[Zawgyi]

၂ဝ၁၇ခုႏွစ္မွာ အေမရိကန္ႏုိင္ငံရဲ႕ ပရဟိတသူရဲေကာင္း (၅) ဦး

ပရဟိတကုိ အမ်ားအက်ိဳးကုိ ေဆာက္ရြက္ျခင္းလုိ႔ အဓိပၸာယ္ဖြင့္ဆုိရပါမယ္။ ကုိယ့္အက်ိဳးကုိ မေမွ်ာ္ကုိးဘဲ အမ်ားျပည္သူ ေကာင္းက်ိဳးအတြက္ အနစ္နာခံ ေဆာက္ရြက္တဲ့သေဘာပဲ ျဖစ္ပါတယ္။ အလွဴအတန္းေတြ လုပ္ၾကတယ္၊ ေဆးရုံေတြ ေဆာက္ၾကတယ္၊ မိဘမဲ့ေဂဟာေတြကုိ လွဴဒါန္းၾကတယ္ စသျဖင့္ေပါ့။ ကုိယ္ပုိင္ဥစၥာေတြကုိ လုိခ်င္တပ္မက္မႈ ပယ္ခြာၿပီး လွဴဒါန္းတတ္ၾကပါတယ္။ ကမၻာေက်ာ္စီးပြားေရးမဂၢဇင္း Forbes က ပရဟိတသမားေတြရဲ႕လွဴဒါန္းမႈေတြကုိ လုိက္လံစာရင္းျပဳစုၿပီး ၂ဝ၁၇ခုႏွစ္မွာ အေမရိကန္ႏုိင္ငံရဲ႕ ပရဟိတသူရဲေကာင္း (၅ဝ) စာရင္းကုိ ထုတ္ျပန္ခဲ့ၿပီး အခရာက ထိပ္ဆုံး (၅) ဦးကုိ ေဖာ္ျပေပးသြားပါမယ္။

(၅) George Soros

ကမၻာေက်ာ္ရင္းႏွီးျမွဳပ္ႏွံသူႀကီး George Soros ဟာ ပရဟိတလုပ္ငန္းကုိ ဝါသနာႀကီးတယ္။ သူဟာ ၁၉၉၃ခုႏွစ္မွာ ပညာေရး၊ က်န္းမာေရး၊ တရားမ်ွတေရးနဲ႔ မီဒီယာလြတ္လပ္ခြင့္လုပ္ငန္းေတြကုိ ဦးတည္ေနတဲ့ Open Society Foundations ကုိ တည္ေထာင္လုိက္တယ္။ လက္ရွိအခ်ိန္ထိ သူဟာ ေဒၚလာ ၁၈ ဘီလီယံအထိ လွဴဒါန္းခဲ့ၿပီးၿပီ။ ဒါ့ေၾကာင့္လည္း သူ႕ရဲ႕ အသားတင္ၾကြယ္ဝမႈက ေဒၚလာ ၈.၃ ဘီလီယံပဲရွိေတာ့တယ္။

သူဟာ ၂ဝ၁၇ခုႏွစ္မွာ ေဒၚလာ ၅၃၁သန္းကုိ လွဴဒါန္းခဲ့တယ္။ အမ်ားစုကုိေတာ့ Open Society Foundations ကုိ လွဴဒါန္းတယ္၊ Planned Parenthood ကုိ ေဒၚလာ ၁ဝသန္း၊ Roma Education Fund ကုိ ေဒၚလာ ၄သန္းနဲ႔ Civil Liberties Union for Europe ကုိ ေဒၚလာ ၂.၅သန္း လွဴဒါန္းခဲ့ေသးတယ္။

(၄) Walton Family

လက္လီေစ်းဆုိင္ႀကီး Walmart ကုိ တည္ေထာင္ခဲ့တဲ့ Sam Walton ဟာ သူ ႀကီးပြားလာေတာ့ Walton Family Foundation ကုိ ၁၉၈၇ခုႏွစ္မွာ တည္ေထာင္ခဲ့တယ္။

သူ ကြယ္လြန္ေတာ့ Rob Walton ၊ John Walton ၊ Jim Walton နဲ႔ Alice Walton စတဲ့ သူ႕ရဲ႕ အေမြခံမ်ိဳးဆက္ေတြက ဆက္လက္လွဴဒါန္းတယ္။ ၂ဝ၁၇ခုႏွစ္မွာ သူတုိ႔လွဴဒါန္းခဲ့တဲ့ ပမာဏက ေဒၚလာ ၅၃၆သန္းအထိရွိခဲ့တယ္။

(၃) Michael Bloomberg

အသားတင္ၾကြယ္ဝမႈ ၄၆.၉ ဘီလီယံအထိရွိတဲ့ Michael Bloomberg ဟာ ၂ဝ၁၇ခုႏွစ္မွာ ေဒၚလာ ၇ဝ၂သန္းအထိ လွဴဒါန္းခဲ့တယ္။ သူဟာ ၂ဝဝ၆ခုႏွစ္မွာ Bloomberg Philanthropies ကုိ တည္ေထာင္ခဲ့ၿပီး The Giving Pledge ရဲ႕ အဖြဲ႕ဝင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ သက္တမ္းတစ္ေလ်ွာက္ ေဒၚလာ ၅.၅ ဘီလီယံကုိ ပရဟိတအဖြဲ႕အစည္းေတြမွာ လွဴဒါန္းခဲ့ပါတယ္။

(၂) Bill & Melinda Gates

ကမၻာ့ဒုတိယအခ်မ္းသာဆုံးသူေဌးႀကီး Bill Gates ဟာ ဇနီးသည္ Melinda Gates နဲ႔အတူ Bill & Melinda Gates Foundation ကုိ ၂ဝဝဝခုႏွစ္မွာ တည္ေထာင္ခဲ့ပါတယ္။ သူဟာ Microsoft ကုမၸဏီက အနားယူၿပီးေနာက္ပုိင္းမွာ ပရဟိတလုပ္ငန္းမွာပဲ ကုန္ဆုံးခဲ့သူပါ။ သူေဌးႀကီးေတြရဲ႕ ပုိင္ဆုိင္မႈအမ်ားစုကုိ ပရဟိတလုပ္ငန္းေတြ လွဴဒါန္းေစဖုိ႔ တြန္အားေပးတဲ့ အဖြဲ႕အစည္း The Giving Pledge ကုိလည္း Warren Buffett နဲ႔ ပူးတြဲတည္ေထာင္ခဲ့ပါေသးတယ္။

သူတုိ႔ဇနီးေမာင္ႏွံဟာ ၂ဝ၁၇ခုႏွစ္မွာ ေဒၚလာ ၂.၅ဘီလီယံ (၂,၅ဝဝ သန္း) လွဴဒါန္းခဲ့တယ္။ ပုိလီယုိေရာဂါသည္ေတြအတြက္ ေဒၚလာ ၅၃၂သန္း၊ ေဆးဝါးသယ္ေဆာင္ေရးအတြက္ ေဒၚလာ ၃၉၉သန္းနဲ႔ စုိက္ပ်ိဳးေရးအတြက္ ေဒၚလာ ၃၈၉သန္းအထိ လွဴဒါန္းခဲ့တာပါ။

(၁) Warren Buffett

စေတာ့ကေဝႀကီး Warren Buffett ဟာ ပုိင္ဆုိင္မႈ (၉၉) ရာခုိင္ႏႈန္းကုိ ပရဟိတအဖြဲ႕အစည္းမွာပဲ လွဴဒါန္းပစ္ဖုိ႔ ၂ဝဝ၆ခုႏွစ္တည္းက ကတိျပဳထားခဲ့သူပါ။ သူဟာ Bill Gates နဲ႔အတူ The Giving Pledge ကုိလည္း ထူေထာင္ခဲ့တယ္။

ဒါ့ေၾကာင့္ပဲ Berkshire Hathaway လုပ္ငန္းစုႀကီးမွာ ရွယ္ယာေတြကုိ ထုတ္ေရာင္းၿပီး ပရဟိတလုပ္ငန္းဘက္ကုိ ျပန္လွဴတယ္။ Susan Thompson Buffett Foundation ကုိလည္း ၁၉၆၄ခုႏွစ္မွာ တည္ေထာင္ထားခဲ့ၿပီး ႏွစ္စဥ္လွဴဒါန္းေနသူပါ။ ၂ဝ၁၇ခုႏွစ္မွာ ေဒၚလာ ၂.၈ဘီလီယံ (၂,၈ဝဝ သန္း) လွဴဒါန္းခဲ့တယ္။

ဒါ့အျပင္ ၂ဝ၁၇ခုႏွစ္မွာ Mark Zuckerberg နဲ႔ Priscilla Chan တုိ႔ဟာ ေဒၚလာ ၄ဝဝသန္းအထိ လွဴဒါန္းခဲ့သလုိ Dustin Moskovitz ကလည္း ၂၉၈သန္းအထိ ပါဝင္ခဲ့ပါတယ္။ အခုေဖာ္ျပခဲ့တဲ့ ပုဂၢိဳလ္ (၅) ဦးကေတာ့ ၂ဝ၁၇ခုႏွစ္မွာ အလွဴအတန္းအမ်ားဆုံး အေမရိကန္ႏုိင္ငံသားေတြပါပဲ။ ကမၻာ့အခ်မ္းသာဆုံးသူေဌးႀကီး Jeff Bezos ဟာ The Giving Pledge အဖြဲ႕ဝင္ျဖစ္ေပမယ့္ ပရဟိတသူရဲေကာင္း (၅ဝ) စာရင္းထဲမွာေတာ့ မပါဝင္ပါဘူး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

၂ဝ၁၇ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ ပရဟိတသူရဲကောင်း (၅) ဦး

ပရဟိတကို အများအကျိုးကို ဆောက်ရွက်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုရပါမယ်။ ကိုယ့်အကျိုးကို မမျှော်ကိုးဘဲ အများပြည်သူ ကောင်းကျိုးအတွက် အနစ်နာခံ ဆောက်ရွက်တဲ့သဘောပဲ ဖြစ်ပါတယ်။ အလှူအတန်းတွေ လုပ်ကြတယ်၊ ဆေးရုံတွေ ဆောက်ကြတယ်၊ မိဘမဲ့ဂေဟာတွေကို လှူဒါန်းကြတယ် စသဖြင့်ပေါ့။ ကိုယ်ပိုင်ဥစ္စာတွေကို လိုချင်တပ်မက်မှု ပယ်ခွာပြီး လှူဒါန်းတတ်ကြပါတယ်။ ကမ္ဘာကျော်စီးပွားရေးမဂ္ဂဇင်း Forbes က ပရဟိတသမားတွေရဲ့လှူဒါန်းမှုတွေကို လိုက်လံစာရင်းပြုစုပြီး ၂ဝ၁၇ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ ပရဟိတသူရဲကောင်း (၅ဝ) စာရင်းကို ထုတ်ပြန်ခဲ့ပြီး အခရာက ထိပ်ဆုံး (၅) ဦးကို ဖော်ပြပေးသွားပါမယ်။

(၅) George Soros

ကမ္ဘာကျော်ရင်းနှီးမြှုပ်နှံသူကြီး George Soros ဟာ ပရဟိတလုပ်ငန်းကို ဝါသနာကြီးတယ်။ သူဟာ ၁၉၉၃ခုနှစ်မှာ ပညာရေး၊ ကျန်းမာရေး၊ တရားမျှတရေးနဲ့ မီဒီယာလွတ်လပ်ခွင့်လုပ်ငန်းတွေကို ဦးတည်နေတဲ့ Open Society Foundations ကို တည်ထောင်လိုက်တယ်။ လက်ရှိအချိန်ထိ သူဟာ ဒေါ်လာ ၁၈ ဘီလီယံအထိ လှူဒါန်းခဲ့ပြီးပြီ။ ဒါ့ကြောင့်လည်း သူ့ရဲ့ အသားတင်ကြွယ်ဝမှုက ဒေါ်လာ ၈.၃ ဘီလီယံပဲရှိတော့တယ်။

သူဟာ ၂ဝ၁၇ခုနှစ်မှာ ဒေါ်လာ ၅၃၁သန်းကို လှူဒါန်းခဲ့တယ်။ အများစုကိုတော့ Open Society Foundations ကို လှူဒါန်းတယ်၊ Planned Parenthood ကို ဒေါ်လာ ၁ဝသန်း၊ Roma Education Fund ကို ဒေါ်လာ ၄သန်းနဲ့ Civil Liberties Union for Europe ကို ဒေါ်လာ ၂.၅သန်း လှူဒါန်းခဲ့သေးတယ်။

(၄) Walton Family

လက်လီဈေးဆိုင်ကြီး Walmart ကို တည်ထောင်ခဲ့တဲ့ Sam Walton ဟာ သူ ကြီးပွားလာတော့ Walton Family Foundation ကို ၁၉၈၇ခုနှစ်မှာ တည်ထောင်ခဲ့တယ်။

သူ ကွယ်လွန်တော့ Rob Walton ၊ John Walton ၊ Jim Walton နဲ့ Alice Walton စတဲ့ သူ့ရဲ့ အမွေခံမျိုးဆက်တွေက ဆက်လက်လှူဒါန်းတယ်။ ၂ဝ၁၇ခုနှစ်မှာ သူတို့လှူဒါန်းခဲ့တဲ့ ပမာဏက ဒေါ်လာ ၅၃၆သန်းအထိရှိခဲ့တယ်။

(၃) Michael Bloomberg

အသားတင်ကြွယ်ဝမှု ၄၆.၉ ဘီလီယံအထိရှိတဲ့ Michael Bloomberg ဟာ ၂ဝ၁၇ခုနှစ်မှာ ဒေါ်လာ ၇ဝ၂သန်းအထိ လှူဒါန်းခဲ့တယ်။ သူဟာ ၂ဝဝ၆ခုနှစ်မှာ Bloomberg Philanthropies ကို တည်ထောင်ခဲ့ပြီး The Giving Pledge ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ သက်တမ်းတစ်လျှောက် ဒေါ်လာ ၅.၅ ဘီလီယံကို ပရဟိတအဖွဲ့အစည်းတွေမှာ လှူဒါန်းခဲ့ပါတယ်။

(၂) Bill & Melinda Gates

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးသူဌေးကြီး Bill Gates ဟာ ဇနီးသည် Melinda Gates နဲ့အတူ Bill & Melinda Gates Foundation ကို ၂ဝဝဝခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ သူဟာ Microsoft ကုမ္ပဏီက အနားယူပြီးနောက်ပိုင်းမှာ ပရဟိတလုပ်ငန်းမှာပဲ ကုန်ဆုံးခဲ့သူပါ။ သူဌေးကြီးတွေရဲ့ ပိုင်ဆိုင်မှုအများစုကို ပရဟိတလုပ်ငန်းတွေ လှူဒါန်းစေဖို့ တွန်အားပေးတဲ့ အဖွဲ့အစည်း The Giving Pledge ကိုလည်း Warren Buffett နဲ့ ပူးတွဲတည်ထောင်ခဲ့ပါသေးတယ်။

သူတို့ဇနီးမောင်နှံဟာ ၂ဝ၁၇ခုနှစ်မှာ ဒေါ်လာ ၂.၅ဘီလီယံ (၂,၅ဝဝ သန်း) လှူဒါန်းခဲ့တယ်။ ပိုလီယိုရောဂါသည်တွေအတွက် ဒေါ်လာ ၅၃၂သန်း၊ ဆေးဝါးသယ်ဆောင်ရေးအတွက် ဒေါ်လာ ၃၉၉သန်းနဲ့ စိုက်ပျိုးရေးအတွက် ဒေါ်လာ ၃၈၉သန်းအထိ လှူဒါန်းခဲ့တာပါ။

(၁) Warren Buffett

စတော့ကဝေကြီး Warren Buffett ဟာ ပိုင်ဆိုင်မှု (၉၉) ရာခိုင်နှုန်းကို ပရဟိတအဖွဲ့အစည်းမှာပဲ လှူဒါန်းပစ်ဖို့ ၂ဝဝ၆ခုနှစ်တည်းက ကတိပြုထားခဲ့သူပါ။ သူဟာ Bill Gates နဲ့အတူ The Giving Pledge ကိုလည်း ထူထောင်ခဲ့တယ်။

ဒါ့ကြောင့်ပဲ Berkshire Hathaway လုပ်ငန်းစုကြီးမှာ ရှယ်ယာတွေကို ထုတ်ရောင်းပြီး ပရဟိတလုပ်ငန်းဘက်ကို ပြန်လှူတယ်။ Susan Thompson Buffett Foundation ကိုလည်း ၁၉၆၄ခုနှစ်မှာ တည်ထောင်ထားခဲ့ပြီး နှစ်စဉ်လှူဒါန်းနေသူပါ။ ၂ဝ၁၇ခုနှစ်မှာ ဒေါ်လာ ၂.၈ဘီလီယံ (၂,၈ဝဝ သန်း) လှူဒါန်းခဲ့တယ်။

ဒါ့အပြင် ၂ဝ၁၇ခုနှစ်မှာ Mark Zuckerberg နဲ့ Priscilla Chan တို့ဟာ ဒေါ်လာ ၄ဝဝသန်းအထိ လှူဒါန်းခဲ့သလို Dustin Moskovitz ကလည်း ၂၉၈သန်းအထိ ပါဝင်ခဲ့ပါတယ်။ အခုဖော်ပြခဲ့တဲ့ ပုဂ္ဂိုလ် (၅) ဦးကတော့ ၂ဝ၁၇ခုနှစ်မှာ အလှူအတန်းအများဆုံး အမေရိကန်နိုင်ငံသားတွေပါပဲ။ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Jeff Bezos ဟာ The Giving Pledge အဖွဲ့ဝင်ဖြစ်ပေမယ့် ပရဟိတသူရဲကောင်း (၅ဝ) စာရင်းထဲမှာတော့ မပါဝင်ပါဘူး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com