Samsung ရဲ့ အဓိကစမတ်ဖုန်းအမျိုးအစားဖြစ်တဲ့ Galaxy S8 နဲ့ပတ်သက်လို့ အသေးစိတ်အကျဆုံး အချက်အလက်တွေကို ဗြိတိန်သြဇာကြီး The Guardian သတင်းစာကနေ ပေါက်ကြားလာခဲ့ပါတယ်။ ဒီဖုန်းနဲ့ ပတ်သက်ပြီး မြောက်များစွာရေးသားခဲ့ကြပေမယ့် ယခုအခါမှာ အဓိက အချက်အလက်အသေးစိတ်ကို ဖွင့်ဟခဲ့တာပါ။

ဒီအချက်တွေကတော့

  • ဖုန်းကို လာမယ့် ဧပြီလ ၂၁ရက်နေ့မှာ စတင်ထုတ်ဖော်မှာဖြစ်ပါတယ်
  • မျက်နှာပြင်အကျယ်အနေနဲ့ ၅.၆လက်မရှိမှာပါ။
  • မျက်နှာပြင်ကို အကွေးဒီဇိုင်းနဲ့ ထုတ်လုပ်မှာဖြစ်ပြီး အနားသတ်တွေမပါဝင်တဲ့ Bezel-less “infinity” စခရင်နဲ့ ထုတ်လုပ်မှာပါ။ အရှေ့ဘက်မှာ နေရာလွတ်လေးတစ်ခုတောင်ပါဝင်မှာမဟုတ်ပဲ Samsung Logo တောင်ပါဝင်မှာမဟုတ်ပါဘူး။
  • Fingerprint Scanner ဟာ ယခုအခါမှာဆိုရင် ဖုန်းရဲ့ ကျောဘက်ကို ရောက်ရှိသွားမှာပါ။ (ကင်မရာရဲ့ဘေားနားကအကန့်လေးထဲမှာ ထည့်သွင်းလာနိုင်ပါတယ်)
  • Galaxy Note 7 မှာ စတင် မိတ်ဆက်ခဲ့တဲ့ Iris Scanner လုံခြုံရေးစနစ်ကိုလည်း ထည့်သွင်းသွားမှာပါ။
  • Storage ကို 64GB ကစတင်မှာဖြစ်ပြီး microSD ကတ်ကိုလည်း ထောက်ပံ့ပေးဦးမှာပါ။
  • USB-C
  • Gear VR နဲ့ Gear 360 အမျိုးအစားသစ်တွေ၊
  • ကင်မရာကို ယမန်နှစ်က ဖုန်းအတိုင်းပဲ ထုတ်လုပ်မှာဖြစ်ပြီး အဆင့်မြှင့်တင်မှုအနည်းငယ်သာ ရှိပါတယ်။
  • Chipset ကို အတိအကျမသိသေးပဲ Guardian ရဲ့ ပြောကြားချက်အရတော့ နောက်ဆုံးထွက် Processor မျိုးဆက်သစ် Snapdragon 835 ကို ထည့်သွင်းသွားမှာဖြစ်ပါတယ်။
  • အဲ့ဒီအပြင် ဖုန်းကနေ DeX လို့ နာမည်ပေးထားတဲ့ Android “desktop” ပတ်ဝန်းကျင်သစ်အဖြစ်လည်း ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေဟာဆိုရင် တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းပါတယ်။ အကုန်လုံး သိသာထင်ရှားစေတဲ့ အချက်အလက်တွေပါပဲ ကျွန်တော်တို့ သိပြီးတဲ့ Headphone Jack ကို ဖြုတ်ချမယ်ဆိုတဲ့ အချက်ကိုတော့ ထည့်သွင်းထားခြင်းမရှိပါဘူး။

စိတ်ဝင်စားဖို့ကောင်းတာက Samsung ဟာ 64GB အထိုင်နဲ့ ဖုန်းတွေကို ထုတ်လုပ်မှာဖြစ်တာပါ။ ဒါဟာဆိုရင် Apple ရဲ့ 16GB အမျိုးအစားကို ဖြုတ်ချခဲ့တာထက်တောင် ပိုခြေလှမ်းသွက်နေသလိုပါပဲ။ အဲ့ဒီအပြင် မျက်နှာပြင်ကွေးဒီဇိုင်းသစ်ကလည်း စောင့်ကြည့်ရမယ့် အနေအထားပါပဲ။

Fingerprint ဆင်ဆာကို ကျောဘက်ကို ရွှေ့ပြောင်းမယ့် အချက်ကတော့ ကြားနေခဲ့တာကြာပါပြီ။ The Guardian ရဲ့ ဖောက်သည်ချမှုဟာ ထင်ထားသလောက် ပေါက်ရောက်ခြင်းမရှိပေမယ့် ကင်မရာမော်ဂျူးကို ပြောင်းရွှေ့မယ်ဆိုတဲ့အချက်ကတော့ အခုမှ စတင်ကြားသိရတာပါ။

တကယ်စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ “DeX” ဆိုတဲ့အရာပါ။ ဒါဟာ Microsoft ရဲ့ Continuum ပြီးရင်ထွက်လာမယ့် နောက်တစ်မျိုးပါ။ တခြားအသေးစိတ်ကို မသိရပေမယ့် အစောကတည်းကလည်း ကွန်ပျူတာနဲ့ချိတ်ဆက်မယ့် ပုံစံတွေထွက်ခဲ့တာကြောင့် ဒီအချက်က အတော်ဖြစ်နိုင်ခြေများပါတယ်။ ဒါဟာဆိုရင် S8 ဟာ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲအနေနဲ့ Android ကိုအခြေခံတဲ့ Desktop ပတ်ဝန်းကျင်တစ်ရပ်ကို External Display အနေနဲ့ ထုတ်ပြလာဖွယ်ရှိနေပါတယ်။

S Serie တွေ ထုတ်ဖော်လေ့ရှိတဲ့ ဖေဖော်ဝါရီလအတွင်း ကျင်းပမယ့် MWC ပွဲမှာ Note 7 ရဲ့ ဘက်ထရီပြသနာရဲ့ အကျိုးသက်ရောက်မှုကြောင့် ဒီနှစ်မှာတော့ နောက်ဆုတ်လိုက်ရတာပါ။ လာမယ့် ဧပြီလထဲမှာ Galaxy S8 မျိုးဆက်သစ်စမတ်ဖုန်းကို တွေ့မြင်ရတော့မှာဖြစ်ပါတယ်။

Ref: Android Police