[Zawgyi]

သရုပ္ေဆာင္အျဖစ္နဲ႔ ေအာ္စကာဆုတစ္ခါမွ မရဖူးတဲ့ ကမာၻေက်ာ္မင္းသားၾကီးမ်ား

ျမန္မာျပည္မွာဆုိရင္ေတာ့ သရုပ္ေဆာင္ေကာင္းေပမယ့္ အကယ္ဒမီမရခဲ့ရင္ “ အကယ္ဒမီက နတ္ၾကီးပါတယ္” ဆိုျပီး ေျဖသိမ့္ၾကပါလိမ့္မယ္။ ႏုိင္ငံျခားမွာေတာ့ အနုပညာအရည္အေသြးေကာင္းလြန္းအားၾကီးတဲ့သူေတြ သရုပ္ေဆာင္ထားတဲ့ဇာတ္ကားေတြ အျပိဳင္အဆုိင္ရံုတင္တဲ့ ႏွစ္ဆိုရင္ ဘယ္လိုပဲ သရုပ္ေဆာင္ေကာင္းေကာင္း ေအာ္စကာဆုနဲ႔ လြဲတတ္ၾကပါတယ္။ ဒါေၾကာင့္ ဆန္ခါတင္စာရင္း ခဏခဏဝင္ေပမယ့္ သရုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ေအာ္စကာဆုကို ခုထိ ဆြတ္ခူးႏုိင္ျခင္းမရွိေသးတဲ့ ကံေခသူ ကမာၻေက်ာ္မင္းသားၾကီးမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

၁) Johnny Depp

Johnny Depp

Johnny Depp

အသက္ ၅၅ ႏွစ္ရွိျပီျဖစ္တဲ့ မင္းသားၾကီး Johnny Depp ဟာ ‘Pirates of the Caribbean : The Curse of the Black Pearl (2003)’ ၊ ‘Finding Neverland (2004)’ နဲ႔ ‘Sweeney Todd : The Demon Barber of Fleet Street (2007)’ ဆိုတဲ့ ဇာတ္ကားေတြမွာ ေအာ္စကာ ဆန္ခါတင္စာရင္းဝင္ခဲ့ေပမယ့္ အခုခ်ိန္ထိ ကံေခစြာနဲ႔ ဆုတစ္ဆုမွ မရရွိခဲ့တာ ျဖစ္ပါတယ္။

၂) Edward Norton

Edward Norton

Edward Norton

မင္းသားၾကီး Edward Norton ကေတာ့ အသက္ ၄၈ ႏွစ္ရွိျပီျဖစ္ျပီး ‘Primal Fear (1996)’၊ ‘American History X (1998)’ ၊ ‘Birdman or (The Unexpected Virtue of Ignorance) (2014)’ ဆိုတဲ့ ဇာတ္ကားေတြမွာ ေအာ္စကာဆန္ခါတင္စာရင္းဝင္ခဲ့ျပီး တစ္ဆုမွ မရေသးတဲ့သူလည္း ျဖစ္ပါတယ္။

၃) Ian McKellen

Ian McKellen

Ian McKellen

အသက္ ၇၉ ႏွစ္ရွိျပီျဖစ္တဲ့ ဝါရင့္မင္းသားၾကီး Ian McKellen ကိုေတာ့ X-Men ဇာတ္ကားေတြထဲက Magneto ေနရာမွာ သရုပ္ေဆာင္တာ မွတ္မိၾကမွာပါ။ သူဟာ ‘Gods and Monsters (1998)’ နဲ႔ ‘The Lord of the Rings : The Fellowship of the Ring (2001)’ ဇာတ္ကားေတြမွာ ေအာ္စကာဆု လ်ာထားခံခဲ့ရေပမယ့္ ဆုနဲ႔ေတာ့ လြဲခဲ့ရပါတယ္။

၄) Ralph Fiennes

Ralph Fiennes

Ralph Fiennes

အဂၤလိပ္လူမ်ိဳး မင္းသားၾကီး Ralph Fiennes ကေတာ့ အခု အသက္ ၅၆ ႏွစ္ထိ ေအာ္စကာဆုမရေသးဖူးပါဘူး။ သူဟာ ‘Schindler’s List (1993)’ နဲ႔ ‘The English Patient (1996)’ ဇာတ္ကားတို႔မွာ ေအာ္စကာဆန္ခါတင္စာရင္းဝင္ခဲ့ျပီး လြဲခဲ့ရပါတယ္။

၅) Liam Neeson

Liam Neeson

Liam Neeson

Ralph Fiennes လိုပဲ Liam Neeson ဟာလည္း ‘Schindler’s List (1993)’ မွာ အေကာင္းဆံုးသရုပ္ေဆာင္ဆုအတြက္ ဆန္ခါတင္စာရင္းဝင္ခဲ့ေပမယ့္ သူလည္း ေအာ္စကာနဲ႔ လြဲခဲ့ရပါတယ္။ အဲဒီႏွစ္တုနး္က ‘Philadelphia (1993)’ ဇာတ္ကားမွာ သရုပ္ေဆာင္ခဲ့တဲ့ Tom Hanks က အေကာင္းဆံုးသရုပ္ေဆာင္ ေအာ္စကာဆုရရွိခဲ့ပါတယ္။

၆) Alan Rickman

Alan Rickman

Alan Rickman

Alan Rickman ဟာ အသက္ ၆၉ ႏွစ္အရြယ္ ၂၀၁၆ ခုႏွစ္မွာ ပန္ကရိယကင္ဆာနဲ႔ ကြယ္လြန္သြားခဲ့ရေပမယ့္ ေအာ္စကာဆုေတာ့ တစ္ဆုမွ ရမသြားရွာပါဘူး။ သူ႔ကို ဟယ္ရီေပၚတာဇာတ္ကားတြဲေတြထဲက Snape အျဖစ္နဲ႔ လူသိမ်ားျပီး ‘Robin Hood : Prince of Thieves (1991)’ ဇာတ္ကားအတြက္ ဇာတ္ပို႔အေနနဲ႔ BAFTA Award ေတာင္ ရရွိခဲ့ပါေသးတယ္။

၇) Robert Downey Jr.

Robert Downey Jr.

Robert Downey Jr.

အသက္ ၅၃ ႏွစ္ရွိျပီျဖစ္တဲ့ Iron Man ၾကီး Robert Downey Jr. ကေတာ့ ‘Chaplin (1992)’ နဲ႔ ‘Tropic Thunder (2008)’ ဇာတ္ကားေတြမွာ ေအာ္စကာဆန္ခါတင္စာရင္း ဝင္ခဲ့ေပမယ့္ သူလည္းပဲ လြဲခဲ့ရပါတယ္။

၈) Harrison Ford

Harrison Ford

Harrison Ford

Harrison Ford ကိုေတာ့ အင္ဒီယာနာဂ်ံဳးစ္ ဇာတ္ကားတြြဲေတြနဲ႔ Star Wars ဇာတ္ကားတြဲေတြမွာ Han Solo အေနနဲ႔ ပါဝင္သရုပ္ေဆာင္ခဲ့မႈေတြနဲ႔ လူသိမ်ားျပီး ျဖစ္ပါတယ္။ အသက္ ၇၆ ႏွစ္ရွိျပီျဖစ္တဲ့ မင္းသားၾကီးဟာ ‘Witness (1985)’ ဇာတ္ကားမွာ အေကာင္းဆံုးဇာတ္ေဆာင္ဆုအတြက္ ေအာ္စကာ ဆန္ခါတင္ဝင္ခဲ့ေပမယ့္ ဆုနဲ႔ေတာ့ လြဲခဲ့ရပါတယ္။ သူ႔ရဲ႕ နာမည္ၾကီးတဲ့ တျခားဇာတ္ကားေတြကေတာ့ ‘The Fugitive (1993)’ ၊ ‘Air Force One (1997)’ တို႔ ျဖစ္ပါတယ္။

၉) Brad Pitt

Brad Pitt

Brad Pitt

မင္းသားေခ်ာ Brad Pitt ဟာလည္း အခု အသက္ ၅၅ ႏွစ္ရွိတဲ့အထိ သရုပ္ေဆာင္ပိုင္းအေနနဲ႔ ေအာ္စကာဆုတစ္ဆုမွ မရဖူးပါဘူး။ သူဟာ ‘12 Monkeys (1995)’ ၊ ‘The Curious Case of Benjamin Button (2008)’ နဲ႔ ‘Moneyball (2011)’ လို ဒိတ္ဒိတ္ၾကဲဇာတ္ကားေတြမွာ ေအာ္စကာဆုလ်ာထားျခင္းခံရေပမယ့္ တစ္ဆုမွ မရခဲ့ရသူ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : ranker.com
[Unicode]

သရုပ်ဆောင်အဖြစ်နဲ့ အော်စကာဆုတစ်ခါမှ မရဖူးတဲ့ ကမ္ဘာကျော်မင်းသားကြီးများ

မြန်မာပြည်မှာဆိုရင်တော့ သရုပ်ဆောင်ကောင်းပေမယ့် အကယ်ဒမီမရခဲ့ရင် “ အကယ်ဒမီက နတ်ကြီးပါတယ်” ဆိုပြီး ဖြေသိမ့်ကြပါလိမ့်မယ်။ နိုင်ငံခြားမှာတော့ အနုပညာအရည်အသွေးကောင်းလွန်းအားကြီးတဲ့သူတွေ သရုပ်ဆောင်ထားတဲ့ဇာတ်ကားတွေ အပြိုင်အဆိုင်ရုံတင်တဲ့ နှစ်ဆိုရင် ဘယ်လိုပဲ သရုပ်ဆောင်ကောင်းကောင်း အော်စကာဆုနဲ့ လွဲတတ်ကြပါတယ်။ ဒါကြောင့် ဆန်ခါတင်စာရင်း ခဏခဏဝင်ပေမယ့် သရုပ်ဆောင်တစ်ယောက်အနေနဲ့ အော်စကာဆုကို ခုထိ ဆွတ်ခူးနိုင်ခြင်းမရှိသေးတဲ့ ကံခေသူ ကမ္ဘာကျော်မင်းသားကြီးများကို ဖော်ပြပေးလိုက်ပါတယ်။

၁) Johnny Depp

Johnny Depp

Johnny Depp

အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီး Johnny Depp ဟာ ‘Pirates of the Caribbean : The Curse of the Black Pearl (2003)’ ၊ ‘Finding Neverland (2004)’ နဲ့ ‘Sweeney Todd : The Demon Barber of Fleet Street (2007)’ ဆိုတဲ့ ဇာတ်ကားတွေမှာ အော်စကာ ဆန်ခါတင်စာရင်းဝင်ခဲ့ပေမယ့် အခုချိန်ထိ ကံခေစွာနဲ့ ဆုတစ်ဆုမှ မရရှိခဲ့တာ ဖြစ်ပါတယ်။

၂) Edward Norton

Edward Norton

Edward Norton

မင်းသားကြီး Edward Norton ကတော့ အသက် ၄၈ နှစ်ရှိပြီဖြစ်ပြီး ‘Primal Fear (1996)’၊ ‘American History X (1998)’ ၊ ‘Birdman or (The Unexpected Virtue of Ignorance) (2014)’ ဆိုတဲ့ ဇာတ်ကားတွေမှာ အော်စကာဆန်ခါတင်စာရင်းဝင်ခဲ့ပြီး တစ်ဆုမှ မရသေးတဲ့သူလည်း ဖြစ်ပါတယ်။

၃) Ian McKellen

Ian McKellen

Ian McKellen

အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်မင်းသားကြီး Ian McKellen ကိုတော့ X-Men ဇာတ်ကားတွေထဲက Magneto နေရာမှာ သရုပ်ဆောင်တာ မှတ်မိကြမှာပါ။ သူဟာ ‘Gods and Monsters (1998)’ နဲ့ ‘The Lord of the Rings : The Fellowship of the Ring (2001)’ ဇာတ်ကားတွေမှာ အော်စကာဆု လျာထားခံခဲ့ရပေမယ့် ဆုနဲ့တော့ လွဲခဲ့ရပါတယ်။

၄) Ralph Fiennes

Ralph Fiennes

Ralph Fiennes

အင်္ဂလိပ်လူမျိုး မင်းသားကြီး Ralph Fiennes ကတော့ အခု အသက် ၅၆ နှစ်ထိ အော်စကာဆုမရသေးဖူးပါဘူး။ သူဟာ ‘Schindler’s List (1993)’ နဲ့ ‘The English Patient (1996)’ ဇာတ်ကားတို့မှာ အော်စကာဆန်ခါတင်စာရင်းဝင်ခဲ့ပြီး လွဲခဲ့ရပါတယ်။

၅) Liam Neeson

Liam Neeson

Liam Neeson

Ralph Fiennes လိုပဲ Liam Neeson ဟာလည်း ‘Schindler’s List (1993)’ မှာ အကောင်းဆုံးသရုပ်ဆောင်ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပေမယ့် သူလည်း အော်စကာနဲ့ လွဲခဲ့ရပါတယ်။ အဲဒီနှစ်တုန်းက ‘Philadelphia (1993)’ ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ Tom Hanks က အကောင်းဆုံးသရုပ်ဆောင် အော်စကာဆုရရှိခဲ့ပါတယ်။

၆) Alan Rickman

Alan Rickman

Alan Rickman

Alan Rickman ဟာ အသက် ၆၉ နှစ်အရွယ် ၂၀၁၆ ခုနှစ်မှာ ပန်ကရိယကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ရပေမယ့် အော်စကာဆုတော့ တစ်ဆုမှ ရမသွားရှာပါဘူး။ သူ့ကို ဟယ်ရီပေါ်တာဇာတ်ကားတွဲတွေထဲက Snape အဖြစ်နဲ့ လူသိများပြီး ‘Robin Hood : Prince of Thieves (1991)’ ဇာတ်ကားအတွက် ဇာတ်ပို့အနေနဲ့ BAFTA Award တောင် ရရှိခဲ့ပါသေးတယ်။

၇) Robert Downey Jr.

Robert Downey Jr.

Robert Downey Jr.

အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ Iron Man ကြီး Robert Downey Jr. ကတော့ ‘Chaplin (1992)’ နဲ့ ‘Tropic Thunder (2008)’ ဇာတ်ကားတွေမှာ အော်စကာဆန်ခါတင်စာရင်း ဝင်ခဲ့ပေမယ့် သူလည်းပဲ လွဲခဲ့ရပါတယ်။

၈) Harrison Ford

Harrison Ford

Harrison Ford

Harrison Ford ကိုတော့ အင်ဒီယာနာဂျုံးစ် ဇာတ်ကားတွဲတွေနဲ့ Star Wars ဇာတ်ကားတွဲတွေမှာ Han Solo အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့မှုတွေနဲ့ လူသိများပြီး ဖြစ်ပါတယ်။ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီးဟာ ‘Witness (1985)’ ဇာတ်ကားမှာ အကောင်းဆုံးဇာတ်ဆောင်ဆုအတွက် အော်စကာ ဆန်ခါတင်ဝင်ခဲ့ပေမယ့် ဆုနဲ့တော့ လွဲခဲ့ရပါတယ်။ သူ့ရဲ့ နာမည်ကြီးတဲ့ တခြားဇာတ်ကားတွေကတော့ ‘The Fugitive (1993)’ ၊ ‘Air Force One (1997)’ တို့ ဖြစ်ပါတယ်။

၉) Brad Pitt

Brad Pitt

Brad Pitt

မင်းသားချော Brad Pitt ဟာလည်း အခု အသက် ၅၅ နှစ်ရှိတဲ့အထိ သရုပ်ဆောင်ပိုင်းအနေနဲ့ အော်စကာဆုတစ်ဆုမှ မရဖူးပါဘူး။ သူဟာ ‘12 Monkeys (1995)’ ၊ ‘The Curious Case of Benjamin Button (2008)’ နဲ့ ‘Moneyball (2011)’ လို ဒိတ်ဒိတ်ကြဲဇာတ်ကားတွေမှာ အော်စကာဆုလျာထားခြင်းခံရပေမယ့် တစ်ဆုမှ မရခဲ့ရသူ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : ranker.com