[Zawgyi]

ေဘာလံုးေလာကရဲ႕အေကာင္းဆံုးကြင္းလယ္အတြဲအဖက္မ်ား

ေဘာလံုးပြဲေတြမွာ ကြင္းလယ္ပိုင္းဟာ အေရးၾကီးတာအားလံုးအသိပါပဲ။ ျပိဳင္ဘက္ရဲ႕ ကြင္းလယ္ကို အသာစီးရယူျပီး ကစားႏိုင္မွ ကိုယ္႔အသင္းက ရလဒ္ေကာင္းရရိွဖို႔ ရာခိုင္ႏႈန္းမ်ားတာပါ။ ေဘာလံုးေလာကမွာ အေကာင္းဆံုး အတြဲအဖက္ညီခဲ႔တဲ႔ ကြင္းလယ္ကစားသမားေတြရိွခဲ႔ျပီး ဒီကစားသမားေတြဟာ သူတို႔ရဲ႕ သက္ဆိုင္ရာအသင္းေတြရဲ႕ ဆုဖလားေအာင္ျမင္မႈ ရရိွခဲ႔တဲ႔ ေနရာမွာ အဓိကရိွေနၾကသူေတြပဲျဖစ္ပါတယ္။ ဒါေၾကာင္႔ ေဘာလံုးေလာကရဲ႕အေကာင္းဆံုးကြင္းလယ္အတြဲအဖက္ေတြလုိ႔ ေျပာလို႔ရတဲ႔ ဒီအတြဲအဖက္ေတြကို Akhayar Sports ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

(၅) ဂ်ရတ္ Gerrard – အလြန္ဆို Alonso ( လီဗာပူးလ္ )

Gerrard-And-Alonso

Gerrard-And-Alonso

ဂ်ရတ္ Gerrard – အလြန္ဆို Alonso တို႔ရဲ႕ ကြင္းလယ္အတြဲဟာ နည္းျပ ဘင္နီတက္ဇ္ Benítez လက္ထက္ လီဗာပူးလ္အသင္းမွာ အေကာင္းဆံုးအရည္အခ်င္းေတြကို ျပသႏိုင္ခဲ႔ပါတယ္။ အလြန္ဆိုရဲ႕ တည္ျငိမ္ျပီး ကြင္းလယ္ကို ထိန္းခ်ဳပ္ကစားႏိုင္တဲ႔ ကစားပံုေၾကာင္႔ ဂ်ရတ္ဟာ တိုက္စစ္ကို ပိုလိုက္ပါႏိုင္ျပီး သြင္းဂိုးေတြလည္း ပိုသြင္းယူႏိုင္ခဲ႔ပါတယ္။ သူတို႔(၂)ေယာက္ရဲ႕ အျမင္႔ဆံုးေအာင္ျမင္မႈေတာ႔ ၂၀၀၅ ခုႏွစ္မွာ ခ်န္ပီယံလိဂ္ခ်န္ပီယံဆုကို ရယူႏိုင္ခဲ႔တာပဲ ျဖစ္ပါတယ္။

(၄) ႐ိြဳင္ကိန္း Roy Keane – ေပါလ္စခိုးလ္ Scholes ( မန္ယူ )

Roy-Keane-And-Scholes

Roy-Keane-And-Scholes

မန္ယူအသင္းရဲ႕ ပရီးမီးယားလိဂ္ေအာင္ျမင္မႈေတြမွာ ႐ိြဳင္ကိန္း Roy Keane – ေပါလ္စခိုးလ္ Scholes တို႔ရဲ႕ ကြင္းလယ္အတြဲအဖက္ဟာ အဓိကေနရာမွာရိွေနခဲ႔တာပါ။ ႐ိြဳင္ကိန္းရဲ႕ ျပိဳင္ဘက္တိုက္စစ္ကို မာမာထန္ထန္ တံု႔ျပန္ကစားတဲ႔ပံုေၾကာင္႔ ေပါလ္စခိုးလ္ ဟာ တိုက္စစ္ပိုင္းကို ပိုလြတ္လြတ္လပ္လပ္ကစားႏိုင္ျပီး တိုက္စစ္မွဴးတစ္ေယာက္လိုမ်ိဳး သြင္းဂိုးနႈန္းကို အဲဒီအခ်ိန္က သြင္းယူႏိုင္ခဲ႔ပါတယ္။ ႐ိြဳင္ကိန္း – ေပါလ္စခိုးလ္တို႔ဟာ မန္ယူအသင္းရဲ႕ ဆုဖလားေအာင္ျမင္မႈေတြမွာ ေသာ႔ခ်က္ေတြျဖစ္ခဲ႔ျပီး ခ်န္ပီယံလိဂ္ ၊ ပရီးမီးယားလိဂ္ နဲ႔ FA Cup ခ်န္ပီယံဆုေတြကို ရယူႏိုင္ခဲ႔ၾကပါတယ္။

(၃) ပီယာလို Pirlo – ဂတ္တူဆို Gattuso (ေအစီမီလန္ နဲ႔ အီတလီ )

Pirlo-And-Gattuso

Pirlo-And-Gattuso

ဒီကြင္းလယ္အတြဲကေတာ႔ လံုး၀ကို ကစားေပါက္မတူညီတဲ႔ ကစားသမားႏွစ္ေယာက္ရဲ႕ အေကာင္းဆံုးကြင္းလယ္အတြဲအဖက္လို႔ပဲဆိုရမွာပါ။ ပီယာလို Pirlo ဟာ ေဘာလံုးကစားတာ အႏုပညာဆန္သေလာက္ ဂတ္တူဆို Gattuso ကေတာ႔ ၾကမ္းၾကမ္းတမ္းတမ္းနဲ႔ ကစားတတ္သူပါ။ သူတို႔(၂)ေယာက္ရဲ႕မတူညီတဲ႔ ေရာစပ္မႈဟာ အေကာင္းဆံုးျဖစ္ခဲ႔ျပီး ေအစီမီလန္အသင္းနဲ႔ အတူ စီးရီးေအ ၊ ခ်န္ပီယံလိဂ္အပါအ၀င္ အဓိကဆုဖလားေတြအားလံုးရယူႏိုင္ခဲ႔သလို အီတလီအသင္းနဲ႔အတူ ၂၀၀၆ ကမၻာ႔ဖလားခ်န္ပီယံဆုကိုလည္း ရရိွခဲ႔ၾကပါတယ္။

(၂) ဇီဒန္း Zidane – မက္ခလီလီ Makelele ( ရီးယဲလ္ နဲ႔ ျပင္သစ္ )

Zidane-And-Makelele

Zidane-And-Makelele

ဇီဒန္း Zidane – မက္ခလီလီ Makelele ကြင္းလယ္အတြဲအဖက္ဟာ ႏိုင္ငံအသင္းမွာေတာ႔ ဆုဖလားေအာင္ျမင္မႈမရခဲ႔ေပမယ္႔ ကလပ္အသင္းမွာေတာ႔ အေကာင္းဆံံုးေတာက္ပႏိုင္ခဲ႔ၾကပါတယ္။ မက္ခလီလီေၾကာင္႔ ရီးယဲလ္အသင္းမွာ ဇီဒန္းဟာ လြတ္လပ္စြာကစားႏိုင္ခဲ႔သလို မက္ခလီလီ အသင္းကေန ထြက္ခြာခဲ႔တဲ႔အခ်ိန္မွာေတာ႔ ရီးယဲလ္အသင္းအေနနဲ႔ ႐ုန္းကန္ခဲ႔ရတာကို အားလံုးအသိပါပဲ။ ဒီကြင္းလယ္အတြဲဟာ ရီးယဲလ္အသင္းနဲ႔အတူ လာလီဂါ ၊ ခ်န္ပီယံလိဂ္အပါအ၀င္ တျခားဆုဖလားေတြလည္း ရရိွခဲ႔ပါတယ္။

(၁) ဇာဗီ Xavi – အင္နီေယစတာ Iniesta ( ဘာစီလိုနာ နဲ႔ စပိန္ )

Xavi-And-Iniesta

Xavi-And-Iniesta

ဒီကြင္းလယ္အတြဲ အဖက္ကေတာ႔ ေမွာ္ဆန္တဲ႔ ေဘာလံုးစြမ္းရည္ေတြကို ပိုင္ဆိုင္ထားၾကသူေတြလို႔ပဲ တင္စားရပါလိမ္႔မယ္။ သူတို႔ဆီက ေဘာလံုးကို လုယူဖို႔ၾကိဳးစားတဲ႔ ျပိဳင္ဘက္သာ ခ်ာခ်ာလည္သြားဖို႔ရိွျပီး သူတို႔ကေတာ႔ ေဘာလံုးကိုလွလွပပ ကစားသြားမယ္႔သူေတြပါ ။ ဇာဗီ Xavi ဟာ ေဘာလံုးေပးပို႔မႈ ျပီးျပည္႔စံုေကာင္းမြန္တဲ႔ ကစားသမားျဖစ္ျပီး အင္နီေယစတာ Iniesta ကေတာ႔ ကြင္းလယ္မွာ ေနရာစံုလြန္းထိုးကစားႏိုင္သူပဲျဖစ္ပါတယ္။ သူတို႔ (၂)ေယာက္လံုးဟာ ေဘာလံုးဦးေႏွာက္ေကာင္းမြန္ၾကသူေတြျဖစ္တာေၾကာင္႔ ေပါင္းစပ္လိုက္ခ်ိန္မွာေတာ႔ ျပိဳင္ဘက္ေတြ အတြက္ အိပ္မက္ဆိုးေတြျဖစ္ခဲ႔ရပါတယ္။ ဇာဗီ – အင္နီေယစတာ ကြင္းလယ္အတြဲအဖက္ဟာ ဘာစီလိုနာအသင္းနဲ႔အတူ လာလီဂါ ၊ ခ်န္ပီယံလိဂ္အပါအ၀င္ အဓိကဆုဖလားေတြအားလံုးရယူႏိုင္ခဲ႔သလို စပိန္အသင္းနဲ႔လည္း ယူ႐ို ၂၀၀၈ ၊ ၂၀၁၂ နဲ႔ ၂၀၁၀ ကမၻာ႔ဖလားခ်န္ပီယံဆုေတြကို ရရိွခဲ႔ၾကပါတယ္။

Ref: Sportskeeda
Photo: Squawka , SPORTbible , Yahoo Sport , CNN en Español , Diario AS
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးလောကရဲ့အကောင်းဆုံးကွင်းလယ်အတွဲအဖက်များ

ဘောလုံးပွဲတွေမှာ ကွင်းလယ်ပိုင်းဟာ အရေးကြီးတာအားလုံးအသိပါပဲ။ ပြိုင်ဘက်ရဲ့ ကွင်းလယ်ကို အသာစီးရယူပြီး ကစားနိုင်မှ ကိုယ့်အသင်းက ရလဒ်ကောင်းရရှိဖို့ ရာခိုင်နှုန်းများတာပါ။ ဘောလုံးလောကမှာ အကောင်းဆုံး အတွဲအဖက်ညီခဲ့တဲ့ ကွင်းလယ်ကစားသမားတွေရှိခဲ့ပြီး ဒီကစားသမားတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာအသင်းတွေရဲ့ ဆုဖလားအောင်မြင်မှု ရရှိခဲ့တဲ့ နေရာမှာ အဓိကရှိနေကြသူတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံးလောကရဲ့အကောင်းဆုံးကွင်းလယ်အတွဲအဖက်တွေလို့ ပြောလို့ရတဲ့ ဒီအတွဲအဖက်တွေကို Akhayar Sports ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၅) ဂျရတ် Gerrard – အလွန်ဆို Alonso ( လီဗာပူးလ် )

Gerrard-And-Alonso

Gerrard-And-Alonso

ဂျရတ် Gerrard – အလွန်ဆို Alonso တို့ရဲ့ ကွင်းလယ်အတွဲဟာ နည်းပြ ဘင်နီတက်ဇ် Benítez လက်ထက် လီဗာပူးလ်အသင်းမှာ အကောင်းဆုံးအရည်အချင်းတွေကို ပြသနိုင်ခဲ့ပါတယ်။ အလွန်ဆိုရဲ့ တည်ငြိမ်ပြီး ကွင်းလယ်ကို ထိန်းချုပ်ကစားနိုင်တဲ့ ကစားပုံကြောင့် ဂျရတ်ဟာ တိုက်စစ်ကို ပိုလိုက်ပါနိုင်ပြီး သွင်းဂိုးတွေလည်း ပိုသွင်းယူနိုင်ခဲ့ပါတယ်။ သူတို့(၂)ယောက်ရဲ့ အမြင့်ဆုံးအောင်မြင်မှုတော့ ၂၀၀၅ ခုနှစ်မှာ ချန်ပီယံလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

(၄) ရွိုင်ကိန်း Roy Keane – ပေါလ်စခိုးလ် Scholes ( မန်ယူ )

Roy-Keane-And-Scholes

Roy-Keane-And-Scholes

မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်အောင်မြင်မှုတွေမှာ ရွိုင်ကိန်း Roy Keane – ပေါလ်စခိုးလ် Scholes တို့ရဲ့ ကွင်းလယ်အတွဲအဖက်ဟာ အဓိကနေရာမှာရှိနေခဲ့တာပါ။ ရွိုင်ကိန်းရဲ့ ပြိုင်ဘက်တိုက်စစ်ကို မာမာထန်ထန် တုံ့ပြန်ကစားတဲ့ပုံကြောင့် ပေါလ်စခိုးလ် ဟာ တိုက်စစ်ပိုင်းကို ပိုလွတ်လွတ်လပ်လပ်ကစားနိုင်ပြီး တိုက်စစ်မှူးတစ်ယောက်လိုမျိုး သွင်းဂိုးနှုန်းကို အဲဒီအချိန်က သွင်းယူနိုင်ခဲ့ပါတယ်။ ရွိုင်ကိန်း – ပေါလ်စခိုးလ်တို့ဟာ မန်ယူအသင်းရဲ့ ဆုဖလားအောင်မြင်မှုတွေမှာ သော့ချက်တွေဖြစ်ခဲ့ပြီး ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ် နဲ့ FA Cup ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့ကြပါတယ်။

(၃) ပီယာလို Pirlo – ဂတ်တူဆို Gattuso (အေစီမီလန် နဲ့ အီတလီ )

Pirlo-And-Gattuso

Pirlo-And-Gattuso

ဒီကွင်းလယ်အတွဲကတော့ လုံးဝကို ကစားပေါက်မတူညီတဲ့ ကစားသမားနှစ်ယောက်ရဲ့ အကောင်းဆုံးကွင်းလယ်အတွဲအဖက်လို့ပဲဆိုရမှာပါ။ ပီယာလို Pirlo ဟာ ဘောလုံးကစားတာ အနုပညာဆန်သလောက် ဂတ်တူဆို Gattuso ကတော့ ကြမ်းကြမ်းတမ်းတမ်းနဲ့ ကစားတတ်သူပါ။ သူတို့(၂)ယောက်ရဲ့မတူညီတဲ့ ရောစပ်မှုဟာ အကောင်းဆုံးဖြစ်ခဲ့ပြီး အေစီမီလန်အသင်းနဲ့ အတူ စီးရီးအေ ၊ ချန်ပီယံလိဂ်အပါအဝင် အဓိကဆုဖလားတွေအားလုံးရယူနိုင်ခဲ့သလို အီတလီအသင်းနဲ့အတူ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံဆုကိုလည်း ရရှိခဲ့ကြပါတယ်။

(၂) ဇီဒန်း Zidane – မက်ခလီလီ Makelele ( ရီးယဲလ် နဲ့ ပြင်သစ် )

Zidane-And-Makelele

Zidane-And-Makelele

ဇီဒန်း Zidane – မက်ခလီလီ Makelele ကွင်းလယ်အတွဲအဖက်ဟာ နိုင်ငံအသင်းမှာတော့ ဆုဖလားအောင်မြင်မှုမရခဲ့ပေမယ့် ကလပ်အသင်းမှာတော့ အကောင်းဆံုံးတောက်ပနိုင်ခဲ့ကြပါတယ်။ မက်ခလီလီကြောင့် ရီးယဲလ်အသင်းမှာ ဇီဒန်းဟာ လွတ်လပ်စွာကစားနိုင်ခဲ့သလို မက်ခလီလီ အသင်းကနေ ထွက်ခွာခဲ့တဲ့အချိန်မှာတော့ ရီးယဲလ်အသင်းအနေနဲ့ ရုန်းကန်ခဲ့ရတာကို အားလုံးအသိပါပဲ။ ဒီကွင်းလယ်အတွဲဟာ ရီးယဲလ်အသင်းနဲ့အတူ လာလီဂါ ၊ ချန်ပီယံလိဂ်အပါအဝင် တခြားဆုဖလားတွေလည်း ရရှိခဲ့ပါတယ်။

(၁) ဇာဗီ Xavi – အင်နီယေစတာ Iniesta ( ဘာစီလိုနာ နဲ့ စပိန် )

Xavi-And-Iniesta

Xavi-And-Iniesta

ဒီကွင်းလယ်အတွဲ အဖက်ကတော့ မှော်ဆန်တဲ့ ဘောလုံးစွမ်းရည်တွေကို ပိုင်ဆိုင်ထားကြသူတွေလို့ပဲ တင်စားရပါလိမ့်မယ်။ သူတို့ဆီက ဘောလုံးကို လုယူဖို့ကြိုးစားတဲ့ ပြိုင်ဘက်သာ ချာချာလည်သွားဖို့ရှိပြီး သူတို့ကတော့ ဘောလုံးကိုလှလှပပ ကစားသွားမယ့်သူတွေပါ ။ ဇာဗီ Xavi ဟာ ဘောလုံးပေးပို့မှု ပြီးပြည့်စုံကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး အင်နီယေစတာ Iniesta ကတော့ ကွင်းလယ်မှာ နေရာစုံလွန်းထိုးကစားနိုင်သူပဲဖြစ်ပါတယ်။ သူတို့ (၂)ယောက်လုံးဟာ ဘောလုံးဦးနှောက်ကောင်းမွန်ကြသူတွေဖြစ်တာကြောင့် ပေါင်းစပ်လိုက်ချိန်မှာတော့ ပြိုင်ဘက်တွေ အတွက် အိပ်မက်ဆိုးတွေဖြစ်ခဲ့ရပါတယ်။ ဇာဗီ – အင်နီယေစတာ ကွင်းလယ်အတွဲအဖက်ဟာ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါ ၊ ချန်ပီယံလိဂ်အပါအဝင် အဓိကဆုဖလားတွေအားလုံးရယူနိုင်ခဲ့သလို စပိန်အသင်းနဲ့လည်း ယူရို ၂၀၀၈ ၊ ၂၀၁၂ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဆုတွေကို ရရှိခဲ့ကြပါတယ်။

Ref: Sportskeeda
Photo: Squawka , SPORTbible , Yahoo Sport , CNN en Español , Diario AS
Ko Kyue(Akhayar)
www.akhayar.com