။

dolce and gabbana

Source : designscene.net

ဒီလိုနဲ့ပဲ Milan မှာ ရောင်းချရာကနေ Japan ၊ America နဲ့ တခြားနိုင်ငံတွေကို စတင်ဖြန့်ချိခဲ့ပါတယ်။ တဖြည်းဖြည်း ဈေးကွက်စီးပွားရေးကျယ်ပြန့်လာရင်းကနေ ၁၉၉၀ မှာ သူတို့အတွက် Official Showroom ကို America မှာ အခြေစိုက်ဖြစ်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ ယောကျာ်းဝတ် Collection တွေကို စတင်ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၉၂ခုနှစ်မှာပဲ Dolce & Gabbana Perfume ကို စတင်မိတ်ဆက်ရောင်းချခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ၁၉၉၁ခုနှစ်မှာ Australian Wool Innovation Limited က ချီးမြှောက်တဲ့ Woolmark License and Trademark ဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် “တစ်နှစ်တာ အမျိုးသမီးတွေအားလုံးရဲ့ အကြိုက်နှစ်သက်ဆုံး ရေမွှေးရနံ့အမှတ်တံဆိပ်” ကို ၁၉၉၃ခုနှစ်မှာ Dolce & Gabbana Parfum က ဆွတ်ခူးရရှိခဲ့ပါတယ်။

အခုလို ဆုတံဆိပ်တွေရရှိခဲ့ရာကနေ ဆက်ပြီး ကြိုးစားအောင်မြင်အောင် လုပ်ဆောင်ခဲ့တဲ့အတွက် ၁၉၉၀ အကုန်ပိုင်းကစပြီး ကုမ္ပဏီ ဝင်ငွေဟာ အမေရိကန် ဒေါ်လာ သန်း၅၀၀ အထိ တိုးတက်လာခဲ့ပါတယ်။ ၂၀၀၃ခုနှစ်မှာ သန်း ၆၃၃ဒေါ်လာအထိ ဝင်ငွေတိုးတက်လာခဲ့ကြောင်းသိရှိရပါတယ်။ ၂၀၀၅ခုနှစ်မှာတော့ ယူရို သန်း ၆၀၀ အထိ ကုမ္ပဏီဝင်ငွေ သိသိသာသာကို တိုးတက်ပြီး အောင်မြင်လာခဲ့ပါတယ်။ အခုလို အောင်မြင်မှုတွေ အဆမတန်ကြီးမားလာတဲ့အခါမှာ Dolce & Gabbana ကို ၂၀၁၂ခုနှစ် မတိုင်ခင်အထိ အခေါ်အဝေါ် နှစ်မျိုးကွဲပြားခဲ့ပါတယ်။ Dolce & Gabbana နဲ့ D&G ဆိုပြီး ကွဲပြားပါတယ်။

dolce and gabbana

Source : atelierchristine.com

Dolce & Gabbana ဟာ တကယ့်ကို အဆင့်မြင့်လူဝတ်လူသုံးကုန်ပစ္စည်းတွေကို အသားပေးပြီး ထုတ်လုပ်ရောင်းချတာဖြစ်ပါတယ်။ Classic ပုံစံမျိုးတွေ၊ Formal ဒီဇိုင်းတွေကို အဓိကထား ဦးစားပေးပြီး ဖြန့်ချိနေတာကို လေ့လာတွေ့ရှိနိုင်ပါတယ်။ D&G အခေါ်အဝေါ်ကတော့ လူငယ်ပိုင်းကိုအဓိကရည်စူးပြီး ဖြန့်ချိတယ်လို့ ခံစားမိပါတယ်။ အခုလိုမျိုး အခေါ်အဝေါ် နှစ်မျိုးကွဲပြားနေခြင်းကို ၂၀၁၁ ခုနှစ်မှာ ဖျက်သိမ်းလိုက်ပါတယ်လို့သိရှိကြပါတယ်။ ဒီလိုဖျက်သိမ်းလိုက်တဲ့ရည်ရွယ်ချက်ကတော့ Dolce & Gabbana Brand တစ်ခုတည်းကိုပဲ လူတွေရဲ့ အသည်း နုလုံးထဲမှာ စွဲနေစေချင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်လို့လည်း ဖျက်သိမ်းတဲ့အချိန် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

Dolce & Gabbana ဟာ Celebrities တွေသာမက လူတိုင်းအားလုံးရဲ့ Fairy Godmother လို့ခေါ်ဆိုနိုင်လောက်အောင် တစ်ကိုယ်လုံးမှာ လူတွေဝတ်ဆင်ကြသမျှ အကျီၤအဝတ်အစားနဲ့ Accessories တွေ အားလုံးကို Fashion Ideas အလန်းတွေနဲ့ ဖြန့်ချိရောင်းချနေတဲ့ Luxury Fashion Brand တစ်ခုပဲဖြစ်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။