[Zawgyi]

ပရိေဘာဂေတြကို အေကာင္းဆံုးနဲ႔ အတန္ဆံုး ဘယ္မွာ၀ယ္ရမလဲ သိၿပီးၾကၿပီလား

၀ါလည္းကၽြတ္သြားၿပီေနာ္။ မဂၤလာေတြလည္း ေဆာင္ေနၾကၿပီဆိုေတာ့ ဒီေန႔မွာ ၀ါကၽြတ္လို႔ မဂၤလာေဆာင္မယ့္စံုတြဲေတြအတြက္ေရာ၊ အိမ္အသစ္တက္၊ အိမ္ေျပာင္းၾကတဲ့မိသားစုေတြအတြက္ေရာ၊ လက္ဖြဲ႕ေပးမယ့္မိတ္ေဆြေတြအတြက္ေရာ အားလံုးစိတ္၀င္စားမယ့္အေၾကာင္းအရာေလးကို ယူေဆာင္လာပါၿပီ။

ဗမာေတြအယူအဆအရဆိုရင္ေတာ့ ၀ါတြင္းဆို ငွက္ကေလးေတြေတာင္ အသိုက္မေျပာင္းၾကဘူးတဲ့။ ၀ါကၽြတ္သြားၿပီဆိုေတာ့လည္း ေျပာင္းၾကေရႊ႕ၾကေဆာင္ၾကဦးမွာဆိုေတာ့ ဒီအခ်ိန္ကာလမွာ အလိုအပ္ဆံုးကေတာ့ ကၽြန္မေျပာတာမမွားဘူးဆိုရင္ အိမ္တြင္းပရိေဘာဂေတြပဲ ျဖစ္မယ္ထင္ပါတယ္။ တစ္ခါတေလ စိတ္ညစ္ေနတာပဲျဖစ္ျဖစ္၊ အေျပာင္းအလဲတစ္ခုလုပ္ခ်င္ရင္ပဲျဖစ္ျဖစ္ အိမ္ေလးသန္႔ရွင္းလိုက္ရရင္ ေနာက္ၿပီး အခန္းထဲပစၥည္းေလးေတြ လဲလွယ္သံုးလိုက္ရရင္ စိတ္ခ်မ္းသာသြားတယ္ဆိုတဲ့လူေတြလည္း ရွိမွာပါ။

ဒီလိုလူေတြအတြက္ ဘယ္လိုအခြင့္အေရးေကာင္းေတြရွိလဲဆိုရင္ေတာ့ လာမယ့္ ႏို၀င္ဘာလာ (၂) ရက္ေန႔ကေန (၁၅) ရက္ေန႔အထိ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ Ocean Supercenter ေတြျဖစ္တဲ့ North Point ဆိုင္ခြဲ (၉)မိုင္၊ ေရႊဂံုတိုင္ဆုိင္ခြဲ၊ ပုဇြန္ေတာင္ဆိုင္ခြဲ၊ လႈိင္သာယာဆိုင္ခြဲနဲ႔ City Mart (စိန္ဂၽြန္း) ဆိုင္ခြဲေတြမွာ “အိမ္ေထာင္ပရိေဘာဂအထူးေစ်းေရာင္းပြဲေတာ္ႀကီး” ကို က်င္းပေတာ့မွာပဲျဖစ္ပါတယ္။ အရည္အေသြးေကာင္းမြန္တဲ့ ပရိေဘာဂမ်ိဳးစံုကို အေကာင္းဆံုးနဲ႔ အတန္ဆံုး၀ယ္လို႔ရေတာ့မွာဆိုေတာ့ လက္မလႊတ္သင့္ဘူးေလေနာ္။ ဒါတင္မကေသးပါဘူး။ ဒီပြဲမွာ အိမ္ေထာင္ပရိေဘာဂေတြကို ၁၅၀,၀၀၀ က်ပ္ဖိုး၀ယ္ရင္လည္း ခ်က္ခ်င္း၀ယ္၊ ခ်က္ခ်င္းေပါက္မယ့္ ကံစမ္းမဲအစီအစဥ္မွာလည္း ဗလာမပါဘူးဆိုေတာ့ ဒီ့ထက္တန္တဲ့အခြင့္အေရးေတာ့ မရွိေတာ့ဘူး ထင္ပါတယ္။

ႏွစ္ေယာက္အိပ္ကုတင္၊ အ၀တ္ဗီဒို၊ မွန္တင္ခံု၊ ထိုင္ခံုေတြကို One Set ၀ယ္ယူလိုက္မယ္ဆိုရင္ ကိုယ္ေရြးခ်ယ္လိုက္တဲ့ပစၥည္းေပၚမူတည္ၿပီး Set လိုက္ကို အတန္ဆံုးေစ်းႏႈန္းေတြနဲ႔ ၀ယ္လို႔ရပါၿပီ။ ဒီေတာ့ မၾကာခင္မွာ မဂၤလာေဆာင္ေတာ့မွာမို႔လို႔ ခန္း၀င္ပစၥည္း၀ယ္ယူခ်င္တဲ့သူေတြေရာ၊ လက္ဖြဲ႕ေပးခ်င္တဲ့သူေတြေရာ၊ အိမ္သစ္ေလးမွာ ပရိေဘာဂအသစ္ေလးေတြနဲ႔သံုးခ်င္တဲ့သူေတြေရာ ေနာက္ၿပီး ကိုယ့္အိမ္က ပရိေဘာဂအေဟာင္းေတြေနရာမွာ အသစ္ေလးေတြအစားထိုးခ်င္ၿပီး Interior Design ေတြေျပာင္းလဲျပင္ဆင္ခ်င္ေနတဲ့သူေတြအတြက္ပါ အရမ္းအဆင္ေျပသြားႏုိင္ပါတယ္။ Ocean Supercenter ရဲ႕ ပြဲေလးမွာေတာ့ Main Sponsor အျဖစ္ Sweety Home၊ New World Mart တို႔က တာ၀န္ယူေပးထားၿပီး Simple Beddings၊ Paradise၊ MYAT၊ Exellent Office Automation Co.,Ltd၊ Index Furniture တို႔ကိုေတာ့ Co Sponsor အျဖစ္ ေတြ႕ရွိရမွာပါေနာ္။

သိတဲ့အတိုင္းပဲ Ocean Supercenter ကို ပရိေဘာဂပစၥည္းေတြ၀ယ္ရင္း တျခားအသံုးအေဆာင္ပစၥည္းေတြလည္း သြားသေရယိုၾကမယ္။ ဒီအခ်ိန္က Shopping ထြက္လို႔အေကာင္းဆံုးအခ်ိန္ေနာ္။ နယ္ကလူေတြလည္း အားမငယ္ေစခ်င္ပါဘူးေနာ္။ ရန္ကုန္ၿမိဳ႕အျပင္ အၿမိဳ႕ၿမိဳ႕အနယ္နယ္မွာရွိတဲ့ Ocean Supercenter ေတြမွာလည္း လာမယ့္ ႏုိ၀င္ဘာ (၂၃) ရက္ေန ဒီဇင္ဘာ (၆)ရက္အထိလည္း ထပ္ၿပီးေရာင္းေပးသြားဦးမယ္တဲ့။

အခရာပရိသတ္ႀကီးေရ အိမ္တြင္းအလွဆင္မႈေတြဆိုတာက တကယ္လိုအပ္တဲ့အရာပါေနာ္။ ကိုယ့္အိမ္ကိုကိုယ္ပစ္မထားပါနဲ႔။ အိမ္ဆိုတာ မိသားစုရဲ႕ နားခိုရာေအးရိပ္ေလးျဖစ္တာမို႔လို႔ ေနခ်င္စဖြယ္ျဖစ္ေနေအာင္ အၿမဲတမ္းျပင္ဆင္ေနဖို႔လိုတယ္ေနာ္။ အခုလိုျပင္ဆင္မယ့္လူေတြအတြက္ကေတာ့ အခ်ိန္ေကာင္းမို႔လို႔ မသိလိုက္မျဖစ္ရေလေအာင္ လက္တို႔လိုက္ပါရေစဦးေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

ပရိဘောဂတွေကို အကောင်းဆုံးနဲ့ အတန်ဆုံး ဘယ်မှာဝယ်ရမလဲ သိပြီးကြပြီလား

ဝါလည်းကျွတ်သွားပြီနော်။ မင်္ဂလာတွေလည်း ဆောင်နေကြပြီဆိုတော့ ဒီနေ့မှာ ဝါကျွတ်လို့ မင်္ဂလာဆောင်မယ့်စုံတွဲတွေအတွက်ရော၊ အိမ်အသစ်တက်၊ အိမ်ပြောင်းကြတဲ့မိသားစုတွေအတွက်ရော၊ လက်ဖွဲ့ပေးမယ့်မိတ်ဆွေတွေအတွက်ရော အားလုံးစိတ်ဝင်စားမယ့်အကြောင်းအရာလေးကို ယူဆောင်လာပါပြီ။

ဗမာတွေအယူအဆအရဆိုရင်တော့ ဝါတွင်းဆို ငှက်ကလေးတွေတောင် အသိုက်မပြောင်းကြဘူးတဲ့။ ဝါကျွတ်သွားပြီဆိုတော့လည်း ပြောင်းကြရွှေ့ကြဆောင်ကြဦးမှာဆိုတော့ ဒီအချိန်ကာလမှာ အလိုအပ်ဆုံးကတော့ ကျွန်မပြောတာမမှားဘူးဆိုရင် အိမ်တွင်းပရိဘောဂတွေပဲ ဖြစ်မယ်ထင်ပါတယ်။ တစ်ခါတလေ စိတ်ညစ်နေတာပဲဖြစ်ဖြစ်၊ အပြောင်းအလဲတစ်ခုလုပ်ချင်ရင်ပဲဖြစ်ဖြစ် အိမ်လေးသန့်ရှင်းလိုက်ရရင် နောက်ပြီး အခန်းထဲပစ္စည်းလေးတွေ လဲလှယ်သုံးလိုက်ရရင် စိတ်ချမ်းသာသွားတယ်ဆိုတဲ့လူတွေလည်း ရှိမှာပါ။

ဒီလိုလူတွေအတွက် ဘယ်လိုအခွင့်အရေးကောင်းတွေရှိလဲဆိုရင်တော့ လာမယ့် နိုဝင်ဘာလာ (၂) ရက်နေ့ကနေ (၁၅) ရက်နေ့အထိ ရန်ကုန်မြို့မှာရှိတဲ့ Ocean Supercenter တွေဖြစ်တဲ့ North Point ဆိုင်ခွဲ (၉)မိုင်၊ ရွှေဂုံတိုင်ဆိုင်ခွဲ၊ ပုဇွန်တောင်ဆိုင်ခွဲ၊ လှိုင်သာယာဆိုင်ခွဲနဲ့ City Mart (စိန်ဂျွန်း) ဆိုင်ခွဲတွေမှာ “အိမ်ထောင်ပရိဘောဂအထူးဈေးရောင်းပွဲတော်ကြီး” ကို ကျင်းပတော့မှာပဲဖြစ်ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ ပရိဘောဂမျိုးစုံကို အကောင်းဆုံးနဲ့ အတန်ဆုံးဝယ်လို့ရတော့မှာဆိုတော့ လက်မလွှတ်သင့်ဘူးလေနော်။ ဒါတင်မကသေးပါဘူး။ ဒီပွဲမှာ အိမ်ထောင်ပရိဘောဂတွေကို ၁၅၀,၀၀၀ ကျပ်ဖိုးဝယ်ရင်လည်း ချက်ချင်းဝယ်၊ ချက်ချင်းပေါက်မယ့် ကံစမ်းမဲအစီအစဉ်မှာလည်း ဗလာမပါဘူးဆိုတော့ ဒီ့ထက်တန်တဲ့အခွင့်အရေးတော့ မရှိတော့ဘူး ထင်ပါတယ်။

နှစ်ယောက်အိပ်ကုတင်၊ အဝတ်ဗီဒို၊ မှန်တင်ခုံ၊ ထိုင်ခုံတွေကို One Set ဝယ်ယူလိုက်မယ်ဆိုရင် ကိုယ်ရွေးချယ်လိုက်တဲ့ပစ္စည်းပေါ်မူတည်ပြီး Set လိုက်ကို အတန်ဆုံးဈေးနှုန်းတွေနဲ့ ဝယ်လို့ရပါပြီ။ ဒီတော့ မကြာခင်မှာ မင်္ဂလာဆောင်တော့မှာမို့လို့ ခန်းဝင်ပစ္စည်းဝယ်ယူချင်တဲ့သူတွေရော၊ လက်ဖွဲ့ပေးချင်တဲ့သူတွေရော၊ အိမ်သစ်လေးမှာ ပရိဘောဂအသစ်လေးတွေနဲ့သုံးချင်တဲ့သူတွေရော နောက်ပြီး ကိုယ့်အိမ်က ပရိဘောဂအဟောင်းတွေနေရာမှာ အသစ်လေးတွေအစားထိုးချင်ပြီး Interior Design တွေပြောင်းလဲပြင်ဆင်ချင်နေတဲ့သူတွေအတွက်ပါ အရမ်းအဆင်ပြေသွားနိုင်ပါတယ်။ Ocean Supercenter ရဲ့ ပွဲလေးမှာတော့ Main Sponsor အဖြစ် Sweety Home၊ New World Mart တို့က တာဝန်ယူပေးထားပြီး Simple Beddings၊ Paradise၊ MYAT၊ Exellent Office Automation Co.,Ltd၊ Index Furniture တို့ကိုတော့ Co Sponsor အဖြစ် တွေ့ရှိရမှာပါနော်။

သိတဲ့အတိုင်းပဲ Ocean Supercenter ကို ပရိဘောဂပစ္စည်းတွေဝယ်ရင်း တခြားအသုံးအဆောင်ပစ္စည်းတွေလည်း သွားသရေယိုကြမယ်။ ဒီအချိန်က Shopping ထွက်လို့အကောင်းဆုံးအချိန်နော်။ နယ်ကလူတွေလည်း အားမငယ်စေချင်ပါဘူးနော်။ ရန်ကုန်မြို့အပြင် အမြို့မြို့အနယ်နယ်မှာရှိတဲ့ Ocean Supercenter တွေမှာလည်း လာမယ့် နိုဝင်ဘာ (၂၃) ရက်နေ ဒီဇင်ဘာ (၆)ရက်အထိလည်း ထပ်ပြီးရောင်းပေးသွားဦးမယ်တဲ့။

အခရာပရိသတ်ကြီးရေ အိမ်တွင်းအလှဆင်မှုတွေဆိုတာက တကယ်လိုအပ်တဲ့အရာပါနော်။ ကိုယ့်အိမ်ကိုကိုယ်ပစ်မထားပါနဲ့။ အိမ်ဆိုတာ မိသားစုရဲ့ နားခိုရာအေးရိပ်လေးဖြစ်တာမို့လို့ နေချင်စဖွယ်ဖြစ်နေအောင် အမြဲတမ်းပြင်ဆင်နေဖို့လိုတယ်နော်။ အခုလိုပြင်ဆင်မယ့်လူတွေအတွက်ကတော့ အချိန်ကောင်းမို့လို့ မသိလိုက်မဖြစ်ရလေအောင် လက်တို့လိုက်ပါရစေဦးနော်။

Moethaesay (Akhayar)

www.akhayar.com