[Zawgyi]






Stella(Akhayar)

www.Akhayar.com 

[Unicode]

လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ဆည်းလဲသံပိုင်ရှင်လေး

ဝါရင့်တေးသံရှင်ကြီး အောင်ကိုလတ်ရဲ့ “ခေါင်းလောင်းလေးတွေမြည်နေပြီ” သီချင်းကို Cover ပြန်ဆိုထားတဲ့ ကောင်မလေးတစ်ယောက်က လတ်တလောလူမှုကွန်ရက်မှာ ဝန်းရံအားပေးမှုတွေများစွာရရှိနေပါတယ်။ သူမကတော့ အသံချိုချိုလေးနဲ့ ပရိသတ်တွေအများကြီးရလိုက်တဲ့ Julia Noe ဖြစ်ပါတယ်။ မျက်နှာလေးကလည်း ချစ်စရာကောင်းပြီး ပင်ကိုယ်စတိုင်နဲ့ သီဆိုထားတာမို့ ဒီသီချင်းလေးက လူကြိုက်များလို့နေပါတယ်။

သရုပ်ဆောင်ပိုင်တံခွန်ကတောင် သူမရဲ့ Cover ဆိုထားတာလေးကိုသဘောကျလို့ ပြန်လည်မျှဝေထားပြီး “ အဆိုတော် လုပ်ဆိုလည်း မလုပ် မင်းသမီးလုပ်ဆိုတော့လည်းမလုပ် ပန်းချီဆွဲရင်လည်း အတိုင်းထက် အလွန်တော်၊ ဂီတာ စန္နရားဆိုလည်း အကုန်ရ၊ ဒါရိုက်တာလုပ်ပြီး နဲ့ ဇာတ်ညွှန်းနဲ့ သီချင်းကရေးသေး၊ ဓာတ်ပုံရိုက်ဆိုလည်းတော်၊ ပညာရေးဆိုလည်းပြောစရာမလို၊ ဘာကျန်သေးလဲ မုန့်လိုက်ကျွေးတော့” လို့ ချီးမွမ်းခန်းဖွင့်ထားတာပါ။

လူမှုကွန်ရက်မှာ ဝန်းရံအားပေးမှုများစွာရရှိနေတဲ့ သူမနဲ့ပတ်သက်ပြီး စိတ်ဝင်စားနေတဲ့ ပရိသတ်တွေအတွက် ရွက်ပုန်းသီးလေးဖြစ်တဲ့ သူမရဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photos Credit –Paing Takon and Julia Noe Facebook

Stella(Akhayar)

www.Akhayar.com