[Zawgyi]

ပုိလန္ေဘာလုံးေကာင္းကင္ယံမွာ စတင္ထြန္းေတာက္လာတဲ့ ေနတစ္စင္း(သုိ႔) ပီယာတက္ Krzysztof Piatek

ၿပိဳင္ပဲြစုံမွာ (၁၃)ဂုိးသြင္း၊ လိဂ္ပဲြစဥ္ (၇)ပဲြမွာ (၉)ဂုိးသြင္းထားတဲ့ တိုက္စစ္မွဴး။ ေနာက္ထပ္လည္း တိုးတက္လာဖုိ႔ အလားအလာ ရွိေနတဲ့သူ။ ဒီကစားသမားက ဘယ္သူမ်ားလဲ။ သူကေတာ့ ဒီရာသီမွာ ဂ်ီႏုိအာအသင္းနဲ႔အတူ မထင္မွတ္တဲ့ ေျခစြမ္းေတြ ျပသေနၿပီး ဂုိးေတြ တဒုိင္းဒုိင္းသြင္းယူေနတဲ့ ပုိလန္လူငယ္ၾကယ္ပြင့္ ပီယာတက္ Krzysztof Piatek ပဲျဖစ္ပါတယ္။ ေဘာလုံးေလာကမွာ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo နဲ႔ မက္ဆီ Messi တို႔ ဆယ္စုႏွစ္ တစ္ခုၾကာ လႊမ္းမုိးေနမႈကုိ ၿငီးေငြ႔ေနတဲ့ ပရိသတ္ေတြအတြက္ ပီယာတက္က အအီေျပေစမယ့္ အရသာတစ္ခုျဖစ္လာပါလိမ့္မယ္။ ၂၀၁၈-၁၉ ရာသီ စတင္တာက (၃)ပုံ (၁)ပုံေတာင္ မရွိေသးပါဘူး။ ဒါေပမဲ့ ပီယာတက္က ဂုိးသြင္းေျခစြမ္းျပေနၿပီး အခုဆုိရင္ ဥေရာပသြင္းဂုိးအမ်ားဆုံး ေရႊဖိနပ္ဆု (ESM)အတြက္ စာရင္းမွာ ထိပ္ဆုံးေရာက္ေနၿပီ။

ပီယာတက္ဆုိတာ ဘယ္သူလဲ

Krzysztof Piatek

Krzysztof Piatek

ပီယာတက္ဆုိတဲ့ အမည္နာမကုိ ဒီရာသီမတိုင္ခင္ ၾကားဖူးတဲ့သူ ခပ္ရွားရွားျဖစ္ပါလိမ့္မယ္။ အသက္(၂၃)ႏွစ္သာရွိေသးတဲ့ ပီယာတက္ဟာ ပုိလန္ႏုိင္ငံ၊ Dzierżoniów ၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး လူငယ္ကစားသမားဘ၀ကုိ Dziewiątka Dzierżoniów ၊ Lechia Dzierżoniów အသင္းေတြနဲ႔ ျဖတ္သန္းခဲ့သူ၊ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘ၀မွာ Lechia Dzierżoniów ၊ Zagłębie Lubin ၊ Cracovia တို႔ကို ေျပာင္းေရႊ႕ကစားခဲ့သူ။ ၂၀၁၈၊ ဇြန္လတုန္းက ဂ်ီႏုိအာအသင္းဟာ ပီယာတက္ကုိ ယူ႐ုိ(၄)သန္းနဲ႔ ေခၚယူခဲ့တယ္။ လူမသိသူမသိ ကစားသမားတစ္ဦးကုိ ေခၚယူခဲ့တဲ့ ဂ်ီႏုိအာအသင္းလုပ္ရပ္ကုိ အသင္းပရိသတ္ေတြက သံသယေတြနဲ႔ ေစာင့္ၾကည့္ခဲ့ၾကေပမယ့္ အခုအခ်ိန္မွာေတာ့ အဲဒီသံသယေတြကုိ ပီယာတက္က သြငး္ဂုိးေတြနဲ႔ ေခ််ဖ်က္ျပေနၿပီ။

ပထမဆုံးရာသီမွာပဲ စံခ်ိန္မွတ္တမ္းေကာင္းေတြ ရယူခဲ့သူ

Krzysztof-Piatek

Krzysztof-Piatek

ပီယာတက္ရဲ႕ တန္ဖုိးက ယူ႐ုိ(၄)သန္းမက တန္တယ္ဆုိတာ သူ႔ရဲ႕ မွတ္တမ္းေတြကုိ ၾကည့္ရင္ သိႏုိင္တယ္။ လက္ခ်ီကုိ အႏုိင္ရခဲ့တဲ့ ကုိပါအီတာလီယာဖလားပဲြမွာ ဂ်ီႏုိအာအတြက္ ပထမဆုံးပဲြထြက္ကစားခ့ဲၿပီး (၄)ဂုိး သြင္းခဲ့တယ္၊ အဲဒီေနာက္ အမ္ပုိလီနဲ႔ စီးရီးေအရာသီ အဖြင့္ပဲြကစၿပီး ရာသီအစ (၄)ပဲြမွာ (၅)ဂုိးအထိ သြင္းခဲ့တာေၾကာင့္ ေအစီမီလန္ဂႏၳ၀င္ တိုက္စစ္မွဴး ရွက္ဗ္ခ်င္ကုိ Andriy Shevchenko (၁၉၉၉) ေနာက္ပုိင္း အဲဒီလုိ စြမ္းေဆာင္ခဲ့တဲ့ ပထမဆုံး ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။ ပီယာတက္ရဲ႕ အရွိန္က ဒီေလာက္နဲ႔ မရပ္တန္႔ခဲ့ဘူး။ ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းက ဖ႐ုိဆီႏုိနီအသငး္ကုိ အႏုိင္ရခဲ့တဲ့ပဲြမွာ (၂)ဂုိးသြင္းယူခဲ့လုိ႔ ၁၉၄၉-၅၀ ရာသီက အတၱလန္တာ တိုက္စစ္မွဴးေဟာင္း Karl Aage Hansen ေနာက္ပုိင္း အသင္းသစ္အတြက္ အဖြင့္ရာသီမွာ စြမ္းေဆာင္ရည္အေကာင္းဆုံး ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ျပန္တယ္။ ဖ႐ုိဆီႏုိနီနဲ႔ပဲြအၿပီး ပါးမားနဲ႔ပဲြမွာလည္း ဂုိးသြင္းခဲ့လုိ႔ ၁၉၉၄-၉၅ ရာသီက စီးရီးေအ ဂႏၳ၀င္တိုက္စစ္မွဴး ဘာတစၥတူတာ Gabriel Batistuta ေနာက္ပုိင္း ရာသီအစ စီးရီးေအ(၇)ပဲြဆက္ ဂုိးသြင္းခဲ့သူအျဖစ္ စံခ်ိန္တင္ႏုိင္ခဲ့တယ္။

ESM ဆုအတြက္ စာရင္းမွာ ထိပ္ဆုံးေရာက္ေနၿပီ

Krzysztof-Piatek-1

Krzysztof-Piatek-1

ဒီရာသီအစမွာ ဂ်ဴဗင္တပ္စ္အသင္းကုိ စီေရာ္နယ္လ္ဒုိ ေရာက္ရွိလာေတာ့ သြင္းဂုိးအမ်ားဆုံးစာရင္းမွာ အျပတ္အသတ္ ဦးေဆာင္ေတာ့မယ္လုိ႔ ထင္ေၾကးေတြ ထြက္ေပၚခဲ့တယ္။ ဒါေပမဲ့ ပီယာတက္က စီေရာ္နယ္လ္ဒုိကုိ ေက်ာ္ျဖတ္ၿပီး သြင္းဂုိးအမ်ားဆုံးအျဖစ္ ရပ္တည္ေနၿပီျဖစ္တဲ့အျပင္ မက္ဆီထက္လည္း ဂုိးအေရအတြက္ သာေနျပန္ေသးတယ္။ အခုဆိုရင္ ပီယာတက္က ESM ဆုအတြက္ စာရင္းမွာ နာမည္ႀကီး ကစားသမားေတြကုိ ေက်ာ္ျဖတ္ၿပီး ထိပ္ဆုံးမွာ ရပ္တည္ေနၿပီ။ အခ်ိန္ေစာေသးတယ္ဆုိေပမယ့္ ဒီေျခစြမ္းကုိသာ ဆက္ထိန္းႏုိင္ရင္ ESM ဆုကုိ စီေရာ္နယ္လ္ဒုိ၊ မက္ဆီတို႔ လႊမ္းမုိးထားမႈက အဆုံးသတ္သြားမယ့္အေျခအေနပါပဲ။ အခုအခ်ိန္မွာ ပီယာတက္ကုိ ဥေရာပထိပ္သီးအသငး္ေတြက ပစ္မွတ္ထားေနၾကၿပီ။ ပုိလန္ေဘာလုံးေကာင္းကင္ယံမွာ စတင္ထြန္းေတာက္လာတဲ့ ပီယာတက္တစ္ေယာက္ ေနာက္ထပ္ ဘယ္ေလာက္မ်ား ဆက္ၿပီး ထြန္းလင္းႏုိင္ဦးမလဲဆုိတာ . .

၂၀၁၈-၁၉ ရာသီ ESM ဆုအတြက္ စာရင္းမွာ ပါ၀င္ေနသူမ်ား

1 Krzysztof Piatek | Genoa | 9 goals
2 Kylian Mbappe | PSG | 8 goals
3 Cristhian Stuani | Girona | 8 goals
4 Neymar | PSG | 8 goals
5 Andre Silva | Sevilla | 8 goals
6 Eden Hazard | Chelsea | 7 goals
7 Jonathan Bamba | Lille | 7 goals
8 Francois Kamano | Bordeaux | 7 goals
9 Florian Thauvin | Marseille | 7 goals
10 Lorenzo Insigne | Napoli | 6 goals

REF:sportskeeda
Photo:Sport – Super Express,SportoweFakty,sportskeeda
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပိုလန်ဘောလုံးကောင်းကင်ယံမှာ စတင်ထွန်းတောက်လာတဲ့ နေတစ်စင်း(သို့) ပီယာတက် Krzysztof Piatek

ပြိုင်ပွဲစုံမှာ (၁၃)ဂိုးသွင်း၊ လိဂ်ပွဲစဉ် (၇)ပွဲမှာ (၉)ဂိုးသွင်းထားတဲ့ တိုက်စစ်မှူး။ နောက်ထပ်လည်း တိုးတက်လာဖို့ အလားအလာ ရှိနေတဲ့သူ။ ဒီကစားသမားက ဘယ်သူများလဲ။ သူကတော့ ဒီရာသီမှာ ဂျီနိုအာအသင်းနဲ့အတူ မထင်မှတ်တဲ့ ခြေစွမ်းတွေ ပြသနေပြီး ဂိုးတွေ တဒိုင်းဒိုင်းသွင်းယူနေတဲ့ ပိုလန်လူငယ်ကြယ်ပွင့် ပီယာတက် Krzysztof Piatek ပဲဖြစ်ပါတယ်။ ဘောလုံးလောကမှာ စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Messi တို့ ဆယ်စုနှစ် တစ်ခုကြာ လွှမ်းမိုးနေမှုကို ငြီးငွေ့နေတဲ့ ပရိသတ်တွေအတွက် ပီယာတက်က အအီပြေစေမယ့် အရသာတစ်ခုဖြစ်လာပါလိမ့်မယ်။ ၂၀၁၈-၁၉ ရာသီ စတင်တာက (၃)ပုံ (၁)ပုံတောင် မရှိသေးပါဘူး။ ဒါပေမဲ့ ပီယာတက်က ဂိုးသွင်းခြေစွမ်းပြနေပြီး အခုဆိုရင် ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု (ESM)အတွက် စာရင်းမှာ ထိပ်ဆုံးရောက်နေပြီ။

ပီယာတက်ဆိုတာ ဘယ်သူလဲ

Krzysztof Piatek

Krzysztof Piatek

ပီယာတက်ဆိုတဲ့ အမည်နာမကို ဒီရာသီမတိုင်ခင် ကြားဖူးတဲ့သူ ခပ်ရှားရှားဖြစ်ပါလိမ့်မယ်။ အသက်(၂၃)နှစ်သာရှိသေးတဲ့ ပီယာတက်ဟာ ပိုလန်နိုင်ငံ၊ Dzierżoniów မြို့မှာ မွေးဖွားခဲ့ပြီး လူငယ်ကစားသမားဘဝကို Dziewiątka Dzierżoniów ၊ Lechia Dzierżoniów အသင်းတွေနဲ့ ဖြတ်သန်းခဲ့သူ၊ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ Lechia Dzierżoniów ၊ Zagłębie Lubin ၊ Cracovia တို့ကို ပြောင်းရွှေ့ကစားခဲ့သူ။ ၂၀၁၈၊ ဇွန်လတုန်းက ဂျီနိုအာအသင်းဟာ ပီယာတက်ကို ယူရို(၄)သန်းနဲ့ ခေါ်ယူခဲ့တယ်။ လူမသိသူမသိ ကစားသမားတစ်ဦးကို ခေါ်ယူခဲ့တဲ့ ဂျီနိုအာအသင်းလုပ်ရပ်ကို အသင်းပရိသတ်တွေက သံသယတွေနဲ့ စောင့်ကြည့်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ အဲဒီသံသယတွေကို ပီယာတက်က သွင်းဂိုးတွေနဲ့ ချေျဖျက်ပြနေပြီ။

ပထမဆုံးရာသီမှာပဲ စံချိန်မှတ်တမ်းကောင်းတွေ ရယူခဲ့သူ

Krzysztof-Piatek

Krzysztof-Piatek

ပီယာတက်ရဲ့ တန်ဖိုးက ယူရို(၄)သန်းမက တန်တယ်ဆိုတာ သူ့ရဲ့ မှတ်တမ်းတွေကို ကြည့်ရင် သိနိုင်တယ်။ လက်ချီကို အနိုင်ရခဲ့တဲ့ ကိုပါအီတာလီယာဖလားပွဲမှာ ဂျီနိုအာအတွက် ပထမဆုံးပွဲထွက်ကစားခဲ့ပြီး (၄)ဂိုး သွင်းခဲ့တယ်၊ အဲဒီနောက် အမ်ပိုလီနဲ့ စီးရီးအေရာသီ အဖွင့်ပွဲကစပြီး ရာသီအစ (၄)ပွဲမှာ (၅)ဂိုးအထိ သွင်းခဲ့တာကြောင့် အေစီမီလန်ဂန္ထဝင် တိုက်စစ်မှူး ရှက်ဗ်ချင်ကို Andriy Shevchenko (၁၉၉၉) နောက်ပိုင်း အဲဒီလို စွမ်းဆောင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ပီယာတက်ရဲ့ အရှိန်က ဒီလောက်နဲ့ မရပ်တန့်ခဲ့ဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဖရိုဆီနိုနီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ (၂)ဂိုးသွင်းယူခဲ့လို့ ၁၉၄၉-၅၀ ရာသီက အတ္တလန်တာ တိုက်စစ်မှူးဟောင်း Karl Aage Hansen နောက်ပိုင်း အသင်းသစ်အတွက် အဖွင့်ရာသီမှာ စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြန်တယ်။ ဖရိုဆီနိုနီနဲ့ပွဲအပြီး ပါးမားနဲ့ပွဲမှာလည်း ဂိုးသွင်းခဲ့လို့ ၁၉၉၄-၉၅ ရာသီက စီးရီးအေ ဂန္ထဝင်တိုက်စစ်မှူး ဘာတစ္စတူတာ Gabriel Batistuta နောက်ပိုင်း ရာသီအစ စီးရီးအေ(၇)ပွဲဆက် ဂိုးသွင်းခဲ့သူအဖြစ် စံချိန်တင်နိုင်ခဲ့တယ်။

ESM ဆုအတွက် စာရင်းမှာ ထိပ်ဆုံးရောက်နေပြီ

Krzysztof-Piatek-1

Krzysztof-Piatek-1

ဒီရာသီအစမှာ ဂျူဗင်တပ်စ်အသင်းကို စီရော်နယ်လ်ဒို ရောက်ရှိလာတော့ သွင်းဂိုးအများဆုံးစာရင်းမှာ အပြတ်အသတ် ဦးဆောင်တော့မယ်လို့ ထင်ကြေးတွေ ထွက်ပေါ်ခဲ့တယ်။ ဒါပေမဲ့ ပီယာတက်က စီရော်နယ်လ်ဒိုကို ကျော်ဖြတ်ပြီး သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နေပြီဖြစ်တဲ့အပြင် မက်ဆီထက်လည်း ဂိုးအရေအတွက် သာနေပြန်သေးတယ်။ အခုဆိုရင် ပီယာတက်က ESM ဆုအတွက် စာရင်းမှာ နာမည်ကြီး ကစားသမားတွေကို ကျော်ဖြတ်ပြီး ထိပ်ဆုံးမှာ ရပ်တည်နေပြီ။ အချိန်စောသေးတယ်ဆိုပေမယ့် ဒီခြေစွမ်းကိုသာ ဆက်ထိန်းနိုင်ရင် ESM ဆုကို စီရော်နယ်လ်ဒို၊ မက်ဆီတို့ လွှမ်းမိုးထားမှုက အဆုံးသတ်သွားမယ့်အခြေအနေပါပဲ။ အခုအချိန်မှာ ပီယာတက်ကို ဥရောပထိပ်သီးအသင်းတွေက ပစ်မှတ်ထားနေကြပြီ။ ပိုလန်ဘောလုံးကောင်းကင်ယံမှာ စတင်ထွန်းတောက်လာတဲ့ ပီယာတက်တစ်ယောက် နောက်ထပ် ဘယ်လောက်များ ဆက်ပြီး ထွန်းလင်းနိုင်ဦးမလဲဆိုတာ . .

၂၀၁၈-၁၉ ရာသီ ESM ဆုအတွက် စာရင်းမှာ ပါဝင်နေသူများ

1 Krzysztof Piatek | Genoa | 9 goals
2 Kylian Mbappe | PSG | 8 goals
3 Cristhian Stuani | Girona | 8 goals
4 Neymar | PSG | 8 goals
5 Andre Silva | Sevilla | 8 goals
6 Eden Hazard | Chelsea | 7 goals
7 Jonathan Bamba | Lille | 7 goals
8 Francois Kamano | Bordeaux | 7 goals
9 Florian Thauvin | Marseille | 7 goals
10 Lorenzo Insigne | Napoli | 6 goals

REF:sportskeeda
Photo:Sport – Super Express,SportoweFakty,sportskeeda
Naing Linn(Akhayar)
www.akhayar.com