[Zawgyi]

ကမၻာ႔လစာေငြအမ်ားဆုံးနည္းျပစာရင္းမွာ ထိပ္ဆုံးေရာက္ေနတဲ့ လစ္ပီ Lippi

အီတလီ၀ါရင့္ နည္းျပႀကီး မာဆယ္လုိလစ္ပီ Marcelo Lippi ဟာ ကမၻာ႔လစာေငြအမ်ားဆုံးရရွိေနတဲ့ နည္းျပစာရင္းမွာလက္ရွိ နာမည္ေက်ာ္နည္းျပေတြျဖစ္တဲ့ ဂြါဒီယုိလာ Guardiola၊ ေမာ္ရင္ဟုိ Mourinho တို႔ကုိ ေက်ာ္ျဖတ္ၿပီး ထိပ္ဆုံးမွာ ရပ္တည္ခဲ့ပါတယ္။ အသက္(၆၈)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ လစ္ပီဟာ အီတလီအသင္းနဲ႔အတူ ၂၀၀၆ ကမၻာ႔ဖလားခ်န္ပီယံဆုရယူခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့တ႐ုတ္လက္ေရြးစင္အသင္းကုိ ကုိင္တြယ္ေနသူလည္းျဖစ္ပါတယ္။ ၿဗိတိန္စီးပြားေရး၀က္ဘ္ဆုိက္တစ္ခုျဖစ္တဲ့ Business Insider က ၂၀၁၇၊ေအာက္တိုဘာလအထိ ကမၻာေပၚမွာ (၁)ႏွစ္လစာေငြအမ်ားဆုံးရရွိေနတဲ့ နည္းျပေတြကုိ စာရင္းျပဳစုခဲ့တာျဖစ္ၿပီး လစ္ပီက ေပါင္(၁၈)သန္း
နဲ႔ ထိပ္ဆုံးမွာ ရပ္တည္ခဲ့တာပါ။

လစ္ပီရဲ႕ေနာက္မွာေတာ့ ဂြါဒီယုိလာ(မန္စီးတီး)က (၁)ႏွစ္လစာေပါင္(၁၅.၃)သန္းနဲ႔ ဒုတိယ၊ ေမာ္ရင္ဟုိ(မန္ယူ)က ေပါင္(၁၅)သန္းနဲ႔ တတိယေနရာေတြမွာ အသီးသီးရပ္တည္ခဲ့တယ္။ အံ့အားသင့္စရာေကာင္းတာက တ႐ုတ္စူပါလိဂ္ထိပ္သီးကလပ္ ကြမ္က်ိဳးအဲဗားဂရန္းအသင္းကုိ ကုိင္တြယ္ေနတဲ့ အီတလီဂႏၳ၀င္ေနာက္ခံလူ ကင္နဗာ႐ုိဟာ အခုစာရင္းမွာ စတုတၳေနရာခ်ိတ္ခဲ့တာပါပဲ။ ကင္နဗာ႐ုိဟာ (၁)ႏွစ္ကုိ ေပါင္(၁၀.၆)သန္းအထိရေနၿပီး ဒီပမာဏဟာ အာစင္၀င္းဂါး Arsene Wenger ၊ ယာဂန္ကေလာ့ပ္ Jürgen Klopp၊ ကြန္တီ Conte တို႔ထက္ေတာင္ ပုိမုိမ်ားျပားခဲ့ပါတယ္။ကစားသမားဘ၀မွာ ခ်န္ပီယံလိဂ္ဖလားကလဲြၿပီး လာလီဂါ၊ စီးရီးေအ၊ UEFA Cup (ယူ႐ုိပါလိဂ္)စတဲ့ ဆုဖလားအမ်ားႀကီး ရယူခဲ့တဲ့ ကင္နဗာ႐ုိဟာ ၂၀၁၁ မွာ ေဘာလုံးသမားဘ၀က အနားယူခဲ့သလုိ (၂)ႏွစ္အၾကာမွာပဲ နည္းျပေလာကကုိ ၀င္ေရာက္ခဲ့သူပါ။ ေဘာလုံးသမားဘ၀မွာ ေအာင္ျမင္မႈရခဲ့သလုိ နည္းျပဘ၀မွာလည္း ေအာင္ျမင္ခဲ့ၿပီး တီယန္က်င္းေကြအန္ဂ်ီအန္အသင္းနဲ႔ တ႐ုတ္ League One ဖလား၊ ကြမ္က်ိဳးအဲဗားဂရန္းအသင္းအတြက္ တ႐ုတ္စူပါဖလားတို႔ကုိ ရယူခဲ့တဲ့ ကင္နဗာ႐ုိဟာ တ႐ုတ္စူပါလိဂ္ၿပိဳင္ပဲြရဲ႕လစာေငြအမ်ားဆုံးနည္းျပအျဖစ္လည္း ရပ္တည္ေနသူျဖစ္ပါတယ္။

ကင္နဗာ႐ုိရဲ႕ေနာက္မွာ ဟုိင္ေဘေဖာ္ကၽြန္းအသင္းကုိ ကုိင္တြယ္ေနတဲ့ မန္စီးတီးနည္းျပေဟာင္း ပယ္လီဂရီနီ၊ က်န္ဆုဆန္နင္းအသင္းရဲ႕ အဂၤလန္အသင္းနည္းျပေဟာင္း ကာပယ္လုိတို႔က ေပါင္(၈.၉)သန္းစီနဲ႔ ဒုတိယေနရာမွာ ပူးတဲြရပ္တည္ေနတာျဖစ္ပါတယ္။

REF:Daily Mail

Ko Linn(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကမ္ဘာ့လစာငွေအများဆုံးနည်းပြစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ လစ်ပီ Lippi

အီတလီဝါရင့် နည်းပြကြီး မာဆယ်လိုလစ်ပီ Marcelo Lippi ဟာ ကမ္ဘာ့လစာငွေအများဆုံးရရှိနေတဲ့ နည်းပြစာရင်းမှာလက်ရှိ နာမည်ကျော်နည်းပြတွေဖြစ်တဲ့ ဂွါဒီယိုလာ Guardiola၊ မော်ရင်ဟို Mourinho တို့ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။ အသက်(၆၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ လစ်ပီဟာ အီတလီအသင်းနဲ့အတူ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံဆုရယူခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့တရုတ်လက်ရွေးစင်အသင်းကို ကိုင်တွယ်နေသူလည်းဖြစ်ပါတယ်။ ဗြိတိန်စီးပွားရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Business Insider က ၂၀၁၇၊အောက်တိုဘာလအထိ ကမ္ဘာပေါ်မှာ (၁)နှစ်လစာငွေအများဆုံးရရှိနေတဲ့ နည်းပြတွေကို စာရင်းပြုစုခဲ့တာဖြစ်ပြီး လစ်ပီက ပေါင်(၁၈)သန်း
နဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာပါ။

လစ်ပီရဲ့နောက်မှာတော့ ဂွါဒီယိုလာ(မန်စီးတီး)က (၁)နှစ်လစာပေါင်(၁၅.၃)သန်းနဲ့ ဒုတိယ၊ မော်ရင်ဟို(မန်ယူ)က ပေါင်(၁၅)သန်းနဲ့ တတိယနေရာတွေမှာ အသီးသီးရပ်တည်ခဲ့တယ်။ အံ့အားသင့်စရာကောင်းတာက တရုတ်စူပါလိဂ်ထိပ်သီးကလပ် ကွမ်ကျိုးအဲဗားဂရန်းအသင်းကို ကိုင်တွယ်နေတဲ့ အီတလီဂန္ထဝင်နောက်ခံလူ ကင်နဗာရိုဟာ အခုစာရင်းမှာ စတုတ္ထနေရာချိတ်ခဲ့တာပါပဲ။ ကင်နဗာရိုဟာ (၁)နှစ်ကို ပေါင်(၁၀.၆)သန်းအထိရနေပြီး ဒီပမာဏဟာ အာစင်ဝင်းဂါး Arsene Wenger ၊ ယာဂန်ကလော့ပ် Jürgen Klopp၊ ကွန်တီ Conte တို့ထက်တောင် ပိုမိုများပြားခဲ့ပါတယ်။ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဖလားကလွဲပြီး လာလီဂါ၊ စီးရီးအေ၊ UEFA Cup (ယူရိုပါလိဂ်)စတဲ့ ဆုဖလားအများကြီး ရယူခဲ့တဲ့ ကင်နဗာရိုဟာ ၂၀၁၁ မှာ ဘောလုံးသမားဘဝက အနားယူခဲ့သလို (၂)နှစ်အကြာမှာပဲ နည်းပြလောကကို ဝင်ရောက်ခဲ့သူပါ။ ဘောလုံးသမားဘဝမှာ အောင်မြင်မှုရခဲ့သလို နည်းပြဘဝမှာလည်း အောင်မြင်ခဲ့ပြီး တီယန်ကျင်းကွေအန်ဂျီအန်အသင်းနဲ့ တရုတ် League One ဖလား၊ ကွမ်ကျိုးအဲဗားဂရန်းအသင်းအတွက် တရုတ်စူပါဖလားတို့ကို ရယူခဲ့တဲ့ ကင်နဗာရိုဟာ တရုတ်စူပါလိဂ်ပြိုင်ပွဲရဲ့လစာငွေအများဆုံးနည်းပြအဖြစ်လည်း ရပ်တည်နေသူဖြစ်ပါတယ်။

ကင်နဗာရိုရဲ့နောက်မှာ ဟိုင်ဘေဖော်ကျွန်းအသင်းကို ကိုင်တွယ်နေတဲ့ မန်စီးတီးနည်းပြဟောင်း ပယ်လီဂရီနီ၊ ကျန်ဆုဆန်နင်းအသင်းရဲ့ အင်္ဂလန်အသင်းနည်းပြဟောင်း ကာပယ်လိုတို့က ပေါင်(၈.၉)သန်းစီနဲ့ ဒုတိယနေရာမှာ ပူးတွဲရပ်တည်နေတာဖြစ်ပါတယ်။

REF:Daily Mail

Ko Linn(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။